Showing posts with label ဆုံးမစာ/ ဆုံးမစကား. Show all posts
Showing posts with label ဆုံးမစာ/ ဆုံးမစကား. Show all posts

Monday, October 5, 2015

ဂိုဏ်း ပါတီစိတ် မထာသင့်

အနာဂတ်သာသနာရေး အပိုင်း(၁၄၄) ဂိုဏ်း ပါတီစိတ် မထားသင့်




ဂိုဏ်း ပါတီစိတ် မထားသင့်

တစ်နိုင်ငံလုံး  တစ်သာသနာလုံး  တစ်နယ် တစ်မြို့ တစ်ရွာလုံးစသော အများအကျိုး ဆောင်သူတို့သည်- အများနှင့် ဆိုင်သော အလုပ်၌ ဂိုဏ်းစိတ် ပါတီစိတ်စသော သံယောဇဉ် ခင်တွယ်စိတ်များ မထားသင့်ပါ၊
 ရှင်းပြပါဦးမည်၊ သံဃာတော်ပိုင်း၌ ဂိုဏ်းချင်း, တိုက်တာချင်း, ကျောင်းချင်း ခွဲခြား၍ စိတ်ထားမှု,
 လူဝတ်ကြောင်ပိုင်း၌ ပါတီခွဲခြား၍ စိတ်ထားမှုသည် အလွန်ကျဉ်းမြောင်းသောစိတ်, မေတ္တာကရုဏာ ပျံ့နှံ့ဖို့ရာ နယ်ကျဉ်းသော, ဣဿာ မစ္ဆရိယ တိုးပွားစေသောစိတ်သာ ဖြစ်၏၊ 
ထိုစိတ်မျိုး ရှိနေသူသည် “အများကြီးပွားအောင် ဆောင်ရွက်ပါသည်”ဟု နှုတ်က ပြောသော်လည်း အလုပ် သဘောမှာမူ မိမိဆိုင်ရာ ကြီးပွားမှုကိုသာ ပြုလျက်ရှိတတ်၏၊ ထိုသူ့သန္တာန်မှာ အခြား ဂိုဏ်းပါတီ၏ ကြီးပွားမှုကို ၀န်တိုသော မစ္ဆရိယနှင့် တကယ်ကြီးပွားပြန်လျှင် မနာလိုသော ဣဿလည်း ဖြစ်တော့မည်သာ။


          ထိုအခါ အခြားဂုဏ်းပါတီကလည်း မိမိဂိုဏ်းပါတီအပေါ်၌ ဣဿာ မစ္ဆရိယ ဖြစ်ဦးမည်သာ၊ သို့ဖြစ်လျှင် တစ်နိုင်ငံလုံးကိုလည်းကောင်း, တစ်သာသနာလုံးကိုလည်းကောင်း ဣဿာ မစ္ဆရိယတွေ လွှမ်းဖုံးကာ ကြီးပွားမှု၏ အန္တရာယ်ကြီးသာ ဖြစ်ပေလိမ့်မည်၊ ဤ နေရာဝယ် သက္ကပဥှသုတ်တော်လာ ဗုဒ္ဓနှင့် သိကြား၏ အမေး အဖြေကို မှတ်သားသင့်ပါသည်။

သိကြား                   ။ နတ်ရော လူပါ များစွာသောသတ္တ၀ါတို့သည် ရန်မရှိ ဒဏ်မရှိ ဒေါသမရှိ အေးချမ်းစွာ နေထိုင်ဖို့ရန် ရည်သန် တောင့်တကြပါလျက် အဘယ့်ကြောင့် တောင့်တသလို မဖြစ်ဘဲ အန္တရာယ်ဘေးဒဏ် ရန်မာန်တွေနှင့် နေကြရပါသနည်းဘုရား။

