Tuesday, April 17, 2012

ကုသိုလ်မှ မရရင် လူ့ဘဝဟာ အဓိပ္ပါယ်မရှိဘူး

  ကိုယ့်ခန္ဓာ ကိုယ့်ပစ္စည်း ကိုယ့်အလုပ်တွေထဲမှာ ကိုယ့်ကိုအားလုံး အာမခံတာဝန်ယူမယ့် ကောင်းမှုကုသိုလ် တရားစွမ်းအားတွေ လိုသလောက် ယူတတ်သလောက် ရနိုင်ပါရက်သားနဲ့ (ရနိုင်တယ် ရှိတယ်) လို့တောင်မှ သိခွင့်မရရင် ညံ့ဖျင်းရာရောက်တာပေါ့။
ရတနာသုံးပါး ရေခံမြေခံ အလွန်ကောင်းတဲ့ မြန်မာ့မြေပေါ်မှာ လူဖြစ်ခွင့်ရတာ ဘာအဓိပ္ပါယ်ရှိမှာတဲ့လဲ ? သာသနာ ရတနာကြောပေါ်မှာ ရတနာတွေနဲ့ ထိပ်တဲ့ကြီးတွေ့နေပါရက်သားနဲ့ ကိုယ့်ကို အာမခံ တာဝန်ယူမယ့် ကောင်းမူစွမ်းအားတွေကိုမှ သိမ်းကျုံးမယူတတ်ဘူး မယူချင်ဘူးဆိုရင် လူ့ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။

                           (ယောဆရာတော်)

No comments:

Post a Comment