ကိုယ် ၂ ထပ်ကျော့ သံဝေဂ တေးထပ် အမှတ်(၁)
၁။ ကိုယ့်ဝန်ကို ကိုယ်ထမ်းလို
ကိုယ့်လမ်းကို ကိုယ်ထွင်
ကိုယ်လှမ်းဘို့ ကိုယ်ပြင်မည်
ကိုယ့်လမ်းစဉ် ကိုယ်သွား
ကိုယ့်အကျိုး ကိုယ်မျော်
ကိုယ့်ကိုယ်နော် ကိုယ်ကောင်းစေသား။
၂။ ကိုယ်ကောင်းမှ ကိုယ်စံမည်
ကိုယ့်စိတ်ကြံ ကိုယ့်တရား
ကိုယ့်နိဗ္ဗာန် ကိုယ်သွားဘို့
ကိုယ့်တရား ကိုယ်စီရင်
ကိုယ့်ကိုယ်ကို ကိုယ်သနားက
ကိုယ့်တရား ကိုယ်ပွါးစေချင်။
၃။ ကိုယ့်အကျင့်မြတ် ကိုယ့်မဂ္ဂင်ကို
ကိုယ်ကျင့်လျင် ကိုယ့်သုခမို့
ကိုယ်ရှုစရာ ကိုယ့်ကိုတိုင်
ကိုယ့်နိဗ္ဗူ ကိုယ်ပိုင်
ကိုယ်စိတ်ရှု ကိုယ်ကျိုးလှိုင်အောင်
ကိုယ်ကိုးနိုင် ကိုယ်ကောင်းဘို့လေး။
(ပဋ္ဌာန်းအလင်းရောင်ဆရာတော်) ပါဠိတက္ကသိုလ်ညောင်တုန်းတိုက် ဗဟန်း။။။။။။။။။။။။။။။။။။။။
၁။ ကိုယ့်ဝန်ကို ကိုယ်ထမ်းလို
ကိုယ့်လမ်းကို ကိုယ်ထွင်
ကိုယ်လှမ်းဘို့ ကိုယ်ပြင်မည်
ကိုယ့်လမ်းစဉ် ကိုယ်သွား
ကိုယ့်အကျိုး ကိုယ်မျော်
ကိုယ့်ကိုယ်နော် ကိုယ်ကောင်းစေသား။
၂။ ကိုယ်ကောင်းမှ ကိုယ်စံမည်
ကိုယ့်စိတ်ကြံ ကိုယ့်တရား
ကိုယ့်နိဗ္ဗာန် ကိုယ်သွားဘို့
ကိုယ့်တရား ကိုယ်စီရင်
ကိုယ့်ကိုယ်ကို ကိုယ်သနားက
ကိုယ့်တရား ကိုယ်ပွါးစေချင်။
၃။ ကိုယ့်အကျင့်မြတ် ကိုယ့်မဂ္ဂင်ကို
ကိုယ်ကျင့်လျင် ကိုယ့်သုခမို့
ကိုယ်ရှုစရာ ကိုယ့်ကိုတိုင်
ကိုယ့်နိဗ္ဗူ ကိုယ်ပိုင်
ကိုယ်စိတ်ရှု ကိုယ်ကျိုးလှိုင်အောင်
ကိုယ်ကိုးနိုင် ကိုယ်ကောင်းဘို့လေး။
(ပဋ္ဌာန်းအလင်းရောင်ဆရာတော်) ပါဠိတက္ကသိုလ်ညောင်တုန်းတိုက် ဗဟန်း။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment