Saturday, July 28, 2012

အိန္ဒိယပြည်မှ ဖိုးဝင်တောင်များ





လှိုင်ဂူတော်ကြီး  အတွင်းပိုင်းတွင် ခရီးသွားဖေါ် အိန္ဒိယ လူမျိုးများနှင့်အတူ






လှိုင်ဂူရင်ပြင်မှ စာရေးသူ














လှိုင်ဂူအတွင်း နံရံကျောက်ပန်းပုရုပ်တုများဘေးတွင်
တိဗက် ဘုန်းတော်ကြီး Tsultrim Dhargay နှင့်အတူ













လှိုင်ဂူတော်အတွင်းပိုင်း တစ်ပါးအိပ်ခန်း ကျောက်တံခါးဝမှာ














လှိုင်ဂူတော် ရင်ပြင်ဝက
သာယာပါဘိ ညောင်ဗောဓိ














လှိုင်ဂူတော်အတွင်းပိုင်း သံဃာတော်များ စူဝေးရာ ဓမ္မသဘာ










လှိုင်ဂူတော်ကြီး ရင်ပြင်သို့အဝင်ဝတွင်
ဗောဓိပင်









                
         ၂၈၊ ၀၇၊ ၂၀၁၂ စနေန့  နောင်တော်ကြီး ကောင်းမွန်၏ ဦးဆောင်မူဖြင့် တိဗက်ရဟန်းတော်တစ်ပါး၊ အရှင်သီလာစာရ တို့နှင့်အတူ၊ မုံရွာ ဟိုဘက်ကမ်းက ဖိုးဝင်တောင်နှင့်တူသော အိန္ဒိယ ဖိုးဝင်တောင်များသို့ ရောက်ခဲ့ရပါတယ်။ (တိဗက်၇ဟန်းတော် မှတစ်ပါး ကျန်သုံးပါဟာ သီတဂူ ညီတော်နောင်တော်များဖြစ်ပါတယ်) ဖိုးဝင်တောင်ဟု ဆိုရခြင်းမာ ကျောက်တောင်ကြီးကို ထွင်းထုပြီး ကျောင်းတော်ကြီးများ၊ ထိုကျောင်းတော်အတွင် သံဃာတော်တို့အတွက် အိပ်ခန်းများ၊ တရားဟော၊ တရားပြ၊ စာချရာ ဓမ္မသဘာကြီးများ၊ စသည်စသည်တို့ကို ထုဆစ်ထားသောကြောင့် စာရေးသူတို့ အညာက ဖိုးဝင်တောင်နှင့် တူရာကား အိန္ဒိယ ဖိုးဝင်တောင်များဟု ဆိုလိုက်ရပေသည်။
တူတာတွေရှိသလို မတူတာတွေကတော့ ရာသီဥတုပင်ဖြစ်သည်။ ရာသီဥတုကတော့ ကျိုက်ထီးရို ရာသီဥတုနှင့် တူပါသည်။ မိုးများပြီး ချမ်းအေးပါသည်။ မကြာခဏ မိုးရွာသောကြောင့် ရေတံခွန်များ စီးကျနေသည်မှာ အလွန်လှပ ကျက်သရေရှိလှပေသည်။
ကာလ ဘာဂျာ (Karla Bhaja caves ) လှိုင်ဂူများဟု လူသိများထင်းရှားပါသည်။ 
ပူးနေး ဘုံဘေး ဟိုက်ဝေးလမ်းဘေးတစ်ဘက်စီတွင် ရှိပါတယ်။ ဘုံဘေမှ လာသည်ရှိသော် ကာလ(karla) လှိုင်ဂူသည် လမ်း၏ ဘယ်ဘက်တွင်းရှိပါသည်။ ဘာဂျာ (Bhaja) လှိုင်ဂူသည် လမ်း၏ ညာဘက်ဘေးတွင်ရှိပါသည်။ ကာလလှိုင်ဂူက ဘာဂျာလှိုင်ဂူထက် ပို့ပြီး အနုပညာလက်ရာမြောက်ပါသည်။
သို့သော ဘာဂျာလှိုင်ဂူတွင် သံဃာတော်များပိုပြီးသီတင်းသုံခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာဂျလှိုင်ဂူတွင် သံဃာတော်အိပ်ခန်းများကို များစွာတွေရှိရပါသည်၊ ထိုပြင် သုံးရေကန်းများကိုလည်း ဘာဂျာဂူထက် များစွာတွေရသောကြောင့်ပင်ဖြစ်သည်။
 ပူနေး အဆောင်ကနေ ၁၀ နာရီ ၃၆ မိနစ်လောက်မှ စာရေးသူတို့ ကားထွက်ပါတယ်။ ၁၂ နာရီ တိတိမှာတော့ ကာလ (Karla) တောင်ခြေကိုရောက်လို့ ခြေလျှင်တက်ကြရပါတယ်။ ကားပေါ်က ဆင်းတယ်ဆိုရင်ဘဲ မိုးတွေရွာလာတော့ ကဗျာကရာ ထီးတွေထုပ်ကြရပါတယ်။ ကံဆိုးတာကတော့ မိုးကြောင့် ဓါတ်ပုံကောင်းကောင်းတွေ မရခဲ့ခြင်းပါဘဲ။
ရှေးဟောင်းသုတေသန ပညာရှင်များ ရေးထိုးထားသည် စာများအရ (ဘီစီ ၂ ရာစု) မှ (အေဒီ - ၇ - ရာစု) ထိ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတွေ တည်ဆောက်ခဲ့တယ်။  လွမ်းမိုးနေထိုင်း ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတောင်လောက် မြင့်ပါတယ်။ တောင်တစ်ဝက်လောက် ကားနှင့်တက်ပြိး ခြေလျှင် ဆက်တက် ရပါတယ်။ ကျိုက်ထီရိုးတောင်တန်းတွေလို့ မြူခိုးတွေနှင့် အုပ်ဆိုင်းနေပါတယ်။ သို့ပါသောကြောင့် မကြာခဏ မိုးရွာချပါတယ်။ မိနှစ် နှစ်ဆယ်ခန့် တက်ပြီးတဲ့အခါမှာတော့ လှိုင်ဂူတော်ကြီးရဲ့ ရင်ပြင်အဝကိုရောက်ပါတယ်။ အဲဒီမာ အရိပ်အာဝါသ ကောင်းသော ဗောဓိပင်ညီနောင်ရှိပါတယ်။ နှစ်ပင်ပူပြီးပေါက်နေတာပါ။ ဟိုရှေးအခါက သူတော်စင်များ ဒီဗောဓိပင်ကြီးအောက်မာ တရားဓမ္မတွေ ဆွေးနွေးခဲ့ကြပေမည်။ ပြီးတော့ ကျောင်းသား ကိုရင်ငယ်များ ဆရာတော် သို့မဟုတ် အာဂန္တုက ရဟန်းတော်များ ရပ်ထဲ ရွာထဲက အပြန်မှာ ခရီးဦးကြိုဖို့ စောင့်နေကြပေမည်။ တွေးရင် ကြည်ရင် စိတ်ကူးရင်ဖြင့် အလွမ်းမိုးတွေတောင် ရွာပြန်ပြီးကောဗျာ။
ညောင်ပင်အောက်မှ လှိုင်ဂူကြီးဆီ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ လိုင်ဂူကြီးပေါ်ကနေ ရေတံခွန်များ စီးကျနေတာကို တွေရပါတယ်။ ကျောက်တောင်ကြီးအတွင်းမှာ သံဃာတော်များစုဝေးရာ ဓမ္မသဘာ သို့မဟုတ် ဓမ္မသာလာကြီးများ၊၄င်း ဓမ္မသာလာများအထဲတွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော်များ ကိန်းဝတ်ပူဇော်ရာ ဓါတ်တော်တိုက်ခေါ် စေတီ(ထူပ)များ။ သံဃာတော်များ စင်္ကြန်လျောက်ရန် ကျောက်လမ်းကြီးများ၊ ဓမ္မသာလ၏ နံရံများတွင် ကျောက်တိုင်းကြီးများနှင့် ၄င်းကျောက်တိုင်းကြီးများထိပ်တွင် ရှေးအိန္ဒိယ ကျောင်းတကာ ကျောင်းအမ (စာရေးသူ စိတ်အထင်) စုံတွဲပုံကျောက်ဆစ်ရုပ်တုများ၊ ဗုဒ္ဓဝင်ဆိုင်ရာ ကျောက်ဆစ် ရုပ်တုများ၊ ဓမ္မသာလာ၏ အမိုးမျက်နာကျက်တွင် သစ်သားချောင်းကြီးများဖြင့် ကွေးကွေးကောက်ကောက် အလှဆင်ထားပုံများ  (ထုပ် သို့မဟုတ် ရက်မ)  ကျောက်ကုတင် ကျောက်စာပွဲတို့ဖြင့် တစ်ပါးအိပ်ခန်း၊ နှစ်ပါးအိပ်ခန်း၊ စသော သံဃာတော်များအိပ်ခန်းများ၊ နွေမိုးဆောင် အမြဲမပြတ် ရေရရှိနိုင်သော ကျောက် ရေကန်များ၊ အပေါ်ထပ် အောက်ထပ် ကူးသော ကျောက်လှေခါးကြီးများ စသည်သည်တို့ကို တွေ့မြင် ခဲ့ရပါတယ်။

ထိုအရာတို့ကို ကြည့်သောအားဖြင့် ရှေးခေတ် ဗုဒ္ဓဘာသာ အိန္ဒိယ လူမျိုးများ၏ ကြီးမားသော သဒ္ဓါတရား၊ ဇွဲ လုံးလ၊ ဗိသုကာပညာ၊ နှင့် ကျောက်ဆစ်ပညာ စသည်တို့၏ မည်မျှ နက်ရှိုင်းပုံကို ခံစားသိမြင်နိုင်ပါသည်။

