Wednesday, January 14, 2015

သိကြားမင်းက လေးစားရသူများ

၁။ သီလနှင့် ပြည်စုံသော ရဟန်း
၂။ ကောင်းမူပြုသော လူ
၃။ ကိုယ်ကျင့်သီလရှိသော လူ
၎။ ရတနာသုံးပါးကို ဆည်းကပ်သော လူ
၅။ သမ္မာအာဇီဝ အလုပ်ဖြင့် သားမယားကို လုပ်ကြွေးသော လူ။

ထိုသူတို့အား မိုးသိကြားသည် နန္ဒဝန် ဥယျာဉ်သို့ မဝင်မှီ ၊ ဝေဇယန္တာပြဿဒ်မှ ဆင်းသက်ခါ ရှိခိုး ဦးတိုက်လေ့ရှိသည်ဟူ၏။

သဂါထာဝဂ္ဂပါဠိတော်။ သကသံယုတ်။ ဂဟဋ္ဌဝန္ဒနာသုတ်။
- ---- ---- --- -- --- -- -- -- -- -- -- -- - - - - -

ဓါတ်ပုံ - ပဝတီတောင်မှ မြင်တွေ့ရသည့် ပူနေးတောရ အနောက်ပိုင်း

Monday, January 12, 2015

သိကြားမင်း ဖြစ်လို့ပါသလား

သိကြားမင်းဖြစ်လို့သော် ဖြည့်ကျင့်ရမည့် အရာများ။

၁။ အသက်ထက်ဆုံး မိဘကို လုပ်ကျွေးခြင်း။
၂။ အသက်ထက်ဆုံး မိမိတို့၏ ဆွေမျိုးထဲမှ ကြီးသူတို့ကို ရိုသေခြင်း။
၃။ အသက်ထက်ဆုံး ချိချိုသာသာ ပြောဆိုခြင်း။
၎။ အသက်ထက်ဆုံး ကုန်းချောစကားကို မဆိုခြင်း။
၅။ အသက်ထက်ဆုံး ဝန်တိုခြင်းကင်းသော စိတ်ဖြင့် နေထိုင်ခြင်း။
၆။ လွတ်လွတ်ကျွတ်ကျွတ် ပေးကမ်း စွန့်ကြဲခြင်း။
၇။ အသက်ထက်ဆုံး မှန်ကန်သော စကားဆို၍ အမျက်မထွက်ခြင်းတို့ ဖြစ်ပေသည်။´


ထို့ပြင်၊ 
၁။ အစဉ်အလာကောင်းများကို ထိန်းသိမ်းခြင်းဖြင့် ပူဇော်ရမည်။
၂။ မိဘကို ပြုစုလုပ်ကြွေးခြင်းဖြင့် ပူဇော်ရမည်။
၃။ ဆရာသမားတို့အား လေးစားမြတ်နိုးခြင်းဖြင့် ပူဇော်ရမည်။
၎။ တစ်ပါး သူများကို လေးလေးစားစား ဆက်ဆံခြင်းဖြင့် ပူဇော်ရမည်။ 
၅။ အခြားသက်ရှိ သတ္တဝါတို့ နှင့် သဘာဝတောတောင်ရေမြေအား ထိန်းသိမ်း ပြုပြင် စောက်ရှောက် ကာကွယ်ခြင်းဖြင့် ပူဇော်ရမည်။

အထက်ပါအချက် တို့အား 
၁။ အားသွန်ခွန်စိုက် အားထုပ်ခြင်း
၂။ အဆက်မပြတ် မခိုမကပ် အားထုပ်ခြင်း
၃။ ကြာမြင့်စွာ အားထုပ်ခြင်း
၎။ ရိုရိုသေသေ အားထုပ်ခြင်း။ ဟူသော ဝိရီယ လေးပါဖြင့် အားထုပ်ပါက သိကြားမင်း ဖြစ်ပေလိမ်မည်။ 

(ဦးရွှေအောင် ဓမပဒ။ နာ ၃၆၀)

ကိုရင်အာယု ပူနေးတောရ 13.01.2015