Sunday, December 16, 2012

ဆောင်းနှင်းများနှင့် နယူးဒေလီ ခရီး

ကျောင်းပိတ်ရက်အတွက် ပူနေးမှသည် ဒေလီဆီသို့ ခရီးတစ်ထောက် အလယ်ရောက်ဖြစ်ခဲ့သည်။ အရှင်ဝိဝေက၊ အရှင်သီလာစာရ၊ အရှင်ခေမာနန္ဒ တို့နှင့်အတူဖြစ်ပါတယ်။ (၃၀) နာရီခန့် ရထားခရီးဟာ (ကီလိုမီိတာ ၁၅၅၀ ကျော်) အလွန်စိတ်ညစ်စရာကောင်းတဲ့ ခရီးတစ်ခုပါ။ နှောင်များ မစီးချင်တော့လောက်အောင် စိတ်ညစ်ခဲ့ရပါတယ်။ အိန္ဒိယရထားနှင့် အိန္ဒိယခရီးသွား သူတို့ကတော့ နေသားကြနေပုံပါ။ ကိုရင်အာယု တို့အဖို့တော့ ဒီရထားခရီးစဉ်ကို စာမဖွဲခြင်းတော့ပြီး။ တစ်ဘူတာနား တစ်ဘူတာဝင် တစ်ဘူတာထွက် ခရီးဆက်ခဲ့ရာမတော့ နယူးဒေလီဘူတာသို့ ည (၁၀ ခွဲမှာ) ရောက်ရှိခဲ့ပါတယ်။ အရှင်ဇဋိလာလင်္ကာရ၊(သီတဂူ) အရှင်ကုသလသာမိ(သီတဂူ)အရှင်သေဇ္ဇန(ပခုက္ကူ) ဒေလီကျောင်းသားများမှ ဘူတာမှာ လာကြိုကြပါတယ်။ ပူနေး နှင့် ဒေလီ ရာသီဥတုချင်းကွားခြားလွန်းပါတယ်။ မြူနှင်းများနှင့်အတူ အေးမြမြ ဆောင်လေးတို့ကလည်း ကြိုဆိုလျက်ရှိကြပါတယ်။ တီဗက်လူမျိုးများ ဖွင့်လစ်ထားတဲ့ တည်းခိုးခန်းမှာ (တစ်ည ရူပီး ၂၅၀ နှင့်) ငါးည အိပ် ခြောက်ရက် တည်းခိုခဲ့ကြပါတယ်။

ဂန္ဓီအထိမ်းအမှတ် ပန်းခြံ
အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဓီ၏ အထိမ်းအမှတ် ပန်းခြံသို့ သူငယ်းချင်းများမှ ရှေးဦးပထမ လိုက်ပို့ကြပါတယ်။ အလွန်သာယာပြီး ကျယ်ဝန်းလှတဲ့ ပန်းခြံကြီးအလယ်ဝယ် (ရာဇဂဟ= မင်းအိမ်) တစ်ခန်းတစ်နား ပြုလုပ်ထားပါတယ်။ မဟတ္တမဂန္ဓီကြီး၏ အလောင်းကို ယခုနေရာမှာ မီးသဂြိုလ်ခဲ့တယ်လို သိခဲ့ရပါတယ်။ ပန်းမျိုးစုံတို့ဖြင့် နေစဉ်နေတိုင်း ပူဇော်ထားပါတယ်။ မီးရူးတိုင်နှင့် အမြဲထွန်းညှိပြီး ခမ်းခမ်းနားနား ဂုဏ်ပြုထားတယ်။ ကျောင်းသူ ကျောင်းသား အရွယ်မျိုးစုံးကို ဆရာ ဆရာမတို့က လိုက်လံပြသ ရှင်းပြနေတာကို တွေရပါတယ်။ မည်သူမဆို လွတ်လပ်စွာ လာရောက်လေ့လာခွင့်ရှိပါတယ်။ (ဒီနေရာမှာ အတွေးတစ်ခု ဝင်လာတာကတော့  မြန်မာနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ဗိမာန်ကို သတိရမိပါတယ်။ မြန်မာ လူငယ်များ ဗိုလ်ချုပ်နှင့်အဖွဲ့ကို  ကောင်းကောင်းမသိကြတော့၊ ဗိုလ်ချုပ်ကို ဒီလို ထည်ဝါစွာ လွတ်လပ်စွာ မတွေမြင့်နိုင် မသိနိုင်တာတွေကို တွေးမိပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်)


အိန္ဒိယဂိတ်
ဒီအဆောက်အဦးကတော့ ပါကစ်စတန်နှင့် အိန္ဒိယ စစ်ဖြစ်စဉ်က တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်ရဖွယ်အနေနှင့် ဂုဏ်ပြုတည်ဆောက်ထားလို့ သိရပါတယ်။ အုတ်ခဲ့ကြီးတွေမာ စစ်သားတွေရဲ. နာမည်တွေ ရေးထိုးထားတာကိုတွေရပါတယ်။ ဒီနေရာမာတော့ ပွဲတော်ကြီးတစ်ခုအလား ပြည်တွင်ပြည်ပ လာရောက်လည်ပတ်သူတွေနှင့် ပြည့်နှက်နေပါတယ်။ သတိထားမိတာတစ်ခုကတော့ သူများတိုင်ပြည်မှာ ဂန္ဓီတို့လို့ အထင်ကရ ပုဂ္ဂိုလ်များမှ အစ အညတြရ စစ်သည် အဆုံး အားလုံးကို ဂုဏ်ပြုထားကြတယ်ဆိုတာပါဘဲ။ ထိုမှ တစ်ဆင့် လွတ်တော်အဆောက်အဦးများ သမတအိမ်တော် စသည်တို့ကို ကားပေါ်ကဘဲ ကြည့်ခွင့်ရခဲ့ပါတယ်။


နေရူးအိမ်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်ခဲ့သူ။ အင်္ဂလိပ်အစိုးရဆီမှ လွတ်လပ်ရေးတောင်းဆိုး တိုက်ပွဲဝင်ခဲ့သူရဲ. အိမ်ကြီးပါ။ အလွန်ကျယ်ဝန်းတဲ့ ခြံဝန်းကြီးတစ်ခုဖြစ်ပါတယ်။ ပန်ခြံတွေ မြက်ခင်ပြင်တွေနှင့် သာသာယာယာရှိပါတယ်။ ပြတိုက်တစ်ခုအဖြစ် ဖွင့်လစ်ပြသထားခြင်းဖြစ်ပါတယ်။ ဒီနေရာမာလည်း ကျောင်းသူ ကျောင်းသား အများအပြားကိုတွေရပါတယ်။ အိမ်ဝင်းအတွင်းမှ သစ်ပင်ကြီးတစ်ခုအောက်ဝယ် သမီးဖြစ်သူ အင်ဒရီယာဂန္ဓီ၊ နှင့် မြေးဖြစ်သူ ရာဂျစ်ဂန္ဓီ တို့နှင့်အတူ တကွ မီးပူဇော်ထားတဲ့နေရာတစ်ခုရှိပါတယ်။ သူငယ်ချင်းများ၏ ပြောပြချက်အရ ဒီနေရာဝယ် သူတို့ သုံးယောက်၏ ရုပ်အလောင်းများကို မီးရှိုခဲ့တယ်လို့ သိရပါတယ်။ အိမ်ကြီး၏ အတွင်းပိုင်းဝယ် အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ နေရူး၏ အသုံးဆောင်များ၊ နိုင်ငံတကာမှ လက်ခံရရှိခဲ့သော အမှတ်တရ ပစ္စည်းများ (မြန်မာနိုင်ငံမှ ဆင်စွယ်ဖြင့် ထုလုပ်ထားသော ဘုရာဆင်းတုနှင့် ဘုရားဆောင်) အိပ်ခန်း၊ ဧည့်ခန်း၊သမိုင်းဆိုင်ရာ ဓါတ်ပုံများ၊ သူသေဆုံးသွားခဲ့သော ကုတင်နှင့် အိပ်ရာခင်း၊ စသည် စသည်များကို တခမ်းတနား ပြသထားပါတယ်။ ထူးခြားမှုတစ်ခုကတော့ ဗုဒ္ဓရုပ်ပွားတော်များကို နေအိမ်၏ နေရာတော်တော်များများတွင် တွေရခြင်းဖြစ်ပါတယ်။ နှစ်သက်မိခဲ့တဲ့ စာတမ်းလေးတစ်ခုကတော့ "They call me the Prime Minister of India, but it would be more appropriate if I were called the first servant of India."  (အိန္ဒိယဝန်ကြီးချုပ်လို့ ကျွန်ုပ်ကိုခေါ်ကြတယ်ဗျာ။ အိန္ဒိယရဲ.အကောင်းဆုံး ကျေးကျွန်လို့များ ခေါ်ခဲ့မယ်ဆိုရင် ပို့သင့်လျော်ပါလိမ့်မယ်)။ (ဘာသာပြန်မှားယွင်းနေရင် ခွင့်လွတ်ပါ)


အင်ဒရီယာဂန္ဒီအိမ်။
နေရူးအိမ်နှင့် မလှမ်းမကမ်းမှာဘဲ သမီးဖြစ်သူ အင်ဒရီယာ ဂန္ဒီ၏ နေအိမ်ကို တွေမြင်နိုင်ပါတယ်။ အဲဒီနေအိမ်ရဲ. ခြံဝင်းအတွင်းမှာဘဲ သူမ လုပ်ကြံခံခဲ့ရပါတယ်။ သူမ နောက်ဆုံး လမ်းလျောက်သွားခဲ့တဲ့ နေရာ၊ သေနတ် အပြစ်ခံရတဲ့ နေရာ၊ နောက်ဆုံးလဲကျသွားတဲ့နေရာ၊ စသည်စသည်ဖြင့် သေခြာစွာ ပြသထားပါတယ်။ အိမ်အတွင်းပိုင်းမာတော့ သူမ လုပ်ရှားခဲ့တဲ့ သမိုင်းဝင်ဓါတ်ပုံများ၊ သူမ သေဆုံးစဉ် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားများ၊ လွယ်ခဲ့တဲ့ လွယ်အိပ်၊ စီးခဲ့တဲ့ ဖိနပ်၊ တခြားသော စာကြည့်ခန်း အလုပ်ခန်းများ၊ ပြီးတော့ သားဖြစ်သူ ရာဂျစ်ဂန္ဓီ၏ အမှတ်တရ ပစ္စည်းများ၊ ရာဂျစ်လုပ်ကြံခံရစဉ် ဝတ်ခဲ့သော ဘောင်းဘီနှင့် ဖိနပ် ခြေအိပ်၊ (အင်္ကျီမာ ဗုံးနှင့်အတူ ပါသွားဟန်ရှိ) စသည်နှင့် ဘုရားရှိခိုးခန်း စသည်တို့ကို ကြည့်ရှုခဲ့ရပါတယ်။ နေရူးကြီး ခြံဝင်းလောက်တော့ မကျယ်ပါ၊ သို့သော် အတော်အသင့်ကျယ်သော ခြံဝန်တစ်ခုဖြစ်ပါတယ်။


မဟတ္တမဂန္ဓီ နေအိမ်
ပန်းမျိုးစုံတို့ဖြင့် တန်းဆာဆင်ထားသော ခြံဝန်းကြီးတစ်ခုအတွင်းဝယ် ကြီးမားသော အိမ်ကြီးတစ်လုံးရှိပါတယ်၊ အိမ်ကြီး၏ ဘေးတစ်ချက်ဝယ် မဏ္ဍပ်ပုံစံ အစီးအဝေးခန်းမကြီးတစ်ခု၊ ပြီးတော့ မြက်ခင်စိမ်းကွင်းပြင်ကျယ်တစ်ခု၊ အဲဒီမြက်ခင်းပြင်မာဘဲ သူအသတ်ခံခဲ့ရတယ်လို သိရပါတယ်။ (သွေးစွန်းသော နေရက်များ တက္ကသိုလ်နေဝင်း စာအုပ်ဝယ် ဗိုလ်ချုပ်လုပ်ကြံခံရပုံနှင့်အတူ ဂန္ဒီကြီး လုပ်ကြံခံရပုံတို့ကို ဖတ်ရှုနိုင်ပါတယ်) အိမ်အတွင်းပိုင်းမာတော့ သူ၏ ဘဝ ရုပ်ရှင် နှင့် သမိုင်းဆိုင်ရာရုပ်ရှင်များကို ပြသနေသော အော်ဒီယိုခန်းမကြီး နှစ်ခုကိုလည်း တွေခဲ့ရပါတယ်။ ကျောင်းသူ ကျောင်းသားများကြည့်ရူလေ့လာနေကြသည်များကိုလည်း တွေခဲ့ရပါတယ်။ သမိုင်းဝင် ဓါတ်ပုံများကို အိမ်နံရန်တွင် ချိတ်ဆွဲပြသထားပါတယ်၊  ဝယ်ချင်သော စာအုပ်များတွေခဲ့သော်လည်း ပိုက်ဆံမလုံလောက်သည်ကတစ်ကြောင်း၊ ဝယ်ပြိးရင် အဆင့်ဆင့်သယ်ယူနေရမယ်ဒုက္ခ စသည်စသည် အကြောင်းများကြောင့် ဘယ်စာအုပ်မျှ မဝယ်ဖြစ်ခဲ့ပါ။။ သူငယ်ချင်းတစ်ယောက်ရဲ. ပြောကြားချက်တစ်ခုကတော့ "ကိုယ့်လူ ဗိုလ်ချုပ်အိမ်ရောက်ဘူးလားတဲ့" "မရောက်ဖူးဘူးဗျ" ပြန်ပြောချိန်မာတော့ "ဗိုလ်ချုပ်အိမ်တောင်မရောက်ဘူးတဲ့ မင့်တို့ ငါတို့က ဂန္ဓီအိမ် နေရူးအိမ်တွေကို လာပြီး လေ့လာနေတာ ဗိုလ်ချုပ်ကို စော်ကားရာရောက်တာပေါ့ဗျ" တဲ့ (ကဲ့ ဒေလီကို လာလည်တာ ကိုယ့်အမှားပင်ဖြစ်ပြီးကော)

မြတ်ဗုဒ္ဓ သတိပဋ္ဌာန်ဟောရာ
ဒေလီမြို့လယ်တစ်နေရာမှာတော့ မြတ်ဗုဒ္ဓမှ ဉာဏ်ကြီးရှင်ကုရုတိုင်းသားတို့အား သတိပဋ္ဌာန်တရား ဟောကြားရာ နေရာကိုတွေ့ရပါတယ်။ ကျောက်တုံး ကျောက်ခဲ့ ထူထပ်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။ ကျောက်တုံကြီးတစ်ခုအပေါ်မှာ ခြံဝင်းခတ်ပြိးတော့ အမှတ်အသားတစ်ခုလုပ်ထားတာတွေရပါတယ်။ "ဘုရားရှင်လက်ထက်ကို အာရုံပြု ပူဇော်ပေတော့သူငယ်ချင်းရေ" ဟူသောအသိပေးချက်အရ ဘုရားဂုဏ်တော်ပွားများ သတိပဋ္ဌာန်သုတ်ကိုလည်း အလွတ်မရတော့ ရတဲ့ ၂၄ ပစ္စည်းကိုဘဲ ရွတ်ဖတ်ပူဇော်ခဲ့ရပါတယ်။


လိုတက်ဘုရားကျောင်း (Lotus temple)
ကြားပန်းပုံ အဆောက်အဦးကြီးတစ်ခုဖြစ်ပါတယ်၊ ဘာသာပေါင်းစုံး အကုန်ရှိပါတယ်။ ကိုယ့်ဆိုင်ရာ ဆိုင်ရာ ဘာသာတရားအထိမ်းအမှတ်ရှေ့မှာ ဆုတောင်း ဝတ်ပြုရုံပါဘဲ။ အပန်းဖြေ အနားယူရာ စခန်းတစ်ခုပါ၊

အာရှရမ် (AKSHARDHAM TEMPlE)
အလွန်လှပ သက်ရပ်တဲ့ အနုပညာလက်ရာတွေ ပြည့်နက်နေတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး၊ လာရောက်လေ့လာသူတွေနှင့် ပြည့်နက်နေတဲ့ နေရာတစ်ခုပါ၊ ပုဂံအာနန္ဒာ လက်ရာတွေထက် အဆများစွားသာလွန်ပါတယ် အပြင်ပိုင်းမှာ ကျောက်နီညိရောင်တစ်မျိုးကို ပန်းပုပညာဖြင့် အနုစိတ်ပုံဖော်ထားပြီးတော့၊ အတွင်းပိုင်းမှာတော့ စကျင်ကျောက်အမျိုးအစားများဖြင့် ရုပ်တုမျိုးစုံကို သပ်ရပ် ကျနစွာပုံဖော်ထားပါတယ်။

ဂေါတမ်ဗုဒ္ဓယူနီဗာစီတီ (GAUTAM BUDDHA UNIVERSITY)

UP ပြည်နယ်ဝန်းကြီးချုပ် မာယာဝတီ တည်ထောင်းခဲ့တာဖြစ်ပါတယ်။ မာယာဝတီဟာ ဗုဒ္ဓဘာသာတစ်ဦးဖြစ်တာကြောင့် ဒီတက္ကသိုလ်မာ တက်တဲ့ မည်သည့်ကျောင်းသားမဆို ဗုဒ္ဓဘာသာနှင့်ဆိုင်သော ဘာသာရပ် တစ်ခုကို မဖြစ်မနေသင်ယူရတယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ တွေဘူးသမျမှာတော့  အလွန်လှပဆုံးသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်၊ အကျယ်အဝန်းအားဖြင့် (၅၁၂ ဧက) ကျော်ရှိတဲ့ ပန်းခြံကြီးထဲဝယ် လှပစွာ တည်ဆောက်ထားပါတယ်၊ အလယ်တည့်တည့်မှာ ရေကန်းကြီး နှင့် ပန်းခြံကြီးရှိပါတယ် ၊ ၄င်းရေကန်ထိပ်တွင် တည်ထောင်သူ မာယာဝတီနှင့် သူ့ဆရာ၏ ရုပ်တုပုံတို့က ဗုဒ္ဓရုပ်တု တစ်ဘက်တစ်ချက်တွင် တည်ရှိပါတယ်။ ထိုရေကန်နှင့် ပန်းခြံကြီး၏ ပတ်ပတ်လည်မာတော့ စာသင်ခန်းများ ကို ပတ်ခြာလည်း ပန်းပွင့် ပုံသဏ္ဍာန်တည်ဆောက်ထားပါတယ်။ ထိုစာသင်ခန်းများ ပတ်လည်းတွင် ကျောင်းသားအဆောင်းများ၊ ဆရာဆရာမ အဆောင်များ၊ ဝန်ထမ်းဆောင်များ၊ စာကြည်တိုက်များ၊ ဘုရားဝတ်ပြုခန်းများစသည်တို့ကို လှပစွာ တည်ဆောက်ထားပါတယ်။ မြန်မာ ရဟန်းတော့ (၈) ပါးခန့် တက်ရောက်ပညာသင်းကြားနေကြပါတယ်။ ဆောင်းတွင်းကာလဖြစ်သည်ကြောင့် ဓါတ်ပုံကောင်းကောင်းရိုက်မရပါ။ မြူနှင်းတွေကြားမှာဘဲ နေပွင့်ချိန်လေးကိုစောင့်ပြီး ဓါတ်ပုံရိုက်ယူခဲ့ရပါတယ်။

မြေအောက်ရထား (METRO)
"တောသားမြို့ရောက်" ဆိုသည့်အလား တောတွေကြားက ပူနေးမှာ နေခဲ့သူ (ကိုရင်အာယု) တစ်ယောက်အတွက် ဒေလီမြို့ကြီးက မြေအောက်ရထားဟာ  အထူးအဆန်း ဖြစ်ခဲ့ပါတယ်။ "ပိုက်ဆံအိပ်တွေ သတိထား ခါးပိုက်နှိုပ်တွေရှိတယ်" သူငယ်ချင်းများရဲ. သတိပေးချက်အရ ပါလာတဲ့ ပိုက်ဆံလေးကို ခနခန စမ်းကြည့်ခဲ့ရပါသေးတယ်။ မြေအောက်မျာ ကြွက်တွေလို့ လှိုင်ဂေါင်းဖောက် သွားလာနေကြသူတွေဘဲ။ မြေအောက်ဈေးမှာ ဟိုငေးဒီငေးလမ်းလျောက်နေစဉ်မှာတော့ ကိုရင်အာယုတစ်ယောက် နာမည်တွေ အများကြီးရခဲ့ပါတယ်၊ လားမားကြီး၊ ဂုရုကြီး၊ ဘန္တေကြီး၊ ကြီးပေါင်းများစွားနှင့် အခေါ်ခံခဲ့ရပါတယ်။

