Showing posts with label တက်လမ်း နှင့် လက်တမ်းကဗျာများ. Show all posts
Showing posts with label တက်လမ်း နှင့် လက်တမ်းကဗျာများ. Show all posts
Saturday, June 2, 2012
Sunday, February 5, 2012
GROUND TO CROWN
တပည့်လိမ္မာ ရင့်သီချာတို့၊
Ground မှသည် Crown ဆီသို့၊
ဘဝထက်တန်း တက်လှမ်းညီညာ၊
အောင်ပန်းဖြာသော် အပေါ်ရောက်ပြန်၊
အကြောင်းမှန်သိ အောက်ပြန်ကြည့်၊
ကျေးဇူးထွေထွေ သိကြစေ။။
ဤသာသနာ ထေရ်ဆရာသို့၊
သေချာခြေရင်း ဝပ်စင်းရိုသေ၊
လုပ်ကျွေးသမှု လုံးလပြု၍၊
ဆရာ့ခြေစုံ မြူမှုန် ခပင်း၊
ဦးခေါင်းချဉ်းလည်း မဖဲ့မစောင်း၊
သူတော်ကောင်းပဲ နှလုံးစွဲကာ၊
ရဲရဲကြည်ဖြူ ကြင်နာသူ။
ကျမ်းကြီး ကျမ်းငယ် မာသွယ်သွယ်လည်း၊
ချယ်လှယ်နှံ့သိ ကိုယ်ပိုင်သိနှင့်၊
ပါဠိဋ္ဌကထာ ဋီကာာကြွင်းခဲ၊
နုတ်တက်စွဲအောင် မောင်တို့ဆောင်။
ကိုယ့်အားကိုယ်ကိုး ကိုယ်တန်ခိုးနှင့်၊
မြင့်မြင့်ကြံ မှန်မှန်လုပ် စွန်းလွတ်တဲ့ပုဂ္ဂိုလ်၊
ဗုဒ္ဓအလို ယောင်္ကျား ဖြစ်ကြစေသား။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၊
ဝန်စီး မဖြစ် ထမ်းလျက်ဝန်ချီ၊
ကိုယ်စီကိုငှ "အောင်လံဓမ္မ"၊
လွင့်ထူကြ။။
နုန်းစံအပြည့် ခရီးရောက်ကြစေ။။
ဘုန်းကံအတိ ကြီးမြောက်ကြစေ။
Ground မှသည် Crown ဆီသို့၊
ဘဝထက်တန်း တက်လှမ်းညီညာ၊
အောင်ပန်းဖြာသော် အပေါ်ရောက်ပြန်၊
အကြောင်းမှန်သိ အောက်ပြန်ကြည့်၊
ကျေးဇူးထွေထွေ သိကြစေ။။
ဤသာသနာ ထေရ်ဆရာသို့၊
သေချာခြေရင်း ဝပ်စင်းရိုသေ၊
လုပ်ကျွေးသမှု လုံးလပြု၍၊
ဆရာ့ခြေစုံ မြူမှုန် ခပင်း၊
ဦးခေါင်းချဉ်းလည်း မဖဲ့မစောင်း၊
သူတော်ကောင်းပဲ နှလုံးစွဲကာ၊
ရဲရဲကြည်ဖြူ ကြင်နာသူ။
ကျမ်းကြီး ကျမ်းငယ် မာသွယ်သွယ်လည်း၊
ချယ်လှယ်နှံ့သိ ကိုယ်ပိုင်သိနှင့်၊
ပါဠိဋ္ဌကထာ ဋီကာာကြွင်းခဲ၊
နုတ်တက်စွဲအောင် မောင်တို့ဆောင်။
ကိုယ့်အားကိုယ်ကိုး ကိုယ်တန်ခိုးနှင့်၊
မြင့်မြင့်ကြံ မှန်မှန်လုပ် စွန်းလွတ်တဲ့ပုဂ္ဂိုလ်၊
ဗုဒ္ဓအလို ယောင်္ကျား ဖြစ်ကြစေသား။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၊
ဝန်စီး မဖြစ် ထမ်းလျက်ဝန်ချီ၊
ကိုယ်စီကိုငှ "အောင်လံဓမ္မ"၊
လွင့်ထူကြ။။
နုန်းစံအပြည့် ခရီးရောက်ကြစေ။။
ဘုန်းကံအတိ ကြီးမြောက်ကြစေ။
ကိုတေဇ (ကလေး)
SIBA sagaing 002837
တက္ကသိုလ်
ဘဝကို "ပျို" စေခဲ့သလို၊
ဘဝကို "ပြို" စေခဲ့တဲ့၊
နေရာ၊
တက္ကသိုလ်ပါ။။
မာဆဲညီ SIBA Sagaing 002877
ဘဝကို "ပြို" စေခဲ့တဲ့၊
နေရာ၊
တက္ကသိုလ်ပါ။။
မာဆဲညီ SIBA Sagaing 002877
Saturday, January 28, 2012
ဒီအချိန်
သူ..အိပ်ယာထလို့ ဘုရားရှိခိုး
ဆွမ်းလောင်းနေတဲ့ အချိန်
ငါတော့..
အိပ်ယာထဲမှာ ကွေးတစ်ခါ ဆန့်တလှည့်နဲ့ မှိန်းနေမိလေရဲ. ...။
သူ....
ဘဝမှတ်တိုင်တစ်ခု တည်ဆောက်ဖို့
ကလပ်တွေတက် စာတွေကျက်နေတဲ့ ဒီအချိန်
ငါတော့
လဖက်ရည်ဆိုင်မှာ ခပ်ခါးခါး ကော်ဖီတစ်ခွက်ကို
သောက်ရင်း ဆေးလိပ်တစ်လိပ်ကို ခဲနေမိလေရဲ. .....။
သူ...
မိုးချုပ်လို့ ညမှောင်လာတဲ့အခါ
တစ်နေ့တာ ကျက်မှတ်ထားတဲ့စာတွေကို
ပြန်လည် လေ့ကျင့်နေတဲ့ ဒီအချိန်
ငါတော့....
မပြီးဆုံးနိုင်တဲ့ ကိုရီယား ဇာတ်လမ်းတွဲ တစ်ခုကို ကြည့်နေမိလေရဲ. .......။
သူ...
တစ်နေတာကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံး
ပင်ပန်းမှုကိုဖြေဖျောက် အနားယူဖို့ အိပ်စက်တဲ့ ဒီအချိန်
ငါတော့ ..
အတိတ်ကိုတွေး ပူဆွေး
အနာဂါတ်ကိုတွေး ရင်လေးရင်းနှင့် ဗျာများနေမိလေရဲ. .....။
အဲဒီအချိန်လေးတွေကဘဲ
...................ငါတို့ဘဝသမိုင်းကို ရေးထိုးကြတော့မယ်။။
ကိုလွမ်းအိမ် (SIBA sagaing 003043)
Sunday, January 22, 2012
မိထွေး မတော်လိုပါ။။
“ဆရာများ သားသေ” တဲ့
ဘယ်သူတွေသမုဒ်ပြီး
ဘယ်သူတွေအဟုတ်ထင်နေလဲ?
ဒါဆို- - -
ရာဟုလာက
နံနက်တိုင်း သဲပွင့်တွေဆုပ်ကိုင်ပြီး
“ဤသဲပွင့်နှင့်အမျှ သြ၀ါဒတွေရပါစေ” ဆိုတဲ့
ဆုတောင်းသံတွေ
ဘယ်နားသွားထားရမလဲ
သူ--
သေချင်ခဲ့မှာ မဟုတ်တာတော့
သေချာတယ်။
အရှင်ဣန္ဒာစရိယ (SBA-M 00242)
Who made this “Theory”?
Who believed in it (truth)?
If so,
Rahula
He prayed with holding amount of sand
Every morning-
That may I get a lot of admonishment
From the Buddha and the Sangha
Where shell we keep it
He _ _
Didn’t want to die
There was no doubt.
Ashin Indacariya (SBA-M 00242)
ကျားကြေက်လို့ ဆင် (ရှင်)ကြီးကိုယ်၊
ရှင်ကြီးကျားတက်ဆိုးတဲ့
မြစ်နှစ်စင်းရဲ. မြစ်မင်း၊ ဧရာ ကိုတာစီး
ရေကာတာကြီးဆောက်လုပ်ဖို့
သူတို့လုပ်ခဲ့ကြသတဲ့
နစ် ၅၀ စာချုပ်တဲ့
မြင်ရမယ်ထင်းလား
အရင်ကလိုပုံစံမျိုး
နှောက်နှစ် ၅၀ မှာ
သူကို တာစီးလိုက်တာနဲ့
ဧရာဝတီရဲ. မျက်ရည် တွေက
မြို့ရွာတွေကို စိုစွတ်
ပြီးတော့
သူမျက်ရည်တွေ ခမ်းခြောက်
အရမ်းကြောက်စရာကောင်းတဲ့
ဘေးဆိုးဆိုတာ
ပြေးကြိုစရာမလိုဘဲ အလိုလိုရောက်လာမဲ့ကိစ္စ
ကမ္ဘာကအော်နေပြီ
Global warming တဲ့
Natural disaster တဲ့
ကြည့်လည်းလုပ်ကြပါဦးဗျာ
မူတတန်း ဖတ်စာထဲ့က
မြစ်ထဲမှာ ရေ ရှိသည် ဆိုတဲ့ ၀ါကျ ကို
ကြက်ခြေ မခက်လိုက်ကြပါနဲ့
ကျွန်ုပ် ဘယ်သူကိုမှ
မိထွေး မတော်လိုပါ။။
ပုံ၊ အဖ ဦးမြန်မာ နင့် အမိ ဒေါ် ဧရာဝတီ တို.၏ သား Natural Weather (SBA mamdalay 00007)
Subscribe to:
Posts (Atom)