Showing posts with label သုတ္တန်တို့၏ အနှစ်သာရ. Show all posts
Showing posts with label သုတ္တန်တို့၏ အနှစ်သာရ. Show all posts

Thursday, April 12, 2012

ကေသမုတ္တိသုတ် အနှစ်ချုပ်

အခါတစ်ပါး ဘုရားမြတ်စွာသည် နောက်လိုက် ရဟန်းသံဃာများစွာတို့ဖြင့် ကောသလတိုင်းအတွင်း   ဒေသစာရီကြွချီတော်မူစဉ် ကေသမုတ္တိအမည်ရသော ကာလာမာ ရွာကြီးသို့ရောက်ရှိခဲ့သည်။။
ရွာသူရွာသားတို့က မြတ်စွာဘုရားအားအောက်ပါအတိုင်လျှောက်ကြားခဲ့ကြပါသည်။
မြတ်စွာဘုရား အချို့သော ရဟန်းပုဏ္ဏားတို့သည် တပည့်တော်များရွာသို့ရောက်လာကြပါသည်။ ထိုအခါ ထိုရဟန်းပုဏ္ဏားတို့သည် သူတို့ကိုယ်ပိုင်အယူဝါဒကိုသာ ချီးမွန်းပြောဆိုကြပြီး သူတစ်ပါးတို့၏ အယူဝါဒကိုတော့ ကဲ့ရဲ.ပြစ်တင်ဝေဘန်ပြောကြားကြပါသည်ဘုရား။

အဘယ်သူတို့သည် မှန်သောစကားကို ဆိုပါသနည်း၊ အဘယ်သူတို့က မမှန်သောစကားကိုဆိုကြပါသနည်းဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က=== ကာလမရွာသားတို့ သင်တို့၏ တွေးတောခြင်းကား သင့်လျှော်ပါပေ၏။ ယုံးမှားထိုက်သော အရာဝယ် ယုံမှားခြင်းဖြစ်ပါပေသည်။
ဧတ တုမှေ ကာလာမာ မာ အနုဿဝေန၊ = ကာလာမရွာသားတို့ တစ်ဆင့်စကား ကြားကာမျှဖြင့် အတည်မယူကြကုန်လင့်။ လက်မခံကြကုန်လင့်။
မာ ပရမ္ပရာယ= အစဉ်အဆက် စကားမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ ဣတိ ကိရာယ၊ = ဤသို့ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာပိဋကသမ္ပဒါနေန၊ = ကျမ်းဂန်စာပေနှင့် ညီညွတ်ခါမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ တက္ကဟေတု၊= ကြံဆတွေးတော့ခြင်းဟူသော အကြောင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
 မာ နယဟေတု၊ = နည်းမှီယူခြင်းဟူသော အကြောင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ အာကာရပရိဝိတက္ကေန၊ = အခြင်းအရာကို ကြံစည်ခြင်းမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
 မာဒိဋ္ဌိနိဇ္ဈာက္ခန္တိယာ၊= ငါတို့၏ အယူအဆနှင့်တူညီယုံမျှနှင့်လည်း အတည်မယူကြကုန်လင့်၊
 မာ ဘဗ္ဗရူပတာယ၊ =  ပုဂ္ဂိုလ်ကို လေးစားယုံကြည်ကာမျှဖြင့်လည်း အတည်မယူကြကုန်လင့်၊
မာ သမဏော နေ ဂရူတိ = ငါတို့လေးစားအပ်သော ဆရာ၏စကားဖြစ်ကာမျှနှင့်လည်း အတည်မယူကြကုန်လင့်။။
             ကာလမ ရွာသားတိုရေ ဤတရားတို့ကား အကုသိုလ်တရားဖြစ်၏။ ဤတရားတို့ကား အပြစ်နှင့်တကွဖြစ်၏။ ဤတရားတို့ကို ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့အပ်၏။ ဤတရားတို့ကို ပြည့်စုံစေအပ် အားထုပ်အပ်သည်ရှိသော် အစီးအပွားမဲ့ခြင်း ဆင်းရင်ခြင်းသည်ဖြစ်ကုန်၏ဟူ၍ အကြင်အခါဝယ် သင်တို့ကိုယ်တိုင်ကိုယ်ကျ သိကုန်ရာ၏။ ထိုအခါမှသာလျှင် ထိုတရားတို့ကို ပယ်စွန့််ကုန်ရာ၏။

ကာလမရွာသားတို့ရေ  ဤတရားတို့ကား ကုသိုလ်တရားတို့တည်း။ ဤတရားတို့ကား ကောင်းသောအကျိုးကိုပေးကုန်၏၊ ပညာရှိသူတော်ကောင်းသည်လည်း ချီးမွန်းအပ်ကုန်၏။ ထိုတရားတို့ကို ပြည့်စုံစေအပ် ပွားများအပ်သည်ရှိသော် အစီးအပွား ချမ်းသာသုခတို့သည်ဖြစ်ကုန်၏ ဟူ၍ သင်တို့ကိုတိုင်ကိုယ်ကျ သိသောအခါ ထိုတရားတို့ လက္ခံကျင့်သုံးလိုက်နာပါလေ။။

ကေသမုတ္တိသုတ်မှ တပည့်တော်များ နားလည် တတ်စွမ်းသမျှ ဝေငှပါသည်ဘုရား။
အမှားများတွေ့ရှိပါက တပည့်တော်အားဆုံးမတော်မူကြပါဘုရား။

 ကိုရင်အာယု (မန်းသီတဂူ)

Sunday, April 8, 2012

သိင်္ဂါလသုတ် အနှစ်ချုပ်

ရာဇဂြိုဟ်ပြည့် မြိုပြင်တနေရာမှာ (အရှေ့ အနောက် တောင် မြောင် အထက် အောက် ) အရပ်ခြောက် မျက်နာကို ဖင်ဘူးပေါင်းထောင် ဦးချကန်တော့နေသော သိင်္ဂါလသတိုးသာ၏ လုပ်ရပ်အမှားကို အမှန်သို့ရောက်စေရန်အလို့ငှါ မြတ်စွာဘုရားရှင်းက ဟောကြားခဲ့ပါသည်။

သိင်္ဂါလရေ အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ သူတစ်ပါးအသက်ကိုသတ်ခြင်း
၂။ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်း
၃။ သူတစ်ပါးသားမယားကို သွားလားခြင်း
၎။ လိမ်ငြာပြီးတော့ မုသားပြောဆိုခြင်း   ဒီ ကမ္မကိလေသ တရားလေးပါးကို ပယ်ပြီးပြီ။

သိင်္ဂါလရေ  အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ (ဆန္ဒဂတိ) တစ်စုံတစ်ယောက်ကို ချစ်ခင်းကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
၂။ ( ဒေါသဂတိ) တစ်စုံတစ်ယောက်ကို မုန်းခြင်းကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
၃။ (မောဟဂတိ) မသိလို့လည်း မကောင်းမူကို မပြုတော့ဘူး။
၎။ (ဘယာဂတိ) ကြောက်တဲ့အတွက်ကြောင့်လည်း မကောင်းမူကို မပြုတော့ဘူး။
လောကလူသားတွေဆိုတာက အဲဒီလေးပါကြောင့် မကောင်းမူကို ပြုတတ်ကြတယ်။

သိင်္ဂါလရေ  အမျိုးဇာတ်အားဖြင့်မြင့်မြတ်ဖြူစင်ခြင်းသို့ရောက်ပြီးတဲ့ သူတော်ကောင်းတွေဟာ
၁။ မေ့လျော့ခြင်း၏ အကြောင်းဖြစ်တဲ့  သေရည် သေရက်ကို သောက်ခြင်း။
၂။ အခါမဲ့ (အချိန်မဟုတ်) သွားလာခြင်း။
၃။ မကြာခဏ ပွဲလမ်းသဘင်သို့သွားလာခြင်း။
၎။ လောင်းကစားလုပ်ခြင်း။
၅။ မသူတော်တို့နှင့် ပေါင်းသင်းခြင်း။
၆။ ပျင်းရိခြင်း။  ဒီပျက်စီးကြောင်းတရား ခြောက်ပါးကို မမှီဝဲကြတော့ဘူး။

ဘာကြောင့်လည်းဆိုတော့ အရက်သောက်ခြင်းအပြစ်က ခြောက်ပါးရှိတဲ့ အတွက်ကြောင့်ဖြစ်တယ်။
၎င်းတို့ကတော့ မှတ်ရလွယ်ဖို့ ကဗျာလေးနှင့်ပြောမယ် ------ဥစ္စာယုတ်ခြင်း ငြင်းခုံများစွာ ရောဂါထူပြော ကျော်ဇောမဲ့တုံ မလုံအင်္ဂါ ပညာနည်းရှား ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း။

သိင်္ဂါလရေ အခါမဲ့သွားလာရင်တော့ အောက်ပါအပြစ်တွေကြရောက်နိုင်တယ်။
ကိုယ်သားမယား တခြားဥစ္စာ လိုရာမဲရှောင်း မကောင်းအရာ ရွှံရှာလေအပ် ယိုးစွပ်ရောက်မှု ဆင်းရဲစု ခြောက်ခုခါမဲ့ သွားပြစ်တည်း။

ပွဲလမ်းသဘင်ကို ခုံမင်တတ်မက် နှစ်သက်နေရင်တော့ အောက်ပါအပြစ်တွေတွေ့နိုင်တယ်--
  ကခြင်းတလီ သီခြင်းတသီး မှုတ်တီးတသင်း ပြိန်ဖျင်းတအုပ် လက်ခုပ်တတည်း အိုးစည်းတစ်ဖြာ ရှိရာရှာ၍ ဥစ္စာပျက်မူ ဤခြောက်ခုကား ကြည့်ရှုသဘင် အပြစ်တည်း။
လောင်းကစားဝါသနာထုံရင်ဖြင့် အောက်ပါမကောင်းကျိုးတွေရနိုင်တယ်--

အောင်သူရန်ပွား ရှုံးသားစိုးရိမ် စည်းစိမ်းလျှော့ပါး တရာသဘင် မဝင်သက်သေ မိတ်ဆွေနိမ့်ဆို မသိုထိမ်းမြား ဤခြောက်ပါးကား ပျော်ပါးကြွေအံ အပြစ်တည်း။

သူတော်မဟုတ် သူယုတ်တွေနှင့်ပေါင်းသင်းနေရင်တော့ အောက်ပါအပြစ်တွေတွေ့လိမ့်ရမယ်--

ကြွေအန်ကြူးထ မိန်းမကြူးထွေ သေစာကြူးမှု အတုပြုငြား လှည့်စားတထောက် မျက်မှောက်လှည်ချက် နိုင်ထက်လုယူ ဤသူခြောက်ပါး မိတ်ပြစ်လားကြောင့် ပျက်ပြားမိတ်ဆွေအပြစ်တည်း။

ပျင်ရိစွာအသက်မွေးလျှင်လည်း အောက်ပါအပြစ်တွေဖြစ်လိမ့်မယ်--
အချမ်းပြင်းဝှန် အလွန်ပူနိုး မိုးချုပ်လှမော စောလှလွန်းရောင် ဆာလောင်ပြင်းပြ ဝမ်းဝလွန်းထွေ နေကပညာ မပွားရာသည် ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

 ပြီးတော့ သိင်္ဂါလရေ လောကကြီးမှာ မိတ်ဆွေတုလေးယောက်ဆိုတာရှိတယ်၊ သူတို့ကို ရန်သူလိုသဘောထားရမယ်။
၁။  မိတ်ဆွေရဲ.စည်းစိမ်ချမ်းသာကို ယူဆောင်သူ
၂။ အပြောသာရှိပြီးတော့ အလုပ်မရှိတဲ့သူ
၃။ မြောက်ပင့်ပြောဆိုတတ်သူ
၎။ မိတ်ဆွေ၏ အကျိုးပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့သူ။ 

