Saturday, April 27, 2013
ဝါခေါင်လပြည့် မေတ္တာနေ့ (အင်္ဂလန်နိုင်ငံ ၁၃၅၇-ခု ၀ါခေါင်လ အသံလွှင့်ဟောကြားတော်မူသည်)
မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော် နေတော်မူသောကာလ၊ တစ်ခုသော ၀ါဆိုဦးမှာ သံဃာတော်အပါး (၅၀၀) တို့ ဘုရားထံမှာ တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှာ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။ လေးစားအပ်သော ဧည့်သည်များမိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိပ်ရှင် အနေကြပ်သလိုပါပဲ၊ သံဃာကို ရိုသေတဲ့ နတ်များ ရုက္ခစိုး ဘုမ္မစိုးများပေါ့၊ အနေကြပ်ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊ ခြောက်လှန့်ကြပါတယ်။
အဲ့ဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလမှာပဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်၊ မြတ်စွာဘုရားက မေးစစ်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့အကြောင်း လျှောက်ထားကြပါတယ်။ အဲ့ဒီအခါ မြတ်ဘုရားက သင်တို့ အဲ့ဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာမှာ သူတို့ကို ကောင်းစွာမိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။
ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်သွားကြ၊ တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တသုတ်ကို ဟောတော်မူပါတယ်။ မေတ္တသုတ်ကို နာကြားသင်ယူပြီ ထိုရဟန်း (၅၀၀) တို့ ထိုတောထဲကို ပြန်သွားကြရပါတယ်။ တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင်ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ ပြုစုလုပ်ကျွေးကြပါတယ်။
မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များအစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ ထိုတောထဲမှာပဲ ၀ါဆို ၀ါကပ်ပြု၍ တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်၊ ဒုတိယ ပ၀ါရဏာပြု အပြီးမှာ ဘုရားဖူးဖို့ ပြန်လည်အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကို ကြည့်လျှင် နတ်များချောက်သဖြင့် ဇေတ၀န်ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး တိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာဖြစ်ပါတယ်၊ ထို့ကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။
မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့် အဒေါသ စေတသိက်လို့ ဆိုပါတယ်၊ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောက်ယှက်ခြင်း၊ ရန်မပြုခြင်းစသည် အဓိပ္ပါယ်များရပါတယ်။ ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတဲ့တရားဖြစ်လို့၊ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရားျြစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။
ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်၊ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်၊ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းထမ်းတဲ့ သဘောတွေ လွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်နေပါတယ်။ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်၊ ကျားတွေ ခြင်္သေ့တွေ မြွေပွေး မြွေဟောက်တွေ အနီးအနားသို့ လူတွေ တရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲနေသလိုပါပဲ။ ဒါကြောင့် မေတ္တာဘာဝနာဆိုတာဟာ ကျား ခြင်္သေ့ မြွေပွေး မြွေဟောက်နဲ့တူတဲ့ ဒေသစိတ်ကို ခေါင်းပါးအောင် ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။
မေတ္တာသုတ်မှာ တောရပ်မှီရဟန်း (၅၀၀) တို့အား မြတ်စွာဘုရားက မေတ္တာဘာဝနာ ကျင့်မည့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကိုကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်တော့ မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇုစသော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည်ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ န ဇာနာတိ စသည်ဖြင့် ဟောသော ဒေသနာများမှာ ဒေါသသည် ကောင်းကျိုး ဆိုးကျိုးကိုမသိ မမြင်ဟု ဟောတော်မူပါသည်။
အဲ့ဒါကြောင့် ဒေါသကင်းသောစိတ်၊ အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ-အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော-မိမိသူတစ်ပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူစသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့်လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့်စွမ်းရည်များ မရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။
သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့်ပယ်ရှား နိုင်သူသည်-
၁။ မိမိသူတစ်ပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများရှိလာမည်။
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှာ အလွန်လွယ်ကူလာမည်။
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူဖြစ်လာမည်။
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွေ့နေမည်။
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စမများတော့ပေ။
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါးသွက်လက်လာမည်။
၉။ တည်ငြိမ်သောစိတ်ထား၊ ရင်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ့်မွေ့ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentle-man) တစ်ယောက်ဖြစ်လာလိမ့်မည်။
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့် လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍ မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍ မောင်နှင်မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်လူသားတို့အပေါ်မှာ ချစ်သူ, မုန်းသူ၊ ဝေးသူ, နီးသူ၊ ယုတ်သူ, မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည်ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍လည်းကောင်း၊ အပရိမာဏဟူ၍လည်းကောင်း ဟောတော်မူပါသည်။
ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂) နည်း ကျင့်သုံးနိုင်ပါသည်။ ပထမနည်း၌ မြင်ဘူးသော သတ္ဌ၀ါ၊ မမြင်ဘူးသော သတ္တ၀ါ၊ မြင်နိုင်သောသတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ ကိလေသာရှိသော သတ္တ၀ါ၊ ကိလေသာကင်းသော သတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလို ပို့နိုင်ပါတယ်။
ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာကြီးသော သတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာ ၀သော, ပိန်သော, မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်။
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလိုလည်း ပွားများနိုင်ပါတယ်။
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ= ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်=
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။
မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။ ‘‘ကိုယ်တိုင် ရင်၌လွယ်၍ မွေးဖွားလာခဲ့ရသော တစ်ဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ် ရင်ခွင်၌ နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏အသက်ကိုပင်စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို’’ သတ္တ၀ါအားလုံးတို့၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။
အနန္တ စကြာဝဠာ၊ အနန္တ သတ္တ၀ါတို့ အပေါ်မှာ ဒေါသဟူသည့် အတွင်းရန် ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်ကျိုးချမ်းသာ ဖြစ်စေချင်သောစိတ်၊ မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော, ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ညည မရပ်မနား သွားသွား ရပ်ရပ် ထိုင်ထိုင် အိပ်အိပ် မတိတ်ဆိတ်ပဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) မြတ်သော နေခြင်းဟုခေါ်ပါသည်။
သူတော်စဉ်အပေါင်းတို့ ကိုယ့်ကျိုး သူ့ကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာ ပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများ ကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင်ရရှိနိုင်ကြမည် ဖြစ်ပါသတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
********
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
တပေါင်းလပြည့်ခရီးသွားနေ့
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဒီကနေ့ဟာ တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ တပေါင်းလပြည့်နေ့ကို ခရီးသွားနေ့လို့ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင် (၄၅)နှစ်တာ ဘ၀ခရီးတလျှေက်မှာ အထူးပင် အရေးပါအရာရောက်ပြီး အလွန်လျှင်ရှည်လျားသော ခရီးတစ်ခုကို အလွန်ပင် ကြာမြင့်စွာ ကြွချီတော်မူဖို့ ခမ်းနားကြီးကျယ်စွာ စတင်ပြင်ဆင်တော်မူရသော နေ့ထူးတစ်ခု ဖြစ်နေလို့ပါဘဲ။
သိဒ္ဓတ္ထဂေါတမကို မဟာသက္ကရာဇ်(၆၈)ခု ဘီစီ ၆၂၃ ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ သိဒ္ဓတ္ထဂေါတမသည် မဟာသက္ကရာဇ် (၁၀၃) ခု ဘီစီ ၅၈၈ ကဆုန်လပြည့်နေ့မှာ ဓမ္မအားလုံးကို အကုန်သိတော်မူ မြင်တော်မူတတ်သောကြောင့် သမ္မာသမ္ဗုဒ္ဓစင်စစ် မြတ်သော ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါတယ်။ဘုရားစင်စစ်ဖြစ်တော်မူပြီးနောက် နှစ်လအကြာ ၀ါဆိုလပြည့်နေ့မှာ ပထမဆုံးသောတရားဦးကို ဟောမြွက်တော်မူခဲ့ပါတယ်။
ဗုဒ္ဓဖြစ်ရာနေရာသည် မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလာ တောအုပ်ဖြစ်ပြီး တရားဦးဟောတော်မူသော နေရာမှာ ကာသိတိုင်း ဗာရာဏသီးမြို့အနီး မိဂဒါဝုန်တောအုပ် ဖြစ်ခဲ့ပါတယ်။ တောအုပ်နှစ်ခုမှာ မိုင်ပေါင်း (၂၀၀) ကျော် (၁၈) ယူဇနာခန့် ကွာဝေးကြပါတယ်။ ဒီခရီးကို ကိုယ်တော်မြတ်တစ်ပါးတည်းပဲ ကြွတော်မူခဲ့ပါတယ်။
မိဂဒါဝုန်မှာ တစ်ဝါတွင်း နေတော်မူ၍ တရားဟောတော်မူရာမှာ ရဟန္တာအပါး (၆၀) ရခဲ့ပါတယ်။ ထိုနှစ် (၁၀၃) ခုနှစ် ၀ါကျွတ်ချိန်မှာတော့ ရဟန်းတော်အပါး (၆၀) တို့အား မြတ်စွာဘုရား ဓမ္မဒူတမိန့်ခွန်းကို ပေးတော်မူခဲ့ပါတယ်။
စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့ ခရီးထွက်ကြ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ- ရဟန်းတို့ ရောက်ရာအရပ်မှာ ဓမ္မကိုဟောကြ၊ ဗဟုဇနဟိတာယ- လူအများ၏ အကျိုးစီးပွားကို ဆောင်ရွက်ကြ၊ ဗဟုဇနသုခါယ- လူအများ၏ ချမ်းသာရေးကို အားထုတ်ကြ၊ လောကာနုကမ္ပာယ- သတ္တလောကကို အစဉ်သနားသဖြင့် အစဉ်စောင့်ရှောက်ကြ။
လူမျိုးတိုင်းကျင့်သုံးနိုင်တဲ့ အခြေခံကိုယ်ကျင့် နှုတ်ကျင့်တရား (သီလ) 
စိတ်ဓာတ်တွေ ကောင်းမြတ် ဖြောင့်မတ် ကြံ့ခိုင်တည်ငြိမ်ရေး စိတ်ကျင့်တရား (သမာဓိ) နှင့် 
အတွင်းစိတ်ဓာတ်၏ အညစ်အကြေးများ ဖြူစင် သန့်ရှင်းရေး ဥာဏ်ကျင့်တရား (ပညာ) ဆိုတဲ့ တိတိကျကျ ပြည့်စုံ လုံလောက်သော ဓမ္မကိုဟောကြ၊ ခရီးလှည့်ကြ၊ ဤသည်မှာ မြတ်ဗုဒ္ဓ၏ ရှေ့ဦးစွာသော ဓမ္မဒူတ မိန့်ခွန်းတော်ဖြစ်ပါသည်။
ရဟန္တာ (၆၀) တို့ တစ်ပါးတစ်ခရီး အသီးသီး ကြွတော်မူကြသည်။ မြတ်ဗုဒ္ဓသည် ဥရုဝေလတောဘက်သို့ ပြန်ကြွသည်။ ကပ္ပါသိက တောအုပ်ကို ဖြတ်သန်းခဲ့ရာ ကောသလမင်းမျိုး မင်းသား(၃၀)တို့နှင့် တွေ့ခဲ့သည်။ ထိုသုံးဆယ်သော မင်းမျိုးမင်းသားတို့ကို ရဟန်းပြုပေးခဲ့ပြန်သည်။ ဥရုဝေလသို့ ရောက်သောအခါ ကဿပညီနောင်သုံးယောက် ခေါင်းဆောင်သော ရသေ့တစ်ထောင်နှင့် တွေ့ခဲ့ပြန်ရာ မီးပရိယာယ်ပြ တရားဖြင့် ရဟန္တာဖြစ်စေခဲ့၍ ရဟန်းပြုပေးခဲ့ပြီး ထိုရဟန်းတစ်ထောင် နောက်ပါအရံပြု၍ ခရီးဆက်ခဲ့ပြန်ရာ ထိုနှစ် (၁၀၃) ခု ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ်မြို့သို့ရောက်ပါသည်။
ရာဇဂြိုဟ်မှာ နန်းစိုက်သော အင်္ဂနှင့် မဂဓ နှစ်းတိုင်းတို့၏ ပြည့်ရှင်ဘုရင်ဗိမ္ဗိသာရက မြတ်စွာဘုရားအား ဝေဠုဝန်ဥယျာဉ်ကို မင်းကွန်း အဆောက်အဦးများနှင့်တကွ လှူဒါန်းခဲ့ပါသည်။
ပြာသိုလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ ရာဇဂြိုဟ်မြို့တော်မှာနှစ်လ သီတင်းသုံးကာ ဗဟုဇနဟိတကို များစွာ ဆောင်ရွက်တော် မူခဲ့သည်။ ဗုဒ္ဓရှင်တော်သည် ဗုဒ္ဓတ္ထစရိယ- မိမိအကျိုးစီးပွားကို အားထုတ်ပြီးသောအခါ ဥာတတ္ထစရိယ-မိဘ ဆွေမျိုး ကိုယ့်ရပ် ကိုယ့်ရွာအကျိုး ဆောင်ရွက်ဖို့နှင့် လောကတ္ထစရိယ- တိုင်းသူပြည်သား ကမ္ဘာသူ/သား လူအများ၏ အကျိုးစီးပွားတို့ကို ဆောင်ရွက် အားထုတ်ကြဖို့ ဆုံးမ ဟောပြောတော်မူခဲ့ပါသည်။
အရိပ်ကောင်းသော သစ်ပင်သည် ခိုလှုံသူတို့အတွက်၊ အသီးကောင်းသောသစ်ပင်သည် စားသုံးသူတို့အတွက်၊ နွားမတို့သည် နို့ရည်သောက်သူတို့အတွက်၊ နေ နှင့် လ တို့သည် ကမ္ဘာနွေးဖို့ အေးဖို့အတွက် ဖြစ်ကြရသလို သူတော်ကောင်းသည် သူတစ်ပါးအား ကျေးဇူးပြုဖို့အတွက်ဖြစ်ရမည်။ သို့ဖြစ်၍ မိမိကိုယ်တိုင် ကောင်းအောင်ကျင့်ပြီး လူများစွာအကျိုး သည်ပိုးဖို့ ခရီးထွက်ကြ၊ တရားဟောကြဟု လူသားတိုင်း ရှိအပ်ထားအပ်သည့် ဘ၀ရည်ရွယ်ချက်သုံးပါး ‘စရိယသုံးပါး’ကို ချမှတ်ဟောပြောတော်မူခဲ့ပါသည်။
ပင်လယ်ပြင်မှာသင်္ဘောတစ်စင်းဟာ ဦးတည်ချက်နှင့် ထိန်းရှိရသလိုပါပဲ၊ ဘ၀ပင်လယ်မှာ ကျင်လည် သွားလာနေသော လူသားများမှာလည်း ဘ၀ရည်ရွယ်ချက်များ ဘ၀လမ်းညွန်ချက်များကို မြတ်ဗုဒ္ဓ၏ သဒ္ဓမ္မမှာ အပြည့်အစုံ ဟောကြားပြသထားတော် မူပါသည်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်နေ့သည် ထူးမြတ်သော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။ အကေကြာင်းကား သာကီဝင်မင်းမျိုး ရဟန္တာပေါင်း (၁၀၀၀၀) ပြည့်သောနေ့ ဖြစ်ပါသည်။ ဖွားဘက်တော်တစ်ပါးဖြစ်သော ကာဠုဒါယီ ရဟန္တာဖြစ်သော နေ့လည်းဖြစ်ခဲ့ပေသည်။ ကာဠုဒါယီသည် အံ့သြဘွယ်ကောင်းသည့် ဂါထာစာဆိုတစ်ပါးဖြစ်ပါသည်။ စာဆိုတော်အရှင် ကာဠုဒါယီ၏ ပြည်တော်ပြန် ဘုရားပင့် (၆၄) ပုဒ်တို့မှာ စာပေ၏ဘ၀မျိုးစုံ ရသအဖုံဖုံတို့ကို သက်ဝင်စေ၍ ဖွဲ့ဆိုထားသည့်အတွက်ကြည်နှုးဖွယ်ကောင်းသည့် လတပေါင်းခါ ဖြစ်ပေါ်လာသည့် သြကာသလောက၏သဘာဝ နေရင်းဌာနေ မွေးရပ်မြေရှိ (၇) နှစ်မျှ ကွဲကွာနေခဲ့ကြသည့် ဖခမည်းတော်, မိထွေးတော်နှင့် ဆွေတော်မျိုးတော်များ၏ လွမ်းဆွေးတသ ဖူးမြင်လိုကြသည့် ၀ိပ္ပယောဂ သိင်္ဂါရ ရသနှင့် သန္တရသတို့ကို အချိုးညီညီပေါင်းစပ် နေပုံတို့ကို ဖတ်ရသည်မှာ သတရသဘောဇဉ် [အရသာများစွာပါဝင်သည့် ထမင်းပွဲ] ကို မြိန်မြိန်ယှက်ယှက် စားသုံးဘိသည့်အလား ခံစားရပါသည်။
မြတ်ဗုဒ္ဓသည် မွေးရပ်မြေမှ ထွက်ခွာခဲ့သည်မှာ (၇) နှစ်နီးပါးရှိခဲ့ပါပြီ၊ (၇) နှစ် တင်းတင်းပြည့်သောနေ့ (၁၀၄) ခုနှစ် ကဆုန်လပြည့်နေ့မှာနေပြည်တော် ဇာတိဌာနေသို့ ပြန်ရောက်ပါသည်။
ကြာမြင့်စွာ ကွဲကွာနေခဲ့သည့် သားတော်ကို ခမည်းတော် မယ်တော်တို့က သက္ကသာကီယမင်းမျိုးပေါင်း (၁၀၀၀)ဖြင့် ဆယ်ကြိမ်တိုင်တိုင် ပင့်ခဲ့ရပါသည်။ ဆယ်ခုမြောက်ဘုရားပင့်အဖွဲ့တွင် ကာဠုဒါယီက ခေါင်းဆောင်ခဲ့ပါသည်။ ကပိလ၀တ်မှ ရာဇဂြိုဟ်သို့ ကာဠုဒါယီတို့အဖွဲ့ လူတထောင်သည် တပေါင်းလဆန်း (၈) ရက်နေ့လောက် ဆိုက်ရောက်ခဲ့ကြပါသည်။ လမပြည့်မီကလေးမှာ ရဟန္တာဖြစ် ရဟန်းပြုကြပြီး တပေါင်းလပြည့်နေ့မှာ ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ဖြင့် မြတ်ဗုဒ္ဓကို တခမ်းတနား တစ်ဖွဲ့တနွဲ့ လျှောက်ထားပင့်ပန်ခဲ့ပါသည်။
ကပိလ၀တ်စာဆို အရှင်ကာဠုဒါယီ၏ အဖွဲ့အနွဲ့ပေါင်း (၆၄) ပုဒ်တို့ကို အင်းဝစာဆိုရှင်မဟာရဋ္ဌသာရက ဂါထာ (၆၀) ပျို့ဟူ၍ ပျို့လင်္ကါစသည်များ သီကုံးခဲ့ပါသည်။ တောင်တွင်းစာဆို ရှင်ဥတ္တမကျော်၏ ရွှေစက်တော်ခရီးသွား တော်လားများကလည်း ကာဠုဒါယီ၏ တပေါင်းလဖွဲ့ တန်ခူးလဖွဲ့များကိုပင် မှီငြမ်းပြုလေသလားဟု ထင်မှတ်ရပါသည်။
“လေခမြေသက် ဈာန်ဝိတက်သို့ သစ်ရွက်ယောဂီ ဣန္ဒနီဝယ် သိင်္ဂီတ၀က် မြတ၀က်နှင့် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ရဂုံမြိုင်တွင်းတောလုံးလင်းသား” ဟု တောသစ်ပင်တို့၏ အရွက်များ နွေဦးမှာ ရောင်စုံပန်းချီကားချပ်ကြီးသဖွယ် ဖြစ်နေပုံကို ခမ်းနားလှပစွာ ဖွဲ့ဆိုထားပါသည်။
“တိမ်ညိုမိလ္လာ တိမ်စူကာနှင့် တိမ်ပြာရောယှက် မရမ်းဘက်၍ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့’ ဟူ၍ တပေါင်းလ၏ ကောင်းကင်တိမ်များ လေရမ်းများ တိုက်ခတ်ပုံကို ပီပြင်စွာ ဖွဲ့ဆိုခဲ့ပါသည်။
လမ်းလျှောက်ခရီးသွားခြင်းသည် အကျိုးများစွာရှိ၏။ တစ်နေရာတည်း တစ်ခုတည်းသော ပတ်ဝန်းကျင်၌ ကြာမြင့်စွာ နေရသဖြင့် ညောင်း၍ လေးနေသော ရုပ်တို့ကို ပြေစေ ပေါ့ပါးစေသည်။ သွေးလေတို့ကို သွက်လက်စွာလှုပ်ရှားစေသည်။ ဆီးဝမ်းကို မှန်စေ သွက်စေ၏။ နေရာ အာရုံ အသစ်အသစ်တို့ ပြောင်းလဲနေသည့်အတွက် အာရုံဟောင်း တစ်ခုတည်း၌ စွဲနေသောစိတ်ကို လွတ်မြောက်စေသည်။ အမြဲမပြတ် သွားနေလျှင် အသစ်အာရုံတို့၌လည်း ကြာမြင့်စွာ ဆုံတွေ့ခွင့် ပေါင်းဆုံခွင့် မရသည့်အတွက် အာရုံသစ်၌လည်း ငြိတွယ်ခွင့်မရ လွတ်မြောက်ပေသည်။
မပြတ်စီးနေသောရေသည် သန့်ရှင်းပါသည်၊ ရပ်နေသော ရေသည် ညစ်လာတတ်ပါသည်။ သို့ဖြစ်၍ ရဟန်းသည် မပြတ်မရပ် ခရီးသွားနေရမည်သာတည်း။
မြတ်ဗုဒ္ဓသည် ခရီးကိုနှေးနှေးလည်း ကြွသည်၊ မနှေးမမြန်လည်းကြွသည်၊ လျှင်လျှင်မြန်မြန်လည်းကြွသည်၊ ခရီးသုံးမျိုးတွင် ရာဇဂြိုဟ် ကပိလ၀တ်ခရီးသည် ဖြည်းဖြည်းနှေးနှေး ကြွရသောခရီးဖြစ်ပါသည်။ ယူဇနာ (၆၀)၊ မိုင်ပေါင်း (၇၂၀) ခရီးကို တစ်နေ့လျှင် တစ်ယူဇနာ (၁၂) မိုင်ခြေလျှင်ခရီးကို မြေပြင်ကပင် ကြွတော်မူပါသည်။ ရဟန္တာ (၂) သောင်းတို့တွင် ကပိလ၀တ်မှ ဘုရားပင့်လာကြသော သကျသာကီယ မင်းပေါင်း တစ်သောင်းနှင့်ဆယ်ယောက်တို့မှ ရဟန်းပြုကြသော ဆွေတော်မျိုးတော်ရဟန်းပေါင်း (၁) သောင်းနှင့်ဆယ်ပါးတို့ပါဝင်နေကြသည်မှာ တမျိုးပင်အားရ ကြည်နှုးဖွယ်ဖြစ်တော့သည်။
အဂ္ဂသာဝကကြီးနှစ်ပါးတို့လည်း စုံနေပါသည်၊ မိဘရပ်ထံ အပြန်ခရီးမှာ အကြိုအထောက်လာရောက်ကြသော ဆွေတော်မျိုးတော်များနှင့် အတူသွားရသည်မှာ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ပါပေသည်။ ဘွားဘက်တော် စာဆိုတော် ခြေမြန်တော် အရှင်ကာဠုဒါယီသည် မြတ်စွာဘုရားနှင့်ရဟန်း (၂) သောင်း ဘယ်နေရာ ဘယ်မြို့ရွာသို့ ဆိုက်ရောက်ပြီဖြစ်ကြောင်း နေ့စဉ်နေ့စဉ် အသိဥာဏ်နှင့်သွား၍ ခမည်းတော်မယ်တော်တို့ထံ သတင်းပို့ပါသည်။
မယ်တော်ဂေါတမီကလည်း နေ့စဉ်ဆွမ်းချက်၍ ကာဠုဒါယီ၏ သပိတ်တွင် လောင်းလှူကာ သားတော်ဘုရားအား နေ့စဉ်ဆွမ်းကပ်ပါသည်။ ကြက်သရေရှိလှသော မိုင် (၇၂၀) ခရီးကို တစ်နေ့ (၁၂) မိုင်နှုန်းဖြင့် ကြွတော်မူပါသည်။ (၂) တိတိ သွားရပါသည်၊ မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ကဆုန်လပြည့်နေ့ ရဟန်း(၂) သောင်းနှင့်အတူ ပြည်တော်ပြန်ဝင်လာသော သားတော်ဘုရားကို ခမည်းတော် မယ်တော် (မိထွေးတော်) ဆွေတော်မျိုးတော်တို့က ခမ်းနားသိုက်မြိုက်စွာ ကြိုဆိုကြပါသည်။
မယ်တော်မာယာဒေ၀ီသည် သားတော်မင်းသိဒ္ဓတ်ကို ဖွားမြင်ပြီး ခုနှစ်ရက်မှာ နတ်ရွာစံခဲ့လေရာ သားတော်ဘုရားသည် မွေးမိခင်ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ နတ်ရွာသို့လိုက်ကာ အဘိဓမ္မာဟူသော ကျေးဇူးဆပ်တရား ဟောခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်ခရီးမှာလည်း ကျေးဇူးရှင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့် ကျွေးမိခင် (မိထွေးတော်) ဂေါတမီတို့အား ကျေးဇူးဆပ် တရားဟောရန် ကြွမြန်းတော်မူရခြင်းဖြစ်ပါသည်။ သားတော်ဘုရား၏ ကျေးဇူးဆပ်တရားကြောင့်ပင် ဖခမည်းတော်ကြီးမှာ မင်းမြောက်တန်ဆာ ငါးပါးဝတ်ဆင်လျက် ထီးဖြူတော်အောက်မှာ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်၍ နိဗ္ဗာန်ဝင်ခဲ့ပါသည်။
မိထွေးတော်ဂေါတမီမှာလည်း ဘိက္ခုနီရဟန်းပြု၍ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်ခဲ့ပါသည်။ မိဘတို့၏ ဂုဏ်ကျေးဇူးကို အထူးဟောရာ၌ မြတ်စွာဘုရားက “ ပုဗ္ဗာစရိယ=ရှေးဦးဆရာ၊ လောကဿဒေဿတာ=ကမ္ဗာလောကကြီးကို ပြပေးသူ” စသည်ဖြင့် ဂုဏ်ထူးပြုဟောတော်မူပါသည်။ ဤသို့လျှင် ကမ္ဗာလောကအကြောင်းကို ပြသသွင်သင်ပေးသော လက်ဦးဆရာ မိနှင့်ဘကို ကျေးဇူးဆပ်ဖို့ ဥာတတ္ထစရိယ= ဆွေမျိုးများအကျိုးကို ဆောင်ရွက်ဖို့ စတင်ခရီးကြွဘို့ ပြင်ဆင်ရသောနေ့သည် တပေါင်းလပြည့်နေ့ဖြစ်ပြီး စတင်ခရီးထွက်သောနေ့သည် တပေါင်းလပြည့်ကျော် (၁) ရက်နေ့ဖြစ်ပါသည်။
တပေါင်းလပြည့်နေ့တွင် ဂါထာစာဆိုရှင် ဖွားဘက်တော် ကာဠုဒါယီ လျှောက်ထား ပင့်ပန်သော ဂါထာအဖွဲ့ပေါင်း (၆၄) ပုဒ်တို့ထဲမှ အချို့ကို ရွတ်ဆိုကြည်ညိုကြည့်ကြရအောင်=
(၁) အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊
ဖလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်စွာဘုရား၊ ဒါနိ ဣဒါနိ-ဆောင်းကိုလွန်မြောက် နွေဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌၊ ဒုမာ-တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်၊ ဆဒနံ-ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို၊ ၀ိပ္ပဟာယ-စွန့်ပယ်သောထွေ ကြွေကြကုန်၍၊ ဖလေသိနော-အသစ်ဖြစ်သောအသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍၊ အင်္ဂါရိနော-မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏၊ အစ္စိမန္တောဝ-ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍သာလျှင်၊ ပဘာသယန္တိ-ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သော လုံ့လ၀ီရိယ ရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်တိုင်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
(၂) ၀ါတော မုဒုသီတလသာဓုရူပေါ၊
နဘာ စ အဗ္ဘာ ၀ိဂတာ သမန္တာ။
ဒိသာ စ သဗ္ဗာဝ ၀ိရောစယန္တိ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသော လေသည်၊ မုဒုတလသာဓုရူပေါ-နူးညံ့အေးမြ ကောင်းမွန်လှသော သဘောရှိပါ၏၊ နဘာစ-အဇဋာပြင် မိုးကောင်းကင်သည်လည်း၊ သမန္တာ-ထက်ဝန်းကျင်မှ၊ အဗ္ဘာ-မည်းညစ်ညိုမှောင် မိုးတိမ်တောင်မှ၊ ၀ိဂတာ-ကင်းရှင်းစင်ကြယ်လှပါ၏၊ သဗ္ဗာဝ-အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဒိသာစ-အရပ်မျက်နှာတို့သည်လည်း၊ ၀ိရောစယန္တိ-ရှုချင်စဖွယ် တင့်တယ်တောက်ပကြကုန်၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား ၊အင်္ဂီရသာနံ-ကိုယ်ူတော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၃) နဘေ စ အဗ္ဘာ သုဝိသုဒ္ဓ၀ဏာ၊
ဒိသာ စ စန္ဒော သုဝိရာဇိတောဝ။
ရတ္တိဉ္စ ၀ါတော မုဒုသီတလော စ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ နဘေ-အဇဋာပြင် မိုးကောင်းကင်၌၊ အဗ္ဘာစ-တိမ်တိုက်တို့သည်လည်း၊ သုဝိသုဒ္ဓ၀ဏာ-စင်ကြယ်သန့်ရှင်းသော အဆင်းရှိကုန်၏၊ စန္ဒောစ-လမင်းသည်လည်း၊ ဒိသာ-၀န်းကျင်ပတ်ချာ အရပ်မျက်နှာတို့ကို၊ သုဝိရာဇိတောဝ- တင့်တယ်စွာလှ ထွန်းတောက်ပ၏၊ ရတ္တိဉ္စ-အကာလတာ ညဥ့်အခါ၌၊ ၀ါတော-ညှင်းညှင်းသာသာ တိုက်ခတ်လာသောလေသည်၊ မုဒုသီတလောစ-ဆောင်းရာသ၌ီကဲ့သို့ မကြမ်းလှ နှုးညံ့စွာအေးမြပေ၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၄) စန္ဒဿ ရံသီဟိ နဘံ ၀ိရောစိ၊
မဟီ စ သံသုဒ္ဓမနုည၀ဏာ။
ဒိသာ စ သဗ္ဗာ ပရိသုဒ္ဓရူပါ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ စန္ဒဿ-လမင်း၏၊ ရံသီဟိ-အေးမြချမ်းကြည် စန်းရောင်ခြည်တို့ဖြင့်၊ နဘံ-အဇဋာပြင် မိုးကောင်းကင်သည်၊ ၀ိရောစိ-ရှုချင်စဖွယ် တင့်တယ်တောက်ပပါ၏၊ မဟီစ-မြေအပြင်သည်လည်း၊ သံသုဒ္ဓမနုည၀ဏာ-စင်ကြယ်သန့်ရှင်းသော သဘောရှိကုန်၏၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ-ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၅) အလင်္ကတံ ဒေ၀ပုရံဝ ရမ္မံ၊
ကပိလ၀တ္ထုံ ဣတိ နာမဓေယျံ။
ကုလနဂရံ ဣဓ သဿိရိကံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ဣဓ-ဤလောက၌၊ သဿိကံ-အသရေရှိသော၊ ကပိလ၀တ္ထုံ ဣတိ နာမဓေယျံ-ကပိလရသေ့ ပျော်စံမွေ့သည့် မြေ့သီခရာ သင်္ခမ်းရာဝယ် မြို့ရွာတည်လတ် ယင်းဗျုပ္ပတ်ကြောင့် အနွတ္ထဘွဲ့ချည် ကပိလ၀တ်ဟူသောအမည်ရှိသော၊ ကုလနဂရံ-ခမည်းနတ်ကျော် မြတ်မယ်တော်နှင့် ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ ကိန်းအောင်းစံပျော် နေပြည်တော်သည်၊ အလင်္ကတံ-အလှပြုပြင် တန်းဆာဆင်အပ်သော၊ ဒေ၀ပုရံဝ-နတ်တို့စံရာ တာဝတိံသာကဲ့သို့၊ ရမ္မံ-နှလုံးမွေ့လျော်ဖွယ် ရှိပါပေ၏၊ မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၆) အလင်္ကတာ သာကိယရာဇပုတ္တာ၊
ဝိရဇမာနာ ၀ရဘူသနေဟိ။
သုရိန္ဒလောကေ ဣ၀ ဒေ၀ပုတ္တာ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘဒန္တေ-ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား၊ ပုရေ-ကပိလ၀တ်တွင်ခေါ် နေပြည်တော်၌၊ သာကိယရာဇပုတ္တာ-မဟာနွယ်ဖွား သာကီဝင်မင်းသားတို့သည်၊ ၀ရဘူသနေဟိ-မြတ်သောအဆင်းတန်ဆာတို့ဖြင့်၊ အလင်္ကတာ-အလှပြုပြင် တန်းဆာဆင်အပ်ကုန်သည်ဖြစ်၍၊ သုရိန္ဒလောကေ-နတ်တို့သနင်း သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌၊ ဒေ၀ပုတ္တာဣ၀-နတ်ဝတ်တန်ဆာ ကောင်းစွာဆင်ထား နတ်သားတို့ကဲ့သို့၊၀ိရဇမာနာ-ရှုချင်စဖွယ် အလွန်တင့်တယ်ကြကုန်၏၊ မဟာဝီရ--ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၇) သုဒ္ဓေါဒနော မုနိဝရံ အဘိဒဿနာယ၊
အမစ္စပုတ္တေ ဒသဓာ အပေသယိ။
ဗလေန သဒ္ဓိံမဟတာ မုနိန္ဒ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ-မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊ မုနိဝရံ-မုနိဥက္ကဌ်ရဟန်းမြတ် ဖြစ်တော်မူသော အရှင်ဘုရားကို၊ အဘိဒဿနာယ-ကွဲကွာသည်လည်းကြာမြင့် အသက်အရွယ်ကလည်း ကြီးရင့်၍ ရှင်ပင့်မျက်နှာ စန်းသော်တာကို သဒ္ဓါကော်ရော် ဖူးမြော်ခြင်းငှါ၊ အမစ္စပုတ္တေ-အမတ်သားတို့ကို၊ ဒသဓာ-ဆယ်ကြိမ်ဆယ်စုဆယ်ဖို့ပြု၍၊ မဟတာ-တစ်ထောင်တစ်ထောင်များမြောင်လှစွာသော၊ ဗလေန-ဗိုလ်ပါအပေါင်းနှင့်၊ သဒ္ဓိံ-တကွ၊ အပေသယိ-ရှင်တော်ထံမှောက်ပင့်လျှောက်စေလွှတ်ခဲ့လေပြီ၊ မဟာဝီရ-ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၈) နေ၀ါဂတံ ပဿတိ နေ၀ ၀ါစံ၊
သောကာဘိဘူတံ နရ၀ီရသေဌံ။
တောသေတုမိစ္ဆာမိ နရာဓိပတ္တံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ သုဒ္ဓေါဒနော-မွေးဖနတ်ကျော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်၊ အာဂတံ-ရှင်တော်မြတ်စွာ ကြွလာတော်မူသည်ကို၊ နေ၀ပဿတိ-မဖူးမြင်ရရှာပါ၊ ၀ါစံ-ကြွလာလိမ့်မည် မလာမည်ဟု နှစ်လီကွဲပြား သတင်းစကားကိုမျှလည်း၊ နေ၀သုဏာတိ-မကြားရရှာပါ၊ သောကာဘိဘူတံ-သောကလောင်မီး ဖိစီးနှိပ်စက်အပ်သော၊ နရ၀ီရသေဌံ-ရဲရင့်သသူ ထိုထိုလူတို့ထက် မြတ်သော၊နရာဓိပတ္တံ-လူတို့သနင်း ခမည်းတော်သုဒ္ဓေါဒနမင်းကြီးကို၊ တောသေတုံ-ရှင်တော့မျက်နှာ ဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေခြင်းငှါ၊ “အဟံ-အကျွန်ုပ်ကာဠုဒါယီသည်၊” ဣစ္ဆာမိ-တောင့်တလင့်ဆို အလိုရှိပါ၏၊ မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၉) တံဒဿနေန နဗ္ဘုတပီတိရာသိ၊
ဥဒိက္ခမာနံ ဒွိပဒါနမိန္ဒံ။
တောသေဟိ တံ မုနိန္ဒ ဂုဏသေဌံ၊
သမယော မဟာဝီရ အင်္ဂီရသာနံ။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ ပိတုနော-မွေးဖနတ်ကျော် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးအား၊ တံ ဒဿနေန-အရှင်ဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရခြင်းဖြင့် (၀ါ) ဖူးမြင်ရခြင်းကြောင့်၊ အဗ္ဘုတပီတိရာသိ-မဖြစ်စဖူး ထူးကဲသော နှစ်သက်ခြင်းအစုသည်၊ ဘဝေယျ-ဧကန်စင်စစ် ဖြစ်လေရာပါ၏၊ ဥဒိက္ခမာနံ-ရှင်တော်ဘုန်းပွင့် ကြွလာခွင့်ကို မြော်လင့်ကာနေသော၊ ဒွိပဒါနမိန္ဒံ-အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသော၊ ဂုဏသေဌံ-ကျွေးမွေးခဲ့ဘူး ဂုဏ်ကျေးဇူးဖြင့် အထူးမြင့်မြတ် ချီးမွမ်းအပ်သော၊ တံ-ထိုမွေးနတ်ဖကျော် ခမည်းတော်သုဒ္ဓေါဒန မင်းကြီးကို၊ တွံ-အရှင်ဘုရားသည်၊ တောသေဟိ-ရှင့်တော်မျက်နှာဖူးရပါ၍ အာသာပြည့်ဝ အားရနှစ်သိမ့်စေတော်မူပါလော့၊ မဟာဝီရ- ကြီးမြတ်သောဝီရိယရှိတော်မူသော မြတ်စွာဘုရား၊ အင်္ဂီရသာနံ- ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားတို့၏၊ သမယော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
(၁၀) အာသာယ ကဿတေ ခေတ္တံ၊
ဗီဇံ အာသာယ ၀ပ္ပတိ။
အာသာယ ၀ါဏိဇာ ယန္တိ၊
သမုဒ္ဒံ ဓနဟာရကာ။
ယာယ အာသာယ တိဌာမိ၊
သာ မေ အာသာ သမိဇ္ဈတု။
မုနိန္ဒ- မုနိငါးမျိုး ခေါင်ကမိုး၍ အစိုးရသခင် မြတ်ရှင်ပင် ဘုရား၊ ကဿကော-တောင်သူယောက်ျားလယ်သမားသည်၊ အာသာယ-ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား တောင့်တခြင်းကြောင့်၊ ခေတ္တံ-လယ်ယာကို၊ ကဿတေ- ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန် ထွန်ယက်၏၊ [ကဿိတွာ-ခေါက်တုံ့ ခေါက်ပြန် အဖန်ဖန်ထွန် ယက်ပြီး၍]၊ အာသာယ- ကောက်ပဲသီးနှံ ရရန်စိတ်ထား လိုလား တောင့်တခြင်းကြောင့်၊ ဗီဇံ-မျိုးစေ့ကို၊ ၀ပ္ပတိ-ထကြွ လုံးလ ၀ီရိယဖြင့် ကြဲချစိုက်ပျိုး၏၊ ဓနဟာရကာ-ဥစ္စာကိုဆောင်ကုန်သော၊ ၀ါဏိဇာ-ကုန်သည်တို့သည်၊ အာသာယ-မြတ်စွန်းလိုငြား တောင့်တချက်တရားကြောင့်၊သမုဒ္ဒံ-ငါးလိပ်မကာရ်း ဘေးဘျမ်းတို့ ရောပြွမ်းထူစွာ သမုဒြာကို၊ ယန္တိ-လှေသဘောင်္ကြီး အသီးသီးဖြင့် ခရီးဖြန့်မြန်း သက်စွန့်ကြိုးပမ်း ကူးသန်းသွားလာကြကုန်၏၊ [တထေ၀ တထာဧ၀-ပမာထားယူ ထို့အတူပင်လျှင်၊ အဟမ္ပိ-ဖွားဘက်တော်သမုတ် အကျွန်ုပ်ကာဠုဒါယီသည်လည်း]၊ ယာယအာသာယ-နေပြည်တော်ဟောင်း ကြွစေကြောင်းဟု ကောင်းသောဆန္ဒ အကြင်သို့သော တောင့်တခြင်းဖြင့်၊ [ဣဓ-ဤဝေဠုဝန်ခေါ် မင်းကျောင်းတော်၌]၊ တိဌာမိ-ရှင်တော်ထံမှောက် ဆိုက်ရောက်ရပ်တည်လာပါ၏၊ မေ-ဖွားဘက်တော်သမုတ် အကျွန်ုပ် ကာဠုဒါယီ၏၊ သာ အာသာ-ဆွေထံ မျိုးထံ ကိုယ်တော်ပြန်၍ အဖူးမြော်ခံစေလိုသော သမ္မာဆန္ဒ ထိုတောင့်တချက်သည်၊ သမိဇ္ဈတု-တောင့်တသည့်အတိုင်း မဆိုင်းကုံလုံ ပြည့်စုံပါစေသတည်း။
(၁၁) နာတိသီတံ နာတိဥဏှံ၊
နာတိဒုဗ္ဘိက္ခဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊
ဧသ ကာလော မဟာမုနိ။
မဟာမုနိ-မုနိဥက္ကဌ် ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဣဒံ-ဆောင်းနှောင်းနွေဦးဤအခါထူးသည်၊ နာတိသီတံ-အေးလည်းမအေးလွန်းလှပါဘုရား၊ နာတိဥဏှံ-ပူလည်း မပူလွန်းလှပါဘုရား၊ နာတိဒုဗ္ဘိက္ခဆာတကံ-ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါ၏ဘုရား၊ ဘူမိ-မြေအပြင်သည်၊ သဒ္ဒလာ-နေဇာမြက်ညွန့် ရှိသည်ဖြစ်၍၊ ဟရိတာ- မြအရောင်သန်း စိမ်းလန်းစိုပြေလျက်ရှိပါ၏ဘုရား၊ ဧသ ဧသော-ဆောင်းနှောင်း နွေဦး တပေါင်းလဆိုတဲ့ ဤအခါထူးသည်၊ ကာလော-ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီ စက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ကာလပင် ဖြစ်ပါတော့သည်ဘုရား။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
Saturday, April 20, 2013
SPEECH FROM THE MOON
Good morning!
Mr. President, Vice President of Republic of Union of Myanmar,
Your Excellencies and Ministers,
Excellencies, Ambassadors of many countries,
Ladies and gentle men!
              I am very happy, very glad in this great occasion of inauguration of our (opening) ceremony, Sitagu International Buddhist Academy in Yangon (2011).  I founded Sitagu International Buddhist Academy in Sagaing Hills, which is the main campus, since fifteen years ago. We are contributing the Teachings of Lord Buddha to international students as well as national students. Mostly our academic students are Theravada Buddhist monks from Theravada Buddhist countries, Thailand, Lao, Cambodia and Sri Lanka. Most of students are Myanmar (Burmese).
              I opened a new campus of Sitagu International Buddhist Academy in Mandalay Hills (2009), at the foot of Mandalay hills, which is affiliated from the main campus, Sagaing. Now we open a new campus of Sitagu International Buddhist Academy in Yangon (2011), which is the second affiliated campus.
             In other countries, I saw many academies, for example, navy academy, air-force academy, military academy, defense academy, etc. In the world today, in the Buddhist world also, we must establish Buddhist academy. In this Buddhist academy we are teaching Theravada Buddhist Scriptures (Theravada Buddhist teachings).
             In our academy we founded the department of Vinaya, codes of Discipline, department of Suttanta, discourses, department of Abhidhamma, Buddhist Philosophy, and department of Missionary and Religion, comparative study of religions, most important department is the department of Meditation. Meditation is very wonderful technique. In this morning I would like to interpret what does meditation mean. Meditation means a technique how to train our mind to be cultured, how to train our mind to be polite and how to search for the realistic nature and true nature within ourselves.
           According to Buddhist Philosophical stand point as long as we do not realize the true nature and realistic nature within ourselves, we can't solve the problems of our life. So, to solve the problems of our life, we must learn meditation, we must train meditation. It is not for religious purpose and religion for worship. Meditation is for mental training or spiritual training. Therefore, in our Buddhist Academy, the department of meditation is most important department. We are running the above six departments.
For the diploma students, they have to study for three years. For the B.A, under graduate students, they have to study another four years. For the Master Degree, post graduate students, they have to study and write their dissertation for two years.  And then they can upgrade their academic study with their Ph.D. This is very brief information of Sitagu International Buddhist Academy.
            Now all of my dear brothers and sisters, ladies and gentle men, your Excellencies, our Lord Buddha, after his enlightenment he lived as a Buddha for forty-five years. At the age of eighty (580 BC), he passed away. Within forty-five years, what the Buddha taught? He taught only Dhamma. Dhamma is a very wonderful teaching taught by the Buddha himself. It is not a kind of religious system but it is a system to learn, to practice, to train, to realize for those who are keen to turn a new leaf of life. This is very brief meaning of the Dhamma. Our Sitagu International Buddhist academy is teaching, learning, training, practicing to realize what I am, where I am, what I have to do.  These three main points are very important to understand. This is called right understanding to convert from evil to noble. Therefore, Dhamma is the mighty technique to solve the problems of mankind.
Many religious leaders, many political leaders, many social leaders, organize and form, reform many organizations in order to solve the problems of their respective nation. For example, United Nation is a unique example in the world. But unity and diversity, diversity and unity, love and hate, hate and love, association and separation, etc., are unavoidable dualism in the world. Nobody can find out ultimate solution of a nation in the world today. Science and technology also never can find out the solution of the spirituality and they can search, research the solution of material only. But these science and technology can never reach to the end of the solution of the problems of in the world, repeatedly researching latest solutions, but there is no latest solution in the world today.
             You’re Excellencies, ladies and gentle men! The world of living being is composed of both, mind and matter. One of the Buddha's message, I would like to contribute this morning "Mano Pubbangama dhamma" very beautiful words of the Buddha. Mind is forerunner, mind makes everything, mind mould human life, and mind is the master of a man. Human beings are architecture of their own life. So, in order to create a beautiful life, we should train our mind to be beautiful. This is called 'meditation'. Now-a-day the whole world is full of the kills, full of the evils, full of battle, full of crime, full of the sorrows, full of the suffering. These unpleasant situations and miserable events are generated by the evil mind, wicked mind. In many Buddha's messages, it is mentioned that the starting point of this miserable event is selfish, thought of ego centric world.
             The beginning of a competition or a conflict is the thought of jealousy and unhappy of the other's progress and other's success. Therefore, the Buddha emphatically stated that you should exert to convert your mind from selfishness to selflessness, from jealousy to joy, from evil to noble.
            The message of the Buddha is absolutely tolerance. And in-tolerance is the greatest enemy of all human beings. The Buddha advised his disciples not to become angry, not to be discontent, even not to be displeased when the other spoke of ill. In the Buddha's teachings, if you show displeasure you will not bring yourself into happiness, you will bring yourself only into the danger of spiritual law. Do not be angry but develop your loving-kindness. This is a very wonderful Buddha's message. The tolerance is the foundations of a unity and peace; another one of his profound message is to exercise the loving-kindness to every living-being making no distinction, whosoever. He clearly stated that loving-kindness and tolerance are the foundations for brotherhood spirit of all nations and all religions. This universal brotherhood spirit of loving-kindness, bondless compassion and great tolerance will break down all barriers separating one nation from another. If we all followers have different faith, because of different faith, different believe, different idea, if we could not meet on a common platform like brothers and sisters, this is simply because we belong to different religion, then surely the noble religious leaders would have failed. Noble religious leaders also would have failed to work our noble missionary and ministry services to humanity.
            You’re Excellencies! Therefore, we all national leaders and religious leaders try to remove such evil spirits of internal enemies of everyone from respective religious stand point. To solve the common problems of all nations, therefore, we should build the common platform to work together. These are our common platform which is the thought of selflessness, the thought of compassion, the thought of tolerance, the thought of right understanding what we are, where we are, what we have to do.
       You’re Excellencies, ladies and gentle men! What we are now doing is establishing of the academy, Buddhist Academy, we invite all of the Buddhist students from various countries, and different faiths to come gather and together to learn, to practice, and to train our wicked mind to be noble and to turn a new leaf of our life from evil to noble.
I would like to cordially invite all of my dear brothers and sisters, to come our academy to learn. Especially today I would like to announce for the lay people, not only for Buddhist monk-students and nun-students, we going to offer a course 'The Fundamental Buddhism' to lay people. We are now preparing a curriculum how to teach lay people, how to train lay people to give the best service to the man-kind. Anyone can come and study here in the morning. We are going to open morning classes for lay people. This is our brief information and short information and the purpose why I open Buddhist Academy in Yangon.
           All of my dear brothers and sisters, ladies and gentle men, especially, Excellencies, our Vice President of the Republic of the Union of Myanmar, and other Ministers, I am very happy and glad to come and join in this great grand opening ceremony of our Buddhist academy.
May all of you be peaceful!  May all of you be happy!
May all of you be successful in any attempts for all of the nations!
Dr. Ashin Nyanissara (Ph.D., D.Litt.)
Aggamahapandita, Aggamahasaddhammajotikadhaja,
The Chancellor of Sitagu International Buddhist Academy
The Chairman of International Theravada Buddhist Universities
May the Sublime Dhamma prevail in its pristine purity in every corner of the world.
ရန်ကုန်ကျောင်းဖွင့်ပွဲ speech ကို ကူးယူ ဖော်ပြပါသည်။
သီတဂူစမ်းလပမာ ချမ်းမြသာယာရှိကြပါစေ။
ကိုရင်အာယု (မန်းသီတဂူ)
Friday, April 19, 2013
ABHIDHAMMA AND VIPASSANA
Venerable Sitagu Sayadaw U Nyanissara
'Abbhidhamma' means dhamma which is exceedingly subtle, deep, difficult to comprehend, and vast in scope. 'Dhamma' means reality and truth. It means the law of cause and effect, the essence of things and the way things are by nature. It means knowable reality; a reality in which there are no beings, and which is fixed in the order of its manifestations. In short, 'Dhamma' means Reality and Truth in the absolute sense.
       That exceedingly subtle, deep, difficult, excellent and wide Abhidhamma, which is real and correct because it speaks of the selflessness of beings and the natural essential condition of things, it was taught by the Buddha in the realm of the gods. Because no distracting objects or hindrances interrupted the mental continua of the gods, they could immediately listen to this very difficult dhamma with undivided attention and fully comprehend it. In the human realm, the nuisances of having to eat, sleep and defecate, etc., interrupt and obstruct the performance of every task. And because whenever we focus our thoughts upon any given endeavor, physical weariness, the call of nature, and hunger and thirst always intervene, our concentration becomes broken even while we work. For this reason, there would have been no benefit in teaching piecemeal a doctrine as deep as the Abhidhamma in the realm of human beings.
       The time-scale in the realm of the gods is vastly different from our own. One hundred human years equals only one day in Tavatimsa heaven, Because of this, the times for eating and sleeping, for example, are separated by extremely long intervals. Moreover, the gods neither defecate nor urinate, and they feel no bodily aches or weariness. Therefore, they were able to listen to the entire exposition of the Abhidhamma in a single sitting, and - for what was to them only fifteen minutes - to attend to the discourse with a stream of thought that was undivided and continuous. In contrast, it took the Venerable Sariputta, who was the most intelligent of the Buddha's disciples, ninety days and ninety separate trips to Tavatimsa to learn and then preach in the human realm that Abhidhamma which was taught to the gods in one uninterrupted sitting.
       The Abhidhamma which the Venerable Sariputta heard in brief from the Buddha he preached to his five hundred disciples in a way that was neither brief nor extended. The monks who learned the Abhidhamma from the Venerable Sariputta were newly ordained, having entered the Order on the day the Buddha ascended to Tavatimsa heaven. These five hundred sons-of good-family took ordination at that time - the full moon day of 'Waso' - because they were inspired to faith by a display of miracles performed at the foot of a white mango tree. On the following day, they listened to the Abhidhamma; and it was this Abhidhamma which became for those monks their Vipassana.
       And why was this? Those five hundred monks, all of whom became arahants during the rains-retreat of that year (the seventh rains-retreat of the Buddha), also became by the end of the retreat, masters of the seven books of the Abhidhamma (abhidhammika sattapakaranika). The Buddha first assembled the entire Dhamma and taught it all together (as the Dhammasangani). He then analyzed it into separate parts and taught (the Vibhanga). He further analyzed it in detail according to elements (producing thereby, the Dhatukatha). Again he assembled it together and again analyzed it into minute parts, this time in relation to individuals, (and so taught the Puggalapannati). After that, the Buddha examined and compared the different doctrines existing in the world and taught (the Kathavatthu). Thereupon, he examined and taught the Dhamma in pairs (Yamaka); and finally, taught the doctrine of causal relations in detail (Pathana).
       The seven methods of examining Dhamma presented in the seven books of the Abhidhamma; that is to say, 1) the analysis of mind (citta), mental factors (cetasika) and matter (rupa) when taken together, 2) the analysis of the same when distinguished into parts, 3) the analysis of elements, 4) the analysis of individuals, 5) the comparison of doctrines, 6) the analysis of Dhamma into pairs, and 7) the examination of causal relations, are in truth none other than seven exceedingly deep methods of Vipassana practice. For this reason it can be said that the day the five hundred monks mastered the Abhidhamma - this being the teaching of Abhidhamma-Vipassana they had listened to since their ordination - was the very day they mastered the practice of Vipassana.
       Vipassana is a method of wisdom that searches for truth and peace in diverse ways by observing, inquiring into, and penetrating the nature, the essence, the set order, the absence of being, the selflessness and the ultimately reality of mind and matter. For example, one method of Vipassana accomplishes this goal through ten kinds of knowledge whereby one comes to understand the nature of matter as producing effects in mutual dependence on matter; and similarly, the nature of mind as producing effects in mutual dependence on mind. Another method which achieves the same end; that is, the seeking out and penetration of reality, relies on an ascent through the seven purifications. In both instances, Vipassana and Abhidhamma are identical.
       Since Vipassana meditation takes the Abhidhamma as its sole object of contemplation, Vipassana and Abhidhamma cannot be separated. And while it may not be said that one can practice Vipassana only after one has mastered the Abhidhamma, Vipassana meditation and the study of Abhidhamma remain one and the same thing. Because mind, mental factors and matter are forever bound up with this fathom-long body, the study and learning of this subject, and the concentrated observation of the nature of mind, mental factors and matter are tasks which cannot be distinguished.
       Since at the very least one would have to say that there can be no Vipassana without an understanding of mind and matter, surely then it is not possible to separate Abhidhamma and Vipassana. It is explained in the Abhidhamma that the root causes giving rise to the seven elements of mind and matter are ignorance (avijja), craving (tanha) and volitional action (kamma). It is further pointed out that the supporting conditions for these same seven elements are kamma, mind, climate (utu) and nutriment (ahara). Only by grasping these abhidhammic truths will one possess the knowledge which comprehends conditional relations (paccayapariggahanana), and achieve the purification of mind necessary for overcoming doubt. These excellent benefits are pointed out by paticcasamuppada and pathana. Therefore, since it is the case that Vipassana and Abhidhamma are not separate but are mutually dependent, it is rightly submitted that Vipassana yogis ought not to let go of that wise method of learning about the human condition called the Abhidhamma.
      ( Note: - This is the talk , Sitagu Sayadaw gave on a special occasion of Abhidhamma, translated into English by the Department of Research and Compilation, International Buddhist Academy, Sagaing Hill, Myanmar )
ရန်ကုန်သီတဂူဝက်ဆိုက် (Sitagu.org) မှ ကူးယူဖေါ်ပြပါသည်။ 
ကိုရင်အာယု (မန်းသီတဂူ)