Wednesday, June 6, 2012

ကံကောင်းကြစေ တောင်းဆုဝေ၏

သာသနံ ပုညဝန္တဿ၊ ပုညဝန္တာဝ လဗ္ဘရေ။
အပ္ပပုညာ ကဒဟစိ၊ ပဂ္ဂဏှိတု မဝိသယာ။

         လောကဓါတ်တစ်ခုလုံး အခြေနှစ်ချောင်းပေါက်တဲ့ သတ္တဝါ တွေထဲမှာ ဘုန်းကံအကြီးမားဆုံးပုဂ္ဂိုလ်ဟာ "သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓ"  ဖြစ်ပါတယ်။
ဤကဲ့သို့ ကြီးမားတဲ့ အရှိန်အဟုန် သတ္တိစွမ်းရည်ဟာ----  ဘယ် God, တို့မှ ဖယ်ရှားပေးနိုင်စွမ်း မရှိတဲ့ ကိလေသာအစု အပုံကြီးကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ သာသနာမျိုးကို တည်ထောင်တဲ့ မြတ်ဗုဒ္ဓဟာ လောကမှာ ဘုန်းကံအကြီးဆုံးဖြစ်ပါတယ်။
ဤမျှဘုန်းကံကြီးမားတဲ့ သာသနာတော်ကို ဝိုင်းဝန်းချီးမြှောက် ထောက်ပံ့ စောင့်ရှောက်ကြတဲ့ ဒါယကာ ဒါယိကာမ တတွေအားလုံး ဘုန်းကံကြီးမားကြပါပေတယ်။
ဘုန်းကံကြီးမားတဲ့ ဘုရားသာသနာကို ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေမှ ချီးမြှောက်ထောက်ပံခွင့်ရတယ်။
အဲဒါကြောင့် ကျောင်းဒကာ ကျောင်းအမ သီတဂူသာသနာပြုအဖွဲ့ လူကြီးမင်းအားလုံးတို့များလည်းပဲ ဘုန်းကံကြီးမားတဲ့ ဘုရားသာသနာကို မှီခိုကြည်ညိုပြီးတော့ သာသနာတော်ကို ပြုစုလုပ်ကျွေးခွင့်ရကြတဲ့ သာသနာ့ကျေးကျွန် ဖြစ်ရတဲ့ဘဝ တို့များလည်း ကံကောင်းတယ်။
ကာမဂုဏ်အတွက် သုံးမည့်ပစ္စည်းတွေကို  
တနည်းအားဖြင့် ပြောရရင် ကာမဂုဏ်ငါးပါးနှင့် ဖြုန်းပစ်မည့် ပစ္စည်းတွေကို သာသနာတော်မှာ လာပြီး အသုံးချခွင့်ရတဲ့ အလှူရှင်ဒါယကာ ဒါယိကာမများအားလုံးလည်း တို့များ ဒီပစ္စည်းတွေ သာသနာတော်အတွက် သုံးခွင့်ရလို့ ကံကောင်းတယ်လို့ အားလုံးမှတ်ကြပါ။
အားလုံးကို ဆက်လက်၍ ဘဝဆုံးသည့်တိုင်အောင် ကံကောင်းကြပါစေဆိုတာ ဘုန်းကြီးတို့ ဆုတောင်းပါတယ်။

သီတဂူစမ်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။။
သီတဂူဆရာတော်
(ရန်ကုန်သီတဂူ ကျောင်းဖွင့်ပွဲ သြဝါဒမှ ကောက်နုတ်တင်ပြပါသည်)


No comments:

Post a Comment