Showing posts with label မန်းသီတဂူ ရေးရာ. Show all posts
Showing posts with label မန်းသီတဂူ ရေးရာ. Show all posts
Friday, July 6, 2012
Friday, June 29, 2012
ကုသိုလ်ရေးမို့ ကြိုးစားပါ၊ လူဖြစ်ရတာ၊ အမြတ်ပါပဲ
လူနှင့်ကုသိုလ် ကုသိုလ်နှင့်လူ ခွဲခြားလိုမရ ဟူသည့် ဆရာတော်ဘုရားကြီးများ၏ ဆုံးမသြဝါဒနှင့် အညီ
အစမထင် သံသရာခရီးဝယ် အထက်တန်းကျကျ မျက်နာပန်းလှလှ သွားလာဖို့ရန်အတွက် မိမိတို့ကိုယ်ဝယ် ကုသိုလ်တရားတို့ဖြင့် ထုံမွန်းပါစေခြင်းအကျိုးငှါ၊ မန်းသီတဂူ ကျောင်းအမကြီးဦးစီးသော ပုညသဟာယ အဖွဲ့သူ အဖွဲ့သားများသည် အပါတ်စဉ်သောကြာနေ့တိုင်း မန်းသီတဂူမှ ပရိယတ္တိဝန်ဆောင် စာချစာသင် ရဟန်း သီလရှင်အပေါင်းတို့အား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုတို့ဖြင့် ပြုစုလုပ်ကြွေးကြမည်ဟု အဓိဋ္ဌာန်ပြုကြသည်။
ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန် မချ
မာန မပါ
တို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု လုံးလပြုအံ။ -----
Thursday, June 28, 2012
မန်းသီတဂူမှ ဖိတ်ခေါ်မယ်၊ သုတ ပွားဖို့လာခဲ့ကွယ်။
စာချဆရာတော် ဒေါက်တာပညောဘာသမှ ဘီအေကျောင်းသားများအား သံဃာဂိုဏ်းကြီးများ နိုင်ယှဉ်လေ့လာချက်ခေါင်းစဉ်အောက်ဝယ်
တိဗက်တန်ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ စာတမ်းကို သင်ကြားပို့ချနေစဉ်။
စာချဆရာတော် အရှင်ဓမ္မာစာရ (M A) မှ ဒီပလိုမာ ကျောင်းသားများအား သုတ္တန်ဘာသာရပ်ကို အားပါးတရ ပို့ချနေစဉ်။
ကိုရင်အာယု (မန်းသီတဂူ)
Sunday, June 24, 2012
မင်းသီဟမုန့်တိုက် ဆွမ်းအလှူ
၂၄ ရက်၊ ၆ လ၊ ၂၀၁၂ခု၊ တနင်္ဂနွေနေ့၊ သီတဂူဗုဒ္ဓတက္ကသိုလ် စာချစာသင် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူကြကုန်သော ရဟန်းတော်များ သီလရှင်ဆရာလေးများအား မင်းသီဟမုန့်တိုက် မိသားစုများမှ နေ့ဆွမ်းကပ်လှူဒါန်းကြပါသည်။ မိမိတို့ကုသိုလ်ကောင်းမူများကို အစဉ်ထာဝရ သတိရလျက် ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ဖြင့် ကောင်းမှုကုသိုလ် ကိုယ်ပိုင်တရားများ ကြိုးစားအားထုပ်နိုင်လွယ်ပါစေခြင်း အကျိုးငှါ မှတ်တမ်းတင် ဖော်ပြလိုက်ရပေသည်။
ကိုရင်အာယု (မန်းသီတဂူ)မောရိယ ဆွမ်းအလှူ
၂၃ ရက်၊ ၆ လ၊ ၂၀၁၂ခု စနေနေ့၊ သီတဂူဗုဒ္ဓတက္ကသိုလ် ပရိယတ္တိဝန်ဆောင် စာချ စာသင် ရဟန်းတော်များ သီလရှင်များအား မောရိယဆေးတိုက် မိသားစုများမှ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကြွေးကြပါသည်။
သာဓုအနုမောဒနာပြုနိုင်ရန်နှင့် မိမိတို့ကုသိုလ်ကောင်းမှုကို အစဉ်ထာဝရ သတိရလျက် ကုသိုလ်တရားများ ထပ်ဆင့်ပွားပါစေခြင်းအကျိုးငှါ မှတ်တမ်းတင်အပ်ပါသည်။ကိုရင်အာယု (မန်းသီတဂူ)
Subscribe to:
Posts (Atom)










