Thursday, May 31, 2012

သဒ္ဓါ ပညာ ပိုက်လိုင်းနဲ့ သွယ်ယူတာ

                             ဘုရားရှိခိုးတယ် ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ-- မြစ်ထဲ ချောင်းထဲ တွင်းထဲ ကန်ထဲမှာရှိတဲ့ ရေချို ရေကောင်းတွေကို ကိုယ့်အိမ်ရောက်အောင် အိုးတွေ ပုံးတွေနဲ့ ခတ်ယူတာနဲ့တူတယ်။ ပိုက်လိုင်းတွေနဲ့ သွယ်ယူတာနဲ့ တူတယ်။။
 လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လေ့ကျင့်ထားတဲ့ စွမ်းအားတော် အနန္တပိုင်ရှင် မြတ်စွာဘုရားထံက စွမ်းအားတွေကို ကိုယ်နှလုံးသားထဲရောက်အောင် သဒ္ဓါ ပညာအိုးနဲ့ခတ်ယူတာ။ သဒ္ဓါ ပညာပုံနဲ့ခတ်ယူတာ၊
သဒ္ဓါ ပညာပိုက်လိုင်းနဲ့ သွယ်ပြီးတော့ ယူတာ။။


===============================================

ဘုရားကိုးကွယ် စွမ်းအားကြွယ်


၁။                     မြတ်စွာဘုရားသည် လောကမှာ  ဉာဏ်ပညာအကြီးမားဆုံးဖြစ်တော်မူသောကြောင့် ဉာဏ်ပညာအကြီးမားဆုံး ဖြစ်တော်မူတဲ့  မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေလည်း ဉာဏ်ပညာကြီးတယ်၊ ဉာဏ်ပညာကြီးခြင်း အကျိုးကို ရနိုင်တယ်။။

၂။                   မြတ်စွားဘုရားသည် အပူခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းလွတ်ငြိမ်းပြီးသည် ဖြစ်သောကြောင့် အပူခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းလွတ်ငြိမ်းအေးပြီးဖြစ်တဲ့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေလဲ အပူငြိမ်းအေးတယ်၊ အန္တရယ်ကင်းတယ်။။။

၃။                   မြတ်စွာဘုရားသည် တန်ခိုးအကြီးမားဆုံး ဖြစ်တော်မူသောကြောင့် တန်ခိုးအကြီးဆုံးဖြစ်တော်မူတဲ့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေလဲ တန်ခိုးအရှိန်အဝါ ကြီးတယ်၊ အကြံအစည် အောင်မြင်တယ်။

၎။                   မြတ်စွာဘုရားသည် ရုပ်ဆင်း အသပ္ပါယ်ဆုံး ကျက်သရေအရှိဆုံးဖြစ်သောကြောင့် ရုပ်ဆင်းလှပ တင့်တယ် ကျက်သရေရှိတော်မူတဲ့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ် မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေလဲ ရုပ်ဆင်းလှပတယ်၊ ကျက်သရေမျိုးစုံ တိုးတယ်။
                                                                            (ယောဆရာတော်)

No comments:

Post a Comment