ဗုဒ္ဓ                        ကိုယ့်ထက်သာ မနာလိုသော ဣဿာ, ကိုယ်ကောင်း စားသလို သူတစ်ပါး မကောင်းစားလိုသော မစ္ဆရိယ ဤတရားနှစ်ပါးသည် သတ္တ၀ါတို့ သန္တာန်၌ စွဲကပ်လျက်ရှိ၏၊ ထိုတရားနှစ်ပါးကြောင့်
 ဖြစ်ချင်သလို မဖြစ်ရဘဲ မဖြစ်လိုတာ ဖြစ်နေကြရသည်။

သိကြား                            ထိုတရားနှစ်ပါးသည် ဘေးရန်များ၍ မကြီးပွားစေ နိုင်သောတရား ဖြစ်ပါလျက် အဘယ့်ကြောင့် (မြွေပွေးကို ခါးပိုက် ပိုက်ထားသကဲ့သို့) မိမိတို့သန္တာန်မှာ အဖြစ်ခံ၍ နေကြပါသနည်းဘုရား။

ဗုဒ္ဓ               ။ချစ်အပ်သော ပုဂ္ဂိုလ်အသင်းအပင်း ဥစ္စာ, မချစ်အပ် သော ပုဂ္ဂိုလ်အသင်းအပင်း ဥစ္စာဟု ခွဲခြားထားမှုကြောင့် ဣဿာ မစ္ဆရိယ တရားနှစ်ပါး ဖြစ်နေကြရသည်။

မှတ်ချက်။                အချစ်ဂိုဏ်းပါတီ အမုန်းဂိုဏ်းပါတီဟု မညီမမျှ ခွဲခြားမှုကြောင့် အချစ်ဘက်၏ တိုးတက်မှုကိုသာ လိုလား၍ အမုန်းဘက်၏ တိုးတက်မှုကို မလိုလားသော ဣဿာ မစ္ဆရိယနှစ်ပါး ဖြစ်ရသည်၊ အချစ်ဘက်၏ ကောင်းကျိုးကိုသာ ရွက်ဆောင်၍ အမုန်းဘက်၏ ဆိုးကျိုးကိုသာ ရွက်ဆောင်ကြသောကြောင့်လည်း အန္တရာယ်ဘေးဒဏ် ရန်မာန်များစွာဖြစ်၍ ဆဲရဲဒုက္ခဖြင့် ပျက်စီး ဆုတ်ယုတ် ကြရသည်၊ ယခုခေတ်၌ အမေရိကန် အင်္ဂလိပ်တို့ ခေါင်းဆောင်သော တိုင်းပြည်အုပ်စုက တစ်ဖက်, ရုရှား ခေါင်းဆောင်သော တိုင်းပြည်အုပ်စုက တစ်ဖက် ကွဲပြား ပုံကို ကြည့်ပါ။
- - - -
(ရနံစံအိမ် ဘလောမှ ကူးယူဖော်ပြသည်)
ကိုရင်အာယု (ပူနေးတောရ)

Sunday, June 10, 2012

အသေကောင်းကြောင်း နည်းလမ်းကောင်း

ကိစ္စမများ စကားနည်းစေ၊

အိပ်နေမှုနည်း တစ်ကိုယ်တည်းပျော်လေ၊

ရောနှောမှုကင်း ချဲ့ခြင်းရှောင်သွေ၊

အသေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ၊

အနေကောင်း အပေါင်း ဂုဏ်ခြောက်ထွေ။


ယောဂီတို့ တရားတိုးတက်ချင်ရင် ဂုဏ်အင်္ဂါ ခြောက်ပါးရှိမှ အနေလည်းကောင်း အသေလည်းကောင်းမယ်။

ကိစ္စမများ==

          ကိစ္စများ သတိလက်လွတ် ဖြစ်ကြလို့ ဒုက္ခတွေ များလှပါပြီ။ ကိစ္စတိုင်း ကိစ္စတိုင်း ဘာပဲလုပ်လုပ် သတိလက်လွတ် မဖြစ်စေနဲ့။ သတိနဲ့လုပ်ရင် တရားအလုပ် ဓမ္မအလုပ် ဖြစ်သွားပါတယ်။