 ဝမ်းနည်းစရားကောင်းသည်မှာ ယခုဗုဒ္ဓဘာသာကျောင်းဆစ်လှိုင်ဂူကြီး၏ အပေါက်ဝတွင် ဟိန္ဒူဘုရားကျောင်း တစ်ခုကိုတည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ၄င်းဟိန္ဒူဘုရားကျောင်းမှာ တိရိစ္ဆာန်တို့ကို ခေါင်းဖြတ်ပြီး ရစ်ပူဇော်ရာ ဌာနဖြစ်သောကြောင့်ဖြစ်ပါသည်။ သိမ်မွေ့သော သူတော်စင်တို့၏ နေရာတွင် အခြားသောသူတို့  ဝင်ရောက်နေရာယူနေခြင်းမှာ တွေမြင်ရသူ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ နှလုံးသားကို များစွာထိခိုက်စေတော့သည်။

တွေးမိတွေးရာ အတွေးကမ္ဘာချဲနေစဉ် မောင်ကောင်းမွန်မှ "ကဲ့ တပည့်တော်များ ဘုရားကိုပူဇော်ကြမယ် ဒါကတော့ ရှေးခေတ်ကာလက ဗုဒ္ဓဓါတ်တော်တွေထားတဲ့နေရာဘဲ (ထူပကို ရည်းညွန်သည်) တပည့်တော်တို့ အားလုံး ဒိမှာထိုင်မယ် (ထူပ ဘေးနားတွင်) ဘုရားဦးချကြ "ဆိုမှ သတိပြန်လည် လာပြီး ထူပ (စေတီ) ကို ဦးချရမှန် အတွေးဝင်ခဲ့ရပါတယ်။

 ဘုရားရှင်ကို ရည်မှန်း ဦးသုံးကြိမ်ချပြီးသကာလ (၂၄) ပစ္စည်းကို အသံထွက်ပြီးရွတ်ခဲ့ပါတယ်။  လှိုင်ဂူစောင့်တဲ့ နတ်ဒေဝါကို မေတ္တာပို့ အမျှဝေတဲ့ပြီးတဲ့အခါမှာတော့ - လှိုင်ဂူစောင့်နတ်မင်းက ဘုရားရှင်တရားတော်ကို မကြားမနာရတာ တော်တော်ကြာပြီလို့များ ပြောနေလေမလား မိမိဘာသာ တွေးခဲ့မိပါတယ်။ ကာလတောင် ကာလဂူဝယ် တစ်နာရီလောက် ကြည့်ရှုလေ့လာ ဓါတ်ပုံရိုက်ကြပြီးတော့ တောင်ပေါ်က ပြန်ဆင်လာကြတော့ မိမိတို့ ကားရပ်နားထားရာ အရောက်ဝယ် နေ့ခင်း တစ်နာရီထိုးနေပါပြီး။

ကာလ တောင်မှ ဘာဂျ တောင်သို့ ပူဏေး သီတဂူ ညီတော်နောင်တော် ရဲသုံးဖော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ၁၅ မိနစ်ခန့် အချိန်မာတော့ ဘာဂျတောင်ခြေကိုရောက်ပါတယ်။ တောင်ခြေကနေ တောင်ပေါ်သို လမ်းလျှောက်တက်ရသည်မှာ သထုံမြို မြသပိတ်တောင်ကို တက်ရသလို ခံစားရပါတယ်။ မြသပိတ်တောင်လောက်တော့ မမြင့်ပါဘူး။  မြသပိတ်တောင်ရဲ လေးပုံ တစ်ပုံတောင်မှ ရှိမည်မထင်ပါ။ ရှုခင်းတွေကြည့်ရင် နိုင်ငံပေါင်းစုံက ခရီသည်တွေနှင့် နုတ်ဆက်ရင် တက်လာခဲ့ရာမှာ ဘယ်လောက်အချိန်ကြာသည်ကို သတိမထားမိခဲ့ပါဘူး။ မိနစ် ၂၀ လောက်ကြာမည်ထင်ပါသည်။ ဘာဂျာတောင်ပေါ်သို့ ရောက်ခဲ့ကြပါတယ်။ ဝင်ကြေး ရူးပီငါးကျပ်ပေးရပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ရူပီး (၁၀၀)ပေးရသည်ဟု သိရပါတယ်။ တိဗက် ဘုန်းတော်ကြီးမှ ဟိန္ဒီစကားပြောတတ်သောကြောင့်၊ သီတဂူ ရဲသုံးဖော်ကို တြိပူ၊ မဏိပူ က လူများဟု ထင်ရကား ရူပီး (၅) ကျပ်သာ ပေးရတော့သည်။ ဘာဂျာတောင်တွင်လည်း မိုးရွာသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခဲ့ရပါသည်။ ထူပခေါ် စေတီများ (၁၅)ဆူခန့်် ဖူးတွေခဲ့ရပါသည်။

ထူးခြားသည်မှာ ကာလဂူမှာရော၊ ဘာဂျ ဂူမှာပါ ဗုဒ္ဓရုပ်ပွားတော် အရိပ်အရောင်မျှ မတွေခဲ့ရခြင်းပင်ဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်မရှိသည်သာမဟုတ် ပလ္လင်တော်နေရာများကိုလည်း မတွေ့ရခြင်းပင်ဖြစ်သည်။

(လှိုင်ဂူကြီး စတင်ထွင်းထုသည့် အခါကတည်းက ဗုဒ္ဓရုပ်ပွားတော်များကို မပူဇော်ခဲ့လေသလား၊ သို့မဟုတ် နောင်ခေတ် အခြားအခြားသော ဘာသာဝင်တွေကများ ဖျက်ဆီးပြစ်ခဲ့လေသလား။ သလား သလားနှင့် သလား ပေါင်းများစွာကို စားရေးသူ လေ့လာရပေဦးတော့မည်)။

   ပဋ္ဌာန်းတရာတော်ထက် ကြီးကျယ် မြင့်မြတ်သော တရားမရှိတော့ရကား (၂၄) ပစ္စည်းကို ကျယ်လောင်စွာရွတ်ဆိုပူဇော်ရင်ဖြင့် သက်တော်ထင်းရှား မြတ်ဘုရားနှင့် ဟိုးယခင် ဒိနေရာ ဒိလှိုင်ဂူမှာ သီတင်းသုံးနေထိုင်ခဲ့ကြသော ဆရာတော် သမားတော်များကို ဦးခိုက်ပူဇော်ခဲ့ပါသည်။
 ပြီးတော့ ဓါတ်ပုံရိုတ် မှတ်တမ်းတင်မူများပြုလုပ်ခဲ့ပါသည်။ သီတဂူ ရဲသုံးဖော်တို့ ဘာဂျတောင်မှ ထွက်ချိန်တွင် အိန္ဒိယ စံတော်ချိန် သုံးနာရီထိုးပြီးတည်။
ကျောင်းဆောင်ပြန်ရောက်တော့ လေးနာရီ။

အို ချစ်စွာသော စာရှုသူတို့ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်တွင်ရှိသော   ဤနေရာ ဤဒေသမှ ဤအဆောက်အဦးတို့မာ သံဝေဇနိယ လေးဌာန ဘုရားဖူးတို့ မရောက်နိုင်သော၊ လက်လှမ်းမမီသေးသော နေရာဖြစ်ပါသည်။ ရှေးဟောင် အိန္ဒိယ ဗိသုကာပညာတို့ကို ကြည့်ရှု လေ့လာ လို့ပါလျှင်၊ အိန္ဒိယပြည်ကြီးဝယ် ထေရဝါဒဂိုဏ်းသား ရဟန်တော်များ ဘယ်လို့ဘယ်ပုံ သီတင်းသုံးနေထိုင်ခဲ့ကြ၊  ပြီးတော့ ဆရာဒကာ လက်တွဲညီစွာဖြင့် သာသနာပြုခဲ့ကြပုံများကို လေ့လာလို့ပါလျှင် ---- ကြွလမ်းခဲ့ပါ အိုသဟာ ဟု--သာ ----------------------


 စေတနာမွန်ဖြင့်
ကိုရင်အာယု (မန်းသီတဂူ)
(ခေတ္တ = ပူဏေးတက္ကသိုလ်)

Sunday, July 22, 2012

ပူဏေးမြို့ ဗုဒ္ဓဘာသာ ဆန်းဒေးစကူလ်း

  
ဘုရားရှိခိုး သီလယူရန် ဂေါပက လူကြီးများ မှ နိဗ္ဗာန်ဆော်လုပ်နေစဉ်။

အရှင်သီလာစာရနှင့် ကလေးတစ်သိုက် ပျော်ပျော်ပါးပါး အင်္ဂလိပ်စာဖတ်ကြစဉ်။










အလှူရှင်မိသားစုမှ အာရုံဆွမ်းကပ်ကြစဉ်။











ကျောင်းသူ ကျောင်းသား ကလေးငယ်များကို အလှူရှင်များမှ
အာဟာရ ကြွေးမွေးနေစဉ်။










စုပေါင်းဘုရားရှိခိုးကြစဉ်။









ကိုရင်အာယုမှ အနန္တငါးပါး ဘုရားရှိခိုး သင်ကြားပေးနေစဉ်။









ဆရာကောင်းမွန်မှ သတိပဋ္ဌာန်တရားတော်အကြောင်းကို ပို့ချနေစဉ်။







         ပူဏေးမြို့ရဲ. ဆင်ခြေပုံရပ်ကွပ်လေးတစ်ခုမှာပါ။ အနည်းငယ်သော ဗုဒ္ဓဘာသာ မိသားစုဝင်များ နေထိုင်ကြပါတယ်။ ဇာတ်စနစ် အလွှာအတန်းစား ခွဲခြားလွန်းသော အိန္ဒိယ ပြည်ကြီးမှာ သူတို့နည်း သူတို့ဟန်နှင့် ဗုဒ္ဓသာသနာ အရှည်ခံ့ဖို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်။ သို့သော် သူတို့မှာ အားကိုးစရာ ပရိယတ် ပဋိပတ်ကျွမ်းကျင်သော  သံဃာတော်များမရှိကြပါ။  ကိုရင်အာယုတို့ မြန်မာဗုဒ္ဓဘာသာဝင်များသည် ကံကောင်းသူများဖြစ်ကြပါသည်။
ရဟန်သံဃာဆိုတာ တခြားမှာ သွားရှာစရာမလို့  ကိုယ့် ညီအကို မောင်၊ ဦးကြီး ဦးလေးတို့သည် ရဟန်တော်များ ဖြစ်နေကြလေသည်။
ထိုနေ့က တနင်္ဂနွေနေ့ဖြစ်ပါသည် (၂၂.၀၇.၂၀၁၂) ဒကာနှစ်ယောက်က ဆိုင်ကယ်ဖြင့်လာကြိုးပါတယ်။ အင်္ဂလိပ်စကားပြောတတ်တဲ့ ဒကာနာမည်ကတော့ ပဝရ ဆိုဘဲ။

 ဂိုထောင်သာသာ ဓမ္မာရုံလေးမှာ သံဃာတော်တွေကို ဆွမ်းကပ်ကြတယ်။ ဘုရားရှိခိုးကြတယ်။ ဗုဒ္ဓစာပေတွေ သင်ကြားလေ့လာကြတယ်။  

 နေဆွမ်းကိုတော့ ချပါတီလိုခေါ်သော (ပလာတာပုံစံ) မုန့်တစ်မျိုး၊ ပဲဟင်းရယ် ပြီးတော့ အစိမ်း အနီ အဝါ ရောင် ထမင်းရယ်၊ စိမ်းကြော်တစ်မျိုးရယ်၊ အာလူးမဆလာ တစ်ခွက်ရယ်၊ အာလူးကြော်ရယ် ဒါပါဘဲ။ ဆန်းဒေစကုလ်း အတွေအကြုံလေးတွေပါ။


                                                                                             ကိုရင်အာယု (မန်းသီတဂူ)

Monday, July 16, 2012

ပူဏေး ဒိုင်ယာယီ


  ပူနေးတက္ကသိုလ်သို့ နောက်အခါဝယ် လာရောက်ပညာသင်ကြားကြမည့် ညီငယ်ရဟန်းတော်များ သိရှိနိုင်ရန်လည်းကောင်း ။ စာရေးသူ၏ အမှတ်တရ မှတ်တမ်းအဖြစ်လည်းကောင်း ပူးဏေး ဒိုင်ယာယီကို ရေးသားလိုက်ပါသည်။

University of Pune ကိုရောက်တာ သုံးရက်ရှိပါပြီး (အတိအကျပြောရရင်တော့ ၁၄.၀၇.၂၀၁၂ နေ့က မြန်မာပြည်က ထွက်ခွါခဲ့ပြီးတော့ အဲဒီည ဒေသစံတော် ၂နာရီခွဲမာ ပူဏေးကိုရောက်တာပါ။)
 အရှင်ခေမာနန္ဒ (ခရမ်း)ကို အဖေါ်ပြုပြီးတော့ ပူဏေးပညာရေးခရီးဟာဖြင့် အပူအပင်တွေ တစ်ပွေ့ တစ်ပိုက်နှင့်ပါ။
ပထမဦးဆုံး အိန္ဒိယသံ၇ုံ (ရန်ကုန်) ကိုဝင်ကြရတယ် ၊ ဗီဇာရဖို့ပါ။ အဲဒီမာကတည်းက ပညာပြခံနေရပါပြီး။
sponsor latter. မပါလို့ ၊ admission latter က အတုကြီး အစစ်မဟုတ်ဘူး ဆိုတာတွေနှင့် နိပ်စက်တယ်။
အဘဟန် (သီတဂူသာသနာပြုအဖွဲ့) ရဲ.ကူညီမူတာမရခဲ့ပါက၊ ယခုတိုင် အိန္ဒိယကို မရောက်နိုင်သေး။ ရန်ကုန်မာ တဝဲလည်းလည်းရှိနေအုံးမည်။
အဘဟန်ကတော့ သံရုံးဗီဇာ အစစအရာရာ ကူညီခဲ့ယုံမက၊ လေယာဉ်ပျံကွင်းမှာ တန်ပိုတွေကို ပိုက်ဆံမပေးရအောင်အထိ ကူညီခဲ့ပါတယ်။ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်ထွက်ခဲ့တဲ့ TG လေယာဉ်ကြီးဟာ၊ နေလည်း ၁၂ နာရီခွဲမာ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်ပါတယ်။
လေဆိပ်ထဲ ခုနစ်နာရီလောက် ဟိုလျှောက်ဒီလျှောက်၊ အင်တာနက်သုံး စသည်ဖြင့် အချိန်ကုန်ခဲ့ရပါတယ်။
နိုင်ငံခြားက ပြန်လာကြတဲ့ ဗမာတွေနှင့်လည်း တွေလေရဲ.။
လူမျိုးစုံပါဘဲ (တောသားမြိုရောက်ဆိုတာလို) ဟိုငေးဒီငေး ကြည့်စရာတွေချည်း၊ အံသြစရာတွေချည်း၊ ဖြစ်နေခဲ့တယ်။
ရန်ကုန်မှ အိန္ဒိယနိုင်ငံဘုံဘေမြိုအထိ လေယျာဉ်လက်မှတ်ခ ဒေါ်လာ (၅၈၅) ပေးရပါတယ်။
ညနေ့ ရှစ်နာရီခွဲလောက်မှာ ဘန်ကောက်မှ ဘုံဘေခေါ် မွန်ဘိုင်းသို့ ဆက်လက်ပျံသန်းခဲ့ရာမှာ ည ၁၀ နာရီခွဲလေက်မှ ရောက်ပါတယ်။ ဘုန်တော်ကြီး ဦးကုသလ (မောင်ကောင်းမွန်) အရှင်ဝိဝေက တို့က ပူနေးကနေ လာကြိုကြပါတယ်။ အရှင်ခေမာနန္ဒကတော့ ဘန်ကောက်လေဆိပ် ကြီးလှပြီထင်နေတာ မွန်းဘိုင်းနှင့်ကျတော့ ဘန်ကောက်က တောသာသာဘဲရှိတော့တယ် လိုပြောနေလေရဲ.။
မွန်ဘိုင်းဟာ ပယ်လယ်ဆိပ်ကမ်းမြို့ဖြစ်တာကြောင့် အိန္ဒိယရဲ. စီပွားရေမြို့တော်ဖြစ်တဲ့အကြောင်း၊ ဘောလီဝုတ် ရုပ်ရှင် မင်းသား မင်းသ္မီးတွေနေပြီး ရုပ်ရှင်ဇာတ်ကားတွေ ထုပ်လုပ်တဲ့ အတွက်ကြောင့် နာမည်ကြီးကြောင်း အရှင်ဝိဝေက မှ ရှင်းပြလို သိခွင့်ရခဲ့ပါတယ်။
အကာလ ညအချိန်ဖြစ်တာကြောင့် သူများပြောတာသာ နားထောင်ခဲ့ရပြီး မွန်ဘိုင်းမြို့ရဲ့ အလှအပ ဘယ်လိုရှိမယ်ဆိုတာကိုတော့ မသိရ မမြင်ခဲ့ရပါဘူး။ လမ်းတိုင်းမှာ ကားတွေ လူတွေ ပြည့်ကျပ်ညပ်နေတာကိုဘဲ တွေခဲ့ရပါတယ်။ ပယ်လယ်နှင့်နီးတာကြောင့် မိုးကလည်း အလွန်ရွာပါတယ်။ ပူနေးကိုတော့ ကားစီးခဲ့ရာမှာ သုံးနာရီလောက်မောင်းရတယ်။
အဲလမ်းခုလမ်းမှာတော့ မောသောရဟန်း ပန်းသောရဟန်း အနေနှင့် အကြောင်းပြပြီးသကာလ  ဗိုက်တွေကလည်းအလွန်ဆာတာကြောင့်လည်းကောင်း၊ဟန်မဆောင်နိုင်ကြပါဘူး မယ်ဒေါ်နယ် ဟန်ဘာဂါဆိုတာကိုလည်း စားကြည့်လိုသည်ကတစ်ကြောင်းတို့ကြောင့် မုန်းဝယ်စားကြပါတယ်။ ဗိုက်ဆာလွန်းတော့ အားလုံးဟာ စား ကောင်းနေတယ်၊ အာလူးကျော်ကလည်း ပူပူလေဆိုတော့ ကောင်းမှကောင်းပါဘဲ။
(အချိန်ရရင် ပူနေး မြို့ထဲ နောက်တစ်ခါ ပြန်ရှာစားဖို့ စိတ်ကူးခဲ့မိပါတယ်)
ဘုံဘေကနေ ပူနေသို့ ကားခကတော့ တစ်ပါးကို (စားရေးသူနှင့် အရှင်ခေမာနန္ဒ) ဒေါ်လာ (၁၀၀)ပေးရပါတယ်။  လူများများလာပါက ဈေးသက်သာမှာပါ။
 ====================================================
၁၅.၀၇ ၂၀၁၂
ပူနေရဲ. ဒုတိယနေကတော့ တနင်္ဂနွေဖြစ်တာကြောင့်  ရုံတွေပိတ်နေလို့ ဘာမှမလုပ်စရာမရှိဘူး။ ထူးထူးခြားခြား ကုလားဒကာတစ်ယောက်က လာပင့်လို့ ဆွမ်းစားသွားရပါတယ်။ ပူနေးတက္ကသိုလ်မှာ ဆရာလုပ်နေတဲ့သူဖြစ်ပါတယ်။ သူက ဗုဒ္ဓဘာသာပါ။ သူအမေရော မိန်းမရော ၇ိုရိုသေသေ ဘုန်းတော်ကြီးတွေကိုရှိခိုးကြတယ်။ အရှင်ဇဝန ဦးဆောင်ပြီးတော့ အရင်စန္ဒိမာ၊ အရှင်ခေမာနန္ဒ၊
အရှင်ဝိဝေက၊ အရှင်အာယုပါလ (စားရေသူ) ငါးပါး ဆွမ်းစားကြွရပါတယ်၊ (မောင်ကောင်းမွန်နှင့် အရှင်သီလာစာရကတော့ အဋ္ဌကထာဆွေးနွေးပွဲကို သွားကြလေရဲ.) ကုလားချပါတီ၊ ပဲဟင်းတစ်ခွက်၊ ပဲပြုတ်တစ်ခွက်၊ နှင့် ကုလားထမင်း ဗိုက်ဆာဆာနှင့် အကုန်စားပါတယ်။ အံအော် ဝမ်းသာ စရာကောင်းသည်ကတော့ ဗုဒ္ဓဘာသာမရှိတော့ဟု ထင်းထားသည့်နေရာမှာ ဗုဒ္ဓဘာသာတွေကို တွေနေရခြင်းပင်ဖြစ်ပါသည်။
နောင်တော်ကြီး အရှင်ဇဝနက ငါးပါးသီလပေး ပြီး ပရိတ်ရွတ်ခဲ့ကြပါတယ်။ ဒီလိုနှင့်တနေကုန်လို့ နောက်နေ့ဆို ရုံးကိစ္စတွေနှင့် ဆုပ်တော့မယ်ဆိုတာ ကြိုးသိနေတယ်။ ဒီလိုနှင့်ဘဲ အိပ်မောကြသွားတယ်။
---------------------------------------------------------------------------------------------------------------
 ၁၆.၀၇.၂၀၁၂ နေ့
သီတဂူဆရာတော်ကြီးကမှားခဲ့ဘူးတဲ့ မောင်ပဉ္ဖင်း ပူဏေးဆိုတာ ပုဏ္ဏတို့ ပုညတို့ ဆိုတဲ့ စကားကလာတာ။
မြတ်စွာဘုရားရှင်လက်ထက်က အဖြစ်အပျက်တွေအများကြီး အဲဒီပူဏေးမှာရှိတယ်။ မြတ်စွာဘုရားခြေတော်ရာချခဲ့တဲ့ နေရာတွေ ရှိတယ်။ မင့်အဲဒါတွေ လေ့လာခဲ့ပါတဲ့။
 ဟိုက်ဆရာတော်စကားတွေကြားပြီး အိမ်မက်ရောင်နေတာပါလား---- အားပါးပါး 
မနက်မိုးလင်းလို့ ခြောက်နာရီခွဲ ပြီး ကျောင်းသားတွေ အိပ်ရာမထကျသေး။ အဲဒါနှင့်ကဗျာကရာ အိပ်ရာထ မြစ်နာသစ်ပြိးတော့ လုပ်စရာမရှိဖြစ်နေပြန်တယ်။ ဘာဖြစ်လိုလည်းဆိုတော့ ရုံးတွေက ၁၁ နာရီမှ စတာဗျ။  အဲဒါနဲ့ဘဲ အရှင်ဣန္ဒာဝုဓ၏ ပီအိပ်ခ်ျဒီ (P.h.D) ဆွမ်းကပ်ပွဲရှိရာ ပူနေးမြိုရဲ. ရပ်ကွပ်တစ်ခုသို့ နောင်တော်ကြီးကောင်းမွန်၊ အရှင်စန္ဒိမာ၊ အရှင်ခေမာနန္ဒ၊တို့နှင့် အတူ ခြေလျင်ချီတက်ကြရာဝယ် လမ်းတွင် လိုအပ်သော မိတ္တု စာရွက်စာတမ်းတွေကို ကော်ပီကူးကြပါတယ်။  ရှင်စန္ဒိမာက ဘာကိုတော့ ဘယ်နှစ်ရွက်ကူးထား၊ ဘာကိုတော့ နည်းနည်းဆိုရပြိး၊ ဘယ်စာရွက်ကတော့ ၁၅ ရွက်လောက်ကူးမှ လုံးလောက်မယ်ဆိုပြီး၊ တစ်ခါမှ နှစ်ခါ ဒုက္ခမရောက်အောင်၊ ပိုက်ဆံမကုန်အောင် ညွန်းကြားတဲ့အတွက် အားလုံးအဆင်ပြေနေပါတယ်။ 
နာရီဝက်လောက်လမ်းလျောက်မှ အိမ်ကိုရောက်ပါတယ်။ မြန်မာရဟန်းတော် တော်တော်များများရောက်နေတာကိုဖူးတွေရပါတယ်။ တစ်ခါမှ မတွေ့ဘူးကြတော့ တစ်ပါးနှင့်တစ်ပါး မိတ်ဆက်ကြရင်ဖြင့် 
မြန်မာထမင်း မြန်မာဟင်းကို အားရပါးရစားပြီးတော့ ပီအိပ်ခ်ျဒီအရှင်ရဲ. နဝကမ္မကိုအလှူခံကာ ပြန်လာခဲ့ကြပါတယ်။ ဝက်သားဟင်ရယ်၊ သီစုံဟင်ချိုရယ်၊ မုံလာပွင့်ကြော်ရယ်ကပ်ပါတယ်။ အချိုပွဲအနေနှင့် ငှက်ပျောသီး၊ ပန်းသီး၊ ကိုကာကိုလာ ဖျော်ရည်အစရှိသည်ကပ်ပါတယ်။ ကိုကာကိုလာကိုတော ရေးအစားထိုးအနေနှင့် အားပါးတရ သောက်ခဲ့မိပါတယ်။ 
ကုလားပြည်မာ မြန်မာထမင်းစားနေရတယ် ယခုတထိ ကံကောင်းသေးတယ်လို့ မိမိကိုယ်မိမိ အားပေးရပါသေးတယ်။
အပြန်မာတော့ ဗုဒ္ဓဘာသာ ကုလားတစ်ယောက် (ဖိနပ်ဆိုင်ဖွင့်ထားပါတယ်) အိမ်ဝင်ကြတယ်။ အိမ်ရှင်က ပန်းသီးဖျော်ရည်ကပ်ပါတယ်။ အလွန်သောက်လိုကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကုလားရေကိုသောက်မရသေးတော့ ဖျော်ရည်တွေဟာ စာရေးသူအတွက် အလွန်းဘဲကောင်းမွန်နေတယ်။
 နောင်တော်ကြိးများနှင့် အိမ်ရှင်စကားတွေအများကြီးပြောကြတယ်။ စားရေးသူကတော့ ကုလားတွေ လေသံ မဖန်းမိသေးတော့ နားမလည်းသည်က များပါတယ်။ တစ်ခါတစ်ခါ နားလည်းတာလေးများရှိက ကြံဖန်ဝမ်းသာရပါသေးတယ်။ 


အဲ အပြန်လမ်းမာတော့  ငိုအားထက်ရယ်အားသန်းဆိုသလို အဖြစ်အပျက်ကတော့ ဤသို့ဤနှယ်ပါ။
အလာက လမ်းလျောက်ရတော့ နောင်တော်ကြီးများ ပန်းနေပုံပေါက်ပါတယ်။ ဆွမ်းစားပြိးစလည်းဖြစ်တော့ ကားစီပြန်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒါနှင့်ဘဲ ကားငှါးကြတယ်။ တစ်စီးပြိးတစ်စီပေါ့။
အဲဒီအချိန်မာဘဲ ကားအကောင်းစားကြီးတစ်စီးက အနားလာရပ်တယ်။ ကားပေါ်တက်ပါ။ ငါလည်းဗုဒ္ဓဘာသာပါတဲ့။ ဗုဒ္ဓဆိုတဲ့စကားကိုကြားလိုက်တော့ အားလုံးဝမ်းသာကြတာပေါ့။ အဲဒါနှင့်ဘဲ တိုင်ပင်ထားသည့်အလား ကားပေါ်အားလုံးတက်လိုက်ကြတယ်။ 
ကားပေါ်ရောက်ခါမှ တက္ကစီမစီးပါနှင့် ဈေးကြီးတယ်တဲ့၊ အဓိကကျတဲ့ လမ်းပေါ်ရောက်အောင် ငါပို့ပေးမယ်။ အဲဒီကနေ လှိုင်းကားစီးသွားကြတဲ့။ ဟိုက်ဆိုပြိး အားလုံး အံအားသင့်ကုန်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကား၏ဦးတည်ရာကား ပူနေးတက္ကသိုလ်ကြိးနှင့် ဝေးရာဆီသို့။

အမြန်လမ်းမကြီးတစ်ခုရောက်တဲ့အခါမှာတော့ ဗုဒ္ဓဘာသာဆိုတဲ့ ကားဆရာက ကားကိုရပ်ပြိးတော့ ဒီကနေ့ လိုင်းကားစီးသွား ပိုက်ဆံမကုန်ဘူး ဟု လွယ်လွယ်လေးပြောသွားပါတယ်။ ဒီမာတော့ လိုင်းကားမစီးဘူးသူများဖြစ်လေတော့ ပထမ ဘယ်နံပါတ်ကားကို စီးရမည်မသိ။ ဒုတိယ ဘယ်လောက်ပေးရမည်မသိ၊ တတိယ ဘယ်မှတ်တိုင်မှာ ဆင်းရမည်မသိ။ လူတွေကလည်း လိုင်းကားတွေအပြည့်။ နောင်တော်အရှင်စန္ဒိမာကပြောတယ်။ ဒီအိန္ဒိယနိုင်ငံက ရထားတွေ ကားတွေပေါ်မှာရှိတဲ့လူဦးရေဟာ မြန်မာနိုင်ငံမာရှိတဲ့ အားလုံးသော လူဦးရေထက် များတယ်တဲ့။
ကြုံရာကားတစ်စီကို လေးပါးအလျှင်အမြန်တက်စီးရာမှာ တစ်ပါး ရှစ်ကျပ် တဲ့ဗျာ။ နိုင်ငံခြားသားတွေဆိုပြီး ညာပြိးတောင်းသလားမသိပါ။ မီတာကားကိုတောင် တစ်ပါး တစ်ဆယ်နှင့် လေးဆယ်နှင့် ဈေးဆက်စီလိုရတဲ့ခရီဘဲဗျာ။
 ပူနေးသက္ကသိုလ်ကြိးက အကျယ်ကြိးဆိုတော့ မှတ်မိလွယ်တဲ့ဗျ။ ပြိးတော့ ကျောင်းသူကျောင်းသားအချင်းချင်းလည်း ကူညီကြတယ်။ ပထမ အပေါက်မှာ ဆင်းမည်လုပ်တော့ ကျောင်းသားတစ်ယောက် မဆင်းနှင့်ဦး၊ ငါလည်း ကျောင်းသွားမာဆိုဘဲ၊ အဲဒါနှင့်ဘဲ သူနှင့်အတူ ဆင်းလာရာမှာ တက္ကသိုလ်မိန်းဂိတ်ကို ရောက်ခဲ့ပါတယ်။
တနင်္လာနေ့ဖြစ်တော့ ရုံဖွင့်တယ်ခင်ဗျ အဲဒီနေ့ နှစ်နာရီလောက်က စပြိး ကျောင်းသားဖြစ်ဖို့ စတင်လုပ်ရှားလိုက်ရတာ ဘယ်လောက်ကြာမည်မသိသေးပါဘူ။
 ညနေ ငါးနာရီလောက်မှာတော့ ပူဏေးမြိုထဲကို ဒေါ်လာရောင်းဖို့သွားရပါတယ်။ ဒေါ်လာတစ်ရာ(၁၀၀) ကို ရူပီး ထောင့်ငါးရား(၅၅၀၀) ရပါတယ်။ တစ်ထောင်ဘိုးရောင်းတော့ (၅၅၀၀၀) ပေါ့။
မြို့ထဲမှာ လိုအပ်ရာရာဝယ်ပြီး ပြန်ခဲ့ကြပါတယ်။
ညမှာတော့ အရှင်ဇဝန (P.h.D) မှ internet ကနေတဆင့် ကျောင်းသားလျောက်လွှာတင်ခြင်းကိစ္စတွေကို ဆောင်ရွက်ကူညီပေးပါတယ်။
အရှင်ဇဝန ဟာ ပူနေးမှာတော့ မြန်မာရဟန်းတော်များသာမက၊ ဗီယက်နာမ်၊ ထိုင်း၊ ကိုးရီးယားရန်တော်များပါ အားကိုးရသော နောင်တော်ကြီးတစ်ပါးဖြစ်ပါတယ်။ အွန်လိုင်းကနေ လိုအပ်ရာရာ၊ မသိတာမှန်သမျှ ၊ ကူညီပေးနေပါတယ်။
သီတင်းသုံးဖော်တွေနှင့် စမ်မိစပ်ရာပြောကြရင် ဘယ်အချိန်အိပ်ပျော်သွားတယ်မသိပါဘူး။
---------------------------------------------
၁၇.၀၇.၂၀၁၂
အရှင်ဝိဝေက အရှင်စန္ဒိမာ တို့ချက်တဲ့ အာရုံဆွမ်းများကို စားနေတာ သုံးလေးရက်ရှိပါပြိး။
အရှင်သီလာစာရ ၊ အရှင်စန္ဒိမာတို့ကို ဆရာလိုသဘောထားပြီးတော့ international cell ကိုသွားပါတယ်။ ကျောင်းသားဖြစ်ဖို့ ခြေလမ်းတွေပေါ့။ ရုံး အဝင်မှာ လက်မှတ်ထိုးပြီး လိုအပ်သော စားတမ်းများနှင့်အတူ တန်းစီရပါတယ်။ အရှင်ခေမာနန္ဒက ရှေ့ကနေတန်းပါတယ်။ တစ်နာရီလောက်အကြာမှာတော့ အရှင်ခေမာ အလှည့်ရောက်လာပါတယ်။ ပြဿနာ အဲဒီမာစပါပြိး ။ အမှတ်စရင်း အစစ်မပါလို့ဆိုပြိး ဘေးနားမှာ ထိုင်ခိုင်းထားပါတယ်။ 

မှတ်ချက်(နောင်လာညီငယ်များ သင်ခန်စာယူဖို့ မှတ်တမ်းတင်ရပါသည်။ အရှင်ခေမာကို နိမ့်ချလိုသောကြောင့်မဟုတ်ပါ၊ အိန္ဒိယသို့ ပညာသင်ဖို့ရန် လာရောက်လို့သော ညီတော်နောင်တော်များ မူရင်း အချက်အလက် အောင်လက်မှတ် ပစ်စပိုစ် စာရွက်စာတမ်းများကို ကိုယ်နှင့်မကွာယူဆောင်လာချင်းဟာ အကောင်းဆုံးဖြစ်ပါသည်။ တစ်ပါးသူကို လက်ဆင့်ကမ်း ပို့ပေးခြင်း၊ လူကြုံ ပါးခြင်းတို့သည်၊ တမြို့နှင့် တစ်မြို့ အလှန်းကွားရကား ကြီးစွာသော ဒုက္ခတို့ကို ဖန်တီးခြင်းသာဖြစ်ပါသည်။) 
  
       တကယ်တမ်းတော့ မောင်ခေမာ၏ မူရင်ဖိုင်တွေမှာ အိန္ဒိယပိုပြိးသားဖြစ်သည် ဘယ်သူဆိရောက်နေတယ်ဆိုတာ မသိရသေးသောကြောင့်ဖြစ်ပါသည်။ စာရေးသူအလှည့် မှာတော့ အားလုံး လွယ်ကူစွာဘဲ ပြိးမြောက်ခဲ့ပါတယ်။ 
ရုံးကထွက်လာတော့ အရှင်ခေမာနန္ဒကတော့ ထိုင်းနေဆဲပါဘဲ။ ကိုယ်အဆင်ပြေသော်လည်း ဒီအရှင် အဆင်မပြေတော့ နည်းနည်းစိုးရိမ်မိပါသည်။ ခဏစောင့်ဟေ၊ ပြောတတ်ဆိုတတ်တဲ့သူတွေကို ငါခေါ်ခဲ့မယ် ခဏစောင့် ဆိုပြီးတော့ ထားခဲ့တယ်။
ခဏနေတော့ သူပြန်လာပါတယ်။ အဆင်မပြေဘူးတဲ့။

အဲဒါနှင့်ဘဲ  အရှင်သီလာစာရနှင့်အတူ ဘဏ်ကိုသွား ကျောင်းစရိတ် ဒေါ်လာ (၇၅၀)  750 USD ပြိးတော့ ကျမ်းမာရေး ဆေးစစ်ဖို့ ဒေါ်လာ (၈၀) 80 USD / ကျန်းမာရေး အာမခံအတွက် ဒေါ်လာ (၇၅) 75 USD စုစုပေါင်း ဒေါ်လာ (၉၀၅) 905 USD ပေးသွင်းခဲ့ရပါတယ်။
 ပြီးတော့ ကျောင်းဌာနကြေးက ရူးပီးငွေ (၈၅၉၅)
 ကျောင်းအဆောင်ခ ခြောက်လစာ ရူပီငွေ (၁၆၀၀၀) သွင်းခဲ့ရပါတယ်။
 မြန်မာပြည်က ပါလာတဲ့ ပိုက်ဆံလေးများ ကုန်စပြုလာပြီ။
မှတ်ချက်  (အဓိကျသော ကုန်ကြစရတ်တို့ကိုသာ ဖေါ်ပြထားပါသည်။ ဟိုနားသွား ဒီနားသွား ကားစရိတ်တို့နှင့်  စာရွက်ကော်ပီကူးခြင်းစသော အသေးအမွှားကိစ္စတို့ကို တင်ပြခြင်းမရှိပါ)
ပြီးတော့ အင်တာနေရှယ်နယ်ဆဲကိုသွားပြိးတော့  စားရွက်များကို ပြန်ပေးရပါတယ်။ သောကြာနေ့ သုံးနာရီပြန်လာဖို့ ချိန်းပြန်ပါတယ်။

ညနေခင်မှာတော့ မောင်ခေမာအတွက် အမှတ်စရင်း အစစ်မဟုတ်ပေမဲ အဆင်ပြေရာပြေကြောင်း စကင်းဖတ်ထားသည်များကို  ကာလာ စက္ကူနှင့် ပရင့်ထုပ်ရပါတယ်။

-----------------------------------------------------------------------------------------------
၁၈.၀၇.၂၀၁၂ 


အိန္ဒိယလူမျိုးတွေက အလုပ်လုပ်တာနောက်ကျတဲ့ခင်ဗျာ့။ ဆိုင်တွေဆိုရင် ၁၀ နာရီခွဲ ၁၁ နာရီလောက်မှ ဖွင့်တယ်။ ရုံးတွေက ၁၁ နာရီမာ ဖွင့်တယ်။ နေလည့် ၁ နာရီကနေ့ ၂ ခွဲလောက် အထိ ထမင်းစားချိန်ဆိုပြိး ရုံးပိတ်ပြန်တယ်။ သုံးနာရီကနေ့ ညနေ ခြောက်နာရီအထိ အလုပ်လုပ်ကြပြန်တယ်။ ၁၁ ခွဲလောက်မှာတော့ မောင်ခေမာ ပြန်လာတယ်။ အဆင်ပြေပြီတဲ့
အဲဒါနှင့်ဘဲ့ ၊ မြိုထဲက တရားရုံးကို အရှင်သီလာစာရကို ဆရာတင်ပြိးတော့ သွားရပါတယ်။  ရူပီး (၃၀၀) ပေးပြီးတော့ အိန္ဒိယတံဆိပ်ခေါင်းပါတဲ့ စာချုပ်တစ်ခု လုပ်ရပါတယ်။ ရှေးနေတစ်ယောက်ရဲ. ထောက်ခံစာလေးပါ။ အဲဒီနေ့က အဲဒီနေရာကို နှစ်ခါတောင်လာရပါတယ်။ မောင်ခေမာရဲ. ဓါတ်ပုံကျန်နေခဲ့လို နောက်တစ်ခါ မောင်ခေမာနှင့်အတူ လာရပြန်ပါတယ်။
သူဟာနှင့်သူ အရှင်ပြေသွားသည်ကိုဘဲ ဝမ်းသာရတော့သည်။
အဆောင်မူးနှင့်တွေ အခန်းအတွက် အဆင်ပြေဖို့လုပ်ရပါသည်။ နောင်တော်ကြီး ကောင်းမွန်းနှင့် အရှင်စန္ဒိမာတို့က ကူညီကြပါသည်။ အဆင်လည်းပြေပါသည်။ နောင်တော်ကြီး အရှင်ဇဝနနှင့်ကပ်ပြိးတော့ အခန်း ၅၂ ကိုရပါသည်။
=========================================
၁၉. ၀၇.၂၀၁၂

အာဇာနည်နေ့ဆိုတာကို အလိုလိုသိနေပါသည်။ အင်တာနက်ကနေ မေလမြိုင်ရဲ. အာဇာနည်နေ့သီချင်းကို စောစောစီစီ နားထောင်နေမိပါသည်။
မောင်ကောင်းမွန်မှ အာဇာနည်နေ့ အမှတ်တရ အဆောင်မှ သံဃာတော်များကို (ထိုင်း၊ ဗီယက်နာမ်၊ ဘင်္ဂလာဒေစ်စ်၊ ရဟန်းတော်များပါ)ဆွမ်းကပ်မည်ဖြစ်သောကြောင့် ပြင်ဆင်ကြပါသည်။
ဆွမ်းစားပြိးကြတော့ လုပ်စရာရှိတာလုပ်ကြ၊ သွားစရာရှိတဲ့ ကျွန်ုပ်တို့လည်း စာရွက်စာတမ်းဖိုင် ကိုယ်စီကိုင်ကာ  ဆိုင်ဆိုင်ရာရုံရှိရာသို့သာ၊ အိန္ဒိယရုံများဝယ် တန်းစီရသည်မှာ၊ မြန်မာနိုင်ငံ ဓါတ်ဆီဆိုင်တွေမှာ တန်းစီရသလိုဖြစ်ပါသည်။ ကိစ္စတစ်ခုပြီဖို့ တစ်နာရီကျော်ကြာတန်းစီရသည်မှာ တစ်သံသရာလောက်ကြာလေတော့သည်။
ညနေခင်မာတော့ အရှင်သီလာစာရနှင့်ဘဲ ဈေးဝယ်ထွက်ကြပါသည် Sun guard   ခေါ်သော စူပါမတ်ကက်တွင် လမ်းလျောက်ကြည့်ကြပါတယ်။ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ တို့ဝယ်သည်၊
စတိုးဆိုင်တစ်ခုတွင် ထမင်းပေါင်းအိုးတစ်ခုဝယ်သည်။ ကိုယ်တိုင်ချက်ရတော့မယ်လေဗျာ။ညနေ မိုးချုပ်မှဘဲ ကျောင်းအဆောင်သို့ ပြန်ရောက်ကြပါတယ်။
=============================================
၂၀.၀၇.၂၀၁၂
 မနက်စောစော မိုးတွေရွာနေသည်။  မိုးရွာထဲ လမ်းလျှောက်ရတာ အဆင်မပြေပါဘူး။ ရဲရုံးကိုသွားရပါတယ်။ ဆိုင်ရာစာရွက်စာတမ်းတွေနှင့်ပေါ့။
စာရွက်တစ်ခုလိုအပ်သောကြောင့် မလိမ္မာ နှစ်ခါ ပင်ပန်းခဲ့ရပါတယ်။ ရဲတွေကတော့ ဗုဒ္ဓဘာသာတွေမို့ သဘောကောင်းကြပါတယ်။ ဗုဒ္ဓဘာသာဆိုပေမဲ့ ဘုန်းကြိးတွေကို မြင်တာတောင်ဘုန်းကြိးမှန်းမသိကြပါဘူး။ အောင်လက်မှတ်တွေကိုကြည့် ဓမ္မာစရိယ ဘွဲ့တွေကိုတွေ့မှဘဲ ဗုဒ္ဓဘာသာဆိုတာသိတယ်။ ပြိးတော့ ဆရာကြီးဦးဂိုအင်ကာကိုတော့ သိကြတယ်။ ဂုရုဂိုအင်ကာ အကြောင်းပြောဖြစ်ကြတယ်။ တနင်္လာနေ့ လာရန် ရက်ချိန်းလိုက်ပြန်ပါတယ်။
အဲဒိရက်ချိန်တွေကို တော်တော်ကြောက်နေပါပြီး။ ကုလားတို့ မနန်ဖန်ဆိုတာ ဘယ်တော့မှ မသေချာဟု နောင်တော့် နောင်တော်များ စကားကြောင့်ပါ။
 တစ်နာရီလောက်မှ ကျောင်းအဆောင်ပြန်ရောက်ကြပါတယ်။ သုံးနာရီ ရုံးချိန်တစ်ခုရှိတာကြောင့် ဘယ်မှ မသွားတော့ဘဲ ကျောင်းမာဘဲ အနာယူရင် အချိန်ဖြန်းကြတယ်။ သုံးနာရီမာတော့ ဆိုင်ရာရုံးကိုသွားပြီးတော့ ထိုင်စောင့်လိုက်တာ လေးနာရီထိုးမှ ဆရာမက ပေါ်လာပါတယ်။ ကျောင်းသားတွေကလည်း ခန်းမကြီးတစ်ခုလုံး ပြည့်လိုသိပ်လိုပါ။
ဆရာမက ပူနေးတက္ကသိုလ်ကြီးအကြောင်းပြောပြတယ်။ အပြင်သွားရင် တစ်ယောက်တည်းမသွားဖို့ကိုလည်း ပြောတယ်။ စည်းကမ်းတွေကိုလည်းပြောပြတယ်။ အားလုံးနားမလည်းသော်လည်း ၆၀ ရာခိုင်းနှုန်းတော့ နားလည်းခဲ့ပါတယ်။
ငါးနာရီထိုတော့ ဆိုင်ရာစာရွက်စာတမ်းတွေကို တစ်ဦးချုင်းပေးပါတယ်။ ဒီလိုနဲ ခြောက်နာရီထိုးသွားတယ်။ ဌာနကို ပြန်သွားဖို့တောင်အချိန်မရတော့ပါ။
အိန္ဒိယရောက်တာ ငါးရက်ရှိပါပြီး ယခုတထိ ၇ုံးကိစ္စ မပြိးသေးပါဘူး။
နောင်တော်များပြောတာကို သိပ်ပြီးတော့ လက်မခံခြင်းခဲ့ဘူး။
ပြောမယုံ ကြုံမှသိဆိုတာ ယခုမှဘဲ သွေးထွက်အောင်မှန်လေတော့သည်။
 အထက်ပါဖော်ပြခဲ့သော အတွေ့ အကြုံများကို ကိုယ်တိုင် လက်တွေ့ သင်ယူလိုပါက ပူနေးသို့ ကြွလမ်းခဲ့ကြပါဟုသာ ။ 




ကောင်းမြတ်သော စိတ်ထားဖြင့်
ကိုရင်အာယု (မန်းသီတဂူ)
ခေတ္တ ပူနေးတက္ကသိုလ်၊ မဟာရဋ္ဌပြည့်နယ်၊ အိန္ဒိယ
==========================================================

Thursday, July 12, 2012

မှတ်သားမိသမျှ ဆရာတော် စာသင်းခန်းမှာ

နမောတဿ ဘဂဝတော အရတော သမ္မာသမ္ဗုဒ္ဓဿ။
ဗြဟ္မာယု ပုဏ္ဏား အာဠာဝက ဘီလူး သကြားမင်း အစရှိတဲ့ သူတွေက ဒီ နမောတဿ မဟာပဏာမ ဘုရားရှိခိုးနှင့် ဘုရားကို ပူဇော်ကြတယ်။
ဒီဘုရားရှိခိုးလောက် ကောင်းတာ မပေါ်သေးဘူး။
ဒါပေမဲ့ ရွတ်ယုံ ရွတ်လိုမရဘူး၊ အရွတ်များနေရင် အနှစ်မပါတော့ဘူး။
အရွတ်အဖတ်ကို ဦးစားပေးတာ မဟာယာနတွေဖြစ်တယ်။
 ရွတ်ရုံတင်မက မြူးစစ်က်တွေပါ ပါလာတယ်။
ဘုန်းကြီးတို ထေရဝါဒမာလည်း ဒါတွေကို တဖြည်းဖြည်းတားမရရင် အနှစ်သာရတွေ ကွယ်သွားမယ်။
ဖွံ့ဖြိုးတိုးတက်ခြင်းဟာ မူရင်အနှစ်သာရကို ထိမ်းထားနိုင်သော တိုးတက်ခြင်းဖြစ်ရမယ်။
ခေါင်းထဲမှာ ဒီအချက်ကို မှတ်သားထားပါ။
မူရင်အနှစ်သာရကို ထိမ်းမထားနိုင်သော တိုးတက်ခြင်းကို မလိုလားဘူး။
ဥပမာ ဂျပန်ဟာ အာရှမှာ တိုးတက်ဆုံး နိုင်ငံဖြစ်တယ်။ တိုးတက်မူတွေနောက်မှာ ဘာသာရေး အနှစ်သာရတွေ ဆုပ်ယုတ်သွားတယ်။
ဂျပန် လူကြီး လူငယ် ယောက်ျား မိန်းမ ၉၉ ရာခိုင်နုန်းသည် အရက်သ္မား၊ ၇၅ ရာခိုင်နုန်းသည် ဘာသာတရားမရှိ၊
ဂျပန်မှာ ဘာသာတရားဆိုတာ
၁။ မင်္ဂလာဆောင်
မင်္ဂလာဆောင်မှာ ဘုန်းကြီးတွေပင့်မင်္ဂလာဆောင်လေ့ရှိတယ်။ ၁၅ မိနစ်လား နာရီဝက်လား ရွတ်ဖတ်ခ ဘုန်းကြီးတွေရတယ်။
၂။ အသုဘ
သေသူအတွက် ဆုတောင်းပေးရတယ်။ သေသူအတွက် နှစ်စဉ်ကျေးပေးရတဲ့ အခန်းအနား။ ဘုန်းကြီးက သုဿာန်ထောင်ပြီးတော့ စားရတယ်။ ဂျပန်မှာ တရားသဖြင့်လှူတဲ့ အလှူမရှိဘူး။
ဂျပန်မှာ ၉၀ ရာခိုင်နုန်းသော ဘုန်းကြီးတွေ အိပ်ထောင်ပြုကြတယ်။ အရက်သောက်ပြိး အိပ်တယ်။ အိမ်ထောင်မပြုတာ ၁၀ ရာခိုင်နုန်းဘဲရှိတယ်။
၃။ အိမ်သစ်တက်ပွဲ၊ ရုံးဖွင့်ပွဲ တွေမှာ ဘုန်းကြီးဦးဆောင်တယ်။ အဲဒီမာလည်း ရွတ်ဖတ်ခြင်းက အဆင့်အတန်းခွဲတယ်၊ ၁၅ မိနစ်ဆို ဘယ်လောက် နာရီဆို ဘယ်မျှ ဆိုတာ၇ှိတယ်။
ဘာသာရေးမှာ အားလုံးဟာ ဖရီးဖြစ်ရမယ်။
ပြီးတော့ ဘုန်းကြီးရဟန်းတွေကြားမာလည်း--- ငယ်သေးရင် ဘာအရောင်ဝတ်၊ ကြီးရင် ဘာအရောင် စသည်ဖြင့် ဆင်ပြင်ပုံကွဲပြိးတော့ ဘုန်းကြီးရဲ. အဆင့်တွေလည်း ကွဲတယ်။
ဘုန်းကြိးတို့ ထေရဝါဒမှာတော့ ရာထူးအားလျှော်စွာ အဝတ်ကွဲတာမရှိဘူး။
ဟောပြော ပို့ချတဲ့နေရာမှာလည်း ဘယ်လောက်ပေးရမယ်ဆိုတာမရှိဘူး။


၁၃ ရက်၊ ၇ လ၊ ၂၀၁၂၊ သောကြာနေ့ ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီတဂူဆရာတော်ဘုရားပို့ချသော သင်ခန်းစာများမှ မှတ်မိသလောက် တင်ပြပါသည်။
                                                                 ကိုရင်အာယု ( မန်းသီတဂူ)

ရွှေတိဂုံဘုရားတိုင် လေးချိုးကြီး

               တဇေယုံ ချောင်တွေ မြှောင်တွေ မြန်းခဲ့ရတော့၊ ရွှေတိဂုံတောင်ခြေ ခပန်းတွင်မှ၊ ညောင်သပြေ ပန်းတွေနှင့် သွန်းသနဲ့၊ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) အောင်မြေဘဟန်းဆီသို့ လွန်းရဲ့ မှိုင်းရွှေကိုယ်။။
              ကောလိပ်အပျက်တွင် ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် တခါလှည့်ခဲ့ပြီး၊ ညာတိအခြေအနေ ဂုဏ်မသေးပေတဲ့၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ တနွေကြာတော့၊ ဇေယျာသူ ကောသာတို့ ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညစွယ် တောင်ခါးပန်းတွင်မှ၊ အောင်ပန်းကဗျာ ဂီတတို့နဲ့၊ ရှောင်လမ်းယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ ပါရမီ မာလာကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ (၂)ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော်ဒကမတွေ စံညီညာနှင့် ယမုန်သီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျောက် တဂိုဏ်းတဂိုဏ်းမထောက်တဲ့ ကြောက်ဖွဲ့ပြည်ရွာ အရေးပေမို့၊ သြော်-- မိုင်းတစ်ယောက် အနှီတဝါမှာဖြင့် မအေးရပေဘု၊ (စန္ဒာရယ်) စစ်ကိုင်းချောက်ဆီက ဘွိုင်းကောက်ဋီကာရေး။။။
            အစောင်စောင်ဋီကာကျမ်းတွေပြုခဲ့တဲ့၊ မန်းပြည်သူ့ဆရာ အကြံကုန်လို့မို့၊ ကံမဆုံ ရန်ကုန်က အထွက်တွင်မှ၊ သြော်---- အောက်မြို့ ပြန်ချင်ပေမဲ့၊ နောက်သို့တဖန် ရောက်ဖို့ရန်ကလဲ၊ ခက်မှာမို့၊ အသက်သခင်မစန္ဒာရဲ့ပြင်၊ အကျယ်သံသရာမှာ ဘယ်နံအခါမှ မမုန်းနိုင်တဲ့ ပြုံးပြုံးကလေး ဒေါ်ရွှေစိမ်းတို့နှင့်၊ အဖော်အရွေထိန်းကာ၊ တောင်တော်တက်ခဲ့ပြီး၊ ပြစ်ချက်အရာရာ သကသဘိအောင်ပ၊ ရှစ်မျက်နှာလက်ျာလှည့်ကြတဲ့၊ တပည့်မ ဝေနေယျာတို့နှင့်၊ စိစိငှငှသေသေချာချာပ၊ စေတနာဇောသဒ္ဓါ ဗလဝရယ်နှင့်၊ ကဝေဆရာ ယောဂါဝစရငယ်က၊ (အမယ်မင်း) တောအညာ ဒကမတွေနဲ့ ရဂုံမြန်ပေါ် တခွင်အသွားတွင်မှ၊ သြော်---- မနောပဏာမ ထောမနာသခဲ့ပါရဲ. (အို) သြကာသ သြကာသ သြကာသ ဒဂုံဆံတော်ရှင်းဘုရား။။။

                                                                                   သခင်ကိုယ်တော်မှိုင်း
သီတဂူဆရာတော်ကြီး၏ မှတ်တမ်းများမှ ကူးယူဖော်ပြပါသည်။
                                             ကိုရင်အာယု (မန်းသီတဂူ)

ဟံသာဝတီ ရွှေတိဂုံဘုရားတိုင်ရတု

ဒဂုံမွေရှင်၊ သိင်္ဂုတ်တွင်နှိုက်၊ ရှင်ပင်သစ္စာ၊ ပွင့်သောခါဝယ်၊ ခြောက်ဌာနလွန်၊ တဖန်ရက်စေ့၊ ပြည့်သည့်နေ့နှိုက်၊ ကြုံတွေ့လျှင်းအောင်၊ မြတ်ညီနောင်လျှင်၊ ရည်စောင်ကြည်ဖြူ၊ ပျားဆုပ်လှူ၍၊ မဉ္ဇူဆံမွေ၊ ကိုးကွယ်စေကာ၊ ထိပ်ဗွေဆောင်ရွက်၊ သည်တောင်ထက်ဝယ်၊ ကျိုက်ပွက်ကြေညာ၊ ကျော်ဝှန်းဝါသား၊ ဌာပနာတွေ၊ တည်ခဲ့ပေသည်၊ ဆံမွေရုံးစု၊ သဗ္ဗညုကို၊ ယခုဆောက်တည်၊ တောင်းဆုရည်သည်၊ ပြည့်မည်ခန့်စီရင်စေသောဝ်။

တတ်ခေါင်တိုင်၍၊ ရွှေစိုင်ရွှေနှစ်၊ ရွှေစစ်စစ်ကို၊ သီရစ်ပုံပြင်၊ ခန့်စီရင်လျက်၊ ပွတ်တင်မျက်နှာ၊ ဗြဟ္မာဆောင်သွား၊ သိကြားကြိုးပတ်၊ နတ်ကားငင်စေ၊ စူးဆောက်ထွေဖြင့်၊ ပွတ်ရွေပြီးမြောက်၊ တည်လှာရောက်သို့၊ မောက်မောက်ရောင်ထိန်၊ လျှံရှိန်တက်ဖြိုး၊ တန်ခိုးတေဇာ၊ အဝါလလျှံ၊ မညံမစဲး၊ ပျံဝဲးမတိတ်၊ လျှမ်းလျှမ်းဘိတ်သည်။ ညှိညိတ်ထွန်းတက် ပတ်မျှစက်။
                                                                                             နဝဒေး
(သီတဂူဆရာတော်ကြီး၏ မှတ်တမ်းများမှ ကူးယူဖော်ပြပါသည်)
                                                           ကိုရင်အာယု (မန်းသီတဂူ)

ရွှေတိဂုံညီနောင်နှစ်ဆူဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

ကျွန့်ကျွန့်လက်ျာ မျက်နှာစွန်း၊ ကွန့်ကွန့်ထွန်းလှ တိုင်းဟံသာ၊ ညွန့်ညွန့် ရွှန်းမျှ နှိုင်းစံရာငယ်၊ နတ်နန်းနတ်ရွာ ပမာညွန်း။
ဥတ်ဥတ္တရ သိင်္ဂတောင်ဝယ်၊ စိန်မြအရောင် လျှပ်ပန်းနွယ်သို့ထွန်း။
သူသူရဇ္ဇ ဒေါင်းဗိမာန်လို၊ လက်စိန်အလျှံ အရည်ရွှန်း။
ဖြာဖြာတေဇံ နေဖန်ဝန်းနှင့်၊ စံကွန်းအမရ မြတ်ညီနောင်၊ တိုင်းတိုင်းမွန့််ပြည် ဓွန့်ရှည်လင်းလို့၊ ညွန့်စည်ပျံ့သင်း နှံ့ဝင်း သာသနာရောင်။
သိန်သိန်နေရု ရွှေထုတောင်လို လေးခုအရောင် ကြည်ကြည်သွန်းလို့၊ နဒီပတ်ဝန်း သွယ်ဖြာခွေရုံ၊ မြတ်ပေါင်းရံကာဆုံ။
မဏ်မဏ္ဍလ ဟံသဘုံမှာ စန္ဒငွေယုန် ပြိုင်နှုန်းပါသင့်လေး။။။။
                                                          ဆရာမှိန်
(သီတဂူဆရာတော်ကြီး၏ မှတ်စုမှ ကူးယူဖော်ပြပါသည်။)
                                                   ကိုရင်အာယု (မန်းသီတဂူ)

