Saturday, June 1, 2013

သို့ _ _ အကျဉ်စံ နှလုံးသားမှသည် --

ဤလောက၌
အချစ်အမျိုးမျိုးရှိသည့်အနက်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဒေသကို
ချစ်သော အချစ်ထက်
မြတ်သောအချစ် မရှိ။
------------------------
ယနေ့ ၀၈၊ ၀၅၊ ၂၀၁၃၊
=============
မြန်မာလူမျိုး မြန်မာနိုင်ငံသားတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်း၏ အကျဉ်းစံအိမ်ရှိရာ ရတနာဂီရိမြို့လေးသို့ စာရေးဆရာ မောင်ကောင်းမွန် (အရှင်ကုသလ သီတဂူ) အရှင်ဝိဝေက (သီတဂူ) တို့၏ ဦးဆောင်မှုဖြင့် ရောက်ရှိခဲ့သည်။ နောက်လိုက်များအဖြစ် အရှင်သီလာစာရ ဝါ ချွတ်တား ဂုရု (သီတဂူ) အရှင်စန္ဒိမာ (သီတဂူ) နှင့် မှတ်တမ်းတင် ကိုရင်အာယု (သီတဂူ) တို့ဖြစ်သည်။

ဟိုးရခင်က စာရေးဆရာ အေးသိန်း၊ (သင်္ဘောသား) ၏ (ရတနာဂီရိမှ သီပေါမင်းအမှတ်တရ) စာအုပ်ကို ဖတ်ဖူးသည်။ ဆရာအေးသိန်းသည် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်၊ ငွေးကြေးပေါင်းများစွာ အကုန်ခံကာ၊ ဘုံဘေသို့ သင်္ဘောဆိုက်ခိုက် ခဏလေးမှာ ရတနာဂီရိသို့ အရောက်သွားခဲ့သူဖြစ်သည်။ သူဘာကြောင့် သွားခဲ့ပါသနည်း?
ကျွန်ုပ်တို့ကကော ဘာကြောင့် မသွားသင့်သနည်း?

မျိုးချစ်စိတ်၏ သဘော သဘာဝကို ကျွန်ုပ် ကောင်းစွာ စာမဖွဲ့တတ်ပါ။ သို့သော် ကျွန်ုပ်၏ ခပ်ညံ့ညံ့ မျိုးချစ်စိတ်ဓါတ်ကို တင်ပြလို့ပါသည်။ (((ကိုယ့်ဘုရင်-- ကိုယ့်အရှင်ကို-- မျော်မှန်း---ရည်-- ယနေ့တိုင် --မမေ့နိုင်ပါတော့သည်-- ))))
ခေတ်ဟောင်း အဆိုတော် အမျိုးသမီးကြီးတစ်ယောက် ဆိုခဲ့ဘူးသော သီချင်းကို နားထောင်းခဲ့၊ ခံစားခဲ့၊ ကြားခဲ့ဘူးသည်၊ ဘာကို လွမ်းသည်မသိ လွမ်းခဲ့ဘူးသည်၊ ((( တိုက်ပွဲခေါ်သံ))) ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ခဲ့ဘူးသည်၊ ဘယ်သူကို သနားမိသည်မသိ ကရုဏာရသတို့ စီးဆင်းခဲ့ဘူးသည်။ ဒါကိုပင် မျိုးချစ်စိတ်လို ဆိုထိုက်ပါမည်လော?

