Thursday, March 1, 2012

လမ်းမကြီးကို အပြစ်တင်လို့တော့ မဖြစ်ဘူးနော်

လေးဘက် လေးတန်က ရန်သူတွေဟာ ဓါး လှံ စသည်လက်နက်တွေကိုင်ဆောင်ပြီး ကိုယ့်ကိုသတ်ဖို့ လာနေကြတယ်။ ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ လမ်းတစ်ခုလည်းရှိတယ်။ ဒီလမ်းကပြေးရင် လွတ်တယ် လို့လည်းသိတယ်။ အဲဒီလို ရန်သူတွေဝိုင်းထားခံရတဲ့ အချိန်မှာ ထွက်ပြေးဖို့လမ်း ရှိပါလျှက်နှင့် မထွက်ပြေးဘူးဆိုရင် ရန်သူတွေရဲ့လက်အောက်မှာ မရှုမလှ အသတ်ခံရမယ်။  ဒီလိုအသတ်ခံရခြင်းဟာ လမ်း၏ အပြစ်မဟုတ်ဘူး။ ထွက်မပြေးသူရဲ. အပြစ်သာဖြစ်တယ်။
                                                                                ဘုရားအလောင်းသုမေဓာ

အဲဒီလိုပါဘဲ ဗုဒ္ဓမြတ်စွာ သာသနာတော်မှာလည်း ကိလေသာ လောဘမီး ဒေါသမီး မောဟမီး စတဲ့ ရန်သူတွေဟာ အဘက်ဘက်က လောင်ကျွမ်းနေကြတယ်။
အဲဒီမီးတွေက လွတ်ဖို့ ထွက်ပြေးလွတ်မြောက်ရာလမ်းဟာလည်း သာသာနာတော်မှာရှိတယ်။ အဲဒီလမ်းက မပြေးဘဲ ကိလေသာတွေရဲ့ အလောင်အမြိုက်ကို ခံရမယ်ဆိုရင်တော့ ဘယ်သူကိုအပြစ်တင်ရမလဲ။ လမ်းမကြီးကို အပြစ်တင်လို့တော့ မဖြစ်ဘူးနော်။။။။
ဘာဖြစ်လိုလဲဆိုတော့ အဲဒီလမ်းမကြီးဟာ ဒါန သီလ ဘာဝနာ ပညာစတဲ့ ရတနာတွေခင်းထားတဲ့ မဂ္ဂင်ရှစ်ပါး လမ်းမကြီးဖြစ်နေလို့ပါပဲ။။။
                                                                     အမှတ်မထား ဆရာတော်တစ်ပါး
မှတ်သားမိသော အတို အထွားကြီးများကို မျှဝေခံစားနိုင်ကြပါစေ။
ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment