Wednesday, May 23, 2012

နေ့စားခန္ဓာကြီး

             ဒီခန္ဓာကြီးဟာ တစ်နေ့နှစ်ထပ်မက ကျွေးထားရတဲ့ နေ့စားခန္ဓာကိုယ်ကြီးနော်၊ လခစားခန္ဓာ မဟုတ်ဘူး၊ နေ့စားခန္ဓာကြီးကို နေ့ထွက်ကိုက်အောင်၊ နေ့စားကျေအောင် ခိုင်းပေးမှဖြစ်မှာ၊ ကျွေးရကျိုးနပ်အောင် များများခိုင်းပေး အချိန်တန်ရင် မရဏလက်ထဲ ပြန်အပ်လိုက်ရမှာ၊ မရဏလက်ထဲ ပြန်မအပ်ရသေးခင် ဘဝရဲ.အနှစ်သာရဖြစ်တဲ့ ကောင်းမူတရားတွေကို နေ့စဉ်နဲ့အမျှ နေ့တွက်ကိုက်အောင် မြန်မြန်ထုပ်ယူရမယ် ကြီးအောင်စောင့်လို့ မဖြစ်ဘူးဗျ၊ အိုအောင်ထိ စောင့်လို့မဖြစ်ဘူးဟ၊ အို နာ သေထက် ငါကပဲ လက်ဦးစေရမယ်ဟဲ့ လို့ စိတ်ခွန်အားကို တင်းပြီးတော့ တစ်ရက် တစ်ရက်ကို တစ်သက် တစ်သက်လောက် တန်ဖိုးထားပြီး ကောင်းမူစွမ်းအားတွေကို နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်နိုင်လွယ်ကြပါစေကုန်သတည်း။
                                                                                 (ယောဆရာတော်)

No comments:

Post a Comment