၁၃၁၈ ခုနှစ် သာသနာ ၂၅၀၀ ပြည့်နှစ် နယုန်လမှာ ရဟန်းဖြစ်ပြီးတော့ အဲ့ဒီနယုန်လကုန်ခါနီးမှာပဲ ရဟန်းခံတုန်းကရခဲ့တဲ့ ပစ္စည်းပစ္စယ လေးတွေနဲ့  ပိုက်ဆံလေးတွေ စုဆောင်းယူဆောင်ပြီး ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်ကို ပညာသင် ဖို့ ရောက်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ဘုရားကြီးကျောင်းတိုက် ရဲ့ ဓမ္မရက္ခိတ ကျောင်းမှာဘုန်းကြီးနဲ့ ဆရာတူတပည့် တပ် ရွာကျောင်းမှာပဲရဟန်းဖြစ်တဲ့ ဦးဝိမလဆိုတဲ့ တစ်ကျောင်းတည်းထွက် ဦးဇင်းတစ်ပါးရှိနေပါတယ်။ အဲ့ဒါကြောင့် သူနဲ့ အတူခြောက်ထပ်ကြီးမှာစာသင်ဖို့ သွားခဲ့တာဖြစ်တယ်။
ခြောက်ထပ်ကြီးကျောင်းတိုက်ဟာ ပထမပြန် ဓမ္မာစရိယစာမေးပွဲတွေကို အဓိကမထားဘဲ ပိဋကတ်ကျမ်းကြီးဖောက်စနစ်ကို ပခုက္ကူနည်းနဲ့ စာသင်ပေးနေတဲ့ကျောင်းတိုက်ကြီးဖြစ်တာကြောင့် စာမေးပွဲကိုဦးစားပေးလုပ်ချင် တဲ့ဘုန်းကြီးဟာ စာမေးပွဲလုပ်တဲ့ကျောင်းတိုက်ကို ရက်ပိုင်းအတွင်းမှာ ပြောင်းခဲ့ပါတယ်။ဟိုတုန်းကကင်းဘဲလမ်း ဒီကနေ့ ငါးထပ်ကြီးဘုရားလမ်းမှာရှိတဲ့
သိမ်ကုန်းကျောင်းတိုက်ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
သာသနာ ၂၅၀၀ ခေတ်များဆီက ရဟန်းခံကြတဲ့ ပွဲတွေမှာ တတ်နိုင် တဲ့ရဟန်းဒကာ ဒကာမ တွေက သူတို့ ရဟန်းကိုထည်ထည်ဝါဝါရဟန်းခံပေးနိုင် ဖို့ အတော်ခေတ်မီခေတ်စားတဲ့ ရဟန်းလောင်းရဲ့ 
ပစ္စည်းပရိဘောဂ တွေက ယူနီဖောင်းသံသေတ္တာ မောင်ခိုင် ဘရားသား သားရေသေတ္တာ
မောင်ကိုနှင့်ညီများ နာရီဆိုင် ကဆွမ်ဇာလန်လုပ် အေဝမ်းခါးပိုက်ဆောင်နာရီ ရွှေဖလားရောင် ဘန်ကောက်သင်္ကန်း ဂဠုန်တံဆိပ် ဦးသိန်း + ဒေါ်ပု ပေါ်ပလင်သင်္ကန်း မှိုင်းလုံးကော်ဇော ဗန္ဓုလဂွမ်းစောင်
အိန္ဒိယတိုက်စောင် ပတ်ကားဖောင် တိန်၊ ပုသိမ်ထီး မန္တလေး ဦးဘအုန်း ဖိနပ် အဲ့ဒီပစ္စည်းတွေဟာ တတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကသူတို့ ရဟန်းလောင်းကို ဂုဏ် ရှိရှိချီးမြောက်ပူဇော်ကြတဲ့ ပစ္စည်းတွေပါပဲ။
