Wednesday, May 23, 2012

အကန့်အသတ်နဲ့ လာကြတာ

             မိမိတို့ ဒီဘဝကို ရောက်လာကြတယ်ဆိုတာ အတိတ်ကုသိုလ်ကံက ပို့လိုက်လို့ ရောက်လာကြတာ။
ရောက်လာတော့လဲ အမြဲနေရမှာတော့ မဟုတ်ဘူး။ လာကတည်းက အချိန် အကန့်အသတ်က ပါလာပြီးသား။
"ဦးဘယ်သူ ဒေါ်ဘယ်သူ မောင်ဘယ်သူ မဘယ်သူသည် " ယခုဘဝမှာ ဘယ်လိုပုံစံဖြင့် ဘယ်နှစ်နှစ်သာ နေစေ လို့ ကံတရားက တစ်ခါတည်း ကန့်သတ်ပေးလိုက်ပြီးသား။
ဘဝတစ်ခုမှာ ဘယ်သူမှ ကိုယ့်စိတ်ကြိုက် နေချင်သလောက် နေပိုင်ခွင့်မရှိ။
"ငါတော့ အသက် (၁၀၀) ပြည့်အောင်နေပြလိုက်မယ်" ဘယ်သူမှ ပြောပိုင်ခွင့်မရှိ။
အားလုံးဟာ အကန့်အသတ်နဲ့ပဲ လာကြတာ။
                                              (ယောဆရာတော်)

No comments:

Post a Comment