Sunday, July 22, 2012

ပူဏေးမြို့ ဗုဒ္ဓဘာသာ ဆန်းဒေးစကူလ်း

  
ဘုရားရှိခိုး သီလယူရန် ဂေါပက လူကြီးများ မှ နိဗ္ဗာန်ဆော်လုပ်နေစဉ်။

အရှင်သီလာစာရနှင့် ကလေးတစ်သိုက် ပျော်ပျော်ပါးပါး အင်္ဂလိပ်စာဖတ်ကြစဉ်။










အလှူရှင်မိသားစုမှ အာရုံဆွမ်းကပ်ကြစဉ်။











ကျောင်းသူ ကျောင်းသား ကလေးငယ်များကို အလှူရှင်များမှ
အာဟာရ ကြွေးမွေးနေစဉ်။










စုပေါင်းဘုရားရှိခိုးကြစဉ်။









ကိုရင်အာယုမှ အနန္တငါးပါး ဘုရားရှိခိုး သင်ကြားပေးနေစဉ်။









ဆရာကောင်းမွန်မှ သတိပဋ္ဌာန်တရားတော်အကြောင်းကို ပို့ချနေစဉ်။







         ပူဏေးမြို့ရဲ. ဆင်ခြေပုံရပ်ကွပ်လေးတစ်ခုမှာပါ။ အနည်းငယ်သော ဗုဒ္ဓဘာသာ မိသားစုဝင်များ နေထိုင်ကြပါတယ်။ ဇာတ်စနစ် အလွှာအတန်းစား ခွဲခြားလွန်းသော အိန္ဒိယ ပြည်ကြီးမှာ သူတို့နည်း သူတို့ဟန်နှင့် ဗုဒ္ဓသာသနာ အရှည်ခံ့ဖို့ ကြိုးစားနေကြသူများလည်း ဖြစ်ပါတယ်။ သို့သော် သူတို့မှာ အားကိုးစရာ ပရိယတ် ပဋိပတ်ကျွမ်းကျင်သော  သံဃာတော်များမရှိကြပါ။  ကိုရင်အာယုတို့ မြန်မာဗုဒ္ဓဘာသာဝင်များသည် ကံကောင်းသူများဖြစ်ကြပါသည်။
ရဟန်သံဃာဆိုတာ တခြားမှာ သွားရှာစရာမလို့  ကိုယ့် ညီအကို မောင်၊ ဦးကြီး ဦးလေးတို့သည် ရဟန်တော်များ ဖြစ်နေကြလေသည်။
ထိုနေ့က တနင်္ဂနွေနေ့ဖြစ်ပါသည် (၂၂.၀၇.၂၀၁၂) ဒကာနှစ်ယောက်က ဆိုင်ကယ်ဖြင့်လာကြိုးပါတယ်။ အင်္ဂလိပ်စကားပြောတတ်တဲ့ ဒကာနာမည်ကတော့ ပဝရ ဆိုဘဲ။

 ဂိုထောင်သာသာ ဓမ္မာရုံလေးမှာ သံဃာတော်တွေကို ဆွမ်းကပ်ကြတယ်။ ဘုရားရှိခိုးကြတယ်။ ဗုဒ္ဓစာပေတွေ သင်ကြားလေ့လာကြတယ်။  

 နေဆွမ်းကိုတော့ ချပါတီလိုခေါ်သော (ပလာတာပုံစံ) မုန့်တစ်မျိုး၊ ပဲဟင်းရယ် ပြီးတော့ အစိမ်း အနီ အဝါ ရောင် ထမင်းရယ်၊ စိမ်းကြော်တစ်မျိုးရယ်၊ အာလူးမဆလာ တစ်ခွက်ရယ်၊ အာလူးကြော်ရယ် ဒါပါဘဲ။ ဆန်းဒေစကုလ်း အတွေအကြုံလေးတွေပါ။


                                                                                             ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment