Showing posts with label ခရီးသယ်. Show all posts
Showing posts with label ခရီးသယ်. Show all posts

Saturday, June 1, 2013

သို့ _ _ အကျဉ်စံ နှလုံးသားမှသည် --

ဤလောက၌
အချစ်အမျိုးမျိုးရှိသည့်အနက်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဒေသကို
ချစ်သော အချစ်ထက်
မြတ်သောအချစ် မရှိ။
------------------------
ယနေ့ ၀၈၊ ၀၅၊ ၂၀၁၃၊
=============
မြန်မာလူမျိုး မြန်မာနိုင်ငံသားတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်း၏ အကျဉ်းစံအိမ်ရှိရာ ရတနာဂီရိမြို့လေးသို့ စာရေးဆရာ မောင်ကောင်းမွန် (အရှင်ကုသလ သီတဂူ) အရှင်ဝိဝေက (သီတဂူ) တို့၏ ဦးဆောင်မှုဖြင့် ရောက်ရှိခဲ့သည်။ နောက်လိုက်များအဖြစ် အရှင်သီလာစာရ ဝါ ချွတ်တား ဂုရု (သီတဂူ) အရှင်စန္ဒိမာ (သီတဂူ) နှင့် မှတ်တမ်းတင် ကိုရင်အာယု (သီတဂူ) တို့ဖြစ်သည်။

ဟိုးရခင်က စာရေးဆရာ အေးသိန်း၊ (သင်္ဘောသား) ၏ (ရတနာဂီရိမှ သီပေါမင်းအမှတ်တရ) စာအုပ်ကို ဖတ်ဖူးသည်။ ဆရာအေးသိန်းသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်၊ ငွေးကြေးပေါင်းများစွာ အကုန်ခံကာ၊ ဘုံဘေသို့ သင်္ဘောဆိုက်ခိုက် ခဏလေးမှာ ရတနာဂီရိသို့ အရောက်သွားခဲ့သူဖြစ်သည်။ သူဘာကြောင့် သွားခဲ့ပါသနည်း?
ကျွန်ုပ်တို့ကကော ဘာကြောင့် မသွားသင့်သနည်း?

မျိုးချစ်စိတ်၏ သဘော သဘာဝကို ကျွန်ုပ် ကောင်းစွာ စာမဖွဲ့တတ်ပါ။ သို့သော် ကျွန်ုပ်၏ ခပ်ညံ့ညံ့ မျိုးချစ်စိတ်ဓါတ်ကို တင်ပြလို့ပါသည်။ (((ကိုယ့်ဘုရင်-- ကိုယ့်အရှင်ကို-- မျော်မှန်း---ရည်-- ယနေ့တိုင် --မမေ့နိုင်ပါတော့သည်-- ))))
ခေတ်ဟောင်း အဆိုတော် အမျိုးသမီးကြီးတစ်ယောက် ဆိုခဲ့ဘူးသော သီချင်းကို နားထောင်းခဲ့၊ ခံစားခဲ့၊ ကြားခဲ့ဘူးသည်၊ ဘာကို လွမ်းသည်မသိ လွမ်းခဲ့ဘူးသည်၊ ((( တိုက်ပွဲခေါ်သံ))) ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ခဲ့ဘူးသည်၊ ဘယ်သူကို သနားမိသည်မသိ ကရုဏာရသတို့ စီးဆင်းခဲ့ဘူးသည်။ ဒါကိုပင် မျိုးချစ်စိတ်လို ဆိုထိုက်ပါမည်လော?

ရတနာဂီရိသို့ သွားရခြင်း၏ ရယ်ရွယ်ချက်ကား- သီပေါမင်းကြီးနှင့် မိသားတစ်စုအား အမျှအတန်းပေးဝေရန်၊ ပြီးတော့ သူနေထိုင်သွားခဲ့သော နောက်ဆုံးစံအိပ်ကြီးကို လေ့လာရန်ပင်ဖြစ်သည်။ စာဖတ်သူများ အနေဖြင့် "သီပေါမင်း မိန်းမကြောက်လို့ ၊ management ညံ့လို့သာ၊ ငါတို့ပြည် သူကျွန်ဘဝရောက်ခဲ့ရသည်ဟု" သီပေါမင်းကြီးအား အပြစ်မြင်လို့က မြင်နိုင်ပါသည်၊ ကျွန်ုပ်နှင့် အမြင်မတူ သဘောထားကွဲလွဲလို့က ဖြောင့်ဖြောင့်ကြီးကွဲလွဲနိုင်ပါသည်။ ကျွန်ုပ်အဖို့မှာမူ (((မမှားသော ရှေနေ၊ မသေသော ဆေးသမား၊ နန်းမကျသော ဘုရင်၊ နေမဝင်သော အင်ပါယာ) အချိန်တန်သောကြောင့် ဆေးသမား သားသေခဲ့ရသည်ဟု တွေးမိတော့သည်။ "သဗ္ဗေသင်္ခါရာ အနိစ္စာ" ကျမ်းဂန်ပါဠိ ဘုရားဟောရှိခဲ့သည်ပဲလေ၊ နေမင်းကြီးသော်မှ ညနေချိန်ရောက် ချုပ်ကွယ်ပျောက်ခဲ့ရသည်ပဲ၊

သီပေါမင်းကြီးသည် ရတနာဂီရိဝယ် နေထိုင်စဉ်ကာလက "အကျဉ်ခံ နန်းကျဘုရင်တစ်ပါး၏ ခံစားချက်ထက်၊ ရဟန်းသံဃာတော်တို့အား မဖူးမျော်ရခြင်း၊ လည်းကောင်း အရှင်မြတ်များထံမှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မနာယူရခြင်း စသည့် ရတနာသုံးပါးနှင့် ကင်းဝေးနေထိုင်ရသော (ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော= မိမိချစ်ခင်မြတ်နိုး တန်းဖိုးထားသူတို့နှင့် ကွေ့ကွင်းရခြင်းကြောင့်ဖြစ်သော ဆင်းရဲမူ ) ခံစားချက်တို့က သူ၏ နှလုံးသားကို ပိုပြီး ပူလောင်စေလိမ့်မည်" ဟု ကျွန်ုပ်ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုပါမူ မင်းကြီးသည် ရတနာဂီရိဝယ် ကျောင်းတော်ကြီးတစ်ခုကို ဆောက်လုပ်ပြီး မြန်မာပြည်မှ ရဟန်းသံဃာတို့အား ပင့်ဆောင် သီတင်းသုံးစေရန် ရည်ရွယ်ခဲ့ဘူးသည်ဟူ၏။ သို့သော် မအောင်မြင်ခဲ့ပေ၊ "ဗုဒ္ဓဆာယာဝ သီတလံ" မောင်လွင် (မင်းကြီး၏ ငယ်နာမည်) ငယ်စဉ်က လောကနီတိကို အာဂုံကျက်ခဲ့ဘူးသည်၊ """"သစ်ပင်အရိပ်ဟာ အေးမြတယ်၊ ထို့ထက် ဆွေမျိုးသားချင်း၊ ထို့ထက် မိဘ၊ ထို့ထက် ဆရာသ္မား၊ ထို့ထက် ဗုဒ္ဓဆာယာ""" မင်းကြီး၏စိတ်အစဉ်ကို ကျွနုပ်တို့ မှန်းဆနိုင်ပေသည်။
မင်းကြီးသည် တိုင်းပြည်နှင့် လူမျိုးကို မချစ်လို့မဟုတ် ချစ်ပါ၏၊ သို့သော် --- အားမတန်လို့ မှန်လျှောခဲ့ရသည်၊

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ တတိယ မြန်မာ့အင်ပါယာကြီး၊ ခမည်းတော် ဘဝရှင်မင်းတုန်းမင်းကြီး ငါးကြိမ်မြောက် ဗုဒ္ဓစကားတော်များကို ကျောက်ထက်အက္ခရာတင် သမိုင်းဝင်ခဲ့တဲ့ သာသနာ့ နိုင်နိုင်ငံတော်ကြီး သူလက်ထက်ကျမှ ပြိုကွဲ၊ မိစ္ဆာတို့၏ လက်အောက် ရောက်ရမည်အရေး မရှက်ခဲ့သည်မဟုတ်၊ ရှက်ခဲ့ရှာပေမပေါ့၊ အချိန်တန်လို့ အိမ်ပြန်ခဲ့ရသည်ပဲလေ။

လည်းကောင်း ရတနာဂီရိမြို့သည် ကျုပ်နုပ်တို့ နေထိုင်သီတင်းသုံးရာ ပူနေးတောရမှ ခြောက်နာရီကျော်ကျော်လောက် ကားဖြင့် သွားရသော ခရီးတစ်ခုဖြစ်သည်။ (မိုင်အားဖြင့် ဘယ်မျှ ဝေးသည်ကို အတိအကျမသိပါ၊ သူတို့ပြောပြောနေသော ကီလိုမီတာဆိုတာကြီးကိုလည်း ယခုတထိ နားမလည်းသေး၊ ကျုပ်၏ အားနည်းချက်ပေါင်းများစွာမှ တစ်ခုပင်ဖြစ်တော့သည်) မနက် ငါးနာရီ ဆယ့်ငါးမိနစ်က စထွက်ခဲ့ကြရာ၊ နေလယ် ဆယ့်တစ်နာရီ ထိုးချိန်ဝယ် သီပေါစံအိပ်သို့ ရောက်ရှိခဲ့ကြသည်။
မြနန်းစံကျော် ရွှေနန်းတော်ကြီးလောက် မကြီးကျယ် မခမ်းနားသော်လည်း၊ စော်ဘွားတို့၏ ဟောနန်းတစ်ခုလောက်တော့ ကြီးကျယ်သည်ဟု ဆိုချင်ပါသည်။ (ကြီးကျယ်သည်ဟု ဆိုခြင်းကား ခြံဝင်ကျယ်၊ အိမ် အဆောက်အဦး ကြီးမားခြင်းကို ဆိုလိုပါသည်၊ အတွင်းအသုံးအဆောင်များကိုမဆိုလိုပါ၊ လည်းကောင်းတို့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မတွေ့ရတော့ပေ၊ ခမ်းနားကောင်း ခမ်းနားနိုင်ပေသည်) လည်းကောင်းစံအိမ်ကြီးသည် သာယာလှပ်သော ပင်လယ်ကမ်းခြေ ပေါ်တွင်တည်ရှိသည်၊ လေကောင်း လေသန့် တို့ကို တဝကြီး စာသုံးနိုင်သည်၊ ပူနေးတောရလို့ လူဦးရေးထူထပ် မွန်းကျပ်ကျပ်နေရာမှ လာရသောကြောင့် ဒီနေရာလေးကို လွန်စွာမှ သဘောကျမိတော့သည်။ ယခုအခါ လည်းကောင်းစံအိမ်ကြီးကို အိန္ဒိယ ရှေးဟောင်းသုတေသန ပြတိုက်တစ်ခုအဖြစ် ပြုလုပ်ထားသည်၊ စံအိမ်ကြီးသည် နှစ်ဆောင်ပြိုင် ဆောက်လုပ်ထားသော အဆောက်အဥိးကြီးဖြစ်သည်။ တစ်ဆောင်နှင့် တစ်ဆောင်ကို (နှစ်ထပ်) နတ်လမ်းကြီးနှစ်ခုဖြင့် ချိတ်ဆက်ထားသည်။ နောက်ဘက် ခြံဝင်းဒေါင့်တွင့် ထမင်းချက်ဆောင် (စားဖိုးဆောင်) ခေါ်လေမလား၊ အလုပ်သမား တန်းလျာ ခေါ်လေမလား၊ အဆောင်အဦး ရှည်မျှောမျှောနှစ်ခုလည်း ရှိလေသည်။

နှစ်ဆောင်ပြိုင်အဆောင်းကြီးမှ အနောက်ဘက်အဆောင်ကို စတင်လေ့လာခဲ့သည်၊ အောက်ထပ် နှစ်ခန်းဝယ် အိန္ဒိယ ရှေးဟောင်း ဂဝံကျောက်ရုပ်တု အမျိုးမျိုး (အမျိုးအစား ၂၀ မျှ) ကို ပြသထားသည်။ အခြားတစ်ခန်းမှာ သူတို့၏ ရုံးခန်းအဖြစ် အသုံးပြုထားသည်ကို တွေခဲ့ရသည်။ အပေါ်ထပ်သို့ ကျွန်းသားလှေခါး လိမ်ကောက်ကောက် နှစ်ခုဖြင့် ခန်းနားထည်ဝါစွာ တပ်ဆင်ထားသည်၊ အခန်းကြီး သုံးခန်းရှိပြီး၊ အလယ်ခန်းဝယ် သီပေါမင်းကြီး၏ ဘုရားခန်းဖြစ်မည်ဟု ယူဆရသော အခန်း၌၊ သီပေါမင်း မင်းသားဘဝက၊ စစ်သူကြီးဝတ်စုံဖြင့် ဓါးရှည်ကိုင်ကာ၊ ထိုင်ခုံတွင်ထိုင်းပြီး၊ ဝင့်ကြွားခဲ့ဟန် ပန်ချီပုံကို ချိတ်ဆွဲထားသည်၊ ဘေးတစ်ချက်တွင့် သူ၏ မိဘုရားတို့ပုံများ၊ သူ၏ အချစ်တော့ အဖွားတုတု၏ ဓါတ်ပုံတစ်ပုံ၊ ကြမ်းပြင်တွင် မင်းကြီးထိုင်ခဲ့ဟန် ရှိသော သစ်သား ကတီပါခင်း ထိုင်းခုန်လိုလို ညောင်စောင်းလိုလို (ထိုင်ခုံဟုပြောရအောင်ကလည်း အလျားရှည်၏၊ ညောင်းစောင်ဟု ပြောရအောင်ကလည်း ခြေတန်ရှည်နေပြန်၏) ခုံးနှစ်ခု၊ ကုလားထိုင် ကတီပါခင်း (တစ်ယောက်ထိုင်) တစ်ခု ရှိနေသည်။ ဓါတ်ပုံ ရိုက်ခွင့်မရှိပါ (သို့သော် ဝါသနာကို တားမရသောကြောင့် တစ်ပုံတော့ ခိုးရိုက်ခဲ့သေးသည်)
ဘယ်ဘက်အခန်းဝယ်၊ ဟိန္ဒူလူမျိုးများ ကိုးကွယ်သော ဂင်းနစ်ခေါ် (ဆင်ဦးခေါင်းနှင့်လူ နတ်ဘုရားရုပ်) ဆွာရသတီခေါ် (လက်ချောင်းများသော နတ်မိဘုရား) စသော ရှေးဟောင်းအရုပ်များနှင့် ရှေးဟောင်း ကြေးအိုး မြေအိုးကြီးများကို ဘေးပတ်ပတ်လယ်တွင် ပြသထားသည်။ အလယ်တည့်တည်တွင်မူ ရေမြွေတစ်ကောင် အုပ်မိုးထားသော ရှီုဝလိင်္ဂ ကြီးက အခန့်သား နေရာယူထားလေသည်။
ညာဘက်အခန်းတွင်မူ သီပေါမင်းနှင့် သမီးတော်တို့၏ အုပ်ဂူဓါတ်ပုံများ အခြား ကျွနုပ်နားမလည်းသော ရတနာဂီရိမှ အထင်ကရ နေရာ အဆောက်အဦး ဓါတ်ပုံတို့ကို ပြသထားလေသည်။


ယခင် အပါတ်က သီပေါမင်းနန်းတော်၏ ပထမပိုင်းနှင့် ဂူသင်းချိုင်းတို့ အကြောင်းကို တွေမြင်ခဲ့ရသည်အတိုင်းရေးခဲ့ပါပြီး၊ ယခု ကျန်ရှိနေသေးသော အစိတ်အပိုင်းတို့ကို ရေးပါဦးမည်။ မင်းကြီး၏ အကျဉ်းစံ နန်တော်ဝယ် အဆောင်ကြီးနှစ်ခု တွဲထားပါသည်။ ယခု မြင်ရသော ပုံမှာ အရှေ.ဆောင်ဖြစ်ပါသည်။ သေခြာကြည့်ပါက အနောက်ဆောင်၏ အစိတ်အပိုင်းတစ်ခုကို ပထမပုံ၏ ဘယ်ဘက်တွင် တွေ့မြင်နိုင်ပါသည်။ ယခု ရှေတည့်တည့် အဆောင်အကြောင်းကိုပြောပါမည်။ တကယ်တမ်းမှာ သည်အဆောင်ကြီးကို သော့ခတ် တံခါးပိတ်ထားပါသည်၊ ပြတိုက်အဖြစ် အသုံးမပြုသေးပါ။ လုံးခြုံရေး တာဝန်ခံများမှ ပူနေးတောရ ဆရာတော်များကို သီးခြားဖွင့်ပေးခြင်းဖြစ်ပါသည်။ အိန္ဒိယ သားတို့ကို ဝင်ခွင့်မပြုပေ။ တံခါးဖွင့်လိုက်သော အခါဝယ် ခိုငှက်များ ထပျံကြလေတောသည်။ တချို့နေရာ မိုးယိုထားဟန်ရှိသည်၊ ဝရန်တား တစ်လျေက်တော့ ခိုချေးတို့ဖြင့် ညစ်ပေနေသည်။ သည်အဆောင်သည်လည်း အခန်းကြိး သုံးခန်းကို အချိုးကျ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ (သာဝတ္ထိ မြန်မာကျောင်းဆရာတော် ဦးသြဘာသ ရေးသားသော "အိန္ဒိယနိုင်ငံ သီပေါမင်းနန်းတော်" စာအုပ်ဝယ် ဆောက်လုပ်သည် ကုမ္ပဏီကအစ အသုံးပြုထားသည် ကျွန်းသား ကျောက်ပြား အဆုံး အသေးစိတ် ရေးထားပါသည် မမှတ်မိတော့ပါ) အလယ်ခန်းမကြီးသည် "ညီမူရာခန်းမ" (ဝါ) "ညီလာခံခန်းမ" ဖြစ်မည်ထင်ပါသည်။ ကျွန်းသစ်တို့ဖြင့် သေခြာစွာ အလှဆင်ထားသည်။ နှစ်ဘက် ဘေးခန်းတွေကတော့ မိဘုရာများအခန်းဟု ယူဆရပါသည် အိမ်သာ ရေချိုးခန်းတို့ဖြင့် ပြည့်ပြည့်စုံစုံ ရှိပါသည်။ သို့သော် လင်းနို့ချေးရနံတိုဖြင့် ဖုံးလွမ်းနေပါသည်။
ဒုတိယ ပုံမှာ နန်းတော် ဝရန်တာမှ ပင်လယ်ဘက်မြင်ရသော ရှုခင်းဖြစ်သည်။ သာသာယာယာ ရှိလှပေသည်။ အကျဉ်စံဘဝမဟုတ်ဘဲ အနားယူဘဝဖြစ်ခဲ့ပါမူ မင်းကြီးအတွက် ဘယ်လောက်ကောင်းလိုက်မလဲ။
မင်းကြီး၏ သမီးတော်များအကြောင်းကို ပြောချင်သော်လည်း အကျယ်တဝင့် မပြောလိုတော့ပေ။ စာဖတ်သူများ သိထားသည့်အတိုင်း သီပေါမင်း မိန်းမကြောက်ရသည်မှာ အမြင့်စံ ရှင်ဘုရင်ဘဝတွင်မက အကျဉ်းစံ အိမ်နိမ့် ဘဝအထိပင်ဖြစ်သည်။ မင်းကြီးသည် သမီးတော်များ အချိန်တန် အရွယ်ရောက်ကြသည်ကို သိတော်မူသဖြင့် သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့် ဆိုသလို့ မြန်မာပြည်မှ မင်းညီမင်းသားများဖြင့် လက်ဆက်ပေးရန် အားထုပ်ခဲ့ဘူးသည်ဟူ၏၊ သို့သော် အထမမြောက်ခဲ့ပေ၊ အထမမြောက်သောကြောင့် မြန်မာပြည်မှ အတူလိုက်ပါလာသော အလုပ်အကြွေးတို့ဖြင့် လက်ဆက်ပေးရန် ဆက်လက်အားထုပ်သောအခါ၊ မိဘုရားကြီး စုဘုရားလတ်မှ မင်းမျိုးမင်းနွယ် မဟုတ်သောကြောင့် သမီးများနှင့် သဘောမတူဟူ၏၊ သို့ပါသောကြောင့် ကျွန်ထက်ပင် စိတ်ဓါတ်ညံ့ဖျင်းသော အောက်တန်းကျသော ကျေးကုလားနှင့် ညားခဲ့သည်ဟူ၏။ သို့သော် မင်းကြီးသည် မြန်မာ့ရှင်ဘုရင်းများအနက် တစ်ဦးတည်းသော ပထမကျော် ဘုရင်ဟူသတည်း။ လည်းကောင်းနန်းတော်မှ သမိုင်းကျောက်စာဝယ် (Thibaw, Khig of Burma, now called Myanmar was a unique personality. His educational achievement was marked with the Padhamarakyaw - a highest degree in Pali. Thibaw was the only king to achieve this degree in the entire Myanmar History. He had a great respect and love for Buddhist religion and monks. but his love for religion was not blind. He welcomed reforms. He invited suggestions from his courtiers and citizens for reforming religion and administration. Thibaw indeed loved his subjects. publishing law books, creating a code of conduct for his officers and townheads are some of the examples of his welfare orientedness. he spent considerable Royal money for freeing slaves and for their rehablitation. such a steady progress of Myanmar in the reign of Thibaw was eclipsed by British machinations as the Britishers found Thibaw a major obstacle in their profitable trade. the warring British defeated Thibaw and captured him. (20 Nov, 1885) စသည်စသည်ဖြင့် စတမ်းရေးထိုးထာလေးသည်။ ဂုဏ်ယူထိုက်ပါပေစွ။ ကိုရင်အာယု ကိုရင်ဘဝက စာချဘုန်းကြီး တစ်ပါး၏ ပုံပြင်တစ်ပုဒ်ကို သတိရမိသည်××××××××
(စာချ ဆရာတော် == မင်းသားလေး အကုသိုလ်စိတ် ဒွါဒသလို ကျမ်းဂန်းပါဠိ အလာရှိတော်မူတယ်၊ အဲဒီတော့ အကုသိုလ်စိတ် ဘယ်နှစ်ပါးရှိလည်း)
မင်းသား ====== တစ်ဆယ့်နှစ်ပါး (၁၂) ပါ အရှင်ဘုရား။
စာချဆရာတော် = မင်သားလေ တော်လိုက်တာ ) ဟူသတည်း။

စိတ်မကောင်းစရာ တစ်ခုမှာ ရှီုဝလိဂ် ရုပ်တုတစ်ခုကို ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့် မင်းကြီး၏ ဘုရားခန်းဘေးဝယ် နေရာချထားသော အိန္ဒိယတို့၏ ညစ်ပတ်သော၊ ယုတ်မာသော၊ အောက်တန်းကျသော၊ သူတို့ကို သူတို့ ဇာတ်မြင့်ဟု အတ္တကို ကိုင်စွဲထားသော၊ စိတ်ဓါတ်ပင်၊ (သာဝတ္ထိမြန်မာကျောင်းဆရာတော်၏ စာအုပ်ဝယ် သည်နေရာ၌ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ရှိခဲ့သည်ဟူ၏၊ ယခု မရှိတော့ပေ) ကိုရင်အာယု သိခဲ့သည်ကား သည်မျှသာဖြစ်တော့သည်။

ကျေးဇူးတင်ပါသည်။
ကိုရင်အာယု (သီတဂူ)
ပူနေးတောရ

Thursday, January 24, 2013

ဗုဒ္ဓဂါယာ ရောက်သည့်ခါဝယ် (သတ္တဌာန ဘုရားရှိခိုး)

20.12.2012 ရက်နေ့က မြတ်ဘုရားအဆူဆူ ပွင့်တော်မူသည့် ဗုဒ္ဓဂါယာ မြေမြတ်မဟာသို့ ကြောင်းညီညွတ်၍ ရောက်ခဲ့ပြီး၊ မြို့ဒေလီမှ လှမ်းခဲ့သည်။ သက်တော်ထင်းရှား မြတ်ဘုရားအား အခွင့်မတော် မဖူးမျော်လည်း ရောက်သည့်အခိုက် အာရုံစိုက်၍ ပုံတော်အတွင်း ဂုဏ်တော်သွင်းခါ ယုံကြည့်မြတ်နိုး ဖူးခဲ့ပြီး။ ငါ့အားကြည့်ဖြူ လှူဒါန်းသူနှင့် မလှူသူများ ခွဲမခြားဘဲ မေတ္တာများလည်း ပို့ခဲ့သည်၊  နိဗ္ဗာန်အောင်မြို့ လှမ်းဖို့ရည်၊ ဗောဓိဉာဏ်ဖြင့် ဆွတ်ခူးမည်။
                                ဗုဒ္ဓဂါယာ မြေမြတ်မဟာကို ရောက်စဉ်ဝယ် အားလုံးသောကျေးဇူးရှင် မိဘဆရာသ္မား တို့ကို သတိရမိသည်၊ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရား (အိန္ဒိယပညာသင်စပွန်ဆာ)၊ တိပိဋကဓရ ယောဆရာတော် (ဥပဇ္ဈာယ်ဆရာ)၊ ညောင်းတုန်းဆရာတော်၊ ငယ်ဆရာဖြစ်သော အရှင်ကောသလ္လ (ဇလွန်) စသည့် စာချဆရာတော်များနှင့် ဆွမ်းဒကာ ဆွမ်းအမ ရဟန်းဒကာ ရဟန်းအမ၊ အသိအကျွမ်း မိတ်ဆွေ ညီအကို မောင်နှမ၊ တပည့်သူငယ်ချင်းအားလုံးကိုဖြစ်သည်။ သတိထားမိသည်တစ်ခုကား ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးသည် ဗုဒ္ဓဂါယာ ရောက်ဖူးသည်ဟု မကြားဖူးပါ၊ (ရောက်ဖူးကောင်း ရောက်ဖူးပါလိမ့်မည်)။ ဥပဇ္ဈာယ်ဆရာတော်ဖြစ်တော်မူသော ယောဆရာတော် လုံးဝလုံးဝ မရောက်ဖူး။ အောက်ပါ သတ္တသတ္တာဟ ဘုရားရှိခိုးကြီးကို ပြုစုရေးသားခဲ့သော လယ်တီဆရာတော် ရောက်ဖူးသည့်ဟု မကြားမိ။ ဘာသာဋီကာကျမ်းပြုအကျော် တောင်မြို့ဆရာတော်ကမူ (ဓမ္မဂုတ်။ ။ ဥုးဇနကရေ……ကိုယ်တော်ရဲ့ စိတ်ထဲမှာ လူ့ပြည်လောကကို သဘောကျတာတော့ ကျသင့်ပါပြီ၊ လူ့ပြည်လောကမှာ တိုင်းပြည်နိုင်ငံတွေ အများအပြားရှိပါတယ်၊ ဘယ်တိုင်းပြည်ကို သဘောအကျဆုံးပါလဲ။

တပည့်တော် ။ ။ ဒါကတော့ အရှင်းသားဘဲ ဘုရား၊ ကုသိုလ်ရရေး ပါရမီအရေးနှင့် စဉ်းစားလ
ျှင်တော့ အမိမြန်မာနိုင်ငံကို သဘောအကျဆုံးဖြစ်နေမှာပေါ့။

ဓမ္မဂုတ်။ ။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်များပြန့်နှံ့တဲ့ နိုင်ငံတွေအများသားဘဲ, ဘာ့ကြောင့် မြန်မာနိုင်ငံကို ပို၍ သဘောကျရသလဲ။

တပည့်တော်။ ။ ဗုဒ္ဓမြတ်စွာရဲ့ သုတ္တန် ဝိနည်း အဘိဓမ္မဆိုတဲ့ ပိဋက ၃ ပုံတွင် သုတ္တန်ကိုတော့ အခြားနိုင်ငံ၌ တော်တော် လိုက်စားကြ,တော်တော်လဲ ကျွမ်းကျင်ကြပုံ ရပါထယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံက ဆရာတော်များထက်မသာပါဘူး၊ အဘိဓမ္မာနှင့် ဝိနည်းအရာ၌ ကျွမ်းကျင်မှုမှာတော့မြန်မာ ဆရာတော်များကို အမှီပါဘူး။

ဓမ္မဂုတ်။ ။ ကိုယ်တော်က အခြားနိုင်ငံတွေကို ရောက်ဘူးလို့ ဒီလို ကောက်ချက်ချနိုင်တာလား။

တပည့်တော်။ ။ မရောက်ဘူးပါဘူး, ဒါပေမဲ့ “အသွေးမြင်တော့ အသွင်သိ,အပွေးမြင်တော့ အပင်သိ” ဆိုတာလိုပေါ့ဘုရား၊ ဆဋ္ဌသံဂါယနာ ကိစ္စတုန်းက “နိုင်ငံခြားမှ ကြွလာကြတဲ့ ဆရာတော် သံဃာတော်များနှင့် တွေ့ရလို့ စာပေရေးရာ ဝိနည်းသိက္ခာကို သိနိုင်ခွင့်ရပါတယ်၊ တပည့်တော် ကိုယ်တိုင် မရောက်ဘူးပေမဲ့ တပည့်တော်ရဲ့ ကျေးဇူးရှင်များ ဖြစ်တော်မူကြသော အဘယာရာမ ဆရာတော်နှင့် မြောင်းမြ ဆရာတော်တို့က ရောက်ရုံတွင် မက,အတော်ကြာကြာ သီတင်းသုံးတော်မူခဲ့ကြလို့ ထိုနိုင်ငံက အကြောင်းတချို့ကို ရောက်ဖူးသလောက်နီးနီး သိပြီးဖြစ်နေပါတယ်။
  ) အထက်ပါ စာပိုဒ်အရ ရောက်ဘူးသည်မထင်။ စာပေ ပရိယတ္တိအကျော် ဆရာတော်ကြီးများ ဗုဒ္ဓဂါယာသို့ အဘယ်အကြောင်းကြောင့် မရောက်ကြသနည်း၊ မလာကြသနည်း၊ သူတော်ကောင်းကြီးများ၏ နှလုံးသွင်း သဘောထားကို သိလိုက်ချင်ပါဘိ။ ဒီအကြောင်းတွေကို ဘုရားဖူးဦးဆောင်လိုက်ပို့ပေးသော သူငယ်ချင်းတစ်ယောက်အား ပြောမိခဲ့သည်။ ချက်ချင်းပင် ထိုအရှင်မှ မှတ်ချက်ပေးခဲ့သည်။ (((တပည့်တော်တို့လည်း ဘုရားရှင်ပွင့်တော်မူခဲ့သည်နေရာ ဟူသော အသိနှင့် ရှိခိုးပူဇော်ရတာပါ။ တပည့်တော် စိတ်အရှိအတိုင်းပြောရရင် မြန်မာပြည်က ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်ရတာလောက် တပည့်တော် အားမရဘူးဘုရား၊  မြတ်စွာဘုရား သက်တော်ထင်းရှား ရှိစဉ်အခါကိုသာ အာရုံပြုပြီး ပူဇော်ပါဘုရား))) အော် ငါ့ တစ်ယောက်သာ အန္ဓပုထုဇဉ်မဟုတ်၊ ငါ့အားလမ်းညွန်နေသူလည်း ပုထုဇဉ် အစိမ်းကြီးပေကို ဟုသာ နှလုံးသွင်းခဲ့ရတော့သည်။
                   မစ္ဇျိမဒေသ ဗုဒ္ဓဂါယာ မြေမြတ်မဟာသည်ကား ယခု လက်ရှိအခြေအနေဖြင့် ပြောရပါမူ အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးသော ဒေသ တစ်ခုဖြစ်တော့သည်။ ဖုန်းတောင်းယာစကာတို့ ပေါများသည်။ ဒေသခံတို့ ပြောပြချက်အရ သူခိုး ဓါးပြ လူဆိုး လူမိုက် တို့လည်း   ပေါများသည်ဟူ၏။
                    ဘုန်းတော်ကြီးကျောင်းများ ပေါများရာ ပြည်နယ်ဖြစ်သောကြောင့် ဗီဟာ (ဝိဟာ)ပြည်နယ်ဟု ခေါ်သည်ဟူ၏။ ယခုအချိန်အခါသည်ကား အနည်းငယ်သော ဗုဒ္ဓဘာသာ ဦးရေကိုသာ တွေရပေမည်။ ရှင်တော်ဘုရား သက်တော်ထင်းရှား ချိန်ခါကာလ သမယလို့ မဟုတ်တော့မည်မာ ဧကန်မုချပင်။ မဟာဗောဓီစေတီတော်နှင့် မဟာ ဗောဓိညောင်ပင်သည် သဒ္ဓါတရား အားကောင်းကြသော မြန်မာပြည်၌ ရှိခဲ့ပါမူ၊ ယခုလို ပုံစံရှိနေမည်မဟုတ်၊ ရွှေရောင်တစ်ဝင်းဝင်းနှင့် ရွှေတိဂုံစေတီတော်ကြီးအလား ရှိပေမည်။ အဘယ်ကြောင့်ဆိုပါသော်၊ ဂျပန် ကိုးရီးယား ဗီယာက်နာမ် စင်္ကာပူ တို့လိုချမ်းသာသော နိုင်ငံများမှ ဗုဒ္ဓဘာသာဘုရားဖူးတို့သည် နေစဉ်နှင့်အမျှ လှူဒါန်းနေသည်ကို တွေခဲ့ရသည်။ မြန်မာ ထိုင်းစသော ဘုရားဖူးအဖွဲ့တို့သည်လည်း ရွာဦးက စေတီကိုတော့ လှူခြင်မှ လှူကြပေမည်၊ ပူဇော်ဖြစ်မှ ပူဇော်ကြပေမည်၊ မဟာဗောဓိစေတီကိုကား အထွဋ်အမြတ်ထား လှူခဲ့ကြသည်၊ ပူဇော်ခဲ့ကြသည်ချည်း။ သို့ပါသောကြောင့် လည်းကောင်းကုသိုလ်ရှင်များ၏ ကုသိုလ်တို့သည် ဘယ်ရောက်သွားသနည်း၊ အဘိဓမ္မာ သဘောအရ ပြောရပါမူ ကုသိုလ်ရှင်တို့ စေတနာသည်ကား ၄င်းတို့ သဏ္ဍာန်ဝယ် အချိန်အခါရောက်က ဖူးပွင့်ကြဖို့ ကမ္မသတ္တိအဖြစ်ဖြင့် ကျန်ခဲ့ပေမည်။ သို့သော် သို့သော် ယောနိသော မနသီကာရ မထားတတ်သော ကိုရင်အာယု အဘို့မူကား -- အသပြာခေါ် ဒေါ်လာရူပီး မန်းနီတို့သည် ဘယ်နေရာ ဘယ်ဒေသမှာ အကျိုးရှိလေသနည်း၊ သည်ကိစ္စနှင့် ပတ်သက်ပြီးတော့လည်း သူတော်ကောင်းကြီးများ၏ စိတ်နေသဘောသည် ဘယ်သို့ ရှိလေမည်နည်း။ သိလို့ပါ၏။

ဗုဒ္ဓဂါယာသို့ ရောက်ဖူးသည်ဟု မကြားခဲ့ဘူးသော လယ်တီဆရာတော်ဘုရားကြီးသည် ကျမ်းဂန်ပါဠိတို့ မှ ထုပ်နုတ်ခါ  အောက်ပါ ဘုရားရှိခိုးကို ရေးသားခဲ့ပေသည်။ ကြည်ညိုကြစို့လား-----



 ၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။  ။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက် မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင့် ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက် ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။   ။ ဘုန်းကြွယ် လက်ဦးဘွယ်ပေကို။။ 


၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန် ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။   ။ကြည်လင်ညွတ်နူး ဘွယ်ပေကို။




၃။ သုံးကြိမ်မြောက်ထ သတ္တဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား ပျော်စံစားသည်။ တရားဆင်ခြင်လျက်ပေကို။



 ၄။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့် ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဘွယ်ရာ၊ ရတနာ ရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်။    ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။


၅။ ငါးကြိမ်းမြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပုဗ္ဗာ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင်ပရမေ၊ စမ္ပါယ်နေသည်။   ။ ရိုသေမြိတ်နိုး ဘွယ်ပေကို။



၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင် အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညိုပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပယ်နေသော်၊ မိုးလေထန်ပြင်း သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်ဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်။ ရှေးရိုး သမ္ဘာတော်ကြောင့်ကို။

၇။ ခါသတ္တမ၊ သတ္တဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ကြီးမားဉာဏ်တော် ဘွင့်လို့ကို။

ထိုးခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး ကျွန်ရှိခိုးသည်။    ။ ကောင်းကျိုးခပ်သိမ်း ပြည့်စေသောဝ်။။။။။။။။

ကျေးဇူရှင် ဆရာတော်ကြီးများ၏ ဂုဏ်ကို အာရုံပြုလျက်--- 
ကိုရင်အာယု (မန်းသီတဂူ)

Sunday, December 16, 2012

ဆောင်းနှင်းများနှင့် နယူးဒေလီ ခရီး

ကျောင်းပိတ်ရက်အတွက် ပူနေးမှသည် ဒေလီဆီသို့ ခရီးတစ်ထောက် အလယ်ရောက်ဖြစ်ခဲ့သည်။ အရှင်ဝိဝေက၊ အရှင်သီလာစာရ၊ အရှင်ခေမာနန္ဒ တို့နှင့်အတူဖြစ်ပါတယ်။ (၃၀) နာရီခန့် ရထားခရီးဟာ (ကီလိုမီိတာ ၁၅၅၀ ကျော်) အလွန်စိတ်ညစ်စရာကောင်းတဲ့ ခရီးတစ်ခုပါ။ နှောင်များ မစီးချင်တော့လောက်အောင် စိတ်ညစ်ခဲ့ရပါတယ်။ အိန္ဒိယရထားနှင့် အိန္ဒိယခရီးသွား သူတို့ကတော့ နေသားကြနေပုံပါ။ ကိုရင်အာယု တို့အဖို့တော့ ဒီရထားခရီးစဉ်ကို စာမဖွဲခြင်းတော့ပြီး။ တစ်ဘူတာနား တစ်ဘူတာဝင် တစ်ဘူတာထွက် ခရီးဆက်ခဲ့ရာမတော့ နယူးဒေလီဘူတာသို့ ည (၁၀ ခွဲမှာ) ရောက်ရှိခဲ့ပါတယ်။ အရှင်ဇဋိလာလင်္ကာရ၊(သီတဂူ) အရှင်ကုသလသာမိ(သီတဂူ)အရှင်သေဇ္ဇန(ပခုက္ကူ) ဒေလီကျောင်းသားများမှ ဘူတာမှာ လာကြိုကြပါတယ်။ ပူနေး နှင့် ဒေလီ ရာသီဥတုချင်းကွားခြားလွန်းပါတယ်။ မြူနှင်းများနှင့်အတူ အေးမြမြ ဆောင်လေးတို့ကလည်း ကြိုဆိုလျက်ရှိကြပါတယ်။ တီဗက်လူမျိုးများ ဖွင့်လစ်ထားတဲ့ တည်းခိုးခန်းမှာ (တစ်ည ရူပီး ၂၅၀ နှင့်) ငါးည အိပ် ခြောက်ရက် တည်းခိုခဲ့ကြပါတယ်။

ဂန္ဓီအထိမ်းအမှတ် ပန်းခြံ
အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဓီ၏ အထိမ်းအမှတ် ပန်းခြံသို့ သူငယ်းချင်းများမှ ရှေးဦးပထမ လိုက်ပို့ကြပါတယ်။ အလွန်သာယာပြီး ကျယ်ဝန်းလှတဲ့ ပန်းခြံကြီးအလယ်ဝယ် (ရာဇဂဟ= မင်းအိမ်) တစ်ခန်းတစ်နား ပြုလုပ်ထားပါတယ်။ မဟတ္တမဂန္ဓီကြီး၏ အလောင်းကို ယခုနေရာမှာ မီးသဂြိုလ်ခဲ့တယ်လို သိခဲ့ရပါတယ်။ ပန်းမျိုးစုံတို့ဖြင့် နေစဉ်နေတိုင်း ပူဇော်ထားပါတယ်။ မီးရူးတိုင်နှင့် အမြဲထွန်းညှိပြီး ခမ်းခမ်းနားနား ဂုဏ်ပြုထားတယ်။ ကျောင်းသူ ကျောင်းသား အရွယ်မျိုးစုံးကို ဆရာ ဆရာမတို့က လိုက်လံပြသ ရှင်းပြနေတာကို တွေရပါတယ်။ မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာခွင့်ရှိပါတယ်။ (ဒီနေရာမှာ အတွေးတစ်ခု ဝင်လာတာကတော့  မြန်မာနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ဗိမာန်ကို သတိရမိပါတယ်။ မြန်မာ လူငယ်များ ဗိုလ်ချုပ်နှင့်အဖွဲ့ကို  ကောင်းကောင်းမသိကြတော့၊ ဗိုလ်ချုပ်ကို ဒီလို ထည်ဝါစွာ လွတ်လပ်စွာ မတွေမြင့်နိုင် မသိနိုင်တာတွေကို တွေးမိပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်)


အိန္ဒိယဂိတ်
ဒီအဆောက်အဦးကတော့ ပါကစ်စတန်နှင့် အိန္ဒိယ စစ်ဖြစ်စဉ်က တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်ရဖွယ်အနေနှင့် ဂုဏ်ပြုတည်ဆောက်ထားလို့ သိရပါတယ်။ အုတ်ခဲ့ကြီးတွေမာ စစ်သားတွေရဲ. နာမည်တွေ ရေးထိုးထားတာကိုတွေရပါတယ်။ ဒီနေရာမာတော့ ပွဲတော်ကြီးတစ်ခုအလား ပြည်တွင်ပြည်ပ လာရောက်လည်ပတ်သူတွေနှင့် ပြည့်နှက်နေပါတယ်။ သတိထားမိတာတစ်ခုကတော့ သူများတိုင်ပြည်မှာ ဂန္ဓီတို့လို့ အထင်ကရ ပုဂ္ဂိုလ်များမှ အစ အညတြရ စစ်သည် အဆုံး အားလုံးကို ဂုဏ်ပြုထားကြတယ်ဆိုတာပါဘဲ။ ထိုမှ တစ်ဆင့် လွတ်တော်အဆောက်အဦးများ သမတအိမ်တော် စသည်တို့ကို ကားပေါ်ကဘဲ ကြည့်ခွင့်ရခဲ့ပါတယ်။


နေရူးအိမ်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်ခဲ့သူ။ အင်္ဂလိပ်အစိုးရဆီမှ လွတ်လပ်ရေးတောင်းဆိုး တိုက်ပွဲဝင်ခဲ့သူရဲ. အိမ်ကြီးပါ။ အလွန်ကျယ်ဝန်းတဲ့ ခြံဝန်းကြီးတစ်ခုဖြစ်ပါတယ်။ ပန်ခြံတွေ မြက်ခင်ပြင်တွေနှင့် သာသာယာယာရှိပါတယ်။ ပြတိုက်တစ်ခုအဖြစ် ဖွင့်လစ်ပြသထားခြင်းဖြစ်ပါတယ်။ ဒီနေရာမာလည်း ကျောင်းသူ ကျောင်းသား အများအပြားကိုတွေရပါတယ်။ အိမ်ဝင်းအတွင်းမှ သစ်ပင်ကြီးတစ်ခုအောက်ဝယ် သမီးဖြစ်သူ အင်ဒရီယာဂန္ဓီ၊ နှင့် မြေးဖြစ်သူ ရာဂျစ်ဂန္ဓီ တို့နှင့်အတူ တကွ မီးပူဇော်ထားတဲ့နေရာတစ်ခုရှိပါတယ်။ သူငယ်ချင်းများ၏ ပြောပြချက်အရ ဒီနေရာဝယ် သူတို့ သုံးယောက်၏ ရုပ်အလောင်းများကို မီးရှိုခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီး၏ အတွင်းပိုင်းဝယ် အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ နေရူး၏ အသုံးဆောင်များ၊ နိုင်ငံတကာမှ လက်ခံရရှိခဲ့သော အမှတ်တရ ပစ္စည်းများ (မြန်မာနိုင်ငံမှ ဆင်စွယ်ဖြင့် ထုလုပ်ထားသော ဘုရာဆင်းတုနှင့် ဘုရားဆောင်) အိပ်ခန်း၊ ဧည့်ခန်း၊သမိုင်းဆိုင်ရာ ဓါတ်ပုံများ၊ သူသေဆုံးသွားခဲ့သော ကုတင်နှင့် အိပ်ရာခင်း၊ စသည် စသည်များကို တခမ်းတနား ပြသထားပါတယ်။ ထူးခြားမှုတစ်ခုကတော့ ဗုဒ္ဓရုပ်ပွားတော်များကို နေအိမ်၏ နေရာတော်တော်များများတွင် တွေရခြင်းဖြစ်ပါတယ်။ နှစ်သက်မိခဲ့တဲ့ စာတမ်းလေးတစ်ခုကတော့ "They call me the Prime Minister of India, but it would be more appropriate if I were called the first servant of India."  (အိန္ဒိယဝန်ကြီးချုပ်လို့ ကျွန်ုပ်ကိုခေါ်ကြတယ်ဗျာ။ အိန္ဒိယရဲ.အကောင်းဆုံး ကျေးကျွန်လို့များ ခေါ်ခဲ့မယ်ဆိုရင် ပို့သင့်လျော်ပါလိမ့်မယ်)။ (ဘာသာပြန်မှားယွင်းနေရင် ခွင့်လွတ်ပါ)


အင်ဒရီယာဂန္ဒီအိမ်။
နေရူးအိမ်နှင့် မလှမ်းမကမ်းမှာဘဲ သမီးဖြစ်သူ အင်ဒရီယာ ဂန္ဒီ၏ နေအိမ်ကို တွေမြင်နိုင်ပါတယ်။ အဲဒီနေအိမ်ရဲ. ခြံဝင်းအတွင်းမှာဘဲ သူမ လုပ်ကြံခံခဲ့ရပါတယ်။ သူမ နောက်ဆုံး လမ်းလျောက်သွားခဲ့တဲ့ နေရာ၊ သေနတ် အပြစ်ခံရတဲ့ နေရာ၊ နောက်ဆုံးလဲကျသွားတဲ့နေရာ၊ စသည်စသည်ဖြင့် သေခြာစွာ ပြသထားပါတယ်။ အိမ်အတွင်းပိုင်းမာတော့ သူမ လုပ်ရှားခဲ့တဲ့ သမိုင်းဝင်ဓါတ်ပုံများ၊ သူမ သေဆုံးစဉ် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားများ၊ လွယ်ခဲ့တဲ့ လွယ်အိပ်၊ စီးခဲ့တဲ့ ဖိနပ်၊ တခြားသော စာကြည့်ခန်း အလုပ်ခန်းများ၊ ပြီးတော့ သားဖြစ်သူ ရာဂျစ်ဂန္ဓီ၏ အမှတ်တရ ပစ္စည်းများ၊ ရာဂျစ်လုပ်ကြံခံရစဉ် ဝတ်ခဲ့သော ဘောင်းဘီနှင့် ဖိနပ် ခြေအိပ်၊ (အင်္ကျီမာ ဗုံးနှင့်အတူ ပါသွားဟန်ရှိ) စသည်နှင့် ဘုရားရှိခိုးခန်း စသည်တို့ကို ကြည့်ရှုခဲ့ရပါတယ်။ နေရူးကြီး ခြံဝင်းလောက်တော့ မကျယ်ပါ၊ သို့သော် အတော်အသင့်ကျယ်သော ခြံဝန်တစ်ခုဖြစ်ပါတယ်။


