Wednesday, June 6, 2012

မြွေမျိုးတွေကို ရှောင်

ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့
စိတ်ပျက်သကွဲ့ ကြည့်ဖို့ကို၊
သိပ်ခက်သဟဲ့ ထိဖို့ဆိုလျှင်
အမိတို့လို မြွေမျိုး၊
နှာခေါင်းလေနှင့် အမှုတ်ခံလျှင်
တမုဟုတ် အမြန် သေတတ်ပါသတဲ့ဗျိုး၊
ကိုက်များကိုက်က ငိုက်စိုက်နေမည်၊
ကတိုက်ကရိုက်သေမည် အမှန်းဆိုး၊
မိုက်မိုက်ပွေလီ ဉာဏ်သူခိုးနှင့်၊
အကြံဆိုးကြံနှင့် အသင့်ရှောင်၊
အသုဘခေါ် ဆေးတော်ကြီး၊
မနှေးဖော်ပြီး သုံးစွဲပါလေမောင်။။
ငါတို့ဘုရား အလောင်းတော်တောင်၊
အကြောင်းမလျှော်ပေါင် မိဘုရားနှင့်၊
အကြည့်မှား၍ မသင့်ဉာဏ်တွေခြယ်၊
အကျင့်ဈာန်တွေကွယ်၊
မြွေအမျိုးကြောင့် တန်းခိုးပြယ်လျှင်
 အမျိုးအနွယ် တိမ်ကောပါသတဲ့လေး။။

(မန်းသီတဂူ ကျောင်းဖွင့်ပွဲ ဝေဇယန္တာဆရာတော်ကြီး၏သြဝါဒ)

        မာတုဂါမကြောင့် လူထွက်ချင်နေသော ဖိုးသူတော်လေးအတွက် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးမှ ရေးပေးသည်ဟု ဆိုပါသည်။။

 မှတ်ချက် =  အရှင်ဘုရား (ရနံစံအိမ်) တပည့်တော် ပြင်ပြီးပါပြီဘုရား ဝေဇယန္တာဆရာတော်ကြီးကလည်း အတိအကျမပြောခဲ့တော့ ခွင့်လွတ်တော်မူပါရန်၊ အမှားများတွေ့က ဆက်ဆက်အသိပေးဆုံးမရန် ဒီနေရာကပဲ ပန်းကြားလျောက်ထားပါတယ်ဘုရား။။ (ကိုရင်အာယု မန်းသီတဂူ)

1 comment:

  1. တကယ့်အစစ်က မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူတာပါဘုရား။
    အခုနောက်ဆုံးရိုက် တစ်ဘ၀သံသရာ ၁၅၈-မှာ ကြည့်ရှုတော်မူပါဘုရား

    ReplyDelete