Thursday, May 31, 2012

သီတဂူ သြဝါဒများ

              သီတဂူသာသနာပြုအဖွဲ့ (၂၁)နှစ်ပြည့်သြဝါဒ

            ယခုသီတဂူ (၂၁)နှစ်ပြည့်သြဝါဒကို အထူးမပေးဘဲ ဘဝကို လှလှပပ ဆောင်ရွက်ခဲ့ကြပြီးလို့ ဆက်လက်ပြီး  သေသည်အထိ ဆောင်ရွက်သွားကြပါလို့ ဒို့အဖွဲ့ လူကြီးတွေကို တိုက်တွန်းပါတယ်။
သီိတဂူ အဓိဌာန်ဖြစ်တဲ့ "ငါတို့ဖြစ်ရ ဤလောကဝယ် ဘဝသမိုင်းမရိုင်းစေရန်" အစချီတဲ့ အဓိဌာန်အတိုင်း ဒီဘဝ လူဖြစ်တဲ့ဘဝကို လှလှပပဖြစ်သွားရအောင် ပရဟိတလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်ကြဘို့ပါ။
                         "စိတ်မာန်မချ မာနမပါ" ဆိုတာ လှေခွက်ချည်းကျန် အလံမလှဲ ဖွဲတစ်ဆုပ် နိုင်တဲ့အထိ ဆောင်ရွက်မယ်ဆိုတာကို ဆိုလိုတာပါ။ သူတစ်ပါးကိုလဲ မနှိမ့်ချ၊ ကိုယ်ကိုတိုင်လဲ မာနမတက် မဝါကြွားဘဲ ပရဟိတလုပ်ငန်းတွေ အောင်မြင်အောင် ကြိုးစားကြရမယ်။

သီတဂူဆရာတော်
နာယကကြီး ဦးမောင်မောင်ညွန့်(သုဝဏ္ဏနေအိမ်) ၂-၅-၂၀၀၁

========================================

               လူသားတွေအတွက်၊ တိုင်းပြည်အတွက်၊ ကောင်းကျိုးတွေ ငါ ဘာလုပ်ရမလဲ။
လုပ်နိုင်ပါရစေ။
ငါသေရင် ဘာတွေထားခဲ့မှာလဲ၊ ဘာတွေသံသရာအတွက် ယူသွားမှာလဲ၊
ထားခဲ့နိုင်အောင်လဲ ကြိုးစားပါ၊ အနှစ်ကိုလည်း ယူသွားနိုင်အောင် လုပ်ကြပါ၊ ဘဝမရှုံးပါစေနဲ့။

မိမိကိုယ်တိုင် နိဗ္ဗာန်ရောက်ဖို့ထက် မိမိကြောင့် သူတစ်ပါးကိုယ်စိတ်နှစ်ပါး ဒုက္ခ မရောက်အောင် နေတတ်ဖို့ ကျင့်တတ်ဖို့ အရေးကြီးပါတယ်။

သူတစ်ပါးအကျိုးစီးပွားနဲ့ မိမိအကျိုးစီးပွား တိုးပွားအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ဘို့လဲ အရေးကြီးတယ်။။
(သီတဂူဆရာတော်)
သီတဂူဗိမာန်
 ဧရာဝတီအလှူတော် စည်းဝေးပွဲ သြဝါဒ
၃-၁၂-၂၀၀၈

===============================================


  မြတ်ဗုဒ္ဓဟာ ဘုရားဖြစ်ဖို့ (၆)နှစ် အပြင်းအထန်းကျင့်ကြံတော်မူခဲ့တယ်။ သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်ပြီး ဝိမုတ္တိရသ ချမ်းသာကို တစ်ပါးတည်း အေးငြိမ်းစွာ ခံစားနေနိုင်သော်လည်း မနေခဲ့ဘူး။
                သာသနာ့အကျိုး အများအကျိုးအတွက် (၄၅)နှစ် လုံးလုံး အပင်ပန်းခံပြီး ပရိနိဗ္ဗာန် စံတော်မူတဲ့အထိ လုပ်ဆောင်သွားတော်မူခဲ့တယ်။
                ယခု ဒကာကြီးတို့လဲ အသက်ထင်ရှားရှိခိုက်မှာ အများအကျိုးဖြစ်တဲ့ သာသနာ့အကျိုး ပရဟိတလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်သွားကြဖို့ ဘုန်းကြီး တိုက်တွန်းပါတယ်။
သီတဂူဆရာတော်      
သီတဂူစံကျောင်း လူပျံတော်ပတ္တမြားခြံ၊ ရန်ကုန်မြို့။။
၂၅-၈-၁၉၉၈      

No comments:

Post a Comment