မဟတ္တမဂန္ဓီ နေအိမ်
ပန်းမျိုးစုံတို့ဖြင့် တန်းဆာဆင်ထားသော ခြံဝန်းကြီးတစ်ခုအတွင်းဝယ် ကြီးမားသော အိမ်ကြီးတစ်လုံးရှိပါတယ်၊ အိမ်ကြီး၏ ဘေးတစ်ချက်ဝယ် မဏ္ဍပ်ပုံစံ အစီးအဝေးခန်းမကြီးတစ်ခု၊ ပြီးတော့ မြက်ခင်စိမ်းကွင်းပြင်ကျယ်တစ်ခု၊ အဲဒီမြက်ခင်းပြင်မာဘဲ သူအသတ်ခံခဲ့ရတယ်လို သိရပါတယ်။ (သွေးစွန်းသော နေရက်များ တက္ကသိုလ်နေဝင်း စာအုပ်ဝယ် ဗိုလ်ချုပ်လုပ်ကြံခံရပုံနှင့်အတူ ဂန္ဒီကြီး လုပ်ကြံခံရပုံတို့ကို ဖတ်ရှုနိုင်ပါတယ်) အိမ်အတွင်းပိုင်းမာတော့ သူ၏ ဘဝ ရုပ်ရှင် နှင့် သမိုင်းဆိုင်ရာရုပ်ရှင်များကို ပြသနေသော အော်ဒီယိုခန်းမကြီး နှစ်ခုကိုလည်း တွေခဲ့ရပါတယ်။ ကျောင်းသူ ကျောင်းသားများကြည့်ရူလေ့လာနေကြသည်များကိုလည်း တွေခဲ့ရပါတယ်။ သမိုင်းဝင် ဓါတ်ပုံများကို အိမ်နံရန်တွင် ချိတ်ဆွဲပြသထားပါတယ်၊  ဝယ်ချင်သော စာအုပ်များတွေခဲ့သော်လည်း ပိုက်ဆံမလုံလောက်သည်ကတစ်ကြောင်း၊ ဝယ်ပြိးရင် အဆင့်ဆင့်သယ်ယူနေရမယ်ဒုက္ခ စသည်စသည် အကြောင်းများကြောင့် ဘယ်စာအုပ်မျှ မဝယ်ဖြစ်ခဲ့ပါ။။ သူငယ်ချင်းတစ်ယောက်ရဲ. ပြောကြားချက်တစ်ခုကတော့ "ကိုယ့်လူ ဗိုလ်ချုပ်အိမ်ရောက်ဘူးလားတဲ့" "မရောက်ဖူးဘူးဗျ" ပြန်ပြောချိန်မာတော့ "ဗိုလ်ချုပ်အိမ်တောင်မရောက်ဘူးတဲ့ မင့်တို့ ငါတို့က ဂန္ဓီအိမ် နေရူးအိမ်တွေကို လာပြီး လေ့လာနေတာ ဗိုလ်ချုပ်ကို စော်ကားရာရောက်တာပေါ့ဗျ" တဲ့ (ကဲ့ ဒေလီကို လာလည်တာ ကိုယ့်အမှားပင်ဖြစ်ပြီးကော)

မြတ်ဗုဒ္ဓ သတိပဋ္ဌာန်ဟောရာ
ဒေလီမြို့လယ်တစ်နေရာမှာတော့ မြတ်ဗုဒ္ဓမှ ဉာဏ်ကြီးရှင်ကုရုတိုင်းသားတို့အား သတိပဋ္ဌာန်တရား ဟောကြားရာ နေရာကိုတွေ့ရပါတယ်။ ကျောက်တုံး ကျောက်ခဲ့ ထူထပ်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။ ကျောက်တုံကြီးတစ်ခုအပေါ်မှာ ခြံဝင်းခတ်ပြိးတော့ အမှတ်အသားတစ်ခုလုပ်ထားတာတွေရပါတယ်။ "ဘုရားရှင်လက်ထက်ကို အာရုံပြု ပူဇော်ပေတော့သူငယ်ချင်းရေ" ဟူသောအသိပေးချက်အရ ဘုရားဂုဏ်တော်ပွားများ သတိပဋ္ဌာန်သုတ်ကိုလည်း အလွတ်မရတော့ ရတဲ့ ၂၄ ပစ္စည်းကိုဘဲ ရွတ်ဖတ်ပူဇော်ခဲ့ရပါတယ်။


လိုတက်ဘုရားကျောင်း (Lotus temple)
ကြားပန်းပုံ အဆောက်အဦးကြီးတစ်ခုဖြစ်ပါတယ်၊ ဘာသာပေါင်းစုံး အကုန်ရှိပါတယ်။ ကိုယ့်ဆိုင်ရာ ဆိုင်ရာ ဘာသာတရားအထိမ်းအမှတ်ရှေ့မှာ ဆုတောင်း ဝတ်ပြုရုံပါဘဲ။ အပန်းဖြေ အနားယူရာ စခန်းတစ်ခုပါ၊

အာရှရမ် (AKSHARDHAM TEMPlE)
အလွန်လှပ သက်ရပ်တဲ့ အနုပညာလက်ရာတွေ ပြည့်နက်နေတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး၊ လာရောက်လေ့လာသူတွေနှင့် ပြည့်နက်နေတဲ့ နေရာတစ်ခုပါ၊ ပုဂံအာနန္ဒာ လက်ရာတွေထက် အဆများစွားသာလွန်ပါတယ် အပြင်ပိုင်းမှာ ကျောက်နီညိရောင်တစ်မျိုးကို ပန်းပုပညာဖြင့် အနုစိတ်ပုံဖော်ထားပြီးတော့၊ အတွင်းပိုင်းမှာတော့ စကျင်ကျောက်အမျိုးအစားများဖြင့် ရုပ်တုမျိုးစုံကို သပ်ရပ် ကျနစွာပုံဖော်ထားပါတယ်။

ဂေါတမ်ဗုဒ္ဓယူနီဗာစီတီ (GAUTAM BUDDHA UNIVERSITY)

UP ပြည်နယ်ဝန်းကြီးချုပ် မာယာဝတီ တည်ထောင်းခဲ့တာဖြစ်ပါတယ်။ မာယာဝတီဟာ ဗုဒ္ဓဘာသာတစ်ဦးဖြစ်တာကြောင့် ဒီတက္ကသိုလ်မာ တက်တဲ့ မည်သည့်ကျောင်းသားမဆို ဗုဒ္ဓဘာသာနှင့်ဆိုင်သော ဘာသာရပ် တစ်ခုကို မဖြစ်မနေသင်ယူရတယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ တွေဘူးသမျမှာတော့  အလွန်လှပဆုံးသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်၊ အကျယ်အဝန်းအားဖြင့် (၅၁၂ ဧက) ကျော်ရှိတဲ့ ပန်းခြံကြီးထဲဝယ် လှပစွာ တည်ဆောက်ထားပါတယ်၊ အလယ်တည့်တည့်မှာ ရေကန်းကြီး နှင့် ပန်းခြံကြီးရှိပါတယ် ၊ ၄င်းရေကန်ထိပ်တွင် တည်ထောင်သူ မာယာဝတီနှင့် သူ့ဆရာ၏ ရုပ်တုပုံတို့က ဗုဒ္ဓရုပ်တု တစ်ဘက်တစ်ချက်တွင် တည်ရှိပါတယ်။ ထိုရေကန်နှင့် ပန်းခြံကြီး၏ ပတ်ပတ်လည်မာတော့ စာသင်ခန်းများ ကို ပတ်ခြာလည်း ပန်းပွင့် ပုံသဏ္ဍာန်တည်ဆောက်ထားပါတယ်။ ထိုစာသင်ခန်းများ ပတ်လည်းတွင် ကျောင်းသားအဆောင်းများ၊ ဆရာဆရာမ အဆောင်များ၊ ဝန်ထမ်းဆောင်များ၊ စာကြည်တိုက်များ၊ ဘုရားဝတ်ပြုခန်းများစသည်တို့ကို လှပစွာ တည်ဆောက်ထားပါတယ်။ မြန်မာ ရဟန်းတော့ (၈) ပါးခန့် တက်ရောက်ပညာသင်းကြားနေကြပါတယ်။ ဆောင်းတွင်းကာလဖြစ်သည်ကြောင့် ဓါတ်ပုံကောင်းကောင်းရိုက်မရပါ။ မြူနှင်းတွေကြားမှာဘဲ နေပွင့်ချိန်လေးကိုစောင့်ပြီး ဓါတ်ပုံရိုက်ယူခဲ့ရပါတယ်။

မြေအောက်ရထား (METRO)
"တောသားမြို့ရောက်" ဆိုသည့်အလား တောတွေကြားက ပူနေးမှာ နေခဲ့သူ (ကိုရင်အာယု) တစ်ယောက်အတွက် ဒေလီမြို့ကြီးက မြေအောက်ရထားဟာ  အထူးအဆန်း ဖြစ်ခဲ့ပါတယ်။ "ပိုက်ဆံအိပ်တွေ သတိထား ခါးပိုက်နှိုပ်တွေရှိတယ်" သူငယ်ချင်းများရဲ. သတိပေးချက်အရ ပါလာတဲ့ ပိုက်ဆံလေးကို ခနခန စမ်းကြည့်ခဲ့ရပါသေးတယ်။ မြေအောက်မျာ ကြွက်တွေလို့ လှိုင်ဂေါင်းဖောက် သွားလာနေကြသူတွေဘဲ။ မြေအောက်ဈေးမှာ ဟိုငေးဒီငေးလမ်းလျောက်နေစဉ်မှာတော့ ကိုရင်အာယုတစ်ယောက် နာမည်တွေ အများကြီးရခဲ့ပါတယ်၊ လားမားကြီး၊ ဂုရုကြီး၊ ဘန္တေကြီး၊ ကြီးပေါင်းများစွားနှင့် အခေါ်ခံခဲ့ရပါတယ်။

ပျော်ရွှင်ပါစေ
ကိုရင်အာယု
 (နယူးဒေလီရောက် တောသားတစ်ယောက်)

Monday, December 10, 2012

Aurangabad မှ ချစ်စရာ့တေးသံများ

ဝန္ဒာမိ ဘန္တေ၊ ဝန္ဒာမိ ဘန္တေ၊ (ဘုန်းဘုန်း တပည့်တော် ဦးတင်ပါတယ်ဘုရား) ထူးဆန်းစွာဖြင့်  ကလေးတစ်သိုက်၏ သံဃာတော်များအား ဦးခိုက်အရိုအသေ ပေးသောအသံတို့နှင့်အတူ ကလေးနှစ်ယောက်က ကားတစ်ခါးဝမှာ ကြိုဆိုနေပါတယ်။ ထိုကလေးနှစ်ယောက်၏ အမူအရာ နုတ်မှ ရွတ်ဆိုသော (ဝန္ဒာမိ ဘန္တေ) အသံလေးများကြားမိသည်နှင့် "အော်- ဟိုရှေးယခင် ဗုဒ္ဓသာသနာ ဒီနေရာ ဒီဒေသမှာ နေရောင်ဖြာခဲ့စဉ်က ဒီအသံလေးတို့သည် ကလေးများ၏ နုတ်စကားမှ တေးသံသာများ ဖြစ်နေမလား" ဟု တွေးမိပါတော့သည်။ ကလေးနှစ်ယောက်ကား ချစ်စရာမူဟန်လေးများဖြင့် စာရေးသူ၏ ခြေထောက်ကို သူတို့ လက်ကလေးများဖြင့်ထိကာ ထိကာဖြင့် ဦးချ အရိုအသေပေးနေကြလေပြီ။ တစ်ခြားသော ကလေးများကလည်း အခြားသော ရဟန်းတော်များကို ရပ်ဝေးမှ ပြန်လာသော ဦးကြီး ဘကြီး အကိုကြီးတို့ကို တွေရသည့်အလား ဝမ်းသာအားရ ကြိုဆိုနေပြန်သည်။ (အော် မြတ်စွာဘုရားက ဆွေမျိုးသားချင်း မတော်စပ်ဘူးသော သူဆိုတာ မရှိဘူးလို့ မိန့်ခဲ့တာဘဲလေ) သုခီတာ ဟောထ၊ သုခီတာ ဟောထ= (ချမ်းသာကြပါစေ) ဟု စားရေးသူတို့လည်း တတ်သမျှ မှတ်သမျှဖြင့် ဆုပေးခဲ့ရတော့သည်။
                ထိုအရပ်သည်ကား အော်ရမ်ဂဘတ် (Aurangabad) မြို့လေးဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ မဟာရဋ္ဌပြည်နယ် တွင်တည်ရှိသည်။ ဟိုတစ်ချိန်တစ်ခါတုန်းကတော့ ဗုဒ္ဓသာသနာ ရွှေရောင်တောက်ပခဲ့သော နေရာဒေသဖြစ်သည်။ ကျောက်တောင်တို့ဖြင့် ဝိုင်းရံပတ်ထားသော အပူပိုင်ဒေသ တစ်ခုလည်းဖြစ်သည်။ လည်းကောင်း ကျောက်တောင်များတွင်ရဟန်းသံဃာတော်များ သီတင်းသုံးသွားခဲ့သော လှိုင်ဂူကြီးများ၊ ဘုရားကျောင်းများ၊ ကျောက်လှေခါးများ၊ ကျောက်စင်္ကြန်းများ၊ ကျောက်အိပ်ခန်းများ၊ ဗုဒ္ဓဝင်များကို ချယ်မုန်းထားသော ကျောက်ပန်းပု အနုလက်ရာများကိုတွေနိုင်ပါတယ်။ သို့မှတစ်ပါး  စိမ်းလမ်းသော သစ်ပင်တို့ကို မတွေရ၊ ချောက်ကပ်ကပ် ကျောက်တောင် ကြီးများသာ နေရာတစ်ကာ စိုးမိုးထားသည်။ သို့သော် ထိုအရပ်မှ ဗုဒ္ဓဘာသာ မိသားစုတို့၏ စိတ်သဘောထားတို့ကား စေတနာ မိုးရေတို့ဖြင့် စိမ်းစိုးနေသည်၊ သဒ္ဓါတရား ကျောက်ဆောင်တို့ဖြင့် ခိုင်မာနေသည်၊ ဗုဒ္ဓ၏ အမှန်တရားအတွက်ဆိုပါလျှင် အသက်ကိုပင် ပေးမည့်သူများဖြစ်သည်။
သူတို့ကို ဇာတ်နိမ့်ဆိုပြီး ဖိနိပ်ချုပ်ချယ်ခဲ့သော ဟိန္ဒူတို့ကို အံတုခဲ့ပြီ၊ အခြားသော ဘာသာတို့၏ နယ်ချဲလွမ်းမိုးမှုကိုလည်းကြံကြံခံခဲ့ပြီး။
ယခုအခါ (၀၉.၁၂.၂၀၁၂ မှ ၁၁.၁၂.၂၀၁၂ အထိ သုံးရက်တိုင်တိုင် မဟာပရိတ္တသုတ်တော်များ နာယူခြင်း
မြန်မာ သီဟိုရ် ထိုင်း အိန္ဒိယ၊ ဘင်္ဂလာဒေရှ်၊ ကမ္ဘောဒီယား နိုင်ငံများမှ သံဃာတော်များ၏
တရားတော်များကို နာယူခြင်း
အပါးသုံးရာကျော်သော သံဃားတော်များအား ဘောဇန အာဟာရတို့ဖြင့် သုံးရက်တိုင်တိုင် လုပ်ကြွေးခြင်း
နောက်ဆုံးနေ့ဝယ် သင်္ကန်း စသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းခြင်း မဟာသံဃဒါန
အစရှိသော အလှူတော်ကြီးကို ပြုလုပ်ခဲ့ကြလေပြီး။
ခြောက်ပေပတ်လည်း အခန်း နှစ်ဆယ်သော မဏ္ဍာပ်ကြီးကို ရူပီးငွေ (၁၁)သိန်းအကုန်ကျခံ တည်ဆောက်ခဲ့ကြသည်။ ပိတ်စတို့ဖြင့် မဏ္ဍာပ်ကြီးကို မိုးထားသည်။ အစိမ်းရောင်ကောဇော်တို့ဖြင့် ခင်းကျင်းထားသည်။ ဗုဒ္ဓရုပ်ပွားတော်အား ပန်းမျိုးစုံ သီသစ်မျိုးစုံတို့ဖြင့်ပူဇော်ထားသည်။ ကန့်လန့်ကာ၊ ရောင်စုံမီးတို့ဖြင့် ဝိသုကြုံနတ်သား ဖန်းဆင်းသည့်အလား ထူးခြား ကြီးကျယ်သော မဟာမဏ္ဍာပ်ကြီးဖြစ်ပေသည်။
သံဃာတော်များ တရားမဏ္ဍာပ်သို့ ပင့်ဆောင်ရာဝယ် သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော စသည့် သံဃာ့ဂုဏ်တော်များကို စည်း ဝါး ကျနစွာ ရွတ်ဆိုပြီး ပင့်ဆောင်ကြပါတယ်။ ဒါယိကာမများမှ သံဃာတော်များ၏ ခြေတော်ကို ပန်းမျိုးစုံဖြင့် ကျဲဖြန့်ကာ ပူဇော်ကြပါတယ်။ (ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံမှာပင် ယခုကဲ့သို့ အပြုအမူများကို မတွေခဲ့ဘူးပါ၊  ရှိကောင်းရှိနိုင်ပါသည်။ အထက်ပါ ဓါတ်ပုံကိုကြည့်ပါ ပန်းခင်းသောလမ်းအစစ်ကို တကယ်လျှောက်ခဲ့ရပါသည်။) ပူနေးတက္ကသိုလ်မှ သံဃာတော်များအားလုံးကို ပင့်ဖိတ်ထားသော်လည်း ဗုဒ္ဓဂါယာမှ ဗုဒ္ဓဒေသနာ ရွတ်ဖတ်ပူဇော်ပွဲနှင့် တိုက်ဆိုက်နေသောကြောင့် စာရေးသူနှင့်အတူ အရှင်ဇဝန၊ အရှင်စန္ဒိမာ၊ အရှင်သီလာစာရ (သီတဂူ) အရှင်ခေမာနန္ဒ (ခရမ်း) တို့သာ ကြွရောက်နိုင်ခဲ့ကြသည်။ (တကယ်တမ်းတော့ ဒီငါးပါးသည်လည်း စာမေးပွဲရှိသောကြောင့် ဗုဒ္ဓဂါယာသို့ မသွားဖြစ်ခြင်းဖြစ်သည်။)
၎င်းမြို့လေး၌ နှစ်ညအိပ် သုံးရက် နေခဲ့သည်၊ မာတုဆာယာ ဟူသော အိမ်လေးကို ပြည်ပ သံဃာတော်များအား ယာယီ ကျောင်းအဖြစ် သီတင်းသုံးရန် လှူဒါန်းခဲ့ကြသည်။ ရေပူ ရေအေး အစုံရသော အိမ်လေးဖြစ်သည်။ အိမ်ရှင်မိသားစုများက သံဃာတော်များအား လိုလေသေးမရှိ စောင့်ရှောက်ခဲ့ကြသည်။ သိဒ္ဓတ္ထဥယျာန်ကို လိုက်ပို့ပေးသည်၊ ပန်းဥယျာန်ကြီးတစ်ခု အလယ်ဝယ် မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုကို ထုလုပ် ပူဇော်ထားသည်။ တပ်မဟာကဲ့သို့ ပုံစံတူ တစ်ခုဆီလိုက်ပို့ကြသည်၊ အံသြဖွယ် အနုပညာလက်ရာတို့ကို တွေမြင်ရသည်၊ ထိုနောက် မြို့ပတ်ပတ်လယ်မှ သံဃာတော်များ သီတင်းသုံးခဲ့သော လှိုင်ဂူကြီးများကို လိုက်ပို့ကြသည်၊ ကျောက်ကမ္ဘားများဝယ် လှိုင်ခေါင်းဖောက် ကျောင်းဆောက်၊ ဘုရားတည်ကြသည်၊ ကျောက်လေးခါး ကျောက်စင်္ကြန် ကျောက်ကုတင် စုံလင်လှပေသည်။ ဂူပေါင်း နှစ်ဆယ်ကျော်ရှိသည်ဟု မြို့ခံတစ်ယောက်မှ ပြောပါသည်။ ထူးခြားသော အချက်မှာ ထိုမြို့လေးမှ ကလေးမှန်သမျှတို့သည် သံဃာတော်များအား တွေ့သည်နေရာတိုင်းဝယ် "ဝန္ဒာမိ ဘန္တေ" ဟူ၍ ရှိခိုးကြသည်များကို Aurangabad city မှ ချစ်စရာ့ တေးသံများ ဟု၍ ဝမ်းသာအားရ မှတ်တမ်းတင်မိတော့သည်။
ကိုရင်အာယု (မန်းသီတဂူ)


Wednesday, August 15, 2012

သာစွ မြန်မာပြည် (အင်းလေးဒေသ)

၁၅၊ ၀၈၊ ၂၀၁၂ ယနေ့ဟာ ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ. လွတ်လပ်ရေးနေဖြစ်တယ် 

ဆိုတာ သီတင်းစားတွေက တဆင့် သိရပါတယ်။ ကျောင်းတွေ အားလုံး ပိတ်ထားတယ်။ အားနေတယ်ဆိုကြပါစို့၊ သို့ပါသောကြောင့် တီဗီတွေကြည့်လိုက်တော့လည်း အိန္ဒိယ လွတ်လပ်ရေးနေ့ အလံတင် အခန်းအနားတွေချည်းဘဲ လွင့်နေတာကို  တွေနေရပါတယ်။ ထူးခြားတာက ဝန်ကြီးချုပ် မန်မိုဟန်ဆင် ကိုယ်တိုင် တက်ရောက် စကားတွေပြောနေတာပါဘဲ၊ ကိုယ်နိုင်ငံနှင့် နည်းနည်းလေးကွာတယ်လို့ ပြောခြင်တာပါ။ အများကြီးမကွာလှပါဘူး။ ပြီးတော့ ပြည်နယ်တွေ အားလုံးလိုလိုမာလည်း အလံတင် အခန်းအနားတွေ ကျင်းပနေတာကိုတွေရတယ်။ ရုပ်သံလိုင်းပေါင်း (၅၀) ကျော်က တီဗွီတွေ၇ဲ. အပေါ်ဒေါင့်မာလည်း အိန္ဒိယ အလံ ကို လွင့်တင်ထားတာ တွေရပါတယ်။ ပြိးတော့ ကောင်းကင်းမှာ ဂျက်တိုက်လေယျဉ်တွေ မကြာခဏ ပျံဝဲနေတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။ 
အဲ ဒါနှင့်ဘဲ မြန်မာပြည်ကို စိတ်တွေရောက်လို့ မြန်မာပြည်က  ကိုယ်ရောက်ခဲ့ဘူးတဲ့နေရာလေးတွေအကြောင်း စိတ်ကူးမိရင်က သာစွမြန်မာပြည်ကိုရေးလိုက်မိတော့တယ်။


              လှေလှော်သားတို့ ပန်းအဝင်း (ဟေး လား ယောင်္ကျား ဘသား မောင်တို့)


                                    ပန်းတိုင်းအပြီး လှေလှော်သားများ အော်ကြဟစ်ကြ


အင်းလေးဒေသ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လမှ ကျင်းပပြုလုပ်ပါတယ်။ မြန်မာပြည် ဘုရားပွဲတော်တွေထဲမာတော့ (ကိုရင်အာယုသိမျှ) အင်းလေးဘုရားပွဲတော်ဟာ မော်တင်စွန်းဘုရားပွဲထက်တောင်ပိုမယ်ထင်ပါတယ်။ တိုင်းရင်းသားပေါင်းစုံကိုတွေမြင်နိုင်တယ်။ ဒေသခံတိုင်းရင်သားတွေကတော့ အင်းသား၊ ရှမ်း၊ ပအိုဝ်၊ ပလောင်း၊ ဓနု၊ ကယား၊ တောင်ရိုး၊ အစရှိတဲ့တိုင်းရင်သားတွေကို ဝတ်စုံပြည့် တွေနိုင်တယ်။ ခြေတောက်နှင့်လှေကိုလှော်ကြတဲ့ သူတို့ရဲ. ဓလေ့ ရိုးရာကိုလည်း ပွဲတော်အတွင်းမာသာ မျက်ဝါးထင်ထင်တွေမြင်နိုင်တယ်။ (ကျန်တဲ့အချိန်မှာတော့ စက်နှင့်သာလှော်ကြတာများပါတယ်)
ဖောင်တော်ဦးဘုရားပွဲတော်ကြီးကို ခုနှစ်ရက်ကျော်ကျင်းပပါတယ်။ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိတ်တွေသာမက နိုင်ငံခြားသားများပါ လာရောက်လေ့လာကြတာကို တွေရပါတယ်။ ရုပ်ပွားတော်များကို ဖောင်တော်ပေါ်ပင့်ဆောင်ပြီး တစ်ရွာဝင်ထွက်ဖြင့် ညောင်ရွှေအင်းကြီး တစ်ခုလုံးကို လှည့်လည်အပူဇော်ခံပါတယ်။ ဖောင်တော်ရှေမှ လှေလှော်သားများဟာ လှော်တက်တိုကို (ဆွဲလှေ)  ခြေဖြင့်လှော်ခတ်ကြပြီးတော့ ရုပ်ပွားတော်ပင့်ဆောင်လာသော ဖောင်တော်ကြီးကို ဆွဲကြပါတယ်။ ရုပ်ပွားတော်များ ရပ်နားရာ ရွာ( သို့မဟုတ်) မြို့မာ လှေပြိုင်ကိုကျင်းပပါတယ်။ အဲဒိလိုနှင့် ရွာပေါင်းများစွာမှာ ပြိုင်ဆိုင်ခဲ့ပြီးတော့ နောက်ဆုံး ဖောင်တော်ဦးစေတီကို ပြန်အရောက် (လပြည့်ကျော် ၃ ရက်နေ့) မှာတော့ လှေပြိုင်ပွဲကြီး၏ နောက်ဆုံး ဗိုလ်လုပွဲကို ကျင်းပပြီးတော့ ဘုရားပွဲတော်ကြီးလည်း ပြီးဆုံးတာဖြစ်ပါတယ်။




ဗိုလ်လုပွဲကို အားပေးနေကြသော ရွှေပွဲလား ပရိသတ်များ---
(-ဖောင်တော်ဦးစေတီတော်ပေါ်မှမြင်ကွင်းပါ)

ဟိုးရှေးမြန်မာဘုရင်များလက်ထက်ကတော့ အင်းထဲမှာ ရွာလေးရွာဘဲရှိလို့ အင်းလေးလိုခေါ်ပါတဲ့။ ယခုတော့ ရွာလေးဆယ်ထက်တောင်များပါအုံးမယ်။ ဒီသမိုင်းစကားဟာ သိပ်လည်းမခိုင်မာပါဘူး၊ ဘာကြောင့်လည်းဆိုတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်နယ်စပ်မှာ အင်းတော်ကြီးဆိုတာရှိသေးတော့ ယခု အင်းကို အင်းတော်လေးခေါ်ရာမှ အင်းလေးဖြစ်လာတယ်လို့ ယူဆနိုင်ပါတယ်။ ယျဉ်ကျေးမူ အမွေအနှစ်တွေကတော့ အင်းလေးက ပိုများပါတယ်။ အင်းထဲမှာ ရှေးဟောင်းကျောင်းတော်ကြီးတွေကို တွေနိုင်တယ်။ ရှေးနှစ်ပေါင်းရာကျော်က ဗုဒ္ဓရုပ်ပွားတော်များ၊ ပလ္လင်တော်များ၊ ရှေးဟောင်းစေတီပုထိုးများ (ရွှေအင်းတိန်၊ တောင်တို၊ တာခေါင်မွေတော်)ကို တွေမြင်နိုင်ပါတယ်။



အလောင်းစည်သူမင်းတရာကြီး၏ ကောင်းမှုတော် တောင်တိုစေတီတော် (အင်းလေးရွှေဥဒေါင်းတောင်ဘက်ကမ်း)
=================================

 
တာခေါင်းမွေတော်ဘုရား အင်းလေးကမ်းချေ (ဖယ်ခုံသို့သွားရာလမ်း ကန်နဖူး) 



===================================================

(ရွှေအင်းတိန် ရှေးဟောင်းစေတီတော်များ။ အပေါ် ၊ အောက်)

ဒီဒေသကို ဘီးလူချောင်းစတင်စီးဆင်ရာဒေသဖြစ်တယ်လို့ ဒေသခံတွေပြောတာကို မှတ်သားခဲ့ရပါတယ်။



အင်းလေးကန်တော်ကြီးရဲ. ပတ်ဝန်းကျင်နှင့် ညောင်ရွှေ ဖယ်ခုံ လမ်းတစ်လျှောက် အထက်ပါ စေတီပုထိုးတော်များကို ဖူးတွေနိုင်ပါတယ်။ ဖောင်တော်စေတီမှ နံနက် ခြောက်နာရီထွက်လာတဲ့ စာရေးသူတို့ စက်လှေဟာ၊ နေလယ်တစ်နာရီ ထိုးခါနီးမှ ဖယ်ခုံကိုရောက်ပါတယ်။ လွှိုင်ကော်မှ ရှမ်းတိုင်းရင်သူ ဒကာမများ၏ လှေပေါ်မှာ နေ့ဆွမ်းကပ်ကြပါတယ်။
လှေပေါ်မှာတော့ တစ်ချိုက ရှမ်းစကား တစ်ချို့က ကယားစကား စသည် စကားလေးမျိုးလောက်ကြားခဲ့ရပါတယ်။ သောက်စရာတော့ရှိတယ် ပေါက်စရာနေရာမရှိဘူးနော် ဟူသော အင်းသား ဒကာတစ်ယောက်ရဲ.စကားကို ကြားယောင်မိပါသေးတယ်။

                                အင်းလေးကန်တစ်လျှေက် အလှအပများ

ကမ်းတစ်လျှောက် ဝဲယာ သဘာဝ စိုက်ခင်း ရှုခင်းများဖြင့် အလှဆင်ထားသော အင်းလေး


        ရေလယ်က ကျွန်းကလေး (ဟိုယခင်က ကျွန်းမဟုတ်ခဲ့၊ မိုးဗြဲဆည်ကြီးကြောင့်ဟုဆို)

 
                  စိန်ခေါ်ကာ တိမ်လေးတွေ အတောက်ဝယ် ရေပေါ်မာ အိမ်လေးတွေ ဆောက်မယ်



               ရေလား သင်ဖြူးလား ထင်ရောင်းမှားဖွယ် လှမျိုးစုံ ခင်းကျင်းတဲ့ အင်းလေးကန်ဝယ်

နိုင်ငံခြားက အလှတရားတွေထက် မြန်မာပြည်က သဘာဝတရားတွေကိုလည်း အခါသင့်ရင်ဖြင့် လာလည့် ရှုလည့်ပါလို့ ဖိတ်ခေါ်ပါရစေ။

                                                          


     ကိုရင်အာယု (မန်းသီတဂူ)
        ခေတ္တ= ကုလားပြည်

Saturday, July 28, 2012

အိန္ဒိယပြည်မှ ဖိုးဝင်တောင်များ





လှိုင်ဂူတော်ကြီး  အတွင်းပိုင်းတွင် ခရီးသွားဖေါ် အိန္ဒိယ လူမျိုးများနှင့်အတူ






လှိုင်ဂူရင်ပြင်မှ စာရေးသူ














လှိုင်ဂူအတွင်း နံရံကျောက်ပန်းပုရုပ်တုများဘေးတွင်
တိဗက် ဘုန်းတော်ကြီး Tsultrim Dhargay နှင့်အတူ













လှိုင်ဂူတော်အတွင်းပိုင်း တစ်ပါးအိပ်ခန်း ကျောက်တံခါးဝမှာ














လှိုင်ဂူတော် ရင်ပြင်ဝက
သာယာပါဘိ ညောင်ဗောဓိ














လှိုင်ဂူတော်အတွင်းပိုင်း သံဃာတော်များ စူဝေးရာ ဓမ္မသဘာ










လှိုင်ဂူတော်ကြီး ရင်ပြင်သို့အဝင်ဝတွင်
ဗောဓိပင်









                
         ၂၈၊ ၀၇၊ ၂၀၁၂ စနေန့  နောင်တော်ကြီး ကောင်းမွန်၏ ဦးဆောင်မူဖြင့် တိဗက်ရဟန်းတော်တစ်ပါး၊ အရှင်သီလာစာရ တို့နှင့်အတူ၊ မုံရွာ ဟိုဘက်ကမ်းက ဖိုးဝင်တောင်နှင့်တူသော အိန္ဒိယ ဖိုးဝင်တောင်များသို့ ရောက်ခဲ့ရပါတယ်။ (တိဗက်၇ဟန်းတော် မှတစ်ပါး ကျန်သုံးပါဟာ သီတဂူ ညီတော်နောင်တော်များဖြစ်ပါတယ်) ဖိုးဝင်တောင်ဟု ဆိုရခြင်းမာ ကျောက်တောင်ကြီးကို ထွင်းထုပြီး ကျောင်းတော်ကြီးများ၊ ထိုကျောင်းတော်အတွင် သံဃာတော်တို့အတွက် အိပ်ခန်းများ၊ တရားဟော၊ တရားပြ၊ စာချရာ ဓမ္မသဘာကြီးများ၊ စသည်စသည်တို့ကို ထုဆစ်ထားသောကြောင့် စာရေးသူတို့ အညာက ဖိုးဝင်တောင်နှင့် တူရာကား အိန္ဒိယ ဖိုးဝင်တောင်များဟု ဆိုလိုက်ရပေသည်။
တူတာတွေရှိသလို မတူတာတွေကတော့ ရာသီဥတုပင်ဖြစ်သည်။ ရာသီဥတုကတော့ ကျိုက်ထီးရို ရာသီဥတုနှင့် တူပါသည်။ မိုးများပြီး ချမ်းအေးပါသည်။ မကြာခဏ မိုးရွာသောကြောင့် ရေတံခွန်များ စီးကျနေသည်မှာ အလွန်လှပ ကျက်သရေရှိလှပေသည်။
ကာလ ဘာဂျာ (Karla Bhaja caves ) လှိုင်ဂူများဟု လူသိများထင်းရှားပါသည်။ 
ပူးနေး ဘုံဘေး ဟိုက်ဝေးလမ်းဘေးတစ်ဘက်စီတွင် ရှိပါတယ်။ ဘုံဘေမှ လာသည်ရှိသော် ကာလ(karla) လှိုင်ဂူသည် လမ်း၏ ဘယ်ဘက်တွင်းရှိပါသည်။ ဘာဂျာ (Bhaja) လှိုင်ဂူသည် လမ်း၏ ညာဘက်ဘေးတွင်ရှိပါသည်။ ကာလလှိုင်ဂူက ဘာဂျာလှိုင်ဂူထက် ပို့ပြီး အနုပညာလက်ရာမြောက်ပါသည်။
သို့သော ဘာဂျာလှိုင်ဂူတွင် သံဃာတော်များပိုပြီးသီတင်းသုံခဲ့ပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာဂျလှိုင်ဂူတွင် သံဃာတော်အိပ်ခန်းများကို များစွာတွေရှိရပါသည်၊ ထိုပြင် သုံးရေကန်းများကိုလည်း ဘာဂျာဂူထက် များစွာတွေရသောကြောင့်ပင်ဖြစ်သည်။
 ပူနေး အဆောင်ကနေ ၁၀ နာရီ ၃၆ မိနစ်လောက်မှ စာရေးသူတို့ ကားထွက်ပါတယ်။ ၁၂ နာရီ တိတိမှာတော့ ကာလ (Karla) တောင်ခြေကိုရောက်လို့ ခြေလျှင်တက်ကြရပါတယ်။ ကားပေါ်က ဆင်းတယ်ဆိုရင်ဘဲ မိုးတွေရွာလာတော့ ကဗျာကရာ ထီးတွေထုပ်ကြရပါတယ်။ ကံဆိုးတာကတော့ မိုးကြောင့် ဓါတ်ပုံကောင်းကောင်းတွေ မရခဲ့ခြင်းပါဘဲ။
ရှေးဟောင်းသုတေသန ပညာရှင်များ ရေးထိုးထားသည် စာများအရ (ဘီစီ ၂ ရာစု) မှ (အေဒီ - ၇ - ရာစု) ထိ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတွေ တည်ဆောက်ခဲ့တယ်။  လွမ်းမိုးနေထိုင်း ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတောင်လောက် မြင့်ပါတယ်။ တောင်တစ်ဝက်လောက် ကားနှင့်တက်ပြိး ခြေလျှင် ဆက်တက် ရပါတယ်။ ကျိုက်ထီရိုးတောင်တန်းတွေလို့ မြူခိုးတွေနှင့် အုပ်ဆိုင်းနေပါတယ်။ သို့ပါသောကြောင့် မကြာခဏ မိုးရွာချပါတယ်။ မိနှစ် နှစ်ဆယ်ခန့် တက်ပြီးတဲ့အခါမှာတော့ လှိုင်ဂူတော်ကြီးရဲ့ ရင်ပြင်အဝကိုရောက်ပါတယ်။ အဲဒီမာ အရိပ်အာဝါသ ကောင်းသော ဗောဓိပင်ညီနောင်ရှိပါတယ်။ နှစ်ပင်ပူပြီးပေါက်နေတာပါ။ ဟိုရှေးအခါက သူတော်စင်များ ဒီဗောဓိပင်ကြီးအောက်မာ တရားဓမ္မတွေ ဆွေးနွေးခဲ့ကြပေမည်။ ပြီးတော့ ကျောင်းသား ကိုရင်ငယ်များ ဆရာတော် သို့မဟုတ် အာဂန္တုက ရဟန်းတော်များ ရပ်ထဲ ရွာထဲက အပြန်မှာ ခရီးဦးကြိုဖို့ စောင့်နေကြပေမည်။ တွေးရင် ကြည်ရင် စိတ်ကူးရင်ဖြင့် အလွမ်းမိုးတွေတောင် ရွာပြန်ပြီးကောဗျာ။
ညောင်ပင်အောက်မှ လှိုင်ဂူကြီးဆီ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ လိုင်ဂူကြီးပေါ်ကနေ ရေတံခွန်များ စီးကျနေတာကို တွေရပါတယ်။ ကျောက်တောင်ကြီးအတွင်းမှာ သံဃာတော်များစုဝေးရာ ဓမ္မသဘာ သို့မဟုတ် ဓမ္မသာလာကြီးများ၊၄င်း ဓမ္မသာလာများအထဲတွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော်များ ကိန်းဝတ်ပူဇော်ရာ ဓါတ်တော်တိုက်ခေါ် စေတီ(ထူပ)များ။ သံဃာတော်များ စင်္ကြန်လျောက်ရန် ကျောက်လမ်းကြီးများ၊ ဓမ္မသာလ၏ နံရံများတွင် ကျောက်တိုင်းကြီးများနှင့် ၄င်းကျောက်တိုင်းကြီးများထိပ်တွင် ရှေးအိန္ဒိယ ကျောင်းတကာ ကျောင်းအမ (စာရေးသူ စိတ်အထင်) စုံတွဲပုံကျောက်ဆစ်ရုပ်တုများ၊ ဗုဒ္ဓဝင်ဆိုင်ရာ ကျောက်ဆစ် ရုပ်တုများ၊ ဓမ္မသာလာ၏ အမိုးမျက်နာကျက်တွင် သစ်သားချောင်းကြီးများဖြင့် ကွေးကွေးကောက်ကောက် အလှဆင်ထားပုံများ  (ထုပ် သို့မဟုတ် ရက်မ)  ကျောက်ကုတင် ကျောက်စာပွဲတို့ဖြင့် တစ်ပါးအိပ်ခန်း၊ နှစ်ပါးအိပ်ခန်း၊ စသော သံဃာတော်များအိပ်ခန်းများ၊ နွေမိုးဆောင် အမြဲမပြတ် ရေရရှိနိုင်သော ကျောက် ရေကန်များ၊ အပေါ်ထပ် အောက်ထပ် ကူးသော ကျောက်လှေခါးကြီးများ စသည်သည်တို့ကို တွေ့မြင် ခဲ့ရပါတယ်။

ထိုအရာတို့ကို ကြည့်သောအားဖြင့် ရှေးခေတ် ဗုဒ္ဓဘာသာ အိန္ဒိယ လူမျိုးများ၏ ကြီးမားသော သဒ္ဓါတရား၊ ဇွဲ လုံးလ၊ ဗိသုကာပညာ၊ နှင့် ကျောက်ဆစ်ပညာ စသည်တို့၏ မည်မျှ နက်ရှိုင်းပုံကို ခံစားသိမြင်နိုင်ပါသည်။

 ဝမ်းနည်းစရားကောင်းသည်မှာ ယခုဗုဒ္ဓဘာသာကျောင်းဆစ်လှိုင်ဂူကြီး၏ အပေါက်ဝတွင် ဟိန္ဒူဘုရားကျောင်း တစ်ခုကိုတည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ၄င်းဟိန္ဒူဘုရားကျောင်းမှာ တိရိစ္ဆာန်တို့ကို ခေါင်းဖြတ်ပြီး ရစ်ပူဇော်ရာ ဌာနဖြစ်သောကြောင့်ဖြစ်ပါသည်။ သိမ်မွေ့သော သူတော်စင်တို့၏ နေရာတွင် အခြားသောသူတို့  ဝင်ရောက်နေရာယူနေခြင်းမှာ တွေမြင်ရသူ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏ နှလုံးသားကို များစွာထိခိုက်စေတော့သည်။

တွေးမိတွေးရာ အတွေးကမ္ဘာချဲနေစဉ် မောင်ကောင်းမွန်မှ "ကဲ့ တပည့်တော်များ ဘုရားကိုပူဇော်ကြမယ် ဒါကတော့ ရှေးခေတ်ကာလက ဗုဒ္ဓဓါတ်တော်တွေထားတဲ့နေရာဘဲ (ထူပကို ရည်းညွန်သည်) တပည့်တော်တို့ အားလုံး ဒိမှာထိုင်မယ် (ထူပ ဘေးနားတွင်) ဘုရားဦးချကြ "ဆိုမှ သတိပြန်လည် လာပြီး ထူပ (စေတီ) ကို ဦးချရမှန် အတွေးဝင်ခဲ့ရပါတယ်။

 ဘုရားရှင်ကို ရည်မှန်း ဦးသုံးကြိမ်ချပြီးသကာလ (၂၄) ပစ္စည်းကို အသံထွက်ပြီးရွတ်ခဲ့ပါတယ်။  လှိုင်ဂူစောင့်တဲ့ နတ်ဒေဝါကို မေတ္တာပို့ အမျှဝေတဲ့ပြီးတဲ့အခါမှာတော့ - လှိုင်ဂူစောင့်နတ်မင်းက ဘုရားရှင်တရားတော်ကို မကြားမနာရတာ တော်တော်ကြာပြီလို့များ ပြောနေလေမလား မိမိဘာသာ တွေးခဲ့မိပါတယ်။ ကာလတောင် ကာလဂူဝယ် တစ်နာရီလောက် ကြည့်ရှုလေ့လာ ဓါတ်ပုံရိုက်ကြပြီးတော့ တောင်ပေါ်က ပြန်ဆင်လာကြတော့ မိမိတို့ ကားရပ်နားထားရာ အရောက်ဝယ် နေ့ခင်း တစ်နာရီထိုးနေပါပြီး။

ကာလ တောင်မှ ဘာဂျ တောင်သို့ ပူဏေး သီတဂူ ညီတော်နောင်တော် ရဲသုံးဖော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ၁၅ မိနစ်ခန့် အချိန်မာတော့ ဘာဂျတောင်ခြေကိုရောက်ပါတယ်။ တောင်ခြေကနေ တောင်ပေါ်သို လမ်းလျှောက်တက်ရသည်မှာ သထုံမြို မြသပိတ်တောင်ကို တက်ရသလို ခံစားရပါတယ်။ မြသပိတ်တောင်လောက်တော့ မမြင့်ပါဘူး။  မြသပိတ်တောင်ရဲ လေးပုံ တစ်ပုံတောင်မှ ရှိမည်မထင်ပါ။ ရှုခင်းတွေကြည့်ရင် နိုင်ငံပေါင်းစုံက ခရီသည်တွေနှင့် နုတ်ဆက်ရင် တက်လာခဲ့ရာမှာ ဘယ်လောက်အချိန်ကြာသည်ကို သတိမထားမိခဲ့ပါဘူး။ မိနစ် ၂၀ လောက်ကြာမည်ထင်ပါသည်။ ဘာဂျာတောင်ပေါ်သို့ ရောက်ခဲ့ကြပါတယ်။ ဝင်ကြေး ရူးပီငါးကျပ်ပေးရပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ရူပီး (၁၀၀)ပေးရသည်ဟု သိရပါတယ်။ တိဗက် ဘုန်းတော်ကြီးမှ ဟိန္ဒီစကားပြောတတ်သောကြောင့်၊ သီတဂူ ရဲသုံးဖော်ကို တြိပူ၊ မဏိပူ က လူများဟု ထင်ရကား ရူပီး (၅) ကျပ်သာ ပေးရတော့သည်။ ဘာဂျာတောင်တွင်လည်း မိုးရွာသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ခဲ့ရပါသည်။ ထူပခေါ် စေတီများ (၁၅)ဆူခန့်် ဖူးတွေခဲ့ရပါသည်။

ထူးခြားသည်မှာ ကာလဂူမှာရော၊ ဘာဂျ ဂူမှာပါ ဗုဒ္ဓရုပ်ပွားတော် အရိပ်အရောင်မျှ မတွေခဲ့ရခြင်းပင်ဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်မရှိသည်သာမဟုတ် ပလ္လင်တော်နေရာများကိုလည်း မတွေ့ရခြင်းပင်ဖြစ်သည်။

(လှိုင်ဂူကြီး စတင်ထွင်းထုသည့် အခါကတည်းက ဗုဒ္ဓရုပ်ပွားတော်များကို မပူဇော်ခဲ့လေသလား၊ သို့မဟုတ် နောင်ခေတ် အခြားအခြားသော ဘာသာဝင်တွေကများ ဖျက်ဆီးပြစ်ခဲ့လေသလား။ သလား သလားနှင့် သလား ပေါင်းများစွာကို စားရေးသူ လေ့လာရပေဦးတော့မည်)။

   ပဋ္ဌာန်းတရာတော်ထက် ကြီးကျယ် မြင့်မြတ်သော တရားမရှိတော့ရကား (၂၄) ပစ္စည်းကို ကျယ်လောင်စွာရွတ်ဆိုပူဇော်ရင်ဖြင့် သက်တော်ထင်းရှား မြတ်ဘုရားနှင့် ဟိုးယခင် ဒိနေရာ ဒိလှိုင်ဂူမှာ သီတင်းသုံးနေထိုင်ခဲ့ကြသော ဆရာတော် သမားတော်များကို ဦးခိုက်ပူဇော်ခဲ့ပါသည်။
 ပြီးတော့ ဓါတ်ပုံရိုတ် မှတ်တမ်းတင်မူများပြုလုပ်ခဲ့ပါသည်။ သီတဂူ ရဲသုံးဖော်တို့ ဘာဂျတောင်မှ ထွက်ချိန်တွင် အိန္ဒိယ စံတော်ချိန် သုံးနာရီထိုးပြီးတည်။
ကျောင်းဆောင်ပြန်ရောက်တော့ လေးနာရီ။

အို ချစ်စွာသော စာရှုသူတို့ အိန္ဒိယပြည် မဟာရဋ္ဌပြည်နယ်တွင်ရှိသော   ဤနေရာ ဤဒေသမှ ဤအဆောက်အဦးတို့မာ သံဝေဇနိယ လေးဌာန ဘုရားဖူးတို့ မရောက်နိုင်သော၊ လက်လှမ်းမမီသေးသော နေရာဖြစ်ပါသည်။ ရှေးဟောင် အိန္ဒိယ ဗိသုကာပညာတို့ကို ကြည့်ရှု လေ့လာ လို့ပါလျှင်၊ အိန္ဒိယပြည်ကြီးဝယ် ထေရဝါဒဂိုဏ်းသား ရဟန်တော်များ ဘယ်လို့ဘယ်ပုံ သီတင်းသုံးနေထိုင်ခဲ့ကြ၊  ပြီးတော့ ဆရာဒကာ လက်တွဲညီစွာဖြင့် သာသနာပြုခဲ့ကြပုံများကို လေ့လာလို့ပါလျှင် ---- ကြွလမ်းခဲ့ပါ အိုသဟာ ဟု--သာ ----------------------


 စေတနာမွန်ဖြင့်
ကိုရင်အာယု (မန်းသီတဂူ)
(ခေတ္တ = ပူဏေးတက္ကသိုလ်)