Showing posts with label ကဗျာကဏ္ဍ. Show all posts
Showing posts with label ကဗျာကဏ္ဍ. Show all posts

Wednesday, June 27, 2012

မြင်ဆဲခဏ သိလိုက်ကြ၊ သိဆဲခဏ၊ ရပ်လိုက်ကြ

၁။
မျက်စေ့က ရုပ်ကိုမြင်၊ ထိုအမြင် မမှား။
ရုပ် ရုပ်ချင်း တွေ့မြင်၊ ထိုအမြင် မမှား။
ရုပ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၂။
မြင်ပြန်တော့ အသိဝင်၊ အသိတွင် သတိထား။
သိတာက စိတ်အစဉ်၊ နာမ် လို့ပင် မှတ်ထား။
နာမ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၃။
မျက်စေ့ရှိလို့ အဆင်းကိုမြင်၊ ရုပ်လိုပင်မှတ်သား။
ရုပ် ရုပ်ချင်း တွေ့မြင် ထိုအမြင် မှတ်သား။
ရုပ်ကိုမြင်.... မြင်မှန်းသိ၊ မြင်သိစိတ်ပွား။

၎။
အဆင်း ကို မြင်လျှင်၊ မြင်ဆဲတွင် ရပ်။
မြင်သိ မှုပေါ်လျှင်၊ ပေါ်ဆဲတွင် ဖြတ်။
မြင်သိချိန် သင်မရပ်၊ ပညတ်တွေ ကပ်။

၅။
ပညတ်တွေ သဏ္ဍာန်လုပ်တော့။
နာမ်ရုပ်တွေ အဖုံဖုံ၊ စွဲမှတ် အာရုံ။
အမျိုးမျိုးရုပ်စုံ၊ ထင်မှတ်ပုံထွေပြား။
အထင်ကို အမှတ်မှားတာ၊ အဝိဇ္ဇာတရား။

၆။
မြင်သိချိန် သင်ရပ်က၊
ထင်မှတ်မှု ပေါ်မလာ၊ ပညတ်မပါ။
ရုပ်သက်သက် နာမ်ခန္ဓာ၊ သင်္ခါရာ မလှည့်။
ပဋိစ္စသမုပ္ပါ၊ အဝိဇ္ဖာမဖွဲ့။
သံသရာ ကျယ်မချဲ့ ပြတ်တော့သည်ကွဲ့။

(ဒိဋ္ဌေဒိဋ္ဌမတ္တံ၊ သုတေသုတမတ္တံ၊ မုတေမုတမတ္တံ၊ ဝိဉာတေ ဝိဉာတမတ္တံနည်းဖြင့် ခန္ဓာဉာဏ်ရောက် အလင်းပေါက်ကြပါစေ။)
                                                                       ကြည်အောင် (ကေတုမတီ)


Monday, June 4, 2012

ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု

ဖြေထောက်မပါ မြွေသတ္တဝါလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ဦးခေါင်းမပါ ပုဇွန်မှာလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ငါ့မှာလက်ခြေ စုံလင်ပေခဲ့ တထွေဦးခေါင်း ပြည့်စုံရှောင်းခဲ့။
အပေါင်းအင်္ဂါစုံလင်ပါသော် လိုရာပန်းတိုင် ငါလှမ်းကိုင် အနိုင်ရဖို့သေချာလှ။
ကြက်တူရွေးပင် စကားသင်ပေး ပြောတတ်သေး၏။
မျောက်ကလေးပင် လူတို့သင်ပေး ကတတ်သေး၏။
ငါးကားလူသား ငါလူသားတည်း လူသားတို့မာန် လုံးလသန်၍ ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တုသော် ဤလူ့ပြည်မှာ မစွမ်းရာ ဘယ်ဟာတွေမှ မရှိကြ။
                                                                               (ယောဆရာတော်)

