မိမိ၌ ဖြစ်လာသမျှ ဒုက္ခတို့သည် ခံစားမူဟူသော အကြောင်းကြောင့် ဖြစ်၏။ ခံစားမူ မရှိတော့လျှင် ဒုက္ခဖြစ်တော့မည် မဟုတ်ချေ။။
သုတ္တနိပါတ်၊ ဒွယတာနုပဿနာသုတ်
ခံစားမူ ဘယ်သောအခါမျှ ဖြစ်ပေါ်မလာခဲ့လျှင် ယင်းသို့ ခံစားမူချုပ်ငြိမ်းခြင်းကြောင့် တပ်မက်မူတဏှာ ထင်ရှားဖြစ်လာနိုင်ပါဦးမည်လော။
ချစ်သားအာနန္ဒာ
ထိုကြောင့် ဤခံစားမူသည် သာလျင် တပ်မက်ခြင်း၏ အကြောင်းရင်း အခြေခံ ဖြစ်ကြောင်း အထောက်အပံ ဖြစ်ချေသည်။
ချစ်သာအာနန္ဒာ
ဤသို့လျှင် ခံစားမူကို စွဲ၍ တပ်မက်ခြင်းသည် ဖြစ်လေ၏။
တပ်မက်ခြင်းကိုစွဲ၍ ရှာမှီးခြင်းသည်ဖြစ်လေ၏။
ရှာမှီးခြင်းကို စွဲ၍ ရခြင်းသည် ဖြစ်လေ၏။
ရခြင်းကို စွဲ၍ အသုံးချရန် စိတ်ဆုံးဖြတ်ခြင်းသည် ဖြစ်လေ၏။
၎င်းကိုစွဲ၍ နှစ်သက်တပ်စွဲခြင်းသည် ဖြစ်လေ၏။
၎င်းကိုစွဲ၍ သူများနှင့်မဆိုင် ငါသာပိုင်ဟု သိမ်းပိုက်ခြင်းသည် ဖြစ်၏။
၎င်းကိုစွဲ၍ သိမ်းဆည်းခြင်းသည် ဖြစ်လေ၏။
၎င်းကိုစွဲ၍ ဝန်တိုခြင်းသည် ဖြစ်လေ၏။
၎င်းကိုစွဲ၍ စောင့်ရှောက်ခြင်းသည် ဖြစ်လေ၏။
၎င်းကိုစွဲ၍ တုတ် ဓား လက်နက်ဆောင်းရခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဆန့်ကျင်ဘက်ဖြစ်ရခြင်း၊ အငြင်းပွားရခြင်း၊ မခံချင်အောင်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ လိမ်လည်းခြင်းဟူသော ယုတ်မာသော အကုသိုလ်တရား များစွာတို့သည် ဖြစ်ကြလေကုန်၏။။
သုတ်မဟာဝါ။ မဟာနိဒါနသုတ်
No comments:
Post a Comment