ပျော်ရွှင်ပါစေ
ကိုရင်အာယု
 (နယူးဒေလီရောက် တောသားတစ်ယောက်)

Monday, December 10, 2012

Aurangabad မှ ချစ်စရာ့တေးသံများ

ဝန္ဒာမိ ဘန္တေ၊ ဝန္ဒာမိ ဘန္တေ၊ (ဘုန်းဘုန်း တပည့်တော် ဦးတင်ပါတယ်ဘုရား) ထူးဆန်းစွာဖြင့်  ကလေးတစ်သိုက်၏ သံဃာတော်များအား ဦးခိုက်အရိုအသေ ပေးသောအသံတို့နှင့်အတူ ကလေးနှစ်ယောက်က ကားတစ်ခါးဝမှာ ကြိုဆိုနေပါတယ်။ ထိုကလေးနှစ်ယောက်၏ အမူအရာ နုတ်မှ ရွတ်ဆိုသော (ဝန္ဒာမိ ဘန္တေ) အသံလေးများကြားမိသည်နှင့် "အော်- ဟိုရှေးယခင် ဗုဒ္ဓသာသနာ ဒီနေရာ ဒီဒေသမှာ နေရောင်ဖြာခဲ့စဉ်က ဒီအသံလေးတို့သည် ကလေးများ၏ နုတ်စကားမှ တေးသံသာများ ဖြစ်နေမလား" ဟု တွေးမိပါတော့သည်။ ကလေးနှစ်ယောက်ကား ချစ်စရာမူဟန်လေးများဖြင့် စာရေးသူ၏ ခြေထောက်ကို သူတို့ လက်ကလေးများဖြင့်ထိကာ ထိကာဖြင့် ဦးချ အရိုအသေပေးနေကြလေပြီ။ တစ်ခြားသော ကလေးများကလည်း အခြားသော ရဟန်းတော်များကို ရပ်ဝေးမှ ပြန်လာသော ဦးကြီး ဘကြီး အကိုကြီးတို့ကို တွေရသည့်အလား ဝမ်းသာအားရ ကြိုဆိုနေပြန်သည်။ (အော် မြတ်စွာဘုရားက ဆွေမျိုးသားချင်း မတော်စပ်ဘူးသော သူဆိုတာ မရှိဘူးလို့ မိန့်ခဲ့တာဘဲလေ) သုခီတာ ဟောထ၊ သုခီတာ ဟောထ= (ချမ်းသာကြပါစေ) ဟု စားရေးသူတို့လည်း တတ်သမျှ မှတ်သမျှဖြင့် ဆုပေးခဲ့ရတော့သည်။
                ထိုအရပ်သည်ကား အော်ရမ်ဂဘတ် (Aurangabad) မြို့လေးဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ မဟာရဋ္ဌပြည်နယ် တွင်တည်ရှိသည်။ ဟိုတစ်ချိန်တစ်ခါတုန်းကတော့ ဗုဒ္ဓသာသနာ ရွှေရောင်တောက်ပခဲ့သော နေရာဒေသဖြစ်သည်။ ကျောက်တောင်တို့ဖြင့် ဝိုင်းရံပတ်ထားသော အပူပိုင်ဒေသ တစ်ခုလည်းဖြစ်သည်။ လည်းကောင်း ကျောက်တောင်များတွင်ရဟန်းသံဃာတော်များ သီတင်းသုံးသွားခဲ့သော လှိုင်ဂူကြီးများ၊ ဘုရားကျောင်းများ၊ ကျောက်လှေခါးများ၊ ကျောက်စင်္ကြန်းများ၊ ကျောက်အိပ်ခန်းများ၊ ဗုဒ္ဓဝင်များကို ချယ်မုန်းထားသော ကျောက်ပန်းပု အနုလက်ရာများကိုတွေနိုင်ပါတယ်။ သို့မှတစ်ပါး  စိမ်းလမ်းသော သစ်ပင်တို့ကို မတွေရ၊ ချောက်ကပ်ကပ် ကျောက်တောင် ကြီးများသာ နေရာတစ်ကာ စိုးမိုးထားသည်။ သို့သော် ထိုအရပ်မှ ဗုဒ္ဓဘာသာ မိသားစုတို့၏ စိတ်သဘောထားတို့ကား စေတနာ မိုးရေတို့ဖြင့် စိမ်းစိုးနေသည်၊ သဒ္ဓါတရား ကျောက်ဆောင်တို့ဖြင့် ခိုင်မာနေသည်၊ ဗုဒ္ဓ၏ အမှန်တရားအတွက်ဆိုပါလျှင် အသက်ကိုပင် ပေးမည့်သူများဖြစ်သည်။
သူတို့ကို ဇာတ်နိမ့်ဆိုပြီး ဖိနိပ်ချုပ်ချယ်ခဲ့သော ဟိန္ဒူတို့ကို အံတုခဲ့ပြီ၊ အခြားသော ဘာသာတို့၏ နယ်ချဲလွမ်းမိုးမှုကိုလည်းကြံကြံခံခဲ့ပြီး။
ယခုအခါ (၀၉.၁၂.၂၀၁၂ မှ ၁၁.၁၂.၂၀၁၂ အထိ သုံးရက်တိုင်တိုင် မဟာပရိတ္တသုတ်တော်များ နာယူခြင်း
မြန်မာ သီဟိုရ် ထိုင်း အိန္ဒိယ၊ ဘင်္ဂလာဒေရှ်၊ ကမ္ဘောဒီယား နိုင်ငံများမှ သံဃာတော်များ၏
တရားတော်များကို နာယူခြင်း
အပါးသုံးရာကျော်သော သံဃားတော်များအား ဘောဇန အာဟာရတို့ဖြင့် သုံးရက်တိုင်တိုင် လုပ်ကြွေးခြင်း
နောက်ဆုံးနေ့ဝယ် သင်္ကန်း စသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းခြင်း မဟာသံဃဒါန
အစရှိသော အလှူတော်ကြီးကို ပြုလုပ်ခဲ့ကြလေပြီး။
ခြောက်ပေပတ်လည်း အခန်း နှစ်ဆယ်သော မဏ္ဍာပ်ကြီးကို ရူပီးငွေ (၁၁)သိန်းအကုန်ကျခံ တည်ဆောက်ခဲ့ကြသည်။ ပိတ်စတို့ဖြင့် မဏ္ဍာပ်ကြီးကို မိုးထားသည်။ အစိမ်းရောင်ကောဇော်တို့ဖြင့် ခင်းကျင်းထားသည်။ ဗုဒ္ဓရုပ်ပွားတော်အား ပန်းမျိုးစုံ သီသစ်မျိုးစုံတို့ဖြင့်ပူဇော်ထားသည်။ ကန့်လန့်ကာ၊ ရောင်စုံမီးတို့ဖြင့် ဝိသုကြုံနတ်သား ဖန်းဆင်းသည့်အလား ထူးခြား ကြီးကျယ်သော မဟာမဏ္ဍာပ်ကြီးဖြစ်ပေသည်။
သံဃာတော်များ တရားမဏ္ဍာပ်သို့ ပင့်ဆောင်ရာဝယ် သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော စသည့် သံဃာ့ဂုဏ်တော်များကို စည်း ဝါး ကျနစွာ ရွတ်ဆိုပြီး ပင့်ဆောင်ကြပါတယ်။ ဒါယိကာမများမှ သံဃာတော်များ၏ ခြေတော်ကို ပန်းမျိုးစုံဖြင့် ကျဲဖြန့်ကာ ပူဇော်ကြပါတယ်။ (ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံမှာပင် ယခုကဲ့သို့ အပြုအမူများကို မတွေခဲ့ဘူးပါ၊  ရှိကောင်းရှိနိုင်ပါသည်။ အထက်ပါ ဓါတ်ပုံကိုကြည့်ပါ ပန်းခင်းသောလမ်းအစစ်ကို တကယ်လျှောက်ခဲ့ရပါသည်။) ပူနေးတက္ကသိုလ်မှ သံဃာတော်များအားလုံးကို ပင့်ဖိတ်ထားသော်လည်း ဗုဒ္ဓဂါယာမှ ဗုဒ္ဓဒေသနာ ရွတ်ဖတ်ပူဇော်ပွဲနှင့် တိုက်ဆိုက်နေသောကြောင့် စာရေးသူနှင့်အတူ အရှင်ဇဝန၊ အရှင်စန္ဒိမာ၊ အရှင်သီလာစာရ (သီတဂူ) အရှင်ခေမာနန္ဒ (ခရမ်း) တို့သာ ကြွရောက်နိုင်ခဲ့ကြသည်။ (တကယ်တမ်းတော့ ဒီငါးပါးသည်လည်း စာမေးပွဲရှိသောကြောင့် ဗုဒ္ဓဂါယာသို့ မသွားဖြစ်ခြင်းဖြစ်သည်။)
၎င်းမြို့လေး၌ နှစ်ညအိပ် သုံးရက် နေခဲ့သည်၊ မာတုဆာယာ ဟူသော အိမ်လေးကို ပြည်ပ သံဃာတော်များအား ယာယီ ကျောင်းအဖြစ် သီတင်းသုံးရန် လှူဒါန်းခဲ့ကြသည်။ ရေပူ ရေအေး အစုံရသော အိမ်လေးဖြစ်သည်။ အိမ်ရှင်မိသားစုများက သံဃာတော်များအား လိုလေသေးမရှိ စောင့်ရှောက်ခဲ့ကြသည်။ သိဒ္ဓတ္ထဥယျာန်ကို လိုက်ပို့ပေးသည်၊ ပန်းဥယျာန်ကြီးတစ်ခု အလယ်ဝယ် မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုကို ထုလုပ် ပူဇော်ထားသည်။ တပ်မဟာကဲ့သို့ ပုံစံတူ တစ်ခုဆီလိုက်ပို့ကြသည်၊ အံသြဖွယ် အနုပညာလက်ရာတို့ကို တွေမြင်ရသည်၊ ထိုနောက် မြို့ပတ်ပတ်လယ်မှ သံဃာတော်များ သီတင်းသုံးခဲ့သော လှိုင်ဂူကြီးများကို လိုက်ပို့ကြသည်၊ ကျောက်ကမ္ဘားများဝယ် လှိုင်ခေါင်းဖောက် ကျောင်းဆောက်၊ ဘုရားတည်ကြသည်၊ ကျောက်လေးခါး ကျောက်စင်္ကြန် ကျောက်ကုတင် စုံလင်လှပေသည်။ ဂူပေါင်း နှစ်ဆယ်ကျော်ရှိသည်ဟု မြို့ခံတစ်ယောက်မှ ပြောပါသည်။ ထူးခြားသော အချက်မှာ ထိုမြို့လေးမှ ကလေးမှန်သမျှတို့သည် သံဃာတော်များအား တွေ့သည်နေရာတိုင်းဝယ် "ဝန္ဒာမိ ဘန္တေ" ဟူ၍ ရှိခိုးကြသည်များကို Aurangabad city မှ ချစ်စရာ့ တေးသံများ ဟု၍ ဝမ်းသာအားရ မှတ်တမ်းတင်မိတော့သည်။
ကိုရင်အာယု (မန်းသီတဂူ)


Monday, December 3, 2012

ပူဏေးမှာ ငါးလ ကြာသောအခါ

post မတင်ဖြစ်တာ တော်တော်ကြာပါပြီး။ လေးလကျော်သွားပြီးဆိုပါတော့။ ကျောင်းစာတွေရေးလိုက် ဖတ်လိုက် စာမေးပွဲဖြေလှိုက်နှင့် လေးလဆိုတဲ့ကာလဟာ ကုန်မှန်းမသိ ကုန်လွန်ခဲ့ပါတယ်။ ကုလားပြည်မှာ ပျော်လွန်းလို့ ရက်တွေကုန်သွားခြင်းတော့ မဟုတ်ပါ။ အမှန်အတိုင်ဝန်ခံရပါလျှင် စာမေးပွဲကျမှာ ကြောက်လို့ဘဲ အချိန်တွေကုန်သွားတာ မသိလိုက်တာပါ။ 
ပူနေးတက္ကသိုလ်မာတော့ (တစ်ခြားသော အိန္ဒိယတက္ကသိုလ်တွေတော့ မပြောတတ်ပါ) ပထမ တစ်လ ကျောင်းတက်ပြီးတာနှင့်ဒုတိယလနှင့် တတိယလတွေ ဟာ စားမေးပွဲကိစ္စတွေ စားရေးရခြင်းကိစ္စတွေနှင့် အချိန်ကုန်သွားပါတယ်။

၁။ ဆရာသင်သမျှတွေထဲက ကောက်နုတ်ချက်တွေနှင့် ကျောင်းသားအိုင်ဒီယာပေါင်းစပ်ပြီး (topic) ခေါင်းစဉ်တစ်ခုလုပ်ကာ အင်္ဂလိပ်စာလုံးရေ (၃၅၀၀) ကျော်သော စာတမ်းတစ်ခုရေးရပါတယ်။ subject က (၅) ခုဖြစ်တော့ ငါးစောင်ရေးရပါတယ်။  အဲဒီလို့ရေးတဲ့ အခါမှာ ကျမ်းစာအထောက်အထား (ဝါ) ကျမ်းညွန်း (Reference) အနည်းဆုံး (၁၀) ခု ပါအောင်ရေးရပါတယ်။
အဲဒီစာတမ်းကို တစ်ချိုက (tutorial) တစ်ချို့ (assignment) ဆိုပြီး ပြောဆိုပါတယ်။ 
မှတ်ချက်=== တစ်စောင်တစ်စောင်အတွက် (ကောင်းမွန်စွာ အချက်အလက်ပြည့်စုံစွာ စည်းကမ်းချက်တွေနှင့်အညီ ရေးနီုင်ပါက) (၁၅) မှတ်ရမာဖြစ်ပါတယ်။

၂။ presentation and Discussion ခေါ်သော စာလုံးရေ (၁၅၀၀) ပါသော စာတမ်းတစ်ခု ရေးရပါတယ်။ (presentation) အတွက်ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းသားတွေနှင့် ဆိုင်ရာဆရာရှေမှာ ဖတ်ပြရမာဖြစ်ပါတယ်။ ကျောင်းသားတွေနှင့် ဆရာကိုလည်း (copy) တစ်ခုစီ ဝေးထားရပါတယ်။ ကိုယ်စာတမ်းနှင့်ပတ်သက်ပြီးတော့ ကျောင်းသားတွေနှင့် ဆရာရဲ. မေးခွန်းတွေကို ဖြေနိုင်အောင်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။
မှတ်ချက်=== (ကောင်းစွာတင်ပြနိုင်က (၁၅) မှတ်ရမာဖြစ်ပါတယ်။) ဒါကလည်း ဘာသာငါးခုအတွက် (၅)စောင်ရေးရပါတယ်။

၃။ Oral exam နုတ်ဖြေစာမေးပွဲဖြစ်ပါတယ်။ ဆရာက မေးခွန်းငါးခုကို မေးပါတယ်၊ မေးခွန်းတစ်ခုအတွက် (၂)မှတ်နှုံးနှင့် (၁၀)မှတ်ဖြစ်ပါတယ်။ ဖြေခါနီ နှစ်ရက်အလိုလောက်မှ ဆရာကပြောပါတယ် ဘယ်နေ့ အော်ရယ် ရှိတယ်ဆိုတဲ့အကြောင်းပေါ့ (ကြိုတင်ဖတ် မှတ်ထားဖို့ လို့ပါတယ်)။

၎။  Internal exam သို့မဟုတ် written exam လို့လည်းခေါ်ပါတယ်၊ ဆရာက ပုစ္ဆာနှစ်ခုကိုမေးပါတယ်။ တစ်ခုကို (၅)မှတ်ဖြစ်ပါတယ်။ စာလုံးရေ (၁၀၀) လောက်နှင့် ရှင်းပြရတဲ့ ပုစ္ဆာမျိုးဖြစ်ပါတယ်။ ဖြေဆိုချိန် (၁) နာရီဖြစ်ပါတယ်။ မေးခွန်းစတိုင်က (explain reference and contact) ဆိုပြီး လာလေ့ရှိပါတယ်။ ဒီလေးခု ဖြေပြီးရင် စာသင်ချိန် သုံးလကုန်သွားပါပြီး။ ကျောင်း (၁၀)ရက် ပိတ်ပြီးတော့ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်ရပါတယ်။
မှတ်ချက်= အထက်ပါ လေးခုဟာ အမှတ် (၅၀)ဖိုးဖြစ်ပါတယ်။ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါက၊  နောက်ဆုံးစာမေးပွဲ မဖြေခင်ကတည်းက စာမေးပွဲအောင်နေပါပြီ။။


၅။ Final exam သို့မဟုတ် Semester တစ်ခုရဲ. နောက်ဆုံး စာမေးပွဲဖြစ်ပါတယ် အမှတ် (၅၀) ဘိုးပါ။ တစ်ချိုဘာသာတွေက (၄) ပုစ္ဆာ၊ တစ်ချိုဘာသာတွေက (၅) ပုစ္ဆာ စသည်သည်ဖြင့်၊ တစ်ချို့လည်း မေးခွန်း (၇)ခုထဲကမှ နှစ်သက်ရာ (၅) ခုကို ဖြေဆိုရတဲ့ မေးခွန်းမျိုးလည်း ပါပါတယ်။ ဆရာတစ်ယောက်နှင့်တစ်ယောက် မတူကြပါဘူး။ တစ်ပုစ္ဆာကို အနည်းဆုံး Legal paper (၃) မျက်နာကျော်ခန့် ရေးသားနိုင်ရပါမယ်။ ဖြေဆိုချိန် (၃) နာရီဖြစ်ပါတယ်။ များစွားလေ့ကျင့်ဖို့ လိုပါတယ်။ (တစ်ခြားသော ဘာသာပြန်မေးခွန်းများ ကတော့ မေးသလောက် ရေးရပါတယ်)
ဒီစာမေးပွဲပြီးရင်တော့ ကျောင်း တစ်လခန့်ပိတ်ပါတယ်။
ဗုဒ္ဓဂါယာ ကျောင်းသားပွဲ သွားနိုင်တယ်။ ပူနေးတစ်ဝိုက်က ဗုဒ္ဓဘာသာ ထေရဝါဒဂိုဏ်သားများ နေထိုင်းသီတင်းသုံးသွားခဲ့တဲ့ ရှေးဟောင်း လှိုင်ဂူကြီးများကို လေ့လာနိုင်ပါတယ်။ လှိုင်ဂူပေါင်း များစွာရှိတယ်လို့ ဒေသခံများက ပြောပါတယ်။

လေ့လာလို့သူ ညီငယ်ရဟန်းတော်များအတွက် ပညာပြန့်ပွား အကျိုးများဖို့ စာရေးသူ လေ့လာခဲ့သော (MA Buddhist studies) ပထမစာမေးပွဲမှ ဘာသာရပ်များကို ဖေါ်ပြလိုက်ပါတယ်။ 


SEMESTER I

Compulsory Papers
BL: Paper I.1 History of Pali Language and Literature
BL: Paper I.2: Study of Particular Pali Texts: Dhammapada and Suttanipata
BL: Paper I.3: Rise and Development of Buddhism up to the Ashokan Period
BL: Paper I.4: Milindapanho: Bahirakatha to Nibbanavagga (p. 1 to 73)

မူရင်းကတော့ လေးခုပါ သို့သော် Paper 1.2 မှ ဓမ္မပဒ နှင့် သုတ္တနိပါတ တစ်ခုစီပြန်ကွဲသောကြောင့် (၅) ဘာသာဖြစ်သွားပါတယ်။။ 
=================================

ဒုတိယပါတ် စာသင်ချိန်မာတော့ အောက်ပါ ဘာသာရပ်များကို လေ့လာရမာဖြစ်ပါတယ်။


SEMESTER II
Compulsory Papers

BL: Paper II.1: History of Sanskrit Buddhist Literature

BL: Paper II.2: Study of Earlier Sanskrit Buddhist Texts: Mulasarvastivadavinaya-vastu,
Mahavastu, Lalitavistara, Divyavadana

BL: Paper II.3: Development of Buddhism in India, after the Ashokan period up to the
12th Century

BL: Paper II.4: Sanskrit Buddhist Literature: Gandavyuhasutra, Lankavatarasutra,
Samadhirajasutra, Suvarnaprabhasasutra


 ညီငယ်များ သုတများပြား ပညာပွားကြပါစေ။။။
 ကိုရင်အာယု (မန်းသီတဂူ)
၀၄.၁၂.၂၀၁၂