Saturday, July 7, 2012

ဘာသာအယူဝါဒ စစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍၊ လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်၊ ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။
 ဝါဒအယူ၊ မှားခဲ့မူကား၊ ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်၊ လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်၊ စေ့စုံဉာဏ်ဖြင့်၊ မြော်ထောက်ချင့်ကာ၊
၁။ တစ်ဆင့်ကြားသိ
၂။ မိရိုးဖလာ
၃။ ကောလာဟလ
၎။ ကျမ်းစာမျှနှင့်
၅။၆။ ကြံဆ နည်းမှီ
၇။ ဆီလျော်သုံးသပ်
၈။ ယူချင်းထပ်၍
၉။ ယုံအပ်သူပဲ
၁၀။ ဆရာစွဲဖြင့် လွှဲပုံစိတ်ချ မယူကြလင့်။
ဒိဋ္ဌကျင့်ကြံ ၊ကိုယ်ပိုင်ဉာဏ်ဖြင့်၊ မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု၊ မျိုးကာလမ၊ ဟောညွန်ပြ၊ ဝါဒအယူ၊ စစ်တမ်းပေ။
                                   (တောင်မြို့ဆရာတော်)

No comments:

Post a Comment