ရဟန်းခံပွဲမှာ သိမ်ထွက်တော့သိမ်ထွက်လောင်းကြတဲ့ အထဲမှာ ဝတ္တုငွေကလည်း လေးရာကျော်လောက် ရပါတယ်။ လွန်ခဲ့တဲ့နှစ်ငါးဆယ်နီးပါးက ( ၁၉၅၇ နှစ်က ) ပိုက်ဆံလေးရာဟာ ဒီနေ့ ခေတ်အနေနဲ့  လေးသိန်းလောက် တန်ဖိုးရှိနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ တာမွေသိမ်ကုန်းကျောင်းတိုက်မှနေစဉ် သူငယ်ချင်းစာသင် သားတစ်ပါးဟာ သူ့ အမေနဲ့ ညီမ တွေကို သိမ်ကြီးဈေးလိုက်ပို့ ပါတယ်။ သူတို့ ပြန်လာတဲ့အခါဝယ်လာတဲ့ပစ္စည်းနဲ့ ဘောင် ချာတွေပြလို့ 
ဘုန်းကြီးယူကြည့်တော့ ရွှေတစ်ကျပ်သားဟာ တစ်ရာကျော်ပဲပေးရပါတယ်။
အဲ့ဒါကြောင့် ဘန်ကောက်သင်္ကန်းတရွှန်းရွှန်းနဲ့  အေဝမ်းနာရီ ပတ်ကားဖောင် တိန်တွေနဲ့  ပိုက်ဆံလေးရာကိုင်ပြီးတော့ ရန်ကုန်ကို စာသင်ရောက်နေတဲ့ဘုန်းကြီးဟာ တခြားစာသင် သားတွေရဲ့ ကြားမှာ အတော်မျက်နှာကြီး မျက်နှာပွင့်တဲ့ စာသင်သားပဲပေါ့။
မြို့ ကြီးတွေမှာ စာသင်တဲ့ စာသင် သားတွေရဲ့ ထုံးစံ ဝမ်းရေးအတွက် ဆွမ်းခံအိမ်ဖိတ်ရတယ်။ ခြောက်ထပ်ကြီးမှ ဦးဇင်းတစ်ပါးက တာမွေအဝိုင်းတစ်ဝိုက်နဲ့  ကန်တော်က လေးတစ်ဝိုက်မှာ ဆွမ်းခံအိမ်တွေ လိုက်ဖိတ်ပေးပါတယ်။
ညနေစောင်း သင်္ကန်းရုံပြီး အိမ်စဉ်တက် တံခါးပိတ်ထားတဲ့ အိမ်တချို့ ကို တံခါးခေါက်ပြီး အိမ်ထဲဝင် ဆွမ်းခံအိမ်ဖိတ် အဲဒီလိုဖိတ် ရတာ တော်တော့်ကို မျက်နှာပူရပါတယ်။ ရှက်စရာလည်း တော်တော်ကောင်းတဲ့အလုပ်ပဲ။ တချို့ အိမ်တွေက ရင်းနှီးရိုသေစွာ လက်ခံကြိုဆိုပြီး လက်ခံနိုင်ရင် လက်ခံကြတယ်။ လက်မခံနိုင်ရင်လည်း လက်မခံနိုင် ရခြင်းအကြောင်း ရိုသစွာ ရှင်းပြကြပါတယ်။ အင်း လက်ခံလိုက် ရင်တော့ နတ်ပေးတဲ့ဆုကြီးရသလို ပျော်မဆုံးဘဲပေါ့။ လက်မခံနိုင်ဘဲ ငြင်းလိုက်ပြန်တော့ မျက်နှာငယ်လေးနဲ့  ဆင်းခဲ့ကြရပြန်တယ်။
တချို့ အိမ်များဟာ တံခါးဖွင့်ပြီးဖြစ်ပေမဲ့ တချို့ အိမ်များကတော့ ပိတ်ထားတဲ့ တံခါးကိုတောင် ဆွမ်းခံအိမ်ဖိတ်တဲ့ ဦးဇင်းနှစ်ပါးက တံခါးခေါက်ပေမဲ့ ဖွင့်မပေးကြဘူး။ မမေ့နိုင် တဲ့ဖြစ် ရပ်တွေအများကြီးထဲက တစ်ခုလောက်ပြောရရင် ကန်တော်က လေး (၁၁၁) လမ်း အိမ်တစ်အိမ်ကို တံခါးခေါက်ပြီး ဝင်လိုက်တော့ အသက် ၇၀ ခန့် ခေါင်းဖြူ ဖြူ နဲ့ လူကြီးတစ်ယောက်က တံခါးဖွင့်ပေးတယ်။ အဲ့ဒီလူကြီးက အိမ်ထဲဝင် ခွင့်မပေးဘဲ တံခါးဝမှာရပ်ပြီး " ဦးဇင်းတို့  ဘာလာလုပ်ကြတာလဲ" လို့ မေးတယ်။ ဘုန်းကြီးကတော့ ခပ်ကြောက်ကြောက်နောက်လိုက်လုပ်နေရတဲ့ဘဝမှာ ဘာမျှမ ပြောရဲဘူး။ ရှေ့ က ခေါင်းဆောင် တဲ့ ဦးဇင်းက ပြောချလိုက်တာ " ကျုပ်တို့ ဆွမ်းခံအိမ်လာ ဖိတ်တာပါ။ ဟောဒီဦးဇင်းတစ်ပါးကို နေ့ စဉ်ဆွမ်းတစ်ဇွန်း ဟင်းတစ်ခွက်လောက် ဒကာကြီးတို့ အ နေနဲ့ လောင်းနိုင် လိမ့်မယ်လို့ ထင် မိပါတယ်" လို့ ပြောလိုက်တယ်။ အဲ့ဒီတော့ ခေါင်းဖြူဖြူနဲ့ လူကြီးက " ဒီအိမ်မှာ လူကြီးမရှိဘူး တပည့်တော်လဲ တာဝန်မယူနိုင်ဘူး ကိုယ်တော်တို့ ပြန်ကြွပါတဲ့" ။ အဲ့ဒီတော့ ဘုန်းကြီးရှေ့ က ခေါင်းဆောင်းဦးဇင်းက ပြောချလိုက်တယ်။ " ခင်ဗျား လူကြီးမရှိဘူးလို့ လဲပြောတယ်။ ခင်ဗျားကြည့်ရတာ ခေါင်းလဲဖြူနေပြီ။ ခင်ဗျားထက် အသက်ကြီးတဲ့သူ ဒီအိမ်မှာ ဘယ်သူရှိသေးသလဲ" လို့ အသံမာမာနဲ့ ပြောလိုက်တယ်။ ဘုန်းကြီးက နောက်က နေမျက်နှာလည်းပူ ရှက်လည်းရှက်တော့ အသာခေါင်းငုံ့ နေရတယ်။ အဲ့ဒီတော့ ခေါင်းမွေးဖြူနေတဲ့လူကြီးက "အရှင် ဘုရားတို့ သွားကြတော့" ဆိုပြီး ဒိုင်းကနဲ တံခါးကို ခပ်မြန်မြန်
ပိတ်ချလိုက်တယ်။ ခေါင်းဆောင် ဘုန်းကြီးကတရှူးရှူးနဲ့  စိတ်ဆိုးပြီး ပြန်ဆင်းလာတော့ ဘုန်းကြီးကလည်း ရှက်လွန်းလို့ တရွှဲရွှဲနဲ့ ခေါင်းငိုက်နဲ့ အိမ်ပေါ်က ပြန်ဆင်းခဲ့ရတယ်။ စာသင်သားဘဝရဲ့ တစ်ကွေ့ တစ်စေ့တစ်စောင်း မေ့ မရတဲ့ အ ကြောင်းတွေပါပဲ။
ကန်တော်ကလေးက မအူပင်ကုန်းမှာ ဆွမ်းခံအိမ် ၈ အိမ် ရခဲ့တယ်။ တာမွေအဝိုင်းက တာမွေ ၁၆၅ လမ်းမှာဆွမ်းခံအိမ် ၄ အိမ် ရခဲ့တယ်။ ကိုယ့်ရဲ့ ရှေးကောင်းမှုကြောင့်ပဲ ထင် ပါတယ်။
အဲ့ဒီ ၁၂ အိမ်က လောင်းကြလှူကြတဲ့ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် သစ်သီးတွေဟာ သူငယ်ချင်း သီတင်းသုံးဖော်တွေနဲ့ နေ့ တိုင်းဝေငှခဲ့တယ်။ အထူးသဖြင့် မလောက်မငှရလာတဲ့ ဦးဇင်းတွေကို ခွဲဝေပေးပြီးစားရတာ ဒီနေ့ တိုင် သတိရ နေတုန်းပါပဲ။
ကန်တော်က
လေး ၁၁၁ လမ်းက
ဦးတင်မောင်အေး+ဒေါ်ကြီးကြီး(မြန်မာ့ကောက်ပဲသီးနှံရောင်းဝယ်ရေးညွှန်ကြားရေးမှူးချုပ်)မိသားစုတို
့ဟာ ဆွမ်းဟင်းနှစ်ခွက် မုန့် ပဲ သရေစာ သစ်သီးဝလံတွေ ဂရုတစိုက်
မှန်မှန်လောင်းကြတဲ့ ဆွမ်းခံအိမ် ဆွမ်းအလှူရှင်တွေပါပဲ။ နေ့ စဉ်ဆွမ်းခွဲဝေ
ပေးလှူရတဲ့ အထဲမှာ ဘုန်းကြီးနဲ့ ဆွမ်းတစ်ဝိုင်းထဲစားတဲ့
ဦးစန္ဒောဘာသ(ကော့ကရိတ်ကရင်)ဟာ ဘုန်းကံအ တော်နည်းရှာတယ်။ နေ့ စဉ်ဆွမ်းတစ်
ပန်းကန်ပြားလောက်နဲ့ ဆွမ်းဟင်းတစ်ခွက်နှစ်ခွက်လောက်ပဲ ရရှာတယ်။
အဲ့ဒါကြောင့် ဘုန်းကြီးက သူ့ ကိုနေ့ စဉ်ဂရုတစိုက်ခွဲဝေလှူဒါန်းခဲ့ရတယ်။
ပထမကြီးအောင်ပြီးမှ သူနဲ့ တခြားစီ ဖြစ်သွားခဲ့ရတယ်။ နောင်
ကိုယ့်လမ်းကိုယ့်စခန်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်လျှောက်လှမ်းကြရင်း
ဘုန်းကြီးကမ္ဘာ့သာသနာပြုထွက်ခါနီးတဲ့ အချိန်တစ်ခု သံဃမဟာနာယကရုံးချုပ်မှာ
ကတိဝန်ခံချက်လက်မှတ်ထိုးဖို့ သွားတော့ အဲ့ဒီဆွမ်းမ လောက်တ လောက်စားခဲ့ရတဲ့
ဦးစန္ဒောဘာသကို သာသနာမှာ အမြင့်ဆုံး အာဏာပိုင် နိုင်ငံတော်သံဃမဟာနာယက
အဖွဲ့ဝင် ကြီးဖြစ်နေတာကို ကမ္ဘာအေးမှာပြန်တွေ့ ရတယ်။ ဘဝဟာ အံ့သြစရာအတော်
ကောင်းသလို လျှို့ ဝှက်ချက်တွေကလည်း အများကြီးပဲ။ ဘုန်းကြီးက
ငယ်ငယ်တုန်းကအတိုင်း သူငယ်ချင်းဘဝ လေသံနဲ့ "ဟေ့ဆရာကြီးပါလား မ.ဟ.န
ကြီးတောင်ဖြစ်နေတာပဲ"လို့ နှုတ်ဆက်လိုက်တော့ "သီတဂူ ဆရာတော် ကြွပါ ကြွပါ"
ဆိုပြီးတော့ သူ့ အခန်းထဲကို ခေါ်သွားတယ်။ ပြီးတော့
ဘုန်းကြီးစာရွက်တွေကိုယူပြီး တာဝန်ကျ မ.ဟ.န ဆရာတော်များနေတဲ့အခန်းတိုင်း
သူကိုယ်တိုင် တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ လက်မှတ်တွေ ထိုးစေပြီးတော့
ဘုန်းကြီးကို ပြန်ပေးတယ်။ သူ့ အခန်းထဲမှာ
ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း မျက်ရည်တွေဝဲခဲ့ကြရတယ်။
ပြန်ခါနီးဆရာတော်ကြီး ဦးစန္ဒောဘာသက ဘုန်းကြီးကိုကပ်ပြီး
တိုးတိုးလေးပြောလိုက်တယ်။ "ကိုယ့်လူရေ အခုလိုအခြားဆရာတော်တွေရဲ့ ရှေ့ မှာ
ကိုယ့်ကို ဆရာစန်ကြီးလို့  မခေါ်ပါနဲ့ ကွာ ဆရာတော်လို့ လည်း မခေါ်ပါနဲ့ 
ဦးစန္ဒောဘာသ လို့  သာခေါ်ပါ"လို့  ဘုန်းကြီးကို မှာကြားလိုက်တယ်။
ဘုရားကြီးတိုက်နဲ
့တာမွေသိမ်ကုန်းတိုက်မှာ ဘုန်းကြီးကိုစာသင်သားအဖြစ် အပ်နှံပေးခဲ့တဲ့
ဘုန်းကြီးထက်အသက်ကြီး တစ်ကျောင်းတည်းထွက် ဆရာတူတပည့်ဦးဝိမလဟာ
ပိဋကတ်သုံးပုံပေါက်အောင်တတ်ပြီးမှ လူထွက်အိမ်ထောင်ကျ
ရန်ကုန်မြင်းနီကားလိုင်းမှာ ဘတ်စ်ကားစပယ်ယာလုပ် အခုသေ သွားပြီ။
သတ္တိကောင်းတဲ့ခေါင်းဆောင်ကြီး
(ဘွဲ့ ကိုတော့မမှတ်မိ) ဘုန်းကြီးကိုဆွမ်းခံ အိမ်ဖိတ်ပေးသူက
ဘုန်းကြီးပါလာတဲ့ပိုက်ဆံ ၄၀၀ိ ထဲက ၂၀၀ိချေးပြီးတော့သုံးတယ်။
သူပြန်မပေးနိုင်ဘူး။ ဘုန်းကြီးကလည်း မတောင်းရက်ဘူးပေါ့။ သူလဲလူထွက်မြင်းဖြူ
ကားလိုင်းမှာ စပယ်ယာလုပ် ရင်းသေသွားပါပြီ။
ကျေးဇူးရှိတဲ့လူတစ်ယောက်ဖြစ်လို့ပိုက်ဆံ ၂၀၀ိ ကို လှူတယ်လို့ သ ဘောထား
လိုက်ပါတယ်။ ကော့ကရိတ်ကရင် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ မ.ဟ.န ဦးစ
န္ဒောဘာသ(ဆရာစန်ကြီး) တစ်ယောက်လဲ ဘဝနတ်နန်းစံမြန်းခဲ့ပါပြီ။ စာသင်
သားသူငယ်ချင်းတွေထဲက နည်းနည်းပြောရမယ်ဆိုရင် ရွှေတောင် ဦးသီဟဟာ
စာသိပ်တော်တယ်။ ၁၉၅၈ ခုနှစ်ထဲမှာလို့ ထင် တယ်။ အိန္ဒိယကပြန်လာတဲ့
ကုလားသူဌေးတွေရဲ့ အကူအညီနဲ့ အိန္ဒိယ ပြည်ကို ဘုရားဖူးလိုက်ပါသွားခဲ့တယ်။
သူသွားခါနီးတော့ တခြားဘုန်းကြီးသုံးလေးပါးနဲ့ အတူတူ " ဟေ့ ဦးဉာဏိဿရ
ပတ်စ်ပို့ နဲ့  ဒို့ အိန္ဒိယ သွားမလို့ " ဆိုတော့ပတ်စ်ပို့ ကြည့်ပြီး
ကိုယ်လည်းသွားချင် စိတ်ပေါက်လိုက် တာလွန်ရော။ အဲ့ဒီအချိန်မှာ ဖ.ဆ.ပ.လ
အစိုးရကလည်း လှုပ်လှုပ် လှုပ်လှုပ်နဲ့  ကမ္ဘာအေး ဓမ္မဒူတကောလိပ်ကလည်း လှုပ်လှုပ်
လှုပ်လှုပ်ပဲ။
& ဆက် ရန် &
ကျေးဇူးရှင် ဖေ ဖေ နှင့် မေ မေ တို့ ကိုရှိခိုးကန်တော့ပါ၏ ။
လွန်းပန်းချီ
ံ