Monday, June 4, 2012

ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တု

ဖြေထောက်မပါ မြွေသတ္တဝါလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ဦးခေါင်းမပါ ပုဇွန်မှာလည်း လိုရာကိုပြေး ရောက်နိုင်သေး၏။
ငါ့မှာလက်ခြေ စုံလင်ပေခဲ့ တထွေဦးခေါင်း ပြည့်စုံရှောင်းခဲ့။
အပေါင်းအင်္ဂါစုံလင်ပါသော် လိုရာပန်းတိုင် ငါလှမ်းကိုင် အနိုင်ရဖို့သေချာလှ။
ကြက်တူရွေးပင် စကားသင်ပေး ပြောတတ်သေး၏။
မျောက်ကလေးပင် လူတို့သင်ပေး ကတတ်သေး၏။
ငါးကားလူသား ငါလူသားတည်း လူသားတို့မာန် လုံးလသန်၍ ဉာဏ်ရည်ကိုပြု ဇွဲဖြင့်တုသော် ဤလူ့ပြည်မှာ မစွမ်းရာ ဘယ်ဟာတွေမှ မရှိကြ။
                                                                               (ယောဆရာတော်)

No comments:

Post a Comment