Tuesday, February 28, 2012

ချစ်လွန်းလျှင် ငိုရတတ်တယ်

ပုဏ္ဏား-- ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ချစ်ခြင်းကြောင့်ဖြစ်ကုန်၏။  ချစ်ခြင်းက စ၍ဖြစ်လာကြကုန်၏။
ပုဏ္ဏား --- ရှေးအခါက သာဝတ္ထိပြည်၌ပင် မိန်းမတစ်ယောက်သည် သူ့မိခင်သေဆုံးသဖြင့် အရူးသဖွယ်ဖြစ်ကာ လမ်းတကာ သို့လျောက်၍ ငိုကြွေးနေသည့် အဖြစ် ရှိခဲ့ဖူးသည်။ ထိုသို့ ပြင်းစွာ ပူပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏။
မိန်းမတစ်ယောက်သည်   ဖခင်ဆုံးသဖြင့်။
တစ်ယောက်သည်       မောင်ဆုံးသဖြင့်။
တစ်ယောက်သည်      ညီမဆုံးသဖြင့်။
တစ်ယောက်သည် သမီးဆုံးသဖြင့်၊
တစ်ယောက်သည် လင်ဆုံးသဖြင့်
အရူးသဖွယ်ဖြစ်ကာ လမ်းတကာသို့လျှောက်ကာ ငိုကြွေးနေသည့်အဖြစ် ရှိခဲ့ဖူးသည်။။
                                                            ပိယဇာတိကသုတ် မဇ္ဈိမ ပဏ္ဏာသ

No comments:

Post a Comment