Sunday, July 8, 2012

နောက်ကွယ်မှာ သမိုင်း တွေအများကြီး


ရန်ကုန်တက္ကသိုလ် တည်ထောင်စက စိုက်ခဲ့တဲ့ သစ်ပုတ်ပင်ကြီးနှင့် မန္တလေးကုသိုလ်တော် ဘုရားထဲမှ မင်းတုန်းမင်းကြီးစိုက်ခဲ့သော ခရေပင်ကြီး နှစ်ပေါင်း (၁၂၀) ကျော်ရှိပြီးဟု သိရပါသည်။
 

ကိုရင်အာယု ငယ်ငယ်တုန်းက ဘကြီးဘုန်းကြီးက ပြောဘူးပါတယ်။
 ရန်ကုန်နှင့် မန္တလေးမှာ အဲဒီသစ်ပင်ကြီးတွေရှိတယ်တဲ့၊
အဲဒီသစ်ပင်ကြီးတွေသာ စကားပြောနိုင်ရင် ကိုရင်ကိုပြောပြကြလိမ့်မယ်။
 အဲဒီအပင်ကြီးတွေအောက်မှာ သမိုင်းအပြောင်းအလဲတွေ အများကြီး
ယဉ်ကျေးမူတွေလည်းအများကြီးပဲ ၊
စာပေဂီတတွေလည်း အများကြီး အဲဒီအပင်ကြီးတွေအောက်စီးဆင်းခဲ့တယ်တဲ့။
ဘယ်လို သမိုင်းတွေ စီးဆင်းခဲ့တယ်၊
 ဘယ်လိုစာပေတွေ ဖြစ်ပေါ်ခဲ့တယ်၊
ဘယ်လိုယျဉ်ကျေးမှုတွေ၊
ဘယ်လို ဂီတ အနုပညာတွေ စီဆင်းခဲ့တယ် ဆိုတာ ဘကြီး ဘုန်းကြီးက မပြောခဲ့ဘူး။

ယခုသိချင်လာတယ်
သွားမေးတယ်
သစ်ပုတ်ပင်ကြီးက ဘာမှမပြောဘူး

ဒါပေမဲ့ "သိချင်ရင် ကိုယ်ဘာသာကြိုးစားပါ တဲ့"
မပြောသော်လည်း ပြောသကဲ့သို့
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဘဲ။

ဟုတ်တယ်ဗျ
မှန်ကန်တဲ့ သူတွေဟာ အမြဲတမ်း အေးချမ်းတည်ကြည်ကြတယ်။
သစ်ပုတ်ပင်ကြီးလည်း မှန်ကန်တဲ့သူဘဲလေ တည်ကြည်မာပေါ့။


မှတ်ချက်  = ရန်ကုန်သက္ကသိုလ်ထဲမှာ ကျင်လည်ခဲ့သူ အရှင်မာနိတ (ကျစွာ)၏ ကူညီမှုဖြင့် အရှင်ဝိမလ (ဟံသာဝတီ) အရှင်မုနိန္ဒ (အာယုဒါန) တို့နှင့် အဓိပတိလမ်းပေါ်ခြေချခဲ့စဉ်က အမှတ်တရ ယောင်ခြောက်ဆယ်ပြောကြသည်ကို မှတ်တမ်းတင်ပါသည်။
                                                                           ကိုရင်အာယု (မန်းသီတဂူ)







သီတဂူဆရာတော်ကြီး၏ ပဉ္စမမြောက် စီမံကိန်း


သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ကြီး၏ ငါးခုမြောက်စီမံကိန်းဖြစ်သော သီတဂူ ဝိပဿနာ အကယ်ဒမီ ကို တောင်ဖီလာစေတီအနီး မင်းဝံတောင်နှင့် စစ်ကိုင်းတောင်းကြားတွင် တည်ဆောက်မည်ဖြစ်ပါသည်။
အထက်ပါပုံတို့မာ သီတဂူ ဝိပဿနာအကယ်ဒမီ တည်ဆောက်မည် မြေနေရာဖြစ်ပါသည်။ အဝေးတွင် တောင်ဖီလာ စေတီတော်ကို ဖူးမျော်ကြည်ညိုနိုင်ပါသည်။
                                                                           ကိုရင်အာယု (မန်းသီတဂူ)

သီတဂူဆရာတော်၏ (၇၅) နှစ် အလှူတော်ပစ္စည်းများ


Saturday, July 7, 2012

ဘာသာအယူဝါဒ စစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
 ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံဉာဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ၊
၁။ တစ်ဆင့်ကြားသိ
၂။ မိရိုးဖလာ
၃။ ကောလာဟလ
၎။ ကျမ်းစာမျှနှင့်
၅။၆။ ကြံဆ နည်းမှီ
၇။ ဆီလျော်သုံးသပ်
၈။ ယူချင်းထပ်၍
၉။ ယုံအပ်သူပဲ
၁၀။ ဆရာစွဲဖြင့် လွှဲပုံစိတ်ချ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ ၊ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလမ၊ ဟောညွန်ပြ၊ ဝါဒအယူ၊ စစ်တမ်းပေ။
                                   (တောင်မြို့ဆရာတော်)

Friday, July 6, 2012

မန်း သီတဂူ ကျောင်းဖွင့်ပွဲပုံရိပ်များ


                                                                         ဓါတ်ပုံ ကိုရင်အာယု (မန်းသီတဂူ)