အလှသစ္စာ
၁။ ရောင်စုံလန်းဆန်း ရနံ့လွမ်းသည့်
ပန်းကလေးတွေ အလှဝေလည်း
မကြွေးကျခင် အလှဆင်သည်
တဒင်္ဂအလှ သူ့ဘဝ။
၂။ တောတွေ တောင်တွေ အလှဝေလည်း
နွေမရောက်ခင် အလှဆင်သည်
တဒင်္ဂအလှ သူ့ဘဝ။
၃။ အသားရွှေဝါ ပါးနီတျာနှင့်
နှာတံမျက်လုံး ရှုမဆုံးအောင်
ကော့မျက်တောင်နှင့် နက်မှောင်ဆံပင်
မြင်သူတိုင်းငေး နုယျဉ်ကျေး၍
နတ်ဆေးပန်းချီ ရေးမမီသို့
စုံညီလှရှာ ထိုသူမှာလည်း
ဇရာမရောက်ခင် အလှဆင်သည်
တဒင်္ဂအလှ သူ့ဘဝ။
၃။ စိတ်ထားကောင်းခြင်း ရိုးသားခြင်းနှင့်
ရိုင်းပင်းကူညီ ဤသုံးလီးကား
အခြားအလှ ယှဉ်မရ၍
ဘဝနှောက်နောင် ကာလခေါင်ထိ
အရောင်ထွက်ဆဲ လှနေမြဲမို့
အမြဲထာဝရ လှမြဲလှသည်
အလှသစ္စာ တရားပါတကား။
(ပဋ္ဌာန်း အလင်းရောင်းဆရာတော်)ဆရာတော်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်။ SSA

No comments:
Post a Comment