Monday, January 23, 2012

ကောင်းသော အတွေးနှင့် နေ့တစ်နေ့

၁၇.၀၁.၂၀၁၂ နေ့ မှာ ကျွန်မတို့ သူငယ်ချင်းတစ်စု စီးနှင်းလိုက်ပါလာသော လိုင်းကားပေါ်တွင် ရှစ်နစ် နင့် ငါးနှစ်အရွယ် လောက်သာရှိသော ကောင်လေးနှစ်ယောက် ကားပေါ်သို့ တက်လာခဲ့ပါတယ်။ သူတို့လက်ထဲမာလည်း စတီးလင်ဗန်း အသေးလေးနင့် အဝတ်စ အစိုလေးတွေကို ကိုင်လိုပါ။ အဲဒါကို ကြည့်ခြင်းအား ဖြင့် သူတိုလေးတွေဟာ ပန်းရောင်းနေသော ကလေးတွေလို့ ကျွန်မတို. အလွယ်တကူ သိလိုက်ပါတယ်။ ကျွန်မတို. သူငယ်ချင်းတွေက ဘေးတန်းတွေမှာ အပြည့်ထိုင်နေတာမို့   ကောင်းလေးနှစ်ယောက် အတွက် အလယ်ခုံမာ နေရာရသွားတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ သူတို.နှစ်ယောက် ကျွန်မရှေ့ကို ရောက်လာခဲ့တယ်၊ သေချာကြည်လိုက်တော့ အကြီးကောင်းလေးပါးမာတော့ သနပ်ခါး အဖွေးသားနင့်ပါ၊  အငယ်တစ်ယောက်ကတော့ အဝတ်အစား ကလည်း ညစ်ပေပေ မျက်နာတစ်ခုလုံးလည်း အညိုရောင်သန်းလို.။ သူတို.လေးတွေရဲ. လက်ထဲမာ တော့ ကြက်ဥပြုတ် တစ်ယောက် တစ်လုံးစီ ကိုင်ဆောင်ထားပါတယ်။ သူတို.လေးတွေဟာ လောကအကြောင်း ဘဝအကြောင်း ရည်မှန်းချက်ပန်းတိုင် ဆိုတာတွေကို ဘာမှ မသိ နားမလည်းသေတဲ့ အလွန်းသနားစရား ကောင်းတဲ့ အရွယ်လေးတွေပါလား လို့ ကျွန်မ ဘာသာ တွေးနေမိပါတော့တယ်။ တကယ်တော့ ဒီအကျိုးတရားတွေဟာ တစ်ချိန်တစ်ခါက သူတို့တွေပြုလုပ်ခဲ့ဘူးသော မကောင်းတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ဆင်းဆင်းရဲရဲ ဖြစ်နေရခြင်းများလေလားဟု ကံတရာကို ယုံကြည်သက်ဝင်သူပီပီ တွေးမိတွေရာ   တွေနေ မိပါတော့တယ်။

တွေးတော ငေးမောရင်းနင့်ဘဲ အငယ်ကောင်းလေးကိုဘဲ ကရုဏာသက်စွာ စိုက်ကြည့်နေမိပါတယ်။ ပြီးတော့ ရင်ထဲမှာလည်း သူ့ကို မေးခြင်တဲ့ စကားတွေဟာ တစ်ဖွားဖွား ပ်ါလာပါတယ်။ ဒါကြောင့်လည်း မေးမိမေးရာ မေးမိပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ သူကို နောက်ပြောင်ကျီစယ် နေကြပါတယ်။

မောင်လေး မင်းဘယ်သွားမာလည်း ? မေးတော့ သူက ဖြေပါတယ် နန်းရှေ့သွားပြီး ပန်းဝယ်မလို့ပါတဲ ဒါနင့် ကျွန်မလည်း ထပ်မေးလိုက်မိပါတယ်  ပန်းဝယ်ပြီးတော့ ဘယ်ကို သွားရောင်းမာလည်း ဆိုတော့
ကားဂိတ်တွေမှာ သွားရောင်းမယ်လို ဖြေရှာပါတယ် ကျွန်မတို.ထဲမှ သူငယ်ချင်းတစ်ယောက်လည်း ကရုဏာလေသံလေးနင့်မေးပြန်ပါတယ် မောင်လေက ကျောင်းမနေဘူးလားတဲ့ ဒိတော့ ကောင်းလေးက ကျွန်တော်ကျောင်းနေပါတယ် ဒါပေမဲ့ အခုတော့ ဆရာမက ကျောင်းထုတ်လိုက်လို. တဲ့ ပြီးဘာမှ ဆက်မပြောတော့ပါဘူး။ ကျွန်မတို.အားလုံး အံ့သြသွားကြတယ် သားကို ဘာဖြစ်လို့ဆရာမက ကျောင်းထုပ်ရတာလည်း မေးတော့ ကိုရင်သပိတ်ကို ဖွက်လို ဆိုပြိး ရိုသားစွာ ဖြေပါတယ်
ကျွန်မတို့အားလုံး နောက်တစ်ကြိမ် တိပ်ဆိပ်သွားကြပြန်ပါတယ် ဒိလောက်ငယ်ရွယ်တဲ့ ကလေးက ဘာကြောင့် ကိုရင်သပိတ်ကို ဖွက်ရတာလည်း ကိုရင်သပိတ်ကို ဖွက်ရုံနင့် ဘာကြောင့် ဆရာမက သူလေးကို ကျောင်က ထုပ်ရတာလည်း သူမိဘတွေကကော ဘယ်လိုမိဘတွေဖြစ်ပြိး ဘယ်မှာနေကြ ဘာတွေလုပ်ကြသလည်း ။ သူတို.လေးတွေရဲ. ပတ်ဝန်းကျင်ကကော ဘယ်လို ပုံစံတွေ ရှိလေမလည်း စသည် စသည် ဖြင့် လည်းပေါင်းများစွာနှင့် ကျွန်မရဲ. စိတ်ထဲမှာ အတွေးအမျိုးမျိုး ဝင်လာပါတော့တယ်။။
ဘာကြောင့်များ ဒိလိုတွေတွေးမိသလဲဆိုတော့ ကျွန်မမှာလည်း မောင်လေးတွေရှိတော့ ကိုယ်ချင်းစာစိတ်ကလေးတွေနင့်အတူ ပိုပြိးတော့ သနားမိတာပါ တွေးမိတာပါ။

ပြီးတော့ ကျွန်မမောင်းလေးတွေက မချမ်းသာပေမဲ့ ဒီကလေးလေးနင့် စာရင်တော့ ကံကောင်းကြပါလား လို့ တွေးမိပါသေးတယ်။

ဒါနင့်ဘဲ သူကို ထပ်မေးပြန်မိတယ် မောင်းလေးကျောင်းထပ်မနေတော့ဘူးလား?
ဟိုးကျရင် အမေက ထားမာလို. သူပြန်ဖြေပါတယ်။

သူ့အမေဟာ ကောင်းလေးကို စိတ်ချမ်းသာအောင် ဟိုး ဆိုတဲ့ မတိကျ မရေရာ မသေချာတဲ့ အချိန် တစ်ခုကို ပြောလိုက်ခြင်းသာ ဖြစ်မယ်လို ထင်မိပါတယ်။

သူမျက်နာလေးကို သေချာကြည့်ပြိးတော့ မောင့်လေးကျောင်းပြန်နေနော် ဒါမှ စာတွေဖတ်တတ်မာ လို.
သူ့ကို တိုက်တွန်း အားပေးမိပါတယ်။ သူ ဂရုတစိုက်နင့် ခေါင်းလေးညိတ်ပြ ပါတယ်။

မောင်လေး အိမ်ကို ဘယ်အချိန်ပြန်မာလည်း မေးတော့ ပန်းကုန်မှ ပြန်မယ်တဲ့
ဘယ်အချိန်ဆိုကုန်းလဲ ဆိုတော့ ည ဆယ်နာရီဆို ရင် ကုန်ပါပြီတဲ့။

