Tuesday, January 24, 2012

အဖေ-----သို့----- တမ်းခြင်း



အတင်းသာ ဖက်မငြင်းနိုင်လို့
 မင်း မရဏာ လက်အတွင်းကိုဖြင့်
သက်ဆင်းရှာပေါ့ တို့ဖခင်
သြော်  ဖြေမတင်းနိုင်ဘူး
ကွေကွင်းကာ သွေဖယ်သူကြောင့်
နေဆယ်ဆူ ဘယ်မကပါဘူး
ပြင်းပြပူလောင်

ပြန့်ပြောကျယ် ဖေ့ကျေးဇူး
ဇမ္ဗူဘွေမှာ တုမနှိုင်းသာဘိ
တို.မိသားစုရဲ. မဟာအသရေဆောင်
ခွါသေရှောင်တာ အလွန်စော
အမိနှင့်သ္မီးတို့
ရင်ပင့်ကာ တဆူဆူနဲ့
သူတမှု ငါတစ်နည်းသာပ
သူ့ဂုဏ်ကို စုအုံလို့
လက်အုပ်ချီ ကြရာမှ
ချုပ်တည်းကာ မျက်ရည်သုတ်ကာပါ့
တမုဟုတ် ခဏအတွင်း
ယခုလို မရဏာလျော့ရတာကြောင့်
သ္မိးတို.ရင်မာ စုတ်တသပ်သပ်နှင့်
ဖေ့----ကိုသာ
သြော်--- နှမြောလို့မဆုံး။။
                                   ဗန်းမော်သူ (SBA-Mandalay-00118)

1 comment: