Monday, March 12, 2012

ဆုံးမစာ

၁။ မီးရောင်လရောင် နေရောင် ဉာဏ်ရောင်လွှမ်း၍မိုး။
၂။ ပညာသမာ အာဘာနတ္ထိ မြတ်မုနိ ဟောရှိကျမ်းကိုကိုး။
၃။ ထို့ကြောင့်များစွာ လူတကာ ပညာရအောင်ကြိုး။
၎။ ပညာကောင်းမှာ ပဒေသာ သုံးရာမကုန်နိုး။
၅။ ပညာထိုးထွင်း တက်လိုလျှင်း မပျင်မရိနှင့်။
၆။ လုံးလအရာ ဘယ်အခါ ပညာမကင်းကြစေနှင့်။
၇။ ပညာနည်းပါး မာနပွား စိတ်ထားအလွန်ဝင့်တတ်သည်။
၈။ ပြက်ရယ်ကျီးစား ပြုဖန်များ ချစ်အားမတည် မုန်းတတ်သည်။
၉။ တက်ပြီးပညာ မလေ့လာ မကြာမရှည် ပျောက်တတ်သည်။
၁၀။ ပညာမသင် ပျင်းရိလျှင် လူတွင်ဉာဏ်စ တုံးတတ်သည်။

No comments:

Post a Comment