Monday, March 12, 2012

တို့ကျောင်း


၁။ အရွယ်ရောက်လာ တို့ကျောင်းမှာ ပညာသင်ကြားကြ။
၂။ ရွာ၏အလယ် ဂုဏ်ယူဖွယ် တင့်တယ်လှပေစွ။
၃။ ကျောင်းသားကျောင်းသူ ချစ်ကြည်ဖြူ ညီတူဝတ်ဆင်ရ။
၎။ ကျောင်းပတ်ဝန်းကျင် နေ့စဉ်ပင် သုတ်သင်သန့််ရှင်းကြ။
၅။ ကျောင်းဥယျာဉ်မှာ မျိုးစုံစွာ ညီညာစိုက်ပျိုးကြ။
၆။ ကျောင်း၏စည်းကမ်း မပျက်တမ်း ဝန်ထမ်းစောင့်ထိန်းကြ။
၇။ တို့ကျောင်းကိုခင် တို့ချစ်လျှင် မြဲပင်လေးစားကြ။
၈။ ကျောင်း၏ကျေးဇူး ပညာဖူး ဆွတ်ခူးနေ့စဉ်ရ။
၉။ တို့ကျောင်းဂုဏ်ရောင် တိုးမြင့်အောင် ရည်ဆောင်ကြိုးစားကြ။

ကိုရင်အာယုတို့ငယ်စဉ်က တေးသံများထဲမှ တစ်ပုဒ်ဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်၏ လွယ်အိပ်ကို အမှတ်မထင် ကိုင်ကြည်မိစဉ်မှာ မမျှော်လင့်ဘဲ ပြန်တွေ့ရတာပါ။။
 ဒါနဲပဲ ငယ်စဉ်က သံစဉ်များရယ်လို နာမည်ပေးမိတာပါ။။
အားလုံးကို ကျေးဇူးတင်လျှက် ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment