Thursday, July 12, 2012

မှတ်သားမိသမျှ ဆရာတော် စာသင်းခန်းမှာ

နမောတဿ ဘဂဝတော အရတော သမ္မာသမ္ဗုဒ္ဓဿ။
ဗြဟ္မာယု ပုဏ္ဏား အာဠာဝက ဘီလူး သကြားမင်း အစရှိတဲ့ သူတွေက ဒီ နမောတဿ မဟာပဏာမ ဘုရားရှိခိုးနှင့် ဘုရားကို ပူဇော်ကြတယ်။
ဒီဘုရားရှိခိုးလောက် ကောင်းတာ မပေါ်သေးဘူး။
ဒါပေမဲ့ ရွတ်ယုံ ရွတ်လိုမရဘူး၊ အရွတ်များနေရင် အနှစ်မပါတော့ဘူး။
အရွတ်အဖတ်ကို ဦးစားပေးတာ မဟာယာနတွေဖြစ်တယ်။
 ရွတ်ရုံတင်မက မြူးစစ်က်တွေပါ ပါလာတယ်။
ဘုန်းကြီးတို ထေရဝါဒမာလည်း ဒါတွေကို တဖြည်းဖြည်းတားမရရင် အနှစ်သာရတွေ ကွယ်သွားမယ်။
ဖွံ့ဖြိုးတိုးတက်ခြင်းဟာ မူရင်အနှစ်သာရကို ထိမ်းထားနိုင်သော တိုးတက်ခြင်းဖြစ်ရမယ်။
ခေါင်းထဲမှာ ဒီအချက်ကို မှတ်သားထားပါ။
မူရင်အနှစ်သာရကို ထိမ်းမထားနိုင်သော တိုးတက်ခြင်းကို မလိုလားဘူး။
ဥပမာ ဂျပန်ဟာ အာရှမှာ တိုးတက်ဆုံး နိုင်ငံဖြစ်တယ်။ တိုးတက်မူတွေနောက်မှာ ဘာသာရေး အနှစ်သာရတွေ ဆုပ်ယုတ်သွားတယ်။
ဂျပန် လူကြီး လူငယ် ယောက်ျား မိန်းမ ၉၉ ရာခိုင်နုန်းသည် အရက်သ္မား၊ ၇၅ ရာခိုင်နုန်းသည် ဘာသာတရားမရှိ၊
ဂျပန်မှာ ဘာသာတရားဆိုတာ
၁။ မင်္ဂလာဆောင်
မင်္ဂလာဆောင်မှာ ဘုန်းကြီးတွေပင့်မင်္ဂလာဆောင်လေ့ရှိတယ်။ ၁၅ မိနစ်လား နာရီဝက်လား ရွတ်ဖတ်ခ ဘုန်းကြီးတွေရတယ်။
၂။ အသုဘ
သေသူအတွက် ဆုတောင်းပေးရတယ်။ သေသူအတွက် နှစ်စဉ်ကျေးပေးရတဲ့ အခန်းအနား။ ဘုန်းကြီးက သုဿာန်ထောင်ပြီးတော့ စားရတယ်။ ဂျပန်မှာ တရားသဖြင့်လှူတဲ့ အလှူမရှိဘူး။
ဂျပန်မှာ ၉၀ ရာခိုင်နုန်းသော ဘုန်းကြီးတွေ အိပ်ထောင်ပြုကြတယ်။ အရက်သောက်ပြိး အိပ်တယ်။ အိမ်ထောင်မပြုတာ ၁၀ ရာခိုင်နုန်းဘဲရှိတယ်။
၃။ အိမ်သစ်တက်ပွဲ၊ ရုံးဖွင့်ပွဲ တွေမှာ ဘုန်းကြီးဦးဆောင်တယ်။ အဲဒီမာလည်း ရွတ်ဖတ်ခြင်းက အဆင့်အတန်းခွဲတယ်၊ ၁၅ မိနစ်ဆို ဘယ်လောက် နာရီဆို ဘယ်မျှ ဆိုတာ၇ှိတယ်။
ဘာသာရေးမှာ အားလုံးဟာ ဖရီးဖြစ်ရမယ်။
ပြီးတော့ ဘုန်းကြီးရဟန်းတွေကြားမာလည်း--- ငယ်သေးရင် ဘာအရောင်ဝတ်၊ ကြီးရင် ဘာအရောင် စသည်ဖြင့် ဆင်ပြင်ပုံကွဲပြိးတော့ ဘုန်းကြီးရဲ. အဆင့်တွေလည်း ကွဲတယ်။
ဘုန်းကြိးတို့ ထေရဝါဒမှာတော့ ရာထူးအားလျှော်စွာ အဝတ်ကွဲတာမရှိဘူး။
ဟောပြော ပို့ချတဲ့နေရာမှာလည်း ဘယ်လောက်ပေးရမယ်ဆိုတာမရှိဘူး။


၁၃ ရက်၊ ၇ လ၊ ၂၀၁၂၊ သောကြာနေ့ ရန်ကုန်သီတဂူဗုဒ္ဓတက္ကသိုလ်တွင် သီတဂူဆရာတော်ဘုရားပို့ချသော သင်ခန်းစာများမှ မှတ်မိသလောက် တင်ပြပါသည်။
                                                                 ကိုရင်အာယု ( မန်းသီတဂူ)

No comments:

Post a Comment