Wednesday, February 1, 2012

နေပြည်တော်/ ငါတို့ရဲ. ရွှေမန်း


ဦးဇင်းတို့၏ မြနန်းစံကျော် မန္တလေးနေပြည်တော် ရွှေနန်းတော်ကြီး၏  (ယခုလက်ရှိမဟုတ်) အတွင်းအပြင် (ယခုလက်ရှိ မြို့ရိုး၊ ကျုံးတော်) အားလုံးကို ဗိသုကာပညာရှင် ဦးမှို က ဦးဆောင်တည်ဆောက်ခဲ့ကြောင့်သိရပါသည်။ ၄င်း၏ထူးခြားသော စွမ်းရည်မှာ ပါရမီထူခြားချက်မှာ ပေတံ ရေချိန် စသည်မသုံးဘဲ မျက်စေ့အမှန်ဖြင့်သာလျင် တိကျစွာ ဆောက်လုပ်ခဲ့သည်ဟု မှတ်သားရပါသည်။
မြိုတည်းနန်းတည် သက္ကရာဇ်မှာ
အောင်ကျော်ချမ်းအေး မန္တလေး
ဥတ်ကျစ်ကျော်အေး မန္တလေး
အင်ကြင်းကြာအုံ ရတနာပုံ ဟူသတည်း။။။
၁။။။   သာသနာနှစ် ၂၄၀၀ နှစ်မှာ မြို့တည်းသောကြောင့်  မြို့ရိုးတမျက်နာမှာ တာပေါင်း ၆၀၀ ရှိပြီး လေးမျက်နာအတွက် တာပေါင်း ၂၄၀၀ ဟုမှတ်သားရပါသည်။။
၂။။။ တစ်နှစ်မှာ တန်းခူး ကဆုန်း စသည်ဖြင့် (၁၂) လရှိသောကြောင့် မြို.ရိုးတံတိုင်းတွင် တံခါးပေါက် (၁၂)ရှိကြောင်း မှတ်သားရပါသည်။။
၃။။။ တစ်နှစ်မှာ ရက်ပေါင်း (၃၆၅) ရက်ရှိသောကြောင့် နန်တော်ကြီး၏ တိုင်းတို့သသည်လည်း ၃၆၅ ခုရှိကြောင်း
၎။။။ တစ်နှစ်တွင် ဥပုတ်တော်(တစ်လတွင်လေးရက်- “၄ အမြောက် ၁၂”) သီတင်းပါတ်ပေါင်း ၄၈ ရက်ရှိသောကြောင့် ပြဿဒ်ပေါင်း ၄၈ ရှိဟု သိရပါသည်။
၅။။။ တစ်ပါတ်တွင် (၈) ရက်ရှိသည်ကြောင့် ပလ္လင်တော် (၈) ခန်းရှိကြောင်းသိရသည်။
၆။ တစ်လတွင် ဥပုသ် (၄) သီတင်းရှိသောကြောင့် တံခါးပေါက်ကြီးလည်း (လေးခု) ရှိသော သိရပါသည်။
(ဟုတ် မဟုတ်ကို ပညာရှင်များ စုံစမ်းရန်ဖြစ်ပါသည်) သုတေသန မောင်ငယ်ညီမငယ်များအတွက် သိရှိရသလောက် တင်ပြခြင်းသာဖြစ်ပါသည်။


ခွန်းထောက်တော် တြိချိုး (၃)ချိုး
၁။။ သုံးထပ်ကယ်တည် ကျုံးပတ်လည် မြမြို.ရိုးတွေနှင့် ပြအိုးတွေပတ်ရံ ထားတာက တစ်ဆယ့်နင့် နှစ်တံခါးမှာ အလယ်ဓါတ်စည်ဗဟိုရ်နှင့် နတ်ပြည်လို သွင်တမျှပါဘဲ မမြင်ရတာအတန်ကြာလို့ ပြန်ခါရှုစား။။
၂။။ ယခုကြည့်ရတာ ဟိုအရင်ခေတ်ကို လွမ်းပါဘိ ပလ္လင်ရှစ်ခမ်းရယ်နင့် အဆန်းတွေစုံ နန်းမြေလှုံရတာက တဖုံယဉ်ကျေး
၃။။ (တွက်စစ်လို့ဖော်)၂ သက္ကရာဇ်ခေါ် သင်္ချာရေးရလျင်ဖြင့် ဥတ်ကျစ်ကျော်အေး ကျွန်တော်တို့ ရွှေမန္တလေး……..
အလုံစုံသိလိုက ဇာတ်မင်းသားကြီး ရွှေနန်းတင် (နန်ရှေ့)ထံတွင် လေ့လာနိုင်ကြောင်း သတင်းကောင်းပါအပ်ပါသည်..
                                                    မေတ္တာစိတ္တေန ရှင်အာယု (မန်းသီတဂူ)

No comments:

Post a Comment