အားလုံးမင်္ဂလာပါ
တပည့်တော် အခွင့်အရေးဆိုတာနှင့်ပတ်သတ်ပြီးတော့ နည်းနည်းပြောခြင်ပါတယ်။
စာရေးဆရာတစ်ယောက်ပြောထားတာပါ။ တပည့်တော်ကိုယ်ပိုင်စကားတော့မဟုတ်ပါဘူး။ တစ်ပည့်တော်တို့
ယခုလို ပရိတ်သတ်ရှေ့မှာ မိုက်ခရိုဖုