မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးနေတော်မူစဉ်၊ အက္ကောသဘာရဒွါဇ ပုဏ္ဏားက သူ၏အစ်ကို ရဟန်းပြုသည်ဟု ကြားသဖြင့် မြတ်စွာဘုရားထံလာပြီးလျှင် ဆဲရေး တိုင်းထွာပြီးနောက် သူညီဖြစ်သူ အသုရိန္ဒကဘာရဒွါဇ ပုဏ္ဏားသည်လည်း မြတ်စွာဘုရားထံသို့ လာပြီး မဖွယ်မရာ ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးပြန်လေသည်။။
ယင်သို့ဆဲရေးသောအခါ မြတ်စွာဘုရားသည် တစ်စုံ တရာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာနေလေသည်။
ထိုအခါ အသုရိန္ဒကဘာရဒွါဇ ပုဏ္ဏားသည် မြတ်စွာဘုရားအား
ရဟန်း သင့်ကိုကျွန်ုပ်အောင်နိုင်ပြီး ဟု ဆိုလေသည်။
ထိုအခါ မြတ်စွာဘုရားက
ပုဏ္ဏား သူမိုက်သည် စကားအားဖြင့်ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေးပြောဆိုရသည်ကို ငါအောင်နိုင်သည်ဟု မှတ်ထင်လေသည်။
သည်းခံခြင်း၏ အကျိုးကျေးဇူးကို သိသော ပညာရှိတို့သည် ခွန်းတုံ့မပြန်မူဘဲ သည်းခံနေခြင်းသည်သာလျှင် အောင်နိုင်ခြင်းအစစ် ဖြစ်လေသည်။။။
အသုရိန္ဒကသုတ်

No comments:
Post a Comment