Wednesday, June 27, 2012

မြင်ဆဲခဏ သိလိုက်ကြ၊ သိဆဲခဏ၊ ရပ်လိုက်ကြ

၁။
မျက်စေ့က ရုပ်ကိုမြင်၊ ထိုအမြင် မမှား။
ရုပ် ရုပ်ချင်း တွေ့မြင်၊ ထိုအမြင် မမှား။
ရုပ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၂။
မြင်ပြန်တော့ အသိဝင်၊ အသိတွင် သတိထား။
သိတာက စိတ်အစဉ်၊ နာမ် လို့ပင် မှတ်ထား။
နာမ် ဆိုတာ တကယ်မှတ်၊ ပရမတ္ထတရား။

၃။
မျက်စေ့ရှိလို့ အဆင်းကိုမြင်၊ ရုပ်လိုပင်မှတ်သား။
ရုပ် ရုပ်ချင်း တွေ့မြင် ထိုအမြင် မှတ်သား။
ရုပ်ကိုမြင်.... မြင်မှန်းသိ၊ မြင်သိစိတ်ပွား။

၎။
အဆင်း ကို မြင်လျှင်၊ မြင်ဆဲတွင် ရပ်။
မြင်သိ မှုပေါ်လျှင်၊ ပေါ်ဆဲတွင် ဖြတ်။
မြင်သိချိန် သင်မရပ်၊ ပညတ်တွေ ကပ်။

၅။
ပညတ်တွေ သဏ္ဍာန်လုပ်တော့။
နာမ်ရုပ်တွေ အဖုံဖုံ၊ စွဲမှတ် အာရုံ။
အမျိုးမျိုးရုပ်စုံ၊ ထင်မှတ်ပုံထွေပြား။
အထင်ကို အမှတ်မှားတာ၊ အဝိဇ္ဇာတရား။

၆။
မြင်သိချိန် သင်ရပ်က၊
ထင်မှတ်မှု ပေါ်မလာ၊ ပညတ်မပါ။
ရုပ်သက်သက် နာမ်ခန္ဓာ၊ သင်္ခါရာ မလှည့်။
ပဋိစ္စသမုပ္ပါ၊ အဝိဇ္ဖာမဖွဲ့။
သံသရာ ကျယ်မချဲ့ ပြတ်တော့သည်ကွဲ့။

(ဒိဋ္ဌေဒိဋ္ဌမတ္တံ၊ သုတေသုတမတ္တံ၊ မုတေမုတမတ္တံ၊ ဝိဉာတေ ဝိဉာတမတ္တံနည်းဖြင့် ခန္ဓာဉာဏ်ရောက် အလင်းပေါက်ကြပါစေ။)
                                                                       ကြည်အောင် (ကေတုမတီ)


No comments:

Post a Comment