ရွှေတိဂုံစေတီတော် ဘုရားရှင်ဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်

တိမ်စစ်ဗျူဟာ သေနင်္ဂ၊ ဝေဟင်္ဂမ လိမ်ရှုပ်ဆင်၊ မြေပြင်ပဝရ သိင်္ဂုတ်တခွင်မှာ၊ စိတ်မုတ်ဒရင် ရောင်ဝါလျှမ်း။။
စုလစ်မွန်ချွန့် ပြာသာဒ်ဆောင်မှာ၊ နဝရတ်အရောင် ထိန်းညီးလျှံလို့သန်း။
သံ ဂုံ ပ မ လေးပွင်းစာငယ်၊ ရှေးစဥ့်အလာ ခရာတန်း။
ကြွေရင့် မဟာဗြဟ္မနန်းက၊ ဝဠာနခမ်း သိမ့်သိမ့်ခုန်။
ဒုဿစေတီ စူဠာတမျှ၊ ထူပါဝရ မြတ်ဘုရားရွှေတိဂုံ၊
ပူဇာရဟ မြေကြီးတုန်အောင်၊ ရေမီးအစုံ တောက်ပြောင်ပွင့်လို့၊ ခြောက်ရောင်သခင့် ဖြာကွန့်နေမတူ၊ ညာကျွန့်ဗွေဇမ္ဗူ။
ရွှေသားတောင်ထွတ် မြေကပြူသလို၊ ဒေဝမရူ ရှိဦးဆင်လို့လေး။
ဘုံသုံးဆယ့်တစ် တိုက်အငူမှာ၊ မကိုဋ်ဆူဆူ ဝပ်လျှိုးရာပလေး။ ။
                                        လယ်တီပဏ္ဍိတ ဦးမောင်ကြီး

(သီတဂူဆရာတော်ကြီး၏ မှတ်စုမှ ကူးယူဖော်ပြပါသည်)
                                             ကိုရင်အာယု (မန်းသီတဂူ)

ရွှေတိဂုံဘုရား ဘုန်းတော်ဘွဲ့ တေးထပ်

လေနရီ ရေဒီမျှပါတဲ့၊ ဗွေမဟီ မြေသီခမှာ၊ စေတီက နိတုံ၊ ကေသီလှ တရှိစုံတယ်၊ ရွှေတိဂုံမြတ်ဖျား။
မီးယမိုက် ရေလျှံစုံတယ်၊ မြေရန်ကုန် တိုင်းသူရှိထား။
 ခြောက်ရောင်ပွင့် ညီးထွေထွေ၊ မီးရေလေ လွတ်ရှား၊ အောက်မစုံ ခြောက်ဘုံသားတိုင်ပ၊ ညွတ်တွားလျက် ပူဇော်။
 နေ သောင်းထောင် အဝါမျှသော်လည်း၊ ပမာဏ ဘက်မလျော်။
 သိင်္ဂုတ်မြင့် ကုန်းမော်မှာ၊ ရွှေဘုန်းတော် ထိန်ထိန်ပပါလို့၊ နေ့ည ရံခါမဟူ၊ လင်းပွင့်လျှံလူ။
သုံးဘုံသူ မှန်ကူငယ် သယမ္ဘူ ထွတ်စောရှင့်လေး။။
                                                               ကင်းဝန်မင်းကြီး

(သီတဂူ ဆရာတော်ကြီး၏ မှတ်စုမှကူးယူ တင်ပြပါသည်)
                                    ကိုရင်အာယု (မန်းသီတဂူ)

Monday, July 9, 2012

ပါချုပ်ဆရာတော်၏ သဝဏ်လွှာ

Message  

From Rector to his students in the Sitagu Buddhist Academy Mandalay 30.jun.2012


-------------------------------------------------------------------------------------------------------

My  Dear students
      It makes me pleasure that I have an opportunity to send this
message to my all students at this glorious time today, 30-jun-2012,
in the sitagu Buddhist Academy, Mandalay.
     We are pious Buddhists and sons and daughters of the Buddha. We
have noble duty that we must be performed, The Buddha taught us how to
maintain the Dhamma that brings about happiness and peace. As long as
the Dhamma remains in the world, we never lose our way to happiness
and peace.

          To maintain the Dhamma, there are 5 ways that must be followed by us;
 1. by listening attentively to the Dhamma.
 2. by learning earnestly the Dhamma,
 3. by memorizing carefully the Dhamma,
 4. by contemplating the meaning of Dhamma mindfully and
 5. by putting the Dhamma into practice ardently.
    By means of these five ways the Dhamma taught by the Buddha would
be maintained in the world.

      My dear students,
      This is the message that I want to send to all of you. Let me
encourage you to do your best in study of Dhamma that lead to the
Dhamma maintenance.
          Thank you alll.

Sunday, July 8, 2012

နောက်ကွယ်မှာ သမိုင်း တွေအများကြီး


ရန်ကုန်တက္ကသိုလ် တည်ထောင်စက စိုက်ခဲ့တဲ့ သစ်ပုတ်ပင်ကြီးနှင့် မန္တလေးကုသိုလ်တော် ဘုရားထဲမှ မင်းတုန်းမင်းကြီးစိုက်ခဲ့သော ခရေပင်ကြီး နှစ်ပေါင်း (၁၂၀) ကျော်ရှိပြီးဟု သိရပါသည်။
 

ကိုရင်အာယု ငယ်ငယ်တုန်းက ဘကြီးဘုန်းကြီးက ပြောဘူးပါတယ်။
 ရန်ကုန်နှင့် မန္တလေးမှာ အဲဒီသစ်ပင်ကြီးတွေရှိတယ်တဲ့၊
အဲဒီသစ်ပင်ကြီးတွေသာ စကားပြောနိုင်ရင် ကိုရင်ကိုပြောပြကြလိမ့်မယ်။
 အဲဒီအပင်ကြီးတွေအောက်မှာ သမိုင်းအပြောင်းအလဲတွေ အများကြီး
ယဉ်ကျေးမူတွေလည်းအများကြီးပဲ ၊
စာပေဂီတတွေလည်း အများကြီး အဲဒီအပင်ကြီးတွေအောက်စီးဆင်းခဲ့တယ်တဲ့။
ဘယ်လို သမိုင်းတွေ စီးဆင်းခဲ့တယ်၊
 ဘယ်လိုစာပေတွေ ဖြစ်ပေါ်ခဲ့တယ်၊
ဘယ်လိုယျဉ်ကျေးမှုတွေ၊
ဘယ်လို ဂီတ အနုပညာတွေ စီဆင်းခဲ့တယ် ဆိုတာ ဘကြီး ဘုန်းကြီးက မပြောခဲ့ဘူး။

ယခုသိချင်လာတယ်
သွားမေးတယ်
သစ်ပုတ်ပင်ကြီးက ဘာမှမပြောဘူး

ဒါပေမဲ့ "သိချင်ရင် ကိုယ်ဘာသာကြိုးစားပါ တဲ့"
မပြောသော်လည်း ပြောသကဲ့သို့
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဘဲ။

ဟုတ်တယ်ဗျ
မှန်ကန်တဲ့ သူတွေဟာ အမြဲတမ်း အေးချမ်းတည်ကြည်ကြတယ်။
သစ်ပုတ်ပင်ကြီးလည်း မှန်ကန်တဲ့သူဘဲလေ တည်ကြည်မာပေါ့။


မှတ်ချက်  = ရန်ကုန်သက္ကသိုလ်ထဲမှာ ကျင်လည်ခဲ့သူ အရှင်မာနိတ (ကျစွာ)၏ ကူညီမှုဖြင့် အရှင်ဝိမလ (ဟံသာဝတီ) အရှင်မုနိန္ဒ (အာယုဒါန) တို့နှင့် အဓိပတိလမ်းပေါ်ခြေချခဲ့စဉ်က အမှတ်တရ ယောင်ခြောက်ဆယ်ပြောကြသည်ကို မှတ်တမ်းတင်ပါသည်။
                                                                           ကိုရင်အာယု (မန်းသီတဂူ)







သီတဂူဆရာတော်ကြီး၏ ပဉ္စမမြောက် စီမံကိန်း


သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ကြီး၏ ငါးခုမြောက်စီမံကိန်းဖြစ်သော သီတဂူ ဝိပဿနာ အကယ်ဒမီ ကို တောင်ဖီလာစေတီအနီး မင်းဝံတောင်နှင့် စစ်ကိုင်းတောင်းကြားတွင် တည်ဆောက်မည်ဖြစ်ပါသည်။
အထက်ပါပုံတို့မာ သီတဂူ ဝိပဿနာအကယ်ဒမီ တည်ဆောက်မည် မြေနေရာဖြစ်ပါသည်။ အဝေးတွင် တောင်ဖီလာ စေတီတော်ကို ဖူးမျော်ကြည်ညိုနိုင်ပါသည်။
                                                                           ကိုရင်အာယု (မန်းသီတဂူ)

သီတဂူဆရာတော်၏ (၇၅) နှစ် အလှူတော်ပစ္စည်းများ


Saturday, July 7, 2012

ဘာသာအယူဝါဒ စစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
 ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံဉာဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ၊
၁။ တစ်ဆင့်ကြားသိ
၂။ မိရိုးဖလာ
၃။ ကောလာဟလ
၎။ ကျမ်းစာမျှနှင့်
၅။၆။ ကြံဆ နည်းမှီ
၇။ ဆီလျော်သုံးသပ်
၈။ ယူချင်းထပ်၍
၉။ ယုံအပ်သူပဲ
၁၀။ ဆရာစွဲဖြင့် လွှဲပုံစိတ်ချ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ ၊ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလမ၊ ဟောညွန်ပြ၊ ဝါဒအယူ၊ စစ်တမ်းပေ။
                                   (တောင်မြို့ဆရာတော်)

Friday, July 6, 2012

မန်း သီတဂူ ကျောင်းဖွင့်ပွဲပုံရိပ်များ


                                                                         ဓါတ်ပုံ ကိုရင်အာယု (မန်းသီတဂူ)