ဘဝတစ်ကွေ့မှာ ခဏတွေ့ခြင်းဖြစ်၍ အချင်းချင်းအကျိုးရှိအောင် စိတ်ကောင်းထားရမည်။ တစ်ဦးက ရှေးဦးစွာ သေသွာရင် သေသူအတွက် အကျိုးရှိအောင် စေတနာမှန်ဖြင့် ဆောင်ရွက်ပေးပိုသာ ဖြစ်တယ်။ ပူဆွေးငိုကြွေးခြင်းသည် သူအတွက်ရော ကိုယ့်အတွက်ပါ အကျိုးမရှိ ဆွေမျိုးပျက်စီးမူကြောင့် သောတာပန်းပင် ငိုကြွေးရကား ပုထုဇဉ်များမှာ ဆိုဖွယ်မရှိ၊
သို့သော် တရားဖြင့်ထိန်းသိမ်းက ရနိုင်ကြောင်း၊ ရည်စူး၍ ကုသိုလ်ပြုခြင်းသည် မေတ္တာဖြင့် အကျိုးလိုလားသောစိတ်ကို ရှေးသွားပြုပြိး တည်ငြိမ်သန့်ရှင်း အေးမြစွာ ပြုလုပ်ရသည် သဘော၊ အပူစိတ်ဖြစ်သော ငိုသံပါကြီးဖြင့် အမျှပေးဝေလျှင် ရောက်မည်မဟုတ်၊
ဆုတ်ကပ်ကာလ လူ့ဘဝကြီးဝယ် သားအမိ သားအဖ ညီအစ်ကို မောင်နှမ ဆွေးမျိုး မိတ်ဆွေ စသည် ဖြင့် ဘဝတစ်ကွေ့ကလေးမှာ ခဏလေးသာ တွေ့ဆုံကြရလေသည်၊ ထိုကြောင့် ဘဝတစ်ကွေ့လေမှာ ခဏလေး တွေ့ခိုက်ဝယ် မေ့မရအောင် ကောင်းမူတွေ ပြုလုပ်ရင်းဖြင့် အသက်ရှင်ကြပါစို့။။။။
( ယောဆရာတော်)

No comments:
Post a Comment