ကံသည် မြင်နိုင်သည့်အရာမဟုတ် သတ္တိအထူးသာဖြစ်သည်။ ရှင်နာဂသေန နှင့် မိလိန္ဒမင်းကြီးတို့၏ အမေး အဖြေဝယ်....
မိလိန္ဒမင်းကြီးက "ကံဆိုတာ ဘာကိုခေါ်ပါသလဲ ကျွန်ုပ်အား လက်တွေ့ပြပါဟု" မေးရာတွင်
ရှင်နာဂသေနက လက်တွေ့သိချင်သော မင်းကြီးအား မေးပါအံဟု "သရက်ပင်ငယ် သို့မဟုတ် အပင်ပေါက်ခါစ သစ်ပင်တို့သည် အဘယ်ကြောင့် အသိးမသီးကြပါသနည်း ကြီးသောအခါ၌ အဘယ်ကြောင့် အသီးသီးကြပါနည်း" ဟုမေးလေရာ...
မင်းကြီးက.. "ငယ်ရွယ်သောကြောင့်မသီးကြကုန်" စသည်ဖြင့်ဖြေကြားလေသည်။။
ထိုအခါ ရှင်နာဂသေနက "ကံသည်လည်း အချိန်ရောက်မှသာ အကျိုးပေးနိုင်သည်။ သို့သော် အကျိုးပေးနိုင်သော ကမ္မသတ္တိကား ရှိလေသည်သာ၊ အကျိုးမပေးနိုင်သေးခြင်းသာဖြစ်လေသည်" ဟု ဖြေကြားလေသည်။။။။

No comments:
Post a Comment