ပြီးတော့ သိင်္ဂါလရေ လောကကြီးမှာ မိတ်ဆွေကောင်း လေးယောက်လည်း ရှိလေရဲ.။
၁။ ကူညီတတ်သူ
၂။ ချမ်းသာတူ ဆင်းရဲတူ ရှိသူ
၃။ အကြံကောင်းညာဏ်ကောင်း ပေးသူ
၎။ ကိုယ်ချင်းစာ သနားတတ်သောသူ
ဒီပုဂ္ဂိုလ်လေးယောက်ကိုတော့ စိတ်ကောင်းနှလုံးကောင်းရှိသူလို မှတ်ပေတော့။
 သူတော်ကောင်းတွေကိုပေါင်းသင်း လူမိုက်တွေနှင့်ဝေးဝေးနေထိုင်ရင် စီးပွားရေးလုပ်တဲ့အခါမှာ ရလာတဲ့ ဝင်ငွေကို လေးပုံလေးစု ပြုပြီးတော့ သုံးစွဲပါလေ။
ဤလူတို့ဘောင် အိမ်ရာထောင်တို့ မရှောင်ပူချမ်း ကြိုးပမ်းဥစ္စာ ရအောင်ရှာလျှက် လေးဖြာခွဲမူ လေးဘို့ပြု၍
တစ်စုခံစား နှစ်စုအားလျှင် စီးပွားယှဉ်ရာ တစ်ခုမှာမူ လိုခါနှောင်ဘို့ မချို့ဆောင်ဘွယ် ဘဏ်ဝယ်အပ်ထား ပြုအပ်ငြား၏။

သိင်္ဂါလရေ အရပ်မျက်နာတွေကို ဆက်လက်ရမည်ဆိုက
အရှေ့အရပ်ဆိုတာ မိဘနှင့်တူတယ် မိဘလိုသဘောထားပြိးတော့ ဒီကျင့်ဝတ်တွေကိုဆောင်ရွက်ရတယ် သားသမီးတစ်ယောက်အနေနှင့်ပေါ့

၁။။။ ကြွေးမွေးမပျက် ဆောင်ရွက်စီမံ မွှေခံထိုက်စေ လူမျှဝေ၍ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။
 လောကကြီးက တော်တော်နာလည်းရခက်တယ်ဗျ
(မိဘကိုပင် ဥစ္စာမြင်မှ ခင်မင်မြတ်လေးသားတို့မွေး၏ ပဲရွှေးမရှိဘမိတို့အား သမီးသားလည်း ထံပါးနီးရပ် မကပ်တုံလျင် ရှောင်ကြကွင်း၏)
 သိင်္ဂါလရေ အနောက်အရပ်ကတော့ သားသမီး ဇနီးမယားနှင့်တူတယ် သားသမီး ဇနီးမယားတွေလိုသဘောထားပြီးတော့ မိဘတစ်ယောက်အနေဖြင့် အောက်ပါ ကျင့်ဝတ်တွေကို လိုက်နာပါ ကျင့်သုံးပါ။
၂။။ မကောင်းမြစ်တား ကောင်းရာညွန်လတ် အတတ်သင်စေ ပေးဝေနီးရင်း ထိမ်းမြှားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ။
လင်ယောက်ျားကောင်းတစ်ယောက်အနေနှင့် ဇနီးမယားအပေါ်မှာ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါ---
၃။။ မထေမဲ့ကင်း အပ်နှင်းဥစ္စာ မိစ္ဆာမမှား ဝတ်စားဆင်ယင် မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။

မယားတစ်ယောက်ကလည်း မိမိလင်းသားအပေါ်မှာ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးရာမှ ဖြစ်ပါတယ်----
၎။။  အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာကြည်ရှောင် လျော်အောင်ဖြန့်ချီ ပျင်းရိမမူ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ။ 

သိင်္ဂါလရေ  တောင်အရပ်ကတော့ ဆရာသမားနှင့်တူမယ် တောင်အရပ်မှာ ဆရာသမားတွေကိုထားပြိး အရိုအသေပေးပါလေ။ တပည့်တစ်ယောက်အနေနင့် အောက်ပါ ကျင့်ဝတ်တွေကို ဖြည့်ဆီးပါလေ။
၅။။ ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကြွေး သင်တွေအံရွတ် တပည့်ဝတ် မချွတ်ငါးခုသား။

တကယ်လိုများကိုယ်က ဆရားတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း ဆရာကောင်းတစ်ယောက်ဖြစ်ဘို့ရန် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ--
၆။။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

သိင်္ဂါလရေ မြောက်အရပ်ကတော့ မိတ်ဆွေတွေနှင့်တူတယ် မြောက်အရပ်ကို မိတ်ဆွေလိုသဘောထားပြိးတော့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဘို့ အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ။
၇။။ ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ သစ္စာမှန်စေ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ။

သိင်္ဂါလရေ အထက်အရပ်ကတော့  ရဟန်းပုဏ္ဏားတွေနှင့်တူတယ် အထက်အရပ်ကို ရဟန်းပုဏ္ဏားတွေလိုသဘောထားပြီးတော့ ကောင်းမှုကုသိုလ်ကိုယ်ပိုင်တရားများ  ပြုလုပ်အားထုပ်လိုသူ ဒါယကာတစ်ယောက်အနေနှင့် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ---
၈။။ မေတ္တာစိတ်သက် ဆောင်ရွက်ချစ်ကြင် ခင်မင်နုတ်ချို လိုလျင်ဖိတ်ထား တတ်အားလှူစေ ဝတ်ငါးထွေ ပြုလေဒါယကာ။
ပြီးတော့ ကိုယ်တိုင်က ရဟန်းပုဏ္ဏားတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်လည်း ရဟန်းတော်များကျင့်အပ်တဲ့ အောက်ပါ ကျင့်ဝတ်တွေကို လိုက်နာပါလေ--
၉။။ မကောင်းမြစ်တာ ကောင်းရာညွန်လစ် အသစ်ဟောကြူး နာဖူးထပ်မံ နတ်ထံတင်ရာ မေတ္တာလည်းပြု ရဟန်းမူ ခြောက်ခုလွန်သေချာ။

 အောက်အရပ်ကိုတော့ မိမိ၏ လက်အောက်ငယ်သား လိုသဘောထားပြီးတော့ အရှင်သခင်တစ်ယောက်အနေနှင့် အောက်ပါကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးပါလေ--
၁၀။။ ဝစွာကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွှတ် အရှင်ဝတ် မချွတ်ငါးခုသား။

ပြီးတော့ လက်အောက်ငယ်သားတစ်ယောက်အနေနှင့် ကိုယ်ထက်ရာထူးကြီးတဲ့သူတွေအပေါ်မှာ အောက်ပါကျင့်ဝတ်တွေနှင့်အညီကျင့်သုံးပါလေ
၁၁။။ အိပ်သော်နောက်ကျ ထသော်ကားရှေး ပေးမှယူအပ် စေ့စပ်ဆောင်ရွက် ကျေးဇူးမြွက် ငါးချက်ကျွန်ကျင့်ရာ။

ဗုဒ္ဓမြတ်စွာဟောကြားထားသော သိင်္ဂါလသုတ်မှ ထုပ်နုတ်ကာ ဆယ်စောင်တွဲစာအုပ်ဖြင့် မိမိနားလည်းသလို တင်ဆက်အပ်ပါသည် အမှားတွေ့က  ဆုံးမတော်မူကြပါရန်--
အရှင်တို့၏ခြေတော်အစုံကို ဦးခိုက်လျက်
ကိုရင်အာယု (မန်းသီတဂူ)