Sunday, January 29, 2012

ကိုယ် ၂ ထပ်ကျော့ သံဝေဂတေးထပ် အမှတ် (၂)

၁။ ကိုယ့်ကိုယ် ကိုယ်သနားက
ကိုယ့်တရား ကိုယ်ခင်
ကိုယ်အမှား ကိုယ်ပြင်လျှင်
ကိုယ့်ကိုယ်ပင် ကိုယ်ချစ်။
ကိုယ့်ပြုသမျှ ကိုယ်နုမှာပင်
ကိုယ့်ပြုရာ ကိုယ်ဖြစ်။

၂။ ကိုယ့်သတိ ကိုယ်ရှိပါလျှင်
ကိုယ့်၏ကိုယ် ကိုယ်စင်
ကိုယ့်ကိုယ်ပင် ကိုယ်ပစ်လို့
ကိုယ်အဖြစ် ကိုယ့်နောင်ခါ
ကိုယ့်နိဗ္ဗာန် ကိုယ်မရောက်က
ကိုယ်လျှောက်ရ ကိုယ့်သံသရာ။

၃။ ကိုယ့်နောင်ရေး ကိုယ်တွေးပါလျှင်
ကိုယ်အရေးမှာ ကိုယ်ကောင်းရာမို့
ကိုယ်ကောင်းမှ ကိုယ့်ချမ်းသာ
ကိုယ့်နိဗ္ဗူ ကိုယ်ရှာ
ကိုယ်စိတ်ရှု ကိုယ်ကျိုးပါအောင်
ကိုယ်ကိုးရာ ကိုယ်ကောင်းဘို့လေး။  ။
                                     (ပဋ္ဌာန်းအလင်းရောင်းဆရာတော်)

No comments:

Post a Comment