စကားနည်းစေ==

      စကားနည်းရမယ်တဲ့။ နည်းတဲ့ထဲမှာ ပြောသမျှကိုလည်း သတိထား ပြောပါ။ အကျိုးမရှိတဲ့စကား မပြောနဲ့၊ အကျိုးမရှိတဲ့ စကားကို အတတ်နိုင်ဆုံးရှောင်၊ အကျိုးရှိတာပဲပြော၊ ဘာပြောပြော သတိကလေးနဲ့ပြောပါ။ သတိကလေးနဲ့ပြောရင် အကျိုးမရှိတဲ့ စကားတောင်မှ အကျိုးရှိသွားတယ်။
ယောဂီတွေ စကားတပြောပြောနဲ့ လမ်းလျှောက်နေကြတာ သူများတွေတွေ့တော့ ဘယ်လိုများထင်မလဲ။ တစ်ချို့မိတ်ဆွေဖွဲ့ကြတယ်။ လိပ်စာတောင်းကြတယ်၊ အဲဒါ ယောဂီ အလုပ်မဟုတ်ဘူး။

အိပ်နေမှုနည်း== 

       အအိပ်မများရဘူးတဲ့။ သတိလေးနဲ့ နိုးနိုးကြားကြား ကောင်းသော နိုးကြားခြင်းဖြင့် နိုးကြားနေပါ။

တစ်ကိုယ်တည် ပျော်လေ== 

တစ်ချို့ အိမ်မှာတုန်းက တစ်ကိုယ်ရေ တစ်ကာယပဲ၊ ရိပ်သာလာတော့မှ အဖော်တွေနဲ့၊ တရားသမားနဲ့ မတူတော့ဘူး။ ကိုယ်လည်း တစ်ကိုယ်ရေ၊ တစ်ကာယ၊ ကာယဝိဝေက စိတ္တဝိဝေက၊ တစ်ကိုယ်တည်းနေ တစ်စိတ်တည်းထား ဆိုတာ တရားအားထုပ်တဲ့ အချိန်ကလေးပဲ။ ကိုယ့်နားမှာ လူဘယ်လောက်ပဲ များနေနေ၊ ကိုယ်တစ်ယေက်တည်း တစ်စိတ်တည်းဖြစ်နေတယ်။ ကိုယ်အဖော် မပါရဘူး။ အဖော်ကင်းကင်း စိတ်အဖော်လည်းမပါရဘူး။ စိတ်အဖော်က လောဘပဲ။ အာရုံတွေအပေါ်မှာ သာယာတဲ့ လောဘ မပါရဘူး။ ဟိုဟာလိုချင် ဒီဟာလိုချင် ဟိုတွေး ဒီတွေး တရားထိုင်ရင်း စိတ်ကူးတာ၊ တရားထိုင်ရင်နဲ့ အတွေးတွေဝင်နေတာ သတိထားပေးရမယ်။
အဲဒါတွေကို နိုင်တာက သတိပဲရှိတယ်၊ သတိထားနိုင်မှ၊ သတိကလေးနဲ့ စိတ်မှာဖြစ်တိုင်း ဖြစ်တိုင်းသိ ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်းသိ၊ သိစရာနဲ့ သိတာ နှစ်ခုပဲရှိတယ်။ သတိလေးနှင့် ပျော်ရမှာ။

ရောနှောမှုကင်း===

         ပရိတ်သတ်နဲ့ အများနဲ့ အပျော်အပါးနဲ့ မရောနှောရဘူး။ ဒီမှာ ရက်ပိုင်းကလေး လာနေကြတဲ့ ဥစ္စာ၊ ရောနှောမှုတွေ ကင်းနေရမယ်၊ ဟိုကိစ္စ ဒီကိစ္စ၊ ဟိုဆက်သွယ်လုပ် ဒီဆက်သွယ်လုပ်ဆိုရင် တရားအလုပ်ပျက်တယ်၊ မလွှဲသာ မကင်းသာရင်လည်း သတိလေးနဲ့လုပ်ပါ။ တရားလက်လွတ်မဖြစ်စေနဲ့။ သတိရှိနေတဲ့အတွက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ဘူး၊ အဆိုးက အကောင်းဖြစ်သွားတယ်။ သတိမရှိရင် အကောင်းကလည်း အဆိုးဖြစ်သွားတယ်။

ချဲ့ခြင်း ရှောင်သွေ==

             ချဲ့တတ်တာ တဏှာ၊ မာန၊ ဒိဋ္ဌိ သံသရာ နယ်ချဲ့သမားသုံးပါးပဲ။ တဏှာလောဘဟာ ချဲ့ထွင်သမားပဲ၊ စားမှု ဝတ်မှု နေမှု ထိုင်မှုတွေချဲ့ထွင်၊ အကုသိုလ်တွေ ကျယ်ပြန့်သွားအောင် ချဲ့ထွင်တဲ့သဘောပဲ၊ ဆင်းရဲဒုက္ခတွေများအောင် ချဲ့ထွင်ပေးတာ သူပဲ။
ယောဂီတစ်ယောက် လိုချင်မှုတွေကြောင့် အိမ်ပြန်ရမလိုဖြစ်နေတယ်။ တရားနာလိုက်တော့မှ အဲဒီစိတ်ပျောက်သွားတယ်။ စိတ်ကို လွတ်လွတ်ထားရင် အဲလိုပဲ ဖြစ်တတ်တယ်။
မာနလည်း ချဲ့ထွင်၊ ဒိဋ္ဌိကလည်း ချဲကထွင်၊ အိုမှု နာမှု သေမှုတွေ ခဏခဏ ရောက်အောင် ချဲ့ထွင်ပေးတဲ့ တရားတွေ သံသရာနယ်ချဲ့တရား သုံးပါး။ ဒီဟာတွေနဲ့ ချဲ့နေရင် သံသရာဝဋ်က ကျွတ်လွတ်တဲ့ တရားထူး တရာမြတ်တွေ မရဘဲနေလိမ့်မယ်။ အဲဒါတွေကို ရှောင်မှ အနေလည်းကောင်း အသေလည်းကောင်းမှာ။
အနေကောင်းမှ အသေကောင်းမယ်။
အနေတတ်မှ အသေတတ်မယ်။

                                               (ရွှေဥမင်ဆရာတော်ကြီး)

Sunday, June 3, 2012

"အရည်အသွေးပါမှ စိတ်ချရတာ"

                 အရေးကြုံလာပြီးဆိုရင် ကိုယ့်မှာ အားကိုးစရာ အသင့်ရှိထားအောင် ဘုရားရှိခိုးတာ စိတ်ပါလက်ပါရှိခိုး၊
               ကုသိုလ်အလုပ် တရားအလုပ်လုပ်တာ စိတ်ပါလက်ပါအရည်အသွေးပါအောင်လုပ်၊ ဘယ်အရာမဆို စူးစူးစိုက်စိုက်လုပ်၊ ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား၊ ကိုယ့်သန္တာန်မှာ အကောင်းဓါတ်တွေရှိသင့်သလောက် ရှိထားမှ စိတ်အေးရမှာ။
အရေးကြံလာခါမှ အဖေကယ်ပါ အမေကယ်ပါလုပ်နေမယ့်အစား ကြိုတင်ပြီးတော့ ကိုယ့်ဟာကိုယ် ကောင်းမူတွေ ဖြည့်စွက်ထားတာကမှ စိတ်အချရဆုံး၊ ဘုရားရှိခိုးခိုင်းတယ်၊ တရားထိုင်ခိုင်းတယ်ဆိုတာ သက်သက်မဲ့ အချိန်ဖြုန်းတာမဟုတ်ဘူး။
ဘေးရန်အန္တရာယ် အလွန်ပေါတဲ့ လောကကြီးမှာ ဘေးရန်လုံလုံခြုံခြုံနဲ့ စွမ်းအားပြည့်ပြည့်ဝယ နေနိုင်အောင်လို့ အရည်အသွေးတွေ မြင့်မားတောက်ပြောင်လာအောင်လို့ ချီးမြောက်ပေးတာ။
             "ကဲမင့်တို့ အိပ်ရေးဝအောင်အိပ်ကြဟေ့၊ ဘုရားရှိခိုး မလိုက်လဲ ရတယ်ကွ၊ မင်းတို့သဘောအတိုင်းဘဲဟေ" လို့ လွှတ်ထားတာမျိုးက ချီးမြှောက်တာမဟုတ်ဘူးဗျ။

ဒုတ်နှင့်ရိုက်သတ်တာထက် နာတယ်။ ဒုတ်နဲ့ရိုက်သတ်တာကမှ နဲနဲခံသာလိမ့်ဦးမယ်။

ဘုရားရှိခိုးတာ တကယ်စိတ်ပါလက်ပါ စူးစူးစိုက်စိုက်သာရှိခိုးမယ်ဆိုရင် "နမောတဿ" ဘုရားရှိခိုးတစ်ပုဒ်နှင့်တောင် အရည်အသွေးပါတယ်။
သရဏဂုံ (၃)ပါးနှင့်တောင် အားကိုးရလောက်တယ်။ လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှလည်း စိတ်ပါလက်ပါ ကြိုးစားပြုလုပ်အားထုပ်၊ ကိုယ့်အရည်အသွေးကို ကိုယ့်ဟာကိုယ် မြင့်ရမှာ။ ကိုယ့်အရည်အသွေး ကိုယ့်ဟာကို မြှင့်မှ ကိုယ့်အရှိန်အဝါ ကိုယ့်ဟာကိုယ်တက်မှာ။
သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။
ကိုယ့်ဟာကိုယ်တင့်တဲ့ အရှိန်အဝါကမှ တကယ့်အရှိန်အဝါပါ။
စာအရည်အချင်းလည်း ထို့အတူပဲ၊
ကိုယ့်ဟာကိုယ် ကြိုးစားအားထုတ်လို့ရတဲ့ အရည်အချင်းကမှ တကယ့်အရည်အချင်း။
အကျင့်သိက္ခာပိုင်း ဆိုင်ရာမှာလည်း ဒီအတိုင်းပဲ။
ကိုယ့်ဟာကို ကျင့်ကြံအားထုပ်လို့ နည်းမှန်လမ်းမှန် ကြိုးစားလိုရတဲ့ စွမ်းအားကမှ တကယ့်အရည်အချင်း။
ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဟာကို
ကိုယ်စေတနာကောင်းနဲ့ ကိုယ်ဟာကို
လုပ်နေရင် နည်းမှန်လမ်းမှန် သူ့ဟာသူ အကျိုးပေးလိမ့်မယ်။
ကိုယ်သီလ သမာဓိ ပညာနဲ့ကိုယ်
ကိုယ်အကျင့်သိက္ခာနဲ့ ကိုယ်
စာမေးပွဲအရည်အချင်းနဲ့ဖြေဆိုလို့ ရတဲ့ ကိုယ်ံရဲ့ အောင်မြင်မူကမှ တကယ့်အရည်အချင်း။
သာသနာတော်အတွက် တက်ယအားကိုးလို့ ရတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် နေစဉ်နဲ့အမျှ ပရိယတ္တိ ပဋိပတ္တိ ကိုယ်ပိုင်လုပ်ငန်းနှစ်ရပ်ကို သဲသဲမဲမဲ ဖြည့်ကျင့်ကြိုးစားအားထုတ်ကြရမှာ၊
ကိုယ်ပိုင်အရည်အချင်းရှိဖို့ လိုတယ်။

ဘဲပဲလုပ်လုပ် လုပ်ရမယ့်အတူတူ တော့ အရည်အသွေးပါအောင် ပဲလုပ်။ လူမြင်ကောင်းရုံ ဟန်လေးနဲ့ လုပ်တာမျိုးမဖြစ်စေနဲ့။

ဟန်ဆိုတာ တကယ့်အရေးကျရင် ဘာမှအားကိုးလိုမဖြစ်ဘူး။
လောကမှာ ဘေးအန္တရာယ်တို့မည်သည် ဟန်နဲ့လာတာ တစ်ခုမှမရှိဘူး။
တကယ်လာတာ။ ဘေးအန္တရာယ်ကို ဟန်နဲ့ကာကွယ်လို့မရဘူး။
အရေးကြုံလာပြီဆိုရင် ကိုယ်မှာ အားကိုးစရာတွေ အသင့်ရှိထားအောင် ကုသိုလ်အလုပ် တရားအလုပ်ကို နေ့စဉ်နဲ့အမျှ ထုံနေအောင် လေ့ကျင့်ထားမှ အန္တရာယ်တွေကို ကာကွယ်လို့ရမာ အရင်ပြောနေကျအတိုင်းပေါ့။ "ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား" တဲ့ ။။။
ဟန်ဆိုတာ လူမြင်ကောင်းရုံပဲရှိတာ၊ တကယ့်အရေးကျရင် ဘာမှအားကိုးလို့ မဖြစ်ဘူး။
လောကမှာ အတွင်းမှာရော အပြင်မှာရော မမြင်ရတဲ့ ဘေးတွေ ရန်တွေ အန္တရာယ်တွေက အများကြီး၊

ကိုယ့်ပေါ်ကြရောက်လာမယ့် အန္တရာယ်တွေကို ဟန်နဲ့ကာကွယ်လို့မရဘူး။ ကိုယ့်သန္တာန်မှာ ကိုယ်ပြုလုပ်အားထုပ်ထားတဲ့ ကောင်းမှုတရား စွမ်းအားတွေရှိထားမှ အန္တရာယ်ကို ကာကွယ်လို့ရမှာ။

                         (ယောဆရာတော်)

Friday, May 25, 2012

သာသနာပိုင် ဖြစ်အောင်လုပ်ကြ

                သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေတာဟာ ကိုယ့်ကိစ္စ ကိုယ့်အလုပ်ပဲ။
ဘာဘဲလုပ်လုပ် သိက္ခာသုံးပါး ဘောင်ဝင်အောင်လုပ်၊
ကိုယ့်သန္တာန်မှာ သိက္ခာသုံးပါး ဖြစ်ပေါ်တိုးပွားအောင် ကြိုးစားဖြည့်ကျင့်နေတာဟာ သာသနာပြုတယ်ခေါ်တယ်။
ကိုယ်လက်လှမ်းမီသလောက် အခြားသူတွေကိုလဲ သိက္ခာသုံးပါး ဖြည့်ကျင့်နိုင်အောင် ကူညီပေးတာဟာလဲ သာသနာပြုတယ်ခေါ်တယ်။
စာသင်တာဟာလဲ သိက္ခာသုံးပါးအတွက်ပဲ။
စာချတာဟာလဲ သိက္ခာသုံးပါးအတွက်ပဲ။
ပရိယတ်ဆိုတာ ပဋိပတ်အတွက်ပဲ။
ကိုယ်ကိုတိုင်ကလဲ သိက္ခာသုံးပါးကို ဖြည့်ကျင့်နေတယ်၊ ကိုယ့်ပရိသတ်ကိုလဲ သိက္ခာတိုးအောင်ပွားအောင် စွမ်းဆောင်ပေးတယ်။
ဒါဟာ သာသနာပြုတယ်ခေါ်တယ်။
                        ဟာ-- ကိုရင်လေးဘဲရှိသေးတယ် သာသနာပိုင်ဖြစ်နေပြီတဲ့။
ဟုတ်တယ်-- သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို လေးလေးနက်နက် မြတ်မြတ်နိုးနိုး ဖြည့်ကျင့်ကြိုးစားအားထုတ်နေရင် ကိုရင်လေးလဲ သာသနာပိုင်ပဲ။
လောကမှာ ပြောနေကြတဲ့ သာသနာပိုင်တွေက သမုတိသာသနာပိုင်၊ ကိုယ်တိုင်သိက္ခာသုံးပါးကို လက်တွေ့မကျင့်သုံးဖြစ်သေးရင် သာသနာပိုင်အစစ် မဟုတ်သေးဘူး။
အများက ရွှေးချယ်တင်မြောက် အသိအမှတ်ပြုထားလို့ ရရှိထားတဲ့ ဝေါဟာရ သာသနာပိုင်ပဲရှိသေးတယ်။
အချိန်တန်ရင် ပျောက်ကွယ်သွားအုံးမှာ၊  သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို လေးလေးနက်နက် မြတ်မြတ်နိုးနိုး ဖြည့်ကျင့်ကြိုးစားအားထုတ်လို့ အလုပ်နှင့်ရလာတဲ့ သာသနာပိုင်ကတော့ ဘယ်တော့မှ မပျောက်မပျက် အမြဲတမ်းအားကိုးရတယ်။
အခုရော နောင်ပါစိတ်အေးရတယ်။
အဲဒါကမှ ------  တကယ့် သာသနာပိုင်အစစ် စစ်မှန်တဲ့သာသနာပိုင်ဖြစ်အောင် ကိုယ့်ဟာကိုပဲ လုပ်ရမှာ ကိုယ့်ဟာကိုယ်ပဲ ကြိုးစားရမှာ။
                ဒါကြောင့် စစ်မှန်တဲ့သာသနာပိုင် ဖြစ်အောင် သီလ သမာဓိ ပညာသိက္ခာသုံးပါးကို နေ့စဉ်နဲ့အမျှ ဖြည့်ကျင့်ကြိုးစားအားထုပ်၊ အကျင့်သိက္ခာကိုလဲ မြတ်မြတ်နိုးနိုးတန်ဖိုးထား၊
ရှင်ရဟန်း ဆိုတာ သာသနာ့ကျက်သရေဆောင်နေရမှာ။
                                                                            (ယောဆရာတော်)

Wednesday, February 8, 2012

ဂုဏံနာမာ သဏိကံ သဏိကံ အာဂစ္ဆတိ

ဂုဏ်တက်ချင်လို တစ်သက်လုံးခဲ့ ဂုဏ်ပျက်ချင်တော့ တစ်ရက်တည်။။
ကုသိုလ်ကောင်းမှုဆိုတဲ့ကောင်းသောအလုပ် ပြုလုပ်ကာ ကောင်းသတင်း ကောင်းသောဂုဏ် ဆိုတာဖြည်းဖြည်းလေးသာ ပြန်နံတယ်၊ လုပ်သလောက်မပြန့်ဘူး။။
ဒါကြောင့် ဂုဏံနာမာ သဏိကံ သဏိကံ အာဂစ္ဆတိ။ လို့ဟောတော်မူတယ်
ဒါပေမဲ့ မကောင်းမှုကလေးတစ်ခုကို အမှတ်မထင်လုပ်လိုက်မိတာတဲ့သူ အတွက် အကုသိုလ်ဆိုတဲ့ မကောင်းသတင်းကတော့ နေခြင်းညချင်း ဆိုသလို မကောင်းသတင်း မကောင်းဂုဏ်ဟာ ပြန့််နံသွားတယ်။ ဒါကြောင့် ဒေါသာနာမ ဧကဒိဝသေနေဝ ပတ္တဋ္ဋာ
                                           (ယောဆရာတော်)

Wednesday, February 1, 2012

ငွေရှိမှ လောကလူ ရိုသေ

ငွေရှိမှ လောကလူ ရိုသေ။
ငွေမရှိ အသိမလုပ်ပေ။။
ကိုယ်အား  ဉာဏ်အား စိတ်အားကိုခွေ၊၊
လူ့လောက ရှာကြငွေငွေငွေ။။။။
                             အရှင်ဉာဏိက (လန်ဒန်)



လောကဓံလှိုင်း မုန်တိုင်းထန်စေ၊
လျှိုမြောင် ချောက်ကြား၊ ရောက်သွားပါစေ၊
မဆုံ့ မမဲ့ အားနွဲမခွေ၊
ကျားတို့ဇွဲ အားခဲလုပ်ဆောင်လေ။။။
                         အရှင်ဉာဏိက (လန်ဒန်)