ရတနာဂီရိသို့ သွားရခြင်း၏ ရယ်ရွယ်ချက်ကား- သီပေါမင်းကြီးနှင့် မိသားတစ်စုအား အမျှအတန်းပေးဝေရန်၊ ပြီးတော့ သူနေထိုင်သွားခဲ့သော နောက်ဆုံးစံအိပ်ကြီးကို လေ့လာရန်ပင်ဖြစ်သည်။ စာဖတ်သူများ အနေဖြင့် "သီပေါမင်း မိန်းမကြောက်လို့ ၊ management ညံ့လို့သာ၊ ငါတို့ပြည် သူကျွန်ဘဝရောက်ခဲ့ရသည်ဟု" သီပေါမင်းကြီးအား အပြစ်မြင်လို့က မြင်နိုင်ပါသည်၊ ကျွန်ုပ်နှင့် အမြင်မတူ သဘောထားကွဲလွဲလို့က ဖြောင့်ဖြောင့်ကြီးကွဲလွဲနိုင်ပါသည်။ ကျွန်ုပ်အဖို့မှာမူ (((မမှားသော ရှေနေ၊ မသေသော ဆေးသမား၊ နန်းမကျသော ဘုရင်၊ နေမဝင်သော အင်ပါယာ) အချိန်တန်သောကြောင့် ဆေးသမား သားသေခဲ့ရသည်ဟု တွေးမိတော့သည်။ "သဗ္ဗေသင်္ခါရာ အနိစ္စာ" ကျမ်းဂန်ပါဠိ ဘုရားဟောရှိခဲ့သည်ပဲလေ၊ နေမင်းကြီးသော်မှ ညနေချိန်ရောက် ချုပ်ကွယ်ပျောက်ခဲ့ရသည်ပဲ၊

သီပေါမင်းကြီးသည် ရတနာဂီရိဝယ် နေထိုင်စဉ်ကာလက "အကျဉ်ခံ နန်းကျဘုရင်တစ်ပါး၏ ခံစားချက်ထက်၊ ရဟန်းသံဃာတော်တို့အား မဖူးမျော်ရခြင်း၊ လည်းကောင်း အရှင်မြတ်များထံမှ မြတ်ဗုဒ္ဓ၏ တရားတော်များကို မနာယူရခြင်း စသည့် ရတနာသုံးပါးနှင့် ကင်းဝေးနေထိုင်ရသော (ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော= မိမိချစ်ခင်မြတ်နိုး တန်းဖိုးထားသူတို့နှင့် ကွေ့ကွင်းရခြင်းကြောင့်ဖြစ်သော ဆင်းရဲမူ ) ခံစားချက်တို့က သူ၏ နှလုံးသားကို ပိုပြီး ပူလောင်စေလိမ့်မည်" ဟု ကျွန်ုပ်ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုပါမူ မင်းကြီးသည် ရတနာဂီရိဝယ် ကျောင်းတော်ကြီးတစ်ခုကို ဆောက်လုပ်ပြီး မြန်မာပြည်မှ ရဟန်းသံဃာတို့အား ပင့်ဆောင် သီတင်းသုံးစေရန် ရည်ရွယ်ခဲ့ဘူးသည်ဟူ၏။ သို့သော် မအောင်မြင်ခဲ့ပေ၊ "ဗုဒ္ဓဆာယာဝ သီတလံ" မောင်လွင် (မင်းကြီး၏ ငယ်နာမည်) ငယ်စဉ်က လောကနီတိကို အာဂုံကျက်ခဲ့ဘူးသည်၊ """"သစ်ပင်အရိပ်ဟာ အေးမြတယ်၊ ထို့ထက် ဆွေမျိုးသားချင်း၊ ထို့ထက် မိဘ၊ ထို့ထက် ဆရာသ္မား၊ ထို့ထက် ဗုဒ္ဓဆာယာ""" မင်းကြီး၏စိတ်အစဉ်ကို ကျွနုပ်တို့ မှန်းဆနိုင်ပေသည်။
မင်းကြီးသည် တိုင်းပြည်နှင့် လူမျိုးကို မချစ်လို့မဟုတ် ချစ်ပါ၏၊ သို့သော် --- အားမတန်လို့ မှန်လျှောခဲ့ရသည်၊

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ တတိယ မြန်မာ့အင်ပါယာကြီး၊ ခမည်းတော် ဘဝရှင်မင်းတုန်းမင်းကြီး ငါးကြိမ်မြောက် ဗုဒ္ဓစကားတော်များကို ကျောက်ထက်အက္ခရာတင် သမိုင်းဝင်ခဲ့တဲ့ သာသနာ့ နိုင်နိုင်ငံတော်ကြီး သူလက်ထက်ကျမှ ပြိုကွဲ၊ မိစ္ဆာတို့၏ လက်အောက် ရောက်ရမည်အရေး မရှက်ခဲ့သည်မဟုတ်၊ ရှက်ခဲ့ရှာပေမပေါ့၊ အချိန်တန်လို့ အိမ်ပြန်ခဲ့ရသည်ပဲလေ။

လည်းကောင်း ရတနာဂီရိမြို့သည် ကျုပ်နုပ်တို့ နေထိုင်သီတင်းသုံးရာ ပူနေးတောရမှ ခြောက်နာရီကျော်ကျော်လောက် ကားဖြင့် သွားရသော ခရီးတစ်ခုဖြစ်သည်။ (မိုင်အားဖြင့် ဘယ်မျှ ဝေးသည်ကို အတိအကျမသိပါ၊ သူတို့ပြောပြောနေသော ကီလိုမီတာဆိုတာကြီးကိုလည်း ယခုတထိ နားမလည်းသေး၊ ကျုပ်၏ အားနည်းချက်ပေါင်းများစွာမှ တစ်ခုပင်ဖြစ်တော့သည်) မနက် ငါးနာရီ ဆယ့်ငါးမိနစ်က စထွက်ခဲ့ကြရာ၊ နေလယ် ဆယ့်တစ်နာရီ ထိုးချိန်ဝယ် သီပေါစံအိပ်သို့ ရောက်ရှိခဲ့ကြသည်။
မြနန်းစံကျော် ရွှေနန်းတော်ကြီးလောက် မကြီးကျယ် မခမ်းနားသော်လည်း၊ စော်ဘွားတို့၏ ဟောနန်းတစ်ခုလောက်တော့ ကြီးကျယ်သည်ဟု ဆိုချင်ပါသည်။ (ကြီးကျယ်သည်ဟု ဆိုခြင်းကား ခြံဝင်ကျယ်၊ အိမ် အဆောက်အဦး ကြီးမားခြင်းကို ဆိုလိုပါသည်၊ အတွင်းအသုံးအဆောင်များကိုမဆိုလိုပါ၊ လည်းကောင်းတို့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မတွေ့ရတော့ပေ၊ ခမ်းနားကောင်း ခမ်းနားနိုင်ပေသည်) လည်းကောင်းစံအိမ်ကြီးသည် သာယာလှပ်သော ပင်လယ်ကမ်းခြေ ပေါ်တွင်တည်ရှိသည်၊ လေကောင်း လေသန့် တို့ကို တဝကြီး စာသုံးနိုင်သည်၊ ပူနေးတောရလို့ လူဦးရေးထူထပ် မွန်းကျပ်ကျပ်နေရာမှ လာရသောကြောင့် ဒီနေရာလေးကို လွန်စွာမှ သဘောကျမိတော့သည်။ ယခုအခါ လည်းကောင်းစံအိမ်ကြီးကို အိန္ဒိယ ရှေးဟောင်းသုတေသန ပြတိုက်တစ်ခုအဖြစ် ပြုလုပ်ထားသည်၊ စံအိမ်ကြီးသည် နှစ်ဆောင်ပြိုင် ဆောက်လုပ်ထားသော အဆောက်အဥိးကြီးဖြစ်သည်။ တစ်ဆောင်နှင့် တစ်ဆောင်ကို (နှစ်ထပ်) နတ်လမ်းကြီးနှစ်ခုဖြင့် ချိတ်ဆက်ထားသည်။ နောက်ဘက် ခြံဝင်းဒေါင့်တွင့် ထမင်းချက်ဆောင် (စားဖိုးဆောင်) ခေါ်လေမလား၊ အလုပ်သမား တန်းလျာ ခေါ်လေမလား၊ အဆောင်အဦး ရှည်မျှောမျှောနှစ်ခုလည်း ရှိလေသည်။

နှစ်ဆောင်ပြိုင်အဆောင်းကြီးမှ အနောက်ဘက်အဆောင်ကို စတင်လေ့လာခဲ့သည်၊ အောက်ထပ် နှစ်ခန်းဝယ် အိန္ဒိယ ရှေးဟောင်း ဂဝံကျောက်ရုပ်တု အမျိုးမျိုး (အမျိုးအစား ၂၀ မျှ) ကို ပြသထားသည်။ အခြားတစ်ခန်းမှာ သူတို့၏ ရုံးခန်းအဖြစ် အသုံးပြုထားသည်ကို တွေခဲ့ရသည်။ အပေါ်ထပ်သို့ ကျွန်းသားလှေခါး လိမ်ကောက်ကောက် နှစ်ခုဖြင့် ခန်းနားထည်ဝါစွာ တပ်ဆင်ထားသည်၊ အခန်းကြီး သုံးခန်းရှိပြီး၊ အလယ်ခန်းဝယ် သီပေါမင်းကြီး၏ ဘုရားခန်းဖြစ်မည်ဟု ယူဆရသော အခန်း၌၊ သီပေါမင်း မင်းသားဘဝက၊ စစ်သူကြီးဝတ်စုံဖြင့် ဓါးရှည်ကိုင်ကာ၊ ထိုင်ခုံတွင်ထိုင်းပြီး၊ ဝင့်ကြွားခဲ့ဟန် ပန်ချီပုံကို ချိတ်ဆွဲထားသည်၊ ဘေးတစ်ချက်တွင့် သူ၏ မိဘုရားတို့ပုံများ၊ သူ၏ အချစ်တော့ အဖွားတုတု၏ ဓါတ်ပုံတစ်ပုံ၊ ကြမ်းပြင်တွင် မင်းကြီးထိုင်ခဲ့ဟန် ရှိသော သစ်သား ကတီပါခင်း ထိုင်းခုန်လိုလို ညောင်စောင်းလိုလို (ထိုင်ခုံဟုပြောရအောင်ကလည်း အလျားရှည်၏၊ ညောင်းစောင်ဟု ပြောရအောင်ကလည်း ခြေတန်ရှည်နေပြန်၏) ခုံးနှစ်ခု၊ ကုလားထိုင် ကတီပါခင်း (တစ်ယောက်ထိုင်) တစ်ခု ရှိနေသည်။ ဓါတ်ပုံ ရိုက်ခွင့်မရှိပါ (သို့သော် ဝါသနာကို တားမရသောကြောင့် တစ်ပုံတော့ ခိုးရိုက်ခဲ့သေးသည်)
ဘယ်ဘက်အခန်းဝယ်၊ ဟိန္ဒူလူမျိုးများ ကိုးကွယ်သော ဂင်းနစ်ခေါ် (ဆင်ဦးခေါင်းနှင့်လူ နတ်ဘုရားရုပ်) ဆွာရသတီခေါ် (လက်ချောင်းများသော နတ်မိဘုရား) စသော ရှေးဟောင်းအရုပ်များနှင့် ရှေးဟောင်း ကြေးအိုး မြေအိုးကြီးများကို ဘေးပတ်ပတ်လယ်တွင် ပြသထားသည်။ အလယ်တည့်တည်တွင်မူ ရေမြွေတစ်ကောင် အုပ်မိုးထားသော ရှီုဝလိင်္ဂ ကြီးက အခန့်သား နေရာယူထားလေသည်။
ညာဘက်အခန်းတွင်မူ သီပေါမင်းနှင့် သမီးတော်တို့၏ အုပ်ဂူဓါတ်ပုံများ အခြား ကျွနုပ်နားမလည်းသော ရတနာဂီရိမှ အထင်ကရ နေရာ အဆောက်အဦး ဓါတ်ပုံတို့ကို ပြသထားလေသည်။


ယခင် အပါတ်က သီပေါမင်းနန်းတော်၏ ပထမပိုင်းနှင့် ဂူသင်းချိုင်းတို့ အကြောင်းကို တွေမြင်ခဲ့ရသည်အတိုင်းရေးခဲ့ပါပြီး၊ ယခု ကျန်ရှိနေသေးသော အစိတ်အပိုင်းတို့ကို ရေးပါဦးမည်။ မင်းကြီး၏ အကျဉ်းစံ နန်တော်ဝယ် အဆောင်ကြီးနှစ်ခု တွဲထားပါသည်။ ယခု မြင်ရသော ပုံမှာ အရှေ.ဆောင်ဖြစ်ပါသည်။ သေခြာကြည့်ပါက အနောက်ဆောင်၏ အစိတ်အပိုင်းတစ်ခုကို ပထမပုံ၏ ဘယ်ဘက်တွင် တွေ့မြင်နိုင်ပါသည်။ ယခု ရှေတည့်တည့် အဆောင်အကြောင်းကိုပြောပါမည်။ တကယ်တမ်းမှာ သည်အဆောင်ကြီးကို သော့ခတ် တံခါးပိတ်ထားပါသည်၊ ပြတိုက်အဖြစ် အသုံးမပြုသေးပါ။ လုံးခြုံရေး တာဝန်ခံများမှ ပူနေးတောရ ဆရာတော်များကို သီးခြားဖွင့်ပေးခြင်းဖြစ်ပါသည်။ အိန္ဒိယ သားတို့ကို ဝင်ခွင့်မပြုပေ။ တံခါးဖွင့်လိုက်သော အခါဝယ် ခိုငှက်များ ထပျံကြလေတောသည်။ တချို့နေရာ မိုးယိုထားဟန်ရှိသည်၊ ဝရန်တား တစ်လျေက်တော့ ခိုချေးတို့ဖြင့် ညစ်ပေနေသည်။ သည်အဆောင်သည်လည်း အခန်းကြိး သုံးခန်းကို အချိုးကျ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ (သာဝတ္ထိ မြန်မာကျောင်းဆရာတော် ဦးသြဘာသ ရေးသားသော "အိန္ဒိယနိုင်ငံ သီပေါမင်းနန်းတော်" စာအုပ်ဝယ် ဆောက်လုပ်သည် ကုမ္ပဏီကအစ အသုံးပြုထားသည် ကျွန်းသား ကျောက်ပြား အဆုံး အသေးစိတ် ရေးထားပါသည် မမှတ်မိတော့ပါ) အလယ်ခန်းမကြီးသည် "ညီမူရာခန်းမ" (ဝါ) "ညီလာခံခန်းမ" ဖြစ်မည်ထင်ပါသည်။ ကျွန်းသစ်တို့ဖြင့် သေခြာစွာ အလှဆင်ထားသည်။ နှစ်ဘက် ဘေးခန်းတွေကတော့ မိဘုရာများအခန်းဟု ယူဆရပါသည် အိမ်သာ ရေချိုးခန်းတို့ဖြင့် ပြည့်ပြည့်စုံစုံ ရှိပါသည်။ သို့သော် လင်းနို့ချေးရနံတိုဖြင့် ဖုံးလွမ်းနေပါသည်။
ဒုတိယ ပုံမှာ နန်းတော် ဝရန်တာမှ ပင်လယ်ဘက်မြင်ရသော ရှုခင်းဖြစ်သည်။ သာသာယာယာ ရှိလှပေသည်။ အကျဉ်စံဘဝမဟုတ်ဘဲ အနားယူဘဝဖြစ်ခဲ့ပါမူ မင်းကြီးအတွက် ဘယ်လောက်ကောင်းလိုက်မလဲ။
မင်းကြီး၏ သမီးတော်များအကြောင်းကို ပြောချင်သော်လည်း အကျယ်တဝင့် မပြောလိုတော့ပေ။ စာဖတ်သူများ သိထားသည့်အတိုင်း သီပေါမင်း မိန်းမကြောက်ရသည်မှာ အမြင့်စံ ရှင်ဘုရင်ဘဝတွင်မက အကျဉ်းစံ အိမ်နိမ့် ဘဝအထိပင်ဖြစ်သည်။ မင်းကြီးသည် သမီးတော်များ အချိန်တန် အရွယ်ရောက်ကြသည်ကို သိတော်မူသဖြင့် သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့် ဆိုသလို့ မြန်မာပြည်မှ မင်းညီမင်းသားများဖြင့် လက်ဆက်ပေးရန် အားထုပ်ခဲ့ဘူးသည်ဟူ၏၊ သို့သော် အထမမြောက်ခဲ့ပေ၊ အထမမြောက်သောကြောင့် မြန်မာပြည်မှ အတူလိုက်ပါလာသော အလုပ်အကြွေးတို့ဖြင့် လက်ဆက်ပေးရန် ဆက်လက်အားထုပ်သောအခါ၊ မိဘုရားကြီး စုဘုရားလတ်မှ မင်းမျိုးမင်းနွယ် မဟုတ်သောကြောင့် သမီးများနှင့် သဘောမတူဟူ၏၊ သို့ပါသောကြောင့် ကျွန်ထက်ပင် စိတ်ဓါတ်ညံ့ဖျင်းသော အောက်တန်းကျသော ကျေးကုလားနှင့် ညားခဲ့သည်ဟူ၏။ သို့သော် မင်းကြီးသည် မြန်မာ့ရှင်ဘုရင်းများအနက် တစ်ဦးတည်းသော ပထမကျော် ဘုရင်ဟူသတည်း။ လည်းကောင်းနန်းတော်မှ သမိုင်းကျောက်စာဝယ် (Thibaw, Khig of Burma, now called Myanmar was a unique personality. His educational achievement was marked with the Padhamarakyaw - a highest degree in Pali. Thibaw was the only king to achieve this degree in the entire Myanmar History. He had a great respect and love for Buddhist religion and monks. but his love for religion was not blind. He welcomed reforms. He invited suggestions from his courtiers and citizens for reforming religion and administration. Thibaw indeed loved his subjects. publishing law books, creating a code of conduct for his officers and townheads are some of the examples of his welfare orientedness. he spent considerable Royal money for freeing slaves and for their rehablitation. such a steady progress of Myanmar in the reign of Thibaw was eclipsed by British machinations as the Britishers found Thibaw a major obstacle in their profitable trade. the warring British defeated Thibaw and captured him. (20 Nov, 1885) စသည်စသည်ဖြင့် စတမ်းရေးထိုးထာလေးသည်။ ဂုဏ်ယူထိုက်ပါပေစွ။ ကိုရင်အာယု ကိုရင်ဘဝက စာချဘုန်းကြီး တစ်ပါး၏ ပုံပြင်တစ်ပုဒ်ကို သတိရမိသည်××××××××
(စာချ ဆရာတော် == မင်းသားလေး အကုသိုလ်စိတ် ဒွါဒသလို ကျမ်းဂန်းပါဠိ အလာရှိတော်မူတယ်၊ အဲဒီတော့ အကုသိုလ်စိတ် ဘယ်နှစ်ပါးရှိလည်း)
မင်းသား ====== တစ်ဆယ့်နှစ်ပါး (၁၂) ပါ အရှင်ဘုရား။
စာချဆရာတော် = မင်သားလေ တော်လိုက်တာ ) ဟူသတည်း။

စိတ်မကောင်းစရာ တစ်ခုမှာ ရှီုဝလိဂ် ရုပ်တုတစ်ခုကို ရှေးဟောင်းပစ္စည်းတစ်ခုအနေဖြင့် မင်းကြီး၏ ဘုရားခန်းဘေးဝယ် နေရာချထားသော အိန္ဒိယတို့၏ ညစ်ပတ်သော၊ ယုတ်မာသော၊ အောက်တန်းကျသော၊ သူတို့ကို သူတို့ ဇာတ်မြင့်ဟု အတ္တကို ကိုင်စွဲထားသော၊ စိတ်ဓါတ်ပင်၊ (သာဝတ္ထိမြန်မာကျောင်းဆရာတော်၏ စာအုပ်ဝယ် သည်နေရာ၌ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ရှိခဲ့သည်ဟူ၏၊ ယခု မရှိတော့ပေ) ကိုရင်အာယု သိခဲ့သည်ကား သည်မျှသာဖြစ်တော့သည်။

ကျေးဇူးတင်ပါသည်။
ကိုရင်အာယု (သီတဂူ)
ပူနေးတောရ

No comments:

Post a Comment