Friday, March 2, 2012

သာသနာပြု ဆွမ်းကျေးဇူး

သတ္တဝါတို့သည် ဒါန၏အကျိုးကျေးဇူးကို ငါဘုရားသိလိုမျိုး သိကြမည်ဆိုလျှင်---
နောက်ဆုံးထမင်းတစ်လုပ်ကိုတောင် မစားဘဲလှူဒါန်းကြပေလိမ့်မည်။။။။
ဣတိဝုတ်ပါဠိတော်

ဒါနအမျိုးမျိုးတွင် ဆွမ်းဒါနနှင့်ပတ်သက်ပြီးတော့
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ဉာဏ်ပညာကြီးခြင်း
ဟူ၍ အကျိုးငါးပါးခံစားရနိုင်ကြောင်းကို အင်္ဂုတ္တုရ် ပါဠိတော်တွင်မြတ်စွာဘုရားဟောကြားထားပါသည်။

ဘုရားရှင်သည် နွားပျောက်ကို လိုက်ရှာနေရသဖြင့် မောပန်းနေသော ဒကာတစ်ဦးကို ချက်ချင်းတရားမဟောသေးဘဲ ထမင်း (အလျင်) ကြွေးစေလေသည်။ ထမင်းစားပြီး၍ ဆာလောင်ပင်ပန်းမှုများ ပြေပျောက်သွားတော့မှ တရားဟောတော်မူပါသည်။
ထိုကြောင့် တရားထူးရသွားပါသည်။
ထမင်းမစားရသေးဘဲ တရာနားရလျင် ဆာလောင်မူတို့ဖြင့် ပင်ပန်းနေချိန်ဖြစ်၍ စိတ်မငြိမ် သမာဓိမရှိ၊ ဖြစ်နေသည့်အတွက် တရားထူးမရနိုင်ဟု ဆိုပါသည်။
ထိုကြောင့် ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော ဟုပဋ္ဌာန်းပါဠိတော်တွင် ဟောတော်မူခဲ့ပါသည်။ သို့ဖြစ်၍ ဆွမ်းဒကာ ဆွမ်းအမများသည် ငါတို့အလှူသည် တကယ်သာသနာပြု အထောက်အပံ အကူအညီ အလှူကြီးဟု ဝမ်းမြောက်လျက် အပရစေတနာ ပွားများသင့်ကြပေသည်။

စားဖွယ်ပေးမူ ငါးမျိုးလှူ
၁။  စားဖွယ်ပေးမူ အသက်လှူ လှူသူမှာလည်း သက်ရှည်ရ။
     အသက်ရှည်ကြာ နေရပါလည်း မခိုင်မြဲ မလွဲပျက်စီရ။
     တရားအသက် တွဲ၍ဖက် ရင့်ကျက်ရှည်လို့လှ။
၂။  စားဖွယ်ပေးမူ အဆင်းလှူ လှူသူမှာလည်း အဆင်းလှ။
     ရုပ်လှသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
     တရားကျက်သရေ ပြည့်စုံပေ မသွေရလိုလှ။
၃။  စားဖွယ်ပေးမူ ချမ်းသာလှူ လှူသူမှာလည်း ချမ်းသာရ။
      လောကီချမ်းသာ မမြဲပါ မှန်စွာပျက်စီးရ။
     တရားချမ်းသာ စဉ်မကွာ ကောင်းစွာအေးလို့လှ။
၎။ စားဖွယ်ပေးမူ ခွန်အားလှူ လှူသူမှားလည်း ခွန်းအားရ။
     အားကောင်းသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
     တရားခွန်အား ပြည့်စုံငြား စွမ်းအားလွန်တက်ကြွ။
၅။  စားဖွယ်ပေးမူ ဉာဏ်ကိုလှူ လှူသူမှာလည်း ဉာဏ်ကြီးရ။
     ဉာဏ်ကြီးသော်လည်း မခိုင်မြဲ မလွဲပျက်စီးရ။
    တရားအမှန် သိတဲ့ဉာဏ် ဧကန်ရလို့လှ။
    စားဖွယ်အကျိုး ဤငါးမျိုး တန်ခိုးတက်လာရ။

ယောဆရာတော်ခြေတော်ရင်းဝယ် ပဋ္ဌာန်းစာဝါလိုက်စဉ်က မှတ်စုဖြစ်ပါသည်။
အမှားပါလျင်ခွင့်လွတ်သီခံတော်မူပါ။
ကိုရင်အာယု မန်းသီတဂူ

No comments:

Post a Comment