Monday, January 30, 2012

မပေးမလှူ မုန်းဆေးဟူ၏၊

လဲ့လဲ့ ကျိတ်ကျိတ်၊ မစ္ဆေစိတ်နှင့်၊ ဒိဋ္ဌိ လောဘ၊ မောဟပိတ်ဆို့၊ ပညာချို.သည့်၊ လူတို့ဥစ္စာ များတုံပါလည်း၊ မဟာသမုဒ်၊ ရေ အစုတ်သို့၊ သောက်ထုပ် သုံးချိုး၊ ဘယ်သူမျိုးမျှ၊ အကျိုးမရ။
ပဏ္ဍိတတို့ ၊ ဓနမှုကား၊ နည်းငြားပစေ၊ တွင်းထွက်ရေသို့၊ ဗိုလ်ခြေအလုံး၊ သောက် သုံးချမ်းသာ၊ ပြိးတတ်စွာရှင့်။။
သဒ္ဓါမရှေး မပေးမလှူ မုန်းဆေးဟူ၏၊
ပေးလှူတတ်သော် ချစ်ဆေးကျော်တည်း။
လူဘော်ဌာန ဤလောက၌ စိတ်ကကြည်စွာ စေတနာနှင့် သဒ္ဓါဝမ်းတွင်း ပေးကမ်းခြင်းကား ရခြင်းထက်သာ ဝမ်းမြောက်စွာသည် မင်္ဂလာလွန်မြတ် ဖြစ်သတတ်ရှင့်။။။ မာဃဒေဝ (၂၅၄ နာ ၁၉၇)

No comments:

Post a Comment