Showing posts with label သတင်းကဏ္ဍ. Show all posts
Showing posts with label သတင်းကဏ္ဍ. Show all posts

Sunday, March 11, 2012

သီတဂူဆရာတော်ဘုရားကြီး၏ (၇၅) နှစ် မွေးနေ့အလှူတော်

သီတဂူဗုဒ္ဓတက္ကသိုလ်တို့၏ အဓိပတိ ဆရာတော်ဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီး၏ (၇၅) နှစ်ပြည့်မွေးနေ့ပွဲတွင်
၁။ ဒေါ်ရွှေဥ (ရွှေဥရတနာရွှေဆိုင်)မိသားစု ရန်ကုန်မြို့မှ သင်္ကန်းအစုံ (၁၀၀၀)

၂။ မစ္စတာ တောင်ဂါရီရိုဂျိုအန်ကာဆာ+ ဇနီး ဒေါက်တာ ဟန်နီယို မိသာစု အင်ဒိုနီးရှားနိုင်ငံမှ စတီးသပိတ်အလုံး (၁၀၀၀)

၃။ ဦးတင်ဦး + ဒေါ်လှမြင့် ( ရွှေစင်ရတနာရွှေဆိုင်) ရန်ကုန်မြို့မှ စတီးငါးဆင့်ဂျိုင့် အလုံး (၂၀၀၀)

၎။ ဦးနေဝင်းနိုင်+ ဒေါ်ခင်ထွေးရီ (ဖော်အဲဗားဖန်စီစတိုး) ရန်ကုန်မြို့မှ ထီးအလက် (၁၀၀၀) နှင့် ဘိနပ် (၁၀၀၀)

၅။ မန္တလေးသီတဂူကျောင်းအမကြီး ဒေါညွန့််ညွန့်အေး မန္တလေးမြို့မှ သီလရှင်ဝတ်စုံ (၁၀၀၀)

၆။  ဒေါ်ရဲ၊ ဒေါ်နီ၊ ဒေါ်ချို၊ ဒေါ်ခင်ဝင်း၊ ဒေါ်ခင်သန်းဌေး သီတဂူကျောင်းအမများ မန္တလေးမြို့မှခုံထည် (၁၀၀၀)

၇။ စိန်ဖြိုးမိသားစု မန္တလေးမြို့မှ သွားတိုက်ဆေး သွားတိုက်တန် အစုံ (၂၀၀၀)
အစရှိသော သီတဂူကို ကြည်ဖြူကြကုန်သော ဒါယကာ ဒါယိကာများမှ သံဃာတော် အပါး (၁၀၀၀) နှင့် သီလရှင် အပါး (၁၀၀၀) တို့အား လှူဒါန်းခဲ့ကြပါသည်။

အများပြည်သူ ကြည်ညိုနိုင်ရန် ဓါတ်ပုံတို့ဖြင့် ဝေဝေဆာဆာ တင်ပြလိုသော်လည်း ကွန်ုပ်တို့၏ နည်းပညာ အားနည်းမူကြောင့်၎င်း ကွန်းနက်ရှင်းမကောင်းသည်ကြောင့်၎င်း  မတင်ပြနိုင်သည်ကို သီခံတော်မူကြရန် တောင်းပန်အပ်ပါသည်။။ (SSA လူငယ်များ) မန်းသီတဂူ

Tuesday, February 28, 2012

စားမေးပွဲသတင်း

 
၂၀၁၁။ ၂၀၁၂ ပညာ သင်နှစ် သီတဂူဗုဒ္ဓတက္ကသိုလ်တို့၏ (စစ်ကိုင်း ရန်ကုန်၊ မန္တလေးတို့) နောက်ဆုံးဖိုင်နယ်စာမေးပွဲကို တပေါင်းလပြည်ကျော် (၁၀) ရက် စနေနေ့  ၁၇.၀၃.၂၀၁၂ မှစ၍  တပေါင်းလဆုတ် (၁၄) ရက် ဗုဒ္ဓဟူးနေ့ ၂၁.၀၃.၂၀၁၂ အထိကျင်းပသွားမည်ဖြစ်ပါသည်။
ရန်ကုန်မှ ဘီအေ ကျောင်းသားများသည် စစ်ကိုင်းသို့ လာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးတာဝန်ခံများမှ တဆင့် ကြားသိရပါသည်။ (မသေချာသေးပါ)