အံ့ဘွယ်နှလုံးသား နှင့် ထီးလိုမင်းလိုဘုရား
လက်ရှိပုဂံ၌အထင်ကရကြီးကျယ်ခန်းနားသောစေတီတို့တွင်ထီးလိုမင်းဘုရားလည်းပါဝင်သည်။ ထိုထီးလိုမင်းလိုဘုရားနှင့်ပတ်သက်၍ မှတ်သားစရာကောင်းသော အားကျစရာကောင်းသော အချက်အလက်များစွာရှိနေသည်။ နှလုံးသားလှသူ၊ သဘောထားကြီးမြတ်သူတို့အကြောင်း မြင်ရ၊ ကြားရ၊ ဖတ်ရပါက မြင်ရသူ၊ ကြားရသူ၊ ဖတ်ရသူတို့သည်လည်း နှလုံးသားလှလိုစိတ်၊ သဘောထားကြီးလိုစိတ်များ တစ်ဖွားဖွား ဖြစ်ပေါ်လာတတ် ကြသည်။ ထို့ကြောင့်ပင် ပုဂံခေတ်က စိတ်ထားနှုးညံ့သူ၊ မြင့်မြတ်သောစိတ် ထားရှိသူများအကြောင်းကို ဖော်ပြပါ ဦး မည်။
သီရိဂေဟာ မင်း မိသာစု
ပုဂံမင်းများအနက်(၄၈)ဆက်မြောက်မင်းဖြစ်သူ နရပတိစည်သူမင်းသည် သက္ကရာဇ်၅၃၆မှ၅၇၃-ခုနှစ် အထိ ပုဂံထီးနန်းကိုစိုးစံခဲ့သည်။ ထိုနရပတိစည်သူမင်း၌ မိဖုရားပေါင်းမြောက်များစွာရှိသည်။ ထိုမိဖုရားတို့တွင်သားတော်ဇေယျသိင်္ခ၏မိခင်သည် အလွန်ကြင်နာတတ်သည်။
တစ်ခါသော် နရပတိစည်သူမင်း၏လက်၌ ခှုနာစွဲကပ်နေသည်။သမားတော်တို့ကူစားသော်လည်း သက်သာရာမရခဲ့။ အနာရင်းပြီး သွေးပြည်များကိုက်ခဲမှုကြောင့် အိပ်လို့ပင်မပျော်ဘဲရှိနေသည်။ မင်းင်္ကြီးနာကျင်မှု ဝေဒနာကိုခံစားနေရသည်ကို မရှုရက်နိုင်သော ဇေယျသိင်္ခ၏မိခင်သည် ခှုနာပေါက်သည့်လက်ကို ပါးစပ်ဖြင့်ငုံထားလိုက်သည်။ အနာသည် အာအပှုကြောင့် အနည်းငယ် သက်သာလာခဲ့သည်။ မိဘုရားက အနာကို ပါးစပ်ဖြင့်ငုံထားချိန် မင်းကြီးသည် အိပ်ပျော်သွားခဲ့သည်။ ထိုစဉ်အနာသည် ပါးစပ်ထဲမှာပင် ပေါက်ကွဲပြီး ပြည်များထွက်လာသည်။ မိဖုရားလည်း မင်းကြီးနိုးမှာစိုးသည့်အတွက် သွေးပြည်များ ၀မ်းထဲမျိုချလိုက်သည်။ သွေးပြည်များ ၀မ်းထဲမျိုချပြီးသော် မင်းကြီးလည်း အိပ်ပျော်ရာမှ နိုးလာသည်။ ငုံထားသောလက်ကိုပါးစပ်မှထုတ်ကြည့်သောအခါ အနာမှာပြည်ပေါက်သွားကာ တင်းမာနေရာမှ တွန့်ရူံ့သွားသည်ကိုကြည့်ပြီး “ မိဖုရာ၊အနာပေါက်ကွဲသွားသည်မှ ထွက်လာသည့် ပြည်များကို မျိုချလိုက်သလော” ဟုမေးသောအခါ“ မှန်ပါအရှင်မင်းကြီး၊မင်းကြီးအိပ်ရာမှနိုးသွားမည်စိုး၍ မျိုချလိုက်ခြင်းပါ အရှင်မင်းကြီး”ဟု လျှောက်တင်သောအခါ “မိဖုရား၊သင်သည်အလွန်ကြင်နာတတ်သူပေတည်း၊ ထိုကြောင့် သင်သည်လိုသောဆုကို တောင်းလော့ ” ဟု ဆုကိုအတောင်းခိုင်းလိုက်သည်။ မိဘတိုင်းသည်သားသမီးများ၏အနာဂတ်ကို မျှော်တွေးပြီးပြုတတ်ကြသည့်ထုံးစံအတိုင်းပင် ဇေယျသိင်္ခ၏မိခင်သည်လည်း သားတော်ဇေယျသိင်္ခအတွက် အမြဲစဉ်းစားနေသည်။ သားတော်၏အနာဂတ်မတွက် စဉ်းစားထားခြင်းသည် ယခုအခါ အကွက်ဆိုက်ရောက်လာခဲ့သည်။ ထိုကြောင့် သူ့အတွက်အခြားဆုကိုမတောင်းတော့ဘဲ“အရှင်မင်းကြီး၊ ဤသို့ဆိုလျှင်သားတော်ဇေယျသိင်္ခအားထီးနန်းစောင့်ရှောက်ခွင့်ပေးပါ”ဟု တောင်းခံလိုက်သည်။ မင်းကြီးလည်း“ပေးမည်”ဟု ကတိပြုလိုက်သည်။ နရပတိမင်းကြီးလည်းအမှန်စင်စစ်ပေးလိုသည်က ရွှေငွေ
စိန်ကျောက်၊ပုတီးနားဍောင်းစသည်ကို ပေးလိုရင်းဖြစ်သည်။သို့သော်လည်း နှုတ်လွန်သွားသည့်အတွက် ပေး
မည်ဟုကတိပြုလိုက်ရခြင်းဖြစ်သည်။ထီးနန်းပေးရန်မှာစိတ်ကူးမရှိခဲ့ခြင်းဖြစ်သည်။
ရှေးယခင်ကဆိုရိုးတစ်ခုကတော့“လူမှာကတိ၊မင်းမှာသစ္စာ”ဟူသည်ပင်ဖြစ်သည်။
ယခုအချိန်မှာတော့ထိုဆိုရိုးကိုပြောင်းပြန်“မင်းမှာကတိ၊လူမှာသစ္စာ”ဆိုရတော့မလို ဖြစ်နေ
သည်။ထိုသို့နှုတ်လွန်တတ်မူနှင့်ပတ်သက်၍ ရှေးကဆိုခဲ့ကြသေးသည်“ကြမ်းကျွန်တာနှုတ်ရလွယ်သော်လည်း
နှုတ်ကျွန်တာနှုတ်ရခက်သည်”ဟုဆိုခဲ့ကြခြင်းဖြစ်သည်။
နရပတိစည်သူမင်းကြီးသည်အနန္တသူရိယအမတ်ကြီး၏မျက်ဖြေလင်္ကာ လေးပုဒ်ကိုဖတ်ရှုတ်ရသည်နောက်တွင်
စိတ်နှလုံးအလွန်ပျော့ပြောင်းလာခဲ့သည်။ ရှေးယခင်းကအလွန် ကြမ်းတမ်းသလောက်
ယခုအခါစိတ်ယဉ်ကျေးမှု၊နှုတ်ယဉ်ကျေးမှုများရှိလာခဲ့သည်။
ကရုဏာအကြင်နာ ပိုသောမိဖုရားနှင့်တွေ့လိုက်သောအခါ ထိုမိဖုရားအပေါ်
ပြန်လည်ကာကရုဏာပိုမှုသည်တောင်ကျချောင်းရေကဲ့သို့တစ်ဟုန်ထိုးစီးဆင်းသွားခဲ့သည်။
ကြင်နာတတ်သောအပြုအမှုများ၊ အပြောအဆိုများသည် တစ်ဖတ်သား၏
နှလုံးသားကို ဖမ်းယှုသိမ်းပိုက်နိုင်ရိုးဖြစ်သည်။ ရိုင်းသူကိုယဉ်ကျေးစေသည်။
ယဉ်ကျေးသူကို ကရုဏာမိုးရွာသွန်းဖြိုးစေသည်။
ယဉ်ကျေးသော၊ အကြင်နာပိုတတ်သော၊ ကရုဏာတရား၊ မုဒိတာတရားများရှိသော
ထိုမိခင်မှ မွေးဖွားသောသားတော် ဇေယျသိင်္ခသည်လည်းယဉ်ကျေးသည်၊ လိမ္မာသည်၊
အစ်ကိုကြီးများထံသွားရောက်ပြီးသူ့အားဆုံးမ စကားပြောကြားရန်၊
မသိသေးသည်များကို သင်ပြရန် တောင်းခံလေ့ရှိသည်။
သို့ဖြင့် အစ်ကိုတော်များကလည်း
လိမ္မာသော ညီငယ်လေးအား ချစ်ခင်ကြ၊ကြင်နာကြသည်။
နရပတိစည်သူမင်းကြီးသည် သားတော်အငယ်ဆုံးဖြစ်သူ ဇေယျသိင်္ခအားထီးနန်းပေးမည်ဆိုသော်လည်း
အမှန်တကယ်စီစဉ်ရသောအခါ တရားနည်းလမ်းကျမှ သားတော်ကြီးများက
လက်ခံနိုင်မှာဖြစ်သည်။သို့အတွက်ကြောင့် တစ်နေ့ သားတော်ငါးဦးလုံးခေါ် တော်မှု၍
စုံညီရောက်လာသောအခါ “သားတော်ငါးပါးတို့အလယ်တွင်
ထီးဖြူစိုက်၍အဓိဋ္ဌာန်ပြုမည်၊ ထီးဖြူညွတ်ခသော သားတော်သာ ထီးနန်းကိုစိုးစံရမည်။
ကျန်သားတော်တို့ကထီးနန်းစိုးစံသူကို ၀ိုင်း၍ကူညီစောင့်ရှောက်ကြရမည်”ဟုမိန့်တော်မှုသည်။
ဤသို့မိန့်တော်မှုသောအခါ သားတော်ငါးဦးလုံးက ဖခင်မင်းကြီးအစီအစဉ်ကို လက်ခံကြသည်။ သဘောတူ
ကြသည်။ ထိုသို့သဘောတူပြီဆိုသည်နှင့် မင်းကြီးက“မင်းဖြစ်ထိုက်သူသို့ ထီးဖြူသည် ညွတ်ပါစေသတည်း”ဟု
အဓိဋ္ဌာန်လိုက်ရာ ညီအငယ်ဆုံးဖြစ်သူ ဇေယျသိင်္ခရှိရာဖက်သို့ ထီးဖြူညွတ်လေသည်။
ခမည်းတော်မင်းကြီးကလည်း စကားလွန်ထားသည့်အတွက် သားတော်ငယ်
ဇေယျသိင်္ခဖက်သို့ညွတ်စေလိုသည်။ သားတော်ကြီးလေးပါးတို့ကလည်း သဘောတူကြသည်။
ထိုကြောင့်ဇေယျသိင်္ခမင်းကို“ထီးလိုမင်းလိုမင်း” ဟု လည်းခေါ်ကြသည်။ ထိုအဓိဋ္ဌာန်၍
ထီးဖြူစိုက်သောနေရာကို နောင်လာနောက်သားတို့ မင်းမိသားစုတို့၏ညီညွတ်မှုကိုပြရန်အလို့
ငှာ အမှတ်တရ ဘုရားတည်ထားကြသည်။ ထိုဘုရားကို “ထီးလိုမင်းလိုဘုရား” ဟု ခေါ်တွင်ကြသည်။
ဤစေတီကြီးသည် လက်ရှိပုဂံ၌ အလွန်ထင်ရှား ကြီးမားသည့် အထင်ကရစေတီကြီးဖြစ်သည်။
အမှန်တကယ်တော့ ဤထီးလိုမင်းလိုဘုရားသည်“မင်းမိသားစု၏ သီရိဂေဟာ”
အထိမ်းအမှတ်ပင်ဖြစ်သည်။ ဇေယျသိင်္ခခေါ် ထီးလိုမင်းလိုမင်းသည် အစ်ကိုတော်များကို
ရိုသေမြဲရိုသေသည်၊ အစ်ကိုတော်များကလည်း ညီငယ်ထီးနန်းစိုးစံသည်ကို မကျေမနပ်မဖြစ်ခဲ့ကြ၊
သဘောထားကြီးကြသည်။ အစ်ကိုတော်များသည်ဖခမည်းတော်မင်းကြီး၏ အဆုံးအမကို
လိုက်နာသောအားဖြင့် ထီးနန်းစိုးစံသူ ညီငယ်အားကူညီခဲ့ကြသည်။ဘေးထိုင်ဘုမပြောကြခြင်း၊
ကျေနပ်စွာလက်ခံကြခြင်းသည် ကြီးမြတ်သောနှလုံးသားရှိကြောင်းသိသာသည်။
လောကဆိုရိုးတစ်ခုရှိသည် ဇာတ်ပွဲက,ရာ၌ မင်းသားအဖြစ် သူကလည်းလုပ်လိုသည်၊
ငါကလည်းလုပ်လိုကြသည်။ ထို့သို့ မင်းသားကြီးမလုပ်ရသူက ဇာတ်က၍ မရအောင်
ပတ်မကြီးထိုးဖောက်တတ်သည့်သဘောကိုရှေးအခါက“မင်းသားကြီးမလုပ်ရလျှင်
ပတ်မကြီးထိုးဖောက်တတ်သည်”ဟုဆိုကြသည်။
ဇာတ်ထဲက တဒင်္ဂ မင်းအဖြစ်ကိုပင် ဤမျှအထိပြုကြလျှင် တကယ့်ထီးနန်းရလိုမှုနှင့်ပတ်သက်၍
ယခုလိုသားတော်ကြီးများ၏ သဘောထားကြီးနိုင်ကြ၊
ခမည်းတော်စကားကိုနားထောင်နိုင်ကြခြင်းသည် မြင့်မြတ်သောနှလုံးသားရှိကြလို့သာ ဖြစ်ကြ
ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ထီးနန်းလုပွဲအတွက် အသက်သေခဲ့ကြသည့်ရာဇ၀င်များသည် မြန်မာ့ရာဇ၀င်ရော ကမ္ဘာ့ရာဇ
ဝင်မှာ များလှပေသည်တကား။ ထို့ကြောင့် အစ်ကိုများ၏အကူအညီကိုရခဲ့သော ဇေယျသိင်္ခမင်းသည်
သက္ကရာဇ် ၅၇၃-ခုနှစ်မှ၊ ၅၉၆-ခုနှစ်အထိ(၂၃)နှစ် တိုင်အောင် ထီးနန်းကိုစိုးစံခဲ့သည်။ ဤသို့သော နရပတိမင်း ကြီး၏သားတော်တို့၏နှလုံးလှပမှု၊ သဘော ထားကြီးမှုများကို
လှုသားကမ္ဘာတစ်ခုလုံး၏နှလုံးသားများ၌ အလား
တူဖြစ်ခဲ့ကြလျှင် နေရာလုသောပြဿနာ၊ အမွေလုသောပြဿနာများ၊
စိတ်ဝမ်းကွဲသောပြဿနာများကင်းဝေး
ကာ စိတ်အေးချမ်းသာသော သီရိဂေဟာ မိသားစု၊
ကျက်သရေမင်္ဂလာရှိသောတိုင်းပြည်ဖြစ်ကြလျှက် ပျော်ရွှင်
ကြည်နှုးဖွယ်ကောင်းသော ဘ၀များပင် ဖြစ်ကြပေလိမ့်မည်။
ပဋ္ဌာန်းအလင်းရောင်ဆရာတော် (ညောင်တုန်းတိုက်)ဗဟန်း
No comments:
Post a Comment