Thursday, May 31, 2012

မြတ်ဆုတောင်း

ဤသို့ပြုရ
မြတ်ပုညကြေင့်
ဘဝထိုထို နောက်အဟိုဝယ်
ငါကိုယ်ကြောင့်သာ သူတို့မှာလျှင်
နှစ်ဖြာကိုယ်စိတ် တစိတ်စိတ်မျှ
ဆင်းရဲဒုက္ခ မဖြစ်ကြပါစေနှင့်။

သီတဂူ အဓိဌာန်

ငါတို့ဖြစ်ရ ဤလောကဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
ဒို့စွမ်းရာဖြင့် ဒို့သာသနာ
ဒို့ပြည်ရွာကို သာယာစေမှု
လုံးလပြုအံ။။

Monday, May 28, 2012

တို့များသီတဂူ ရေအလှူ

တို့များသီတဂူ ရေအလှူကား၊
လူတွင်အမြတ် နတ်တွင်အမွန်၊
မိုးစွန်ဇာတိ ဗြဟ္မာထိအောင်၊
ပီတိသဉ္ဖနန ဝမ်းမြောက်ရအံ့၊
ဗကအမော် ဗြဟ္မာကျော်အား၊၊
ရှေးသရောဘဝ တခါကလျှင်၊
ဒါနလှူမျိုး ရေအကျိုးကြောင့်၊
ဖြိုးဖြိုးလျှံပ သင်းစံရဟု၊
ဗုဒ္ဓမြတ်စွာ ဟောဖူးပါ၏၊
ပူဆာအာသဝ ကိလေသနှင့်၊
ကမ္မဝိပါက် ဝဋ်သုံးချက်မှ၊
လွတ်ထွက်ကုန်စင် မြိုက်ရေယှဉ်သည်၊
ပူပင်ငြိမ်းပျောက် မည်တကား။

Thursday, March 1, 2012

ဥယျဉ်မူး၏ အတွင်းမနော

သူ၏သတ္တိ သူ့ပီတိနှင့်
သူ၏မေတ္တာ စေတနာကား
စိမ်းပြာစမ်းအိုင် ပန်းမြိုင်လယ်ထည်း
အမြဲလမ်းလျှောက် ကွေ့ကောက်သစ်ပင်
သူတွေ့မြင်သော်
မြင်လျင်မြင်ချင်း ဖြောင့်အောင်ရှင်း၏
နှင်းဆီရန်သူ ဒို့ရန်သူဟု
ရန်သူပိုးမွှား သူဖယ်ရှား၏
ပေါက်ပြားကိုင်ကာ မြေဆွကာဖြင့်
ရေလာဖို့တွေး မြောင်သွယ်ပေး၏
လေးမြတ်ချစ်ခင် နှင်းဆီပင်ကို
အစဉ်ယုယ အလှပြုပြင်
ပေါင်းမြက်သင်၏။

အလှပြုပြင်-----
ပေါင်းမြက်သင်သော်
မြပင်စိမ်းစို နှင်းဆီပျိုမှ
ပင်ပျိုမွှေးကြိုင် နှင်းဆီခိုင်တို့
အပြိုင်အဆိုင် ဖူးပွင့်လှိုင်၏
တစ်ခိုင်နှစ်ခိုင် အလှပြိုင်၏
နှစ်ခိုင်သုံးခိုင် သင်ပျံကြိုင်၏
မြိုင်မြိုင်ဆိုင်ဆိုင် ယိမ်းကပြိုင်၏

ပြိုင်လာသူရုံး----
မျက်လုံးမျက်ဖန် ပြုံးစဟန်နှင့်
ကိုယ်ဟန်ကျော့ရှင်း လှယမင်းသို့
သင်းပျံ့ပွင့်ဆန်း နှင်းဆီပန်းကို
မနှမ်းရက်ဟန် မပန်ရက်ပဲ
အမြဲကြည့်ကာ နေချင်ပါသည်
ရင်မှာ ပီတိ လှိုင်းယာဉ်အိ။

ကြည့်နေစဉ်မှာ ရောင်နီလာ၍
ကြင်နာညင်သာ ချိုသံသာနှင့်
မြှောက်ကာ ပင့်ကာ ချော့မောကာနှင့်
ပျော့ကာယိမ်းယိုင် နှင်းဆီခိုင်ကို
ပိုင်နိုင်အနှမ်း သူ့လက်စွမ်းကြောင့်
နွမ်းမှာ ညိုးမှာ စိုးမိပါသည်
မေတ္တာပို့မိ သောကဖိ။။
အရှင်ဓမ္မဝိလာသ
ဂန္ဓာရုံ ဘုံကျော်ဆရာတော်။

Monday, February 27, 2012

ယဉ်ယဉ်ကျေးကျေး ကိုရင်လေး

ကိုရင်ငယ်လေး ကြည်ညိုဖွယ်
ယဉ်ယဉ်ကျေးကျေး နေတတ်တယ်။
မြတ်ကျောင်းတော်ဝယ် သူပျော်ပါး
စာပေတတ်ဖို့ သူကြိုးစား။

ဆရာ့စကား နားထောင်ကာ
ဝတ္တရားလဲ ကျေပွန်တာ
ငယ်ရွယ်စဉ်ခါ လိမ္မာတော့
အသက်ကြီးလဲ လိမ္မာပေါ့။

ကျော့ကျော့မော့မော့ မနေအောင်
ဆရာတော်က လမ်းပြဆောင်
သာသနာ့ထိပ်ခေါင် ဇာနည်သွေး
နောင်တခေတ်မှာ ဖြစ်မည်လေး
ကိုရင်ငယ်လေး ကိုရင်လေး။။
                          အရှင်ဣန္ဒာစာရ (ကျားမင်းကြီး)
                         ကဗျာရှင်ကို ဦးတင်လျက် ကိုရင်အာယု(မန်းသီတဂူ)

သာသနာအခြေပြု

ကလေးအရွယ် လိမ္မာနှင့်ပါမှ
ကြီးရင့်က လိမ္မာမည်။
မလိမ္မာ ပြည်ထောင်စုကြလျှင်
ကောင်းမူမတည်။
ကလေးတို့နေပြည်
တည်စေဖို့စိတ်ထား
နံနက်မင်္ဂလာနှင့် နေ့မကွာညဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသား။။
                               တောင်မြို့ဆရာတော်

လမ်းပြလှည့်ပါ။

ဘဝမြူနှင့် စိတ်သလာ
သောကမှောင် ကန္တာရ
လမ်းပြလှည့်ပါ။
အမုန်းတဲ့ သံသရာ
ညတာက ရှည်နိုင်လွန်း။
ငိုစဉ် ကြိုက်မှာမှ
မြင်လိုက်ကယ် မေတ္တာပွင့်ရယ်
မိုးမြင့်ခေါင်စွန်း။။။။
                                    ဆရာဘုန်းနိုင်

စိန်ပန်းပြာနှင့်တူသော မိန်းကလေး

အသွင်လှပေမဲ့
မင်းဘဝ စိန်ပန်းပြာ
သုံးခွမာယာ။
အပွင့်က ကြောင်လျှာ
ရွက်လွှာက စိန်ပန်း။
အသီး ရွှေပိတောက်ရယ်မို့
ယုံလောက်ဖွယ် ဘာကို ကိုးရမယ်
ရိုးပုံနဲ့ဆန်း။။။။။။။။
                                 ဆရာဘုန်းနိုင်

Sunday, February 26, 2012

သစ္စာ

ငါစာဖတ်၍ မမြတ်တိုင်စေ
 မရှုံးစေသား ပျင်းပြေနှစ်ခြိုက်
 တွေးဖွယ်ထိုက်ရာ တစ်ပိုဒ်တစ်လေ
 တွေ့ငြားပေမူ စာပေကျေးကျွန်
 ငါဝတ်ပွန်ပြီ ငါမွန်အမြတ်
ငါအတတ်ဟု စာဖတ်သူ့ပေါ်
 ခေါင်းကိုကျော်၍ ငါသော်ဆရာ
 မလုပ်ပါတည်း ။   ။
                                 ဆရာဘုန်းနိုင်

Saturday, February 25, 2012

မျိုးဆက်သစ်သို့မှာတမ်း

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးဝယ်နှိပ်ခတ် တံဆိပ်မှတ်က
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ် စေသတည်း။။
                           ဘာသာဋီကာ ဆရာတော်

Tuesday, January 31, 2012

မယ်ပြောသည့်ရေး မယုံသေးလျင်

မယ်ပြောသည့်ရေး မယုံသေးလျင်
ကိုယ်မွေးဘူးမှ ငါ့မိဘတို့
ငါလိုသည်နှယ် ချစ်ရှာတယ်ဟု
မယ်မရှိမှ သားရွှေလှတို့
နောင်တနောင်ခါ ရှိရှာရစ်မည်
စိုးလှသည်ကြောင့် လှည့်လည်မြန်မြန်
မယ်တို့ထံသို့ ပြန်လာပါကြောင်း
မယ်ဆုတောင်း၏။။
                  (ကျည်းကန်ရှင်ကြီး)

Sunday, January 29, 2012

အလှသစ္စာ
၁။ ရောင်စုံလန်းဆန်း ရနံ့လွမ်းသည့် 
ပန်းကလေးတွေ အလှဝေလည်း 
မကြွေးကျခင် အလှဆင်သည် 
တဒင်္ဂအလှ သူ့ဘဝ။

၂။ တောတွေ တောင်တွေ အလှဝေလည်း
နွေမရောက်ခင် အလှဆင်သည် 
တဒင်္ဂအလှ သူ့ဘဝ။

၃။ အသားရွှေဝါ ပါးနီတျာနှင့်
နှာတံမျက်လုံး ရှုမဆုံးအောင်
ကော့မျက်တောင်နှင့် နက်မှောင်ဆံပင်
မြင်သူတိုင်းငေး နုယျဉ်ကျေး၍ 
နတ်ဆေးပန်းချီ ရေးမမီသို့ 
စုံညီလှရှာ ထိုသူမှာလည်း 
ဇရာမရောက်ခင် အလှဆင်သည် 
တဒင်္ဂအလှ သူ့ဘဝ။

၃။ စိတ်ထားကောင်းခြင်း ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ ဤသုံးလီးကား 
အခြားအလှ ယှဉ်မရ၍ 
ဘဝနှောက်နောင် ကာလခေါင်ထိ
အရောင်ထွက်ဆဲ လှနေမြဲမို့ 
အမြဲထာဝရ လှမြဲလှသည် 
အလှသစ္စာ တရားပါတကား။
                                 (ပဋ္ဌာန်း အလင်းရောင်းဆရာတော်)
ဆရာတော်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်။ SSA

Saturday, January 28, 2012

ဒါပေမယ့်
အမြင်တွေစို နားဝင်ချိုပေမယ့်
ဟန်ဆောင်အပြုံး စကားလုံးတွေကြောင့်
လောကကြီးကို ငါကြောက်နေမိတယ်
သိလျှက်နဲ့ ခရီးဆက် ထိချက်ကယ် နာတော့မှာလား
လောကကြီးက သင်ပေးလို့ အနု အကြမ်း အချစ် အမုန်း 
အပြုံး အငို လိုသလို ငါလည်း သုံးတတ်လိမ့်မယ်ထင်တယ်၊
ဒါပေမယ့်။။
သလွန်မြေသား (SIBA Sagaing003007)

Tuesday, January 24, 2012

အဖေ-----သို့----- တမ်းခြင်း



အတင်းသာ ဖက်မငြင်းနိုင်လို့
 မင်း မရဏာ လက်အတွင်းကိုဖြင့်
သက်ဆင်းရှာပေါ့ တို့ဖခင်
သြော်  ဖြေမတင်းနိုင်ဘူး
ကွေကွင်းကာ သွေဖယ်သူကြောင့်
နေဆယ်ဆူ ဘယ်မကပါဘူး
ပြင်းပြပူလောင်

ပြန့်ပြောကျယ် ဖေ့ကျေးဇူး
ဇမ္ဗူဘွေမှာ တုမနှိုင်းသာဘိ
တို.မိသားစုရဲ. မဟာအသရေဆောင်
ခွါသေရှောင်တာ အလွန်စော
အမိနှင့်သ္မီးတို့
ရင်ပင့်ကာ တဆူဆူနဲ့
သူတမှု ငါတစ်နည်းသာပ
သူ့ဂုဏ်ကို စုအုံလို့
လက်အုပ်ချီ ကြရာမှ
ချုပ်တည်းကာ မျက်ရည်သုတ်ကာပါ့
တမုဟုတ် ခဏအတွင်း
ယခုလို မရဏာလျော့ရတာကြောင့်
သ္မိးတို.ရင်မာ စုတ်တသပ်သပ်နှင့်
ဖေ့----ကိုသာ
သြော်--- နှမြောလို့မဆုံး။။
                                   ဗန်းမော်သူ (SBA-Mandalay-00118)

Sunday, January 22, 2012

အမေ သို့မဟုတ် ထာဝရ အလင်းရောင်



<p>ထာဝရ ရဲ. မေတ္တာရှင်
မျှော်လင့်ချက်မရှိတဲ့ ပေးဆပ်ခြင်း
လူ့လောက အတွင်း
အမေ ဖန်ဆင်း မွေးဖွားခဲ့
ဆိုးမိုက်ပေတေ လေ ပွေလိုသ္မီး
အများရဲ. နှလုံးသား 
ချစ်ခြင်းတရားကိုဖက်ပွေ့
အမေ့အပြုံး တွေ ပင်လယ်ဝေ
ခွင့်လွတ်ခြင်း နယ်မြေမှာ အမေဟာ စံပြ
ဘယ်ဟာက ဘယ်လို
နောင်တကို အချိုသပ်
မမုန်းတတ်အောင် အမေသင်
ရင်ခွင်နွေးမှာ ထွေးကာသိပ်
အမေ့ အရိပ်သာ အေးမြ
စမ်းလတဲ့ ကျောက်စက်ရေ အရှုံးပေး
အမေ့ရဲ. ကျေးဇူး မြင့်မိုရ်ဦး
သ္မီးနေစဉ် ဦးတင် ကျေးဇူးတွေတင်ရင်
လိမ္မာခြင်း ခရီးနှင့် 
ဘဝရထားပေါ် တက်စီး
လောကကြီးနှင့် ယဉ်းပါး
အမှားမရှိ ထားသတိ
အသိနဲ့ ကျေးဇူး
နဖူးမှာ လက်စုံမိုး
သ္မီး ရှိခိုးကန်တော့လိုက်ပါတယ် ------ အမေ--။။ 
                                                      ချယ်ရီ-(မိုင်းလုံ) (SBA-Mandalay-00114)</p>
-----------------------------------------------------------------------------------------------------






<p>ဖြစ်ချင်းတိုင်းမဖြစ်တဲ့ ၊

 အနတ္တလောကမှာ၊

ဒို့ညီအစ်ကိုတွေ၊

လုပ်ချင်တာ တွေတော့ လုပ်လိုက်ကြစို့လား!

သူသူငါ မနစ်နာဘဲ၊ 

တူညီစွာ အကျိုးပွားရင်ပေါ့။။


လူတကာ ကမ္ဘာပတ်နေပြီး

ဒို.တစ်တွေ မြန်မာလောက်တော့နှံ့ရမယ်။

သို့မဟုတ်က

ကျွဲ ခြေရာခွက်ထည်း က 

ဖား ငကြွား 

ငါတို့တွေ ဖြစ်သွားမယ်။။                
ကိုရင်အာယု(မန်းသီတဂူ) ၀၉.၁၁.၂၀၁၁                                                                                              
(အင်းလေးခရီးသွားအမှတ်တရ)</p>