Sunday, January 29, 2012

ဗုဒ္ဓ၏ ဆင်းတုတော် တစ်ဆူ၏ နောက်ကွယ်မှ သမိုင်း၊ အနုပညာ၊ ဗိသုကာ၊ စိတ်ပညာ၊ ရှေးဟောင်းသုတေသန စသည်အကြောင်း

ကမ္ဘာပေါ်ရှိ ဘာတိုင်းဝယ် မိမိတို့ နှစ်သက်ကိုယ်ကွယ်သော ဘုရား သို့မဟုတ် God တို့၏ ရုပ်တု ရုပ်ပွားတို့အား မိမိတို့၏ ဘာသာရေး အဓိပ္ပါယ် အမျိုးမျိုးဖွင့်ကာ ထုလုပ်ကွယ်ကွယ်မှုများရှိကြပါသည်။ ဦးဇင်းများ ဗုဒ္ဓဘာသာမှလည်း နိုင်ငံ လူမျိုး ဒေသ ယျဉ်ကျေးမှု စသည်အားလျှော်စွာ အဓိပ္ပါယ်၊ ပုံစံအမျိုးမျိးဖြင့် တုလုပ်ကွယ်ကြပါသည်။ သို့သော် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီး နစ်ပေါင်း တော်တော်များ (၄၀၀) ခန်.လောက်ထိ တိုင်အောင် ဗုဒ္ဓဆင်းတုတော် မပေါ်ပေါက်သေး (ကြည်ညိုသူတို့ ထုလုပ် ကိုးကွယ်မှု မပြုကြသေး ) ဟု ပညာရှင်များ ဆိုပါသည်။
ထိုစဉ်က ကြည်ညိုသူတိုသည် ဘာတွေကို ဘုရား ကိုယ်စားတော်ပြု၍ ကိုယ်းကွယ် ဆည်းကပ် ပူဇော်ခဲ့ကြသနည်း။ မေးဖွယ်ရာရှိပါသည်။ ဘုရားရှင်လက်ထက်တော် အခါက ဗောဓိပင်ကို ဘုရားကိုယ်းစားတော် ပြု၍ ကိုးကွယ်ခဲ့ဘူးကြောင်း သာဓက ရှိပါသည်။ ကောသလမင်းကြီး၏ လျောက်ထားချက်အရ ဘုရားရှင်က စေခိုင်းတော်မှူ၍ အရှင်အာနန္ဒာ ကိုယ်တော်တိုင် မူလဘုရားဖြစ်ရာ ဗောဓိပင်ကြိးမှ အစေ့ကို ယူကာ ဇေတဝန် ကျောင်းတော်အတွင်း စိုက်ပျိုး ကိုးကွယ်သော ဗောဓိပင်မှာ အာနန္ဒာဗောဓိဟု လူသိများပါသည်။ မြတ်စွာဘုရား သခင်သည် သက်တော်ထင်ရှားရှိစဉ်အခါက သာဝတ္ထိပြည်ဇေတဝန်းကျောင်း၌သာ ဝါဆို ဝါကပ်များခဲ့ပါသည်။ ဝါကျွတ်သောအခါ တခြားတစ်ပါးသို့ ကျွတ်ထိုက်သော သတ္တဝါတို့ရှိရာသို့ ဒေသစာရီကြွမြဲလည်းဖြစ်ပါသည် ။ ထိုအခါများဝယ် ထင်းရှားသော သာဝကကြီးများလည်း ဘုရားနောက်မှ လိုက်ပါမြဲဖြစ်ပါသည်။ လည်းကောင်းအချိန်များ၌ ဇေတဝန်ကျောင်းတော်ကြီသည် ဘုရားရှိစဉ်ကလို ဘုရားဖူး ပရိတ်သတ်တို့ဖြင် စီကားခြင်းမရှိတော့ပေ။ ဘုရားရှင် ရှိသည်ထင်ကာ လာရောက်ကြသော ပရိတ်သတ်တို့မာလည်း ဘုရားရှင်းခရီးကြွသွားသောကြောင့် ရှိခိုးဦးချစရာမရှိဖြစ်လေသည်။ ထိုအကြောင်းကို ကောသလဘုရင်မှ ဘုရားရှင်းအား လျောက်ထားသောကြောင့် အာနာန္ဒာဗောဓိဖြစ်လာသည်ဟု လေ့လာသိရှိရပါသည်။ တချိုသောသူများက ဗောဓိပင်ပုံကို ကျောက်သာတွင်ထုဆစ်ကာ ကိုးကွယ်ကြသည်ဟုလည်း အိန္ဒိယ ကျောက်ဆစ်ရုပ်ပုံများကို ကြည့်ခြင်းဖြင့် သိရှိလေ့လာ ခန့်မှန်းရပါသည်။ ဗောဓိပင်အပြင် တခြားသော ဓမ္မစင်္ကြာ (လည်းဘီး) ပုံ ကျောက်ဆစ်ရုပ်များကိုလည်း တွေရသောကြောင့် ဘုရားရှင်ကိုယ်စားအနေဖြင့် (ဘုရားရှင်တရားဦးဟောတော်မှုသည်ကို ရည်မှန်းကာ) လည်းကောင်း (လည်းဘီးပုံ) ဓမ္မစင်္ကြာ ရုပ်တုတို့ကိုလည်း ကိုးကွယ်ပူဇော်ခဲ့ကြကြောင်းကို လေ့လာမှတ်သားရပါသည်။ သုံးခုမြောက်အနေဖြင့် စေတီပုံစံ (ထူပ) များကိုလည်း ဘုရားရှင်၏ ဓါတ်တော်တိုက် အနေဖြင့်လည်းကောင်း ဘုရားရှင်း ပရိနိဗ္ဗာန်စံဝင်ခြင်းကို ရည်ရွယ်သောအားဖြင့် (ထူပ= ထမင်းဦးဖောင်းပုံစံ=ထင်မင်းကို ပန်းကန်ထဲထည့်သည် အခါ ထိပ်ချွန်ပြီး နေသော ပုံစံ) (ကျမ်းညွန်း=====နထူပကတော သြမဒိတွာ ဘုဉ္ဖိဿာမီတိသိက္ခာကရဏီယာ။ သေခိယ) ကိုးကွယ် ပူဇော်ခဲ့ကြကြောင်း လေ့လာမှတ်သားရပါသည်။
ဟိုးရှေးကာလ ဂန္ဓာရတိုင်း၌လည်း ရတနာသုံးပါးကို  ကိုယ်စားပြုသောအားဖြင့် လှံသုံးခွပုံကို ထုလုပ်ကာ ကိုးကွယ်ခဲ့ကြောင်းမှတ်သားရပါသည်။  ၎င်းခေတ်ကလည်း ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်ခဲ့ဟန် မရှိသေချေ။
ရှေးအကြဆုံးဟု ယူဆရသော ဗုဒ္ဓရုပ်ပွားတော်ကို မထုရာပြတိုက်တွင်တွေနိုင်ပါသည်။ ၄င်းရုပ်ပွားတော်ကို (ကုသျံခေတ်) ပူသျံခေတ် က ထုပ်လုပ်ခဲ့သည်ဟု သိရပါသည်။ မောရိယခေတ် ပူသျံခေတ် သုက္ကခေတ် ဂုတ္တခေတ်ဟု လေးပိုင်းခွဲကာ လေ့လာမည်ဆိုက (သီရိဓမ္မာသောက မင်းကြီး၏) မောရိယခေတ်၌ ဗုဒ္ဓရုပ်ပွားတော်မပေါ်ပေါက်သေးကြောင်းလေ့သိရှိရပါသည်။ ၎င်းရုပ်တုတော်ကို မထုရာဒေသ၌တွေရှိရသော်လည်း ပါဠိတော်လာ မထုရာသုတ်များအရ မထုရာဒေသသည် အလွန်းကြမ်းတမ်းသော ဒေသ ဖြစ်ပါသည်။ မြေသာတို့၏ မညီညွတ်ခြင်း၊ မြူမုံး ဖုံမုန့်တို့ထူထပ်ခြင်း ခွေးရိုင်းများရှိခြင်း သားရဲဘီးလူးတို့ရှိခြင်း၊ ရဟန်းတော်တို့အတွက် ဆွမ်ခံမရခြင်းတို့သည် မထုရာဒေသ၏ ဂုဏ်ထူးဝိသေသများဖြစ်ပါသည်။ ၎င်းအကြောင်းတို့ကို ထောက်ဆတွေးတောပါက မထုရာဒေသ မထုရာအရပ်သည် မြတ်စွာဘုရား သာသနာ မထွန်းကာ မပွင့်လင်းခဲ့သော အရပ်ဟု ခန့်မှန်းနိုင်ပါသည်။ သို့ဖြစ်က မထုရာဒေသဝယ် ရှေးအကျဆုံး ဗုဒ္ဓရုပ်ပွားတော်ကို တွေရှိရပါနည်း? ဟု မေးလာပါမူ ၎င်းရုပ်တုတော်၏ အသွင်အပြင် အနုပညာ လက္ခဏာတို့ကို လေ့လာသုံးသပ်ဖြေကြားရပါတော့မည်။။ မထုရာရုပ်တု၏ လက္ခဏာသွင်ပြင်မှာ ဦးခေါင်းတော်ကို လေ့လာမည်ဆိုက (အိန္ဒိယ)ပန်ချာလူမျိုးတို့နင့်ချွတ်စွပ်တူနေတာကိုတွေ့ရပါသည်။ ဆံထုံးတော်မှာလည်း ပန်းချာတို့ဆံထုံး အတိုင်းဖြစ်နေပါသည်။
၎င်းအချက်ကိုထောက်ဆသော် မထုရာရုပ်တုတော်သည် မထုရာဒေသခံများ ထုလုပ်ခဲ့သည်မဟုတ် (မထုရာဒေသခံတို့သည်လည်း ဗုဒ္ဓအားကြည်ညိုသူများအဟုတ်ကြ) ကြောင်း ၊ ပန်ချာ အိန္ဒိယ လူမျိုးတို့၏လက်ရာဖြစ်ကြောင်း သက်သေခံလျက်ရှိပါသည်။ ပန်းချာတို့သည် အဘယ်ကဲ့သို့ထုလုပ်ခဲ့ကြပါသနည်း။ ပူသျံခေတ်အစပိုင်းလောက်ခန့်က ဂရိဘုရင်းတို့သည် အိန္ဒိယနိုင်ငံကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ ကျောက်ဆစ်ပညာရှင်တို့ကိုလည်း တစ်ပါတည်းခေါ်ဆောင်လာဟန်ရှိပါသည်။ ၎င်းဂရိဘုရင်တို့သည် ပန်ဂျပ်ပြည်၌ အခြေစိုက်ကြောင်း၊ပဂျပ်လူမျိုး (ပန်ဂျာပီ)တို့မာလည်း ရုပ်ရည်အဆင်းအလွန်းလှကြောင်း အချားသောအိန္ဒိယလူမျိုးတို့ထက်သာလွန်းကြောင်းမှတ်သားရပါသည်။ ၎င်းဂရိပညာရှင်တို့မှ ပန်ချာလူမျိုးတို့က ကျောက်ဆစ်ပညာကိုရရှိကာ ယခုမထုရာရုပ်ပွားတော်ကို ထုပ်လုပ်ခဲ့မည်ဖြစ်ကြောင်း ဆက်စပ်လေ့လာသိရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုမထုရာရုပ်တုမှာ ပန်ချားများနှင်တူနေသော်လည်း ဂရိပြည်မှ နတ်ရုပ်များ၏လက်ရာတို့နှင့် ဆက်နွယ်နေသောကြာင့်ဖြစ်ပါသည်။ ဂရိနတ်ရုတ်တို့၏လက်ရာသည်လည်း ယခုမထုရာရုပ်ပွားတော်လက်ရာနှင့် တူနေပါသည်။ ထိုကြောင့် ဂရိတို့လက်ရာဟု ဆိုလိုပါသည်။
၎င်းရုပ်ပွားတော်၏ တစ်ဘက်တစ်ချက်တွင် ရုပ်တု နှစ်ခုရှိပါသေးသည်။ ၎င်းရုပ်တုတို့မှာ နောင်အခါဝယ်ပွင့်ပေါ်လာမည့် ဘုရားအလောင်းများဟု ဆိုပါသည်။ ဤသို့ဘုရားအလောင်းများ၏ ရုပ်တုများအမှန်ဖြစ်ခဲ့ပါမှူ မထုရာဆင်းတုတော်ကို ထုစဉ်က ၎င်းပန်ဂျပ်ပြည်သည် ထေရဝါဒသာနာထွန်းကားသည်မနိုင်ချေ၊ မဟာယာနများ လွမ်းမိုးဟန်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားအလောင်းဝါဒဆိုမှာ မဟာယာနတို့၏ ဝါဒ၊ ဖြစ်သည့်အပြင် သူတို့၏ ပန်းတိုင်းလည်းဖြစ်သောကြောင့်ဖြစ်လေသည်။(ဆက်လက်ရေးသားပါမည်)အရှင်ဘုရားများ သိရှိထားသည်များနင့် ဆန်းကျင့်နေပါက တပည်တော်အား ထောက်ပြ ဆုံးမတော်မူကြရန်နှင့် တပည့်တော်မှ အရှင်တို့ခြေတော်အစုံကို ဦးခိုက်ကာ ခံယူပါမည်ဘုရားSSA

1 comment: