Thursday, March 1, 2012

သရဏဂုံ စိတ်ဝယ်ထုံလော

၁။  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။
၂။  ဓမ္မံသရဏံ ဂစ္ဆာမိ။
၃။  သံဃံသရဏံ ဂစ္ဆာမိ။

သေခါနီးဖြစ်နေသောသူတို့ကို သရဏဂုံဆောက်တည်စေပါ၊ ပွားများစေပါ။
အဘယ်ကြောင့်ဆိုသော် သရဏဂုံ သည် ပွားများရန် အလွန်းလွယ်ကူ၍ သတိအားမကောင်းတော့သော သူတို့အတွက် အဆင်ပြေသောကြောင့်ဖြစ်သည်။
အခြားသော ဂါထာပရိတ်တို့သည်ကား အရာကျယ်၍ ပြီးမြောက်အောင်ရွတ်နိုင်ရန် ခဲယင်းသောကြောင့်ဖြစ်သည်။
ထိုပြင် သရဏဂုံ၏ အကျိုးသည်လည်း အလွန်ကြီးမားသောကြောင့်ဖြစ်ပါသည်။

ပညာကြီးပွားချင်သပ ဆိုရင် သရဏဂုံကို ပွားများပါ။
စည်းစိမ်ဥစ္စာ ချမ်းချမ်းသာသာ ဆွေမျိုးပေါင်းဖော်တွေနှင့် ပျော်ပျော်ပါးပါး နေချင်သပ ဆိုရင်သရဏဂုံပွားပါ။
အဘယ်ကြောင့်ဆိုသော် ဘယ်ရန်သူကမျ မိမိဥစ္စာကို မဖျက်ဆီးနိုင်သောကြောင့်ဖြစ်တယ်။
                                           ဆရာတော်တစ်ပါး၏ သြဝါဒဖြစ်ပါသည်  မမှတ်မိတော့ပါ
                                                       ကျေးဇူးတင်ပါသည်
                                                           ကိုရင်အာယု မန်းသီတဂူ

No comments:

Post a Comment