ကြည်နူးဖွယ်ကောင်းလှတဲ့ မှိုင်းညို့ညို့တောင်ခြေတစ်နေရာမှာ....ကျေးငှက်ကလေးတွေရဲ. သာယာတဲ့အသံ.... ရောင်စုံပန်းကလေးတွေရဲ. ဆွတ်ပျံ.လှိုက်မောဖွယ်ရနံ... အဲ့ဒီပန်းရနံ.လေးတွေကို သယ်ဆောင်လာတဲ့ လေညပည်လေညှင်းတွေနှင့်ညင်သာစွာ တိုးဝှေးမှု စသည် စသည်ပေါ့လေ...
နံနက်မိုးသောက်အလင်းရောက်ချိန် နေမင်းကြိးရဲ.အလငုးရောင်နဲ့အတူ မန်းတောင်ခြေရဲ့အလှအပစာလဲ စာဖွဲမယ်ဆိုရင် ရေးဖွဲ့လို ကုန်မည်မထင်......။
တောင်ခြေရဲ့တနေရာမှာတော့ ခိုင်မြဲစွာရပ်တည်နေတဲ့ သူတစ်ယောက်ရှိပါတယ်။ ရဲရင့်တယ်၊ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ခိုင်မာတယ်။ သူ့မှာ မေတ္တာ၊ ကရုဏာတွေကအပြည့်။ သဘာဝရဲ့ အလှတရားတွေ ဘယ်လောက်ပဲတောက်ပနေပါစေ သူကိုတော့မှီမယ်မထင်ပါဘူး။ ဘာကြောင့်လဲ? အလှတရားတွေက မှေးမှိန်ပျောက်ကွယ်သွားနိုင်လိုပါ။ အဲဒီအလှတရားတွေက ဘာတွေလဲ...? လောကလူသားတွေရဲ့ ရင်ထဲ နှစ်လုံးသားထဲကို ဓမ္မတွေရောက်သွားအောင် ဓမ္မနှင့် လူသားတစ်ထပ်တည်းကျသွားအောင် စွမ်းဆောင်နိုင်တဲ့ အလှတရားတွေပိုင်ဆိုင်ထားလို့ပါဘဲ။ သူ့နာမည်က "သီတဂူဗုဒ္ဓတက္ကသိုလ်"။။။။။
ကျွနုပ်သည် (၂၀၀၉-၂၀၁၀)ပညာသင်နှစ်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ မှတ်မိပါသေးသည်၊ ကျောင်းသားသစ်လက်ခံကြိုဆိုပွဲနေကပေါ့၊ အဓိပတိဆရာတော်ဘုရားကြီးရဲ.သြဝါဒကောက်နုတ်ချက်လေးကိုပေါ့။။
ဆရာတော်ကြိးက အမေရိကန်နိုင်ငံ "ယေးလ်"တက္ကသိုလ်အကြောင်းပြေပြပါတယ်။ အင်မတန်မှ မှတ်သားစရားကောင်းလှပါတယ်။ အမေရိကန်နိုင်ငံရဲ. လွတ်လပ်ရေးသမိုင်း နစ်ပေါင်းည(၃၀၀) နီးပါးမာ သမ္မတ(၇)ယောက်၊ အမေရိကန်ရဲ.လွတ်လပ်ရေးကြေညာစာတမ်းမှာပါဝင်ပြိးတော့ (sign) ထိုးတဲ့လူပေါင်း (၄)ယောက် အမတ်ပေါင်း (၁၀၀)ကျော်ဟာ ယေးလ်တက္ကသိုလ် ထွက်တွေပါတဲ့။ အဲ့ဒိတော့ ကျောင်းသားတွေ.. သူတို့ဒိလိုပြောပြတာတွေကို ကြားရသောအားဖြင့် ဒို.မန်းသီတဂူ စာသင်သား "သီတဂူဗုဒ္ဓတက္ကသိုလ်" ကျောင်းထွက်တွေလည်းပဲ သာသနာ့သမိုင်းမှာ အဲ့ဒိလိုသမိုင်းဝင်အောင် သမိုင်းတင်အောင် ဒို့ဘာလုပ်ကြမလဲ? သမိုင်းမှာ မှေးမှေးမှိန်မှိန်လေး ဘာမှ မပြောလိုက်ရဘဲ ဘာမှ မလုပ်လိုက်ရဘဲ မှေးမှိန်ပြီးတော့ ပျောက်ကွယ်သါားတဲ့ဘဝမျိုး မဖြစ်ရလေအောင် ကြိုးစားကြဖို့တိုက်တွန်းလိုက်တယ် လို့သြဝါဒပေးခဲ့ပါတယ်။။ ဆက်လက်ရေးသားပါမည် (ပေါက်စ- ဝမ်းတွင်း)

No comments:
Post a Comment