Wednesday, February 1, 2012

မသွားဘဲနီးသည်က သုဿာန် ။ သွားပါလျက် ဝေးသည်က နိဗ္ဗာန်

ဖြစ်လာပြိးနောက် သေကြရမည် နိဗ္ဗာန်ကို နုတ်ဖြင့် တောင်းတမိသော်လည်း စိတ်ဝင်စားမှု မလေးနက်သဖြင့် လက်တွေ့အကျင့်ကို ထိထိရောက်ရောက် မကျင့်နိုင်ရကား နိဗ္ဗာန်နှင့်ဝေးနေရလေသည်။။။
မရဏ ဆင်းရဲသည် တစ်ဦးတစ်ယောက်၏ ဆင်းရဲမဟုတ် တစ်ဘဝတည်သာ တွေ့ရသော ဆင်းရဲလည်းမဟုတ် ဘဝတိုင်း ကြုံတွေ့ရလေသည့် သတ္တဝါတိုင်း၏ ဘုံဆင်းရဲဖြစ်လေသည်။။
သက်တမ်းစေ့အောင် နေရမည်ဟု ဘယ်သူမှ တာဝန်မခံ အနှေးနှင့် အမြန်သာ ကွာမည်။ သေရမာကတော့ ဧကန်ဖြစ်လေသည်။
သေပြိးနောက်လည်း အဝိဇ္ဇာ နှင့် တဏှာဟူသော ဘဝနှောင်ကြိုး မပြတ်သေးလျင် ဘဝခန္ဓာ အသစ်ကို တဖန်ရရှိဦးမည်ဖြစ်သည်၊
ဘဝခရီး သွားရာ၌ ကိုယ်သွားခြင်သလို မသွားရဘဲ
ကိုယ်မှာရှိသလိုသာ သွားရမည်ဖြစ်၍ ကိုယ်သွားလိုသော ပုံစံ ဖြင့်သွားနိုင်အောင် ကိုယ်ပိုင်ကောင်းမှုကို အချိန်ရှိခိုက် ကြိုးစားကြရမည် ပြုလုပ်ကြရမည်။။။။
                               (ယောဆရာတော်)

No comments:

Post a Comment