ဆောင်းရာသီ ရောက်ပြိးဆိုတာနင့် ညနေပိုင်းရောက်လာရင်တောင် အတော်လေး အေးနေပါပြီ။
ဒါပေမဲ့
ကောင်းလေးကတော့ အင်္ကျီလက်တို. ဘောင်းဘီ တိုလေးနင့် ည ဆယ်နာရီမှ သူအိပ်ကို ပြန်ရမယ်တဲ့
လောကအကြောင်း ဘဝအကြောင်း မသိသေးပေမဲ့ ရုန်းကန်ခြင်း ဘဝ အတွေအကြုံတွေတော့ ကျွန်မတို့တက် ပိုမာ သေချာပါတယ်။ ဆောင်ရာသီ အအေးဒဏ်ကိုတောင်း သူက အန်းတုနေတာဘဲလေ။
သူလေးကိုတွေ့တဲ့နေ တစ်နေဟာ ကျွန်မရဲ. ငယ်ဘဝကို ပြန်တွေးတော့မှု.တွေ ဖြစ်စေခဲ့ပါတယ်။
မိဘနှစ်ပါးရဲ. ကြီးမား တဲ့ မေတ္တာရိပ်အောက်မာ အေးချမ်းစွာ ပညာတွေသင်လျက် ငယ်ရွယ်တဲ့ ဘဝကို ဖြတ်သန်းနိုင်ခဲ့တယ်။ အပူအပင်မရှိ ကျန်းမာ ချမ်းသားစွာ နေခဲ့ရတယ်။ အရွယ်ရောက်လာတော့လည်း  ကိုယ်ဖြစ်ချင်တဲ့ သာသနာ့နွယ်ဝင် သီလရှင် အဖြစ်ကို ရရှိခဲ့တယ် ပြီးတော့ သီလ သမာဓိ ပညာ သိက္ခာပြည်စုံတဲ့ ဆရာသမားတွေ ဆီမာ လောကုတ္တရာ ပညာတွေ သင်ယူခွင့်ရခဲ့ပြန်တယ်။ ဒါတွေအားလုံးဟာ မိဘနှစ်ပါးရဲ. သားသ္မီးအပေါ် ထားရှိတဲ့ အနန္တမေတ္တာ တွေကြောင့် ဖြစ်ပါတယ်။ သို့ကြောင့်လည်း ယခုလို ပညာတွေ သင်ခွင့်ရ၊ ဘဝပန်းတိုင်းရှိ ရာ အေးချမ်းစွာ လျောက်လှမ်းခွင်ရ ခြင်းဖြစ်ပါတယ်။

အကယ်လို့သာ ကျွန်မ ငယ်ရွယ်စဉ်အချိန်က ဒီကလေးလေးတွေလို မိဘတွေ အသက်မွေးဝမ်းကျောင်း အတွက် ပိုက်ဆံ ရှာ ပန်းရောင်းခိုင်းခဲ့မယ်ဆိုလျင်---
ယခုချိန် ကျွန်မ ဘယ်လို ဘဝ ဘယ်လို ပုံစံ မျိုးတွေနင့် လောကမကြီးထဲမှာ နေနေရမယ်ဆိုတာ မတွေးဝံ့ မတွေးတတ်နိုင်အောင်ပါဘဲ။ ပြီးတော့ မိဘနှစ်ပါးရဲ. အနန္တကျေးဇူးတွေကိုလည်း ပိုပြီးတော့ သတိရမိပါတယ်။ ဒါကြောင့်လည်း အဲဒိနေကို ကောင်းသော အတွေးနင့် နေ့တစ်တနေလို့ ကျွန်မ တင်စားမိပါတယ်။။

သီတဂူ စမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။။

သီတာ (စလင်း) (SBA-Mandalay-00117)

No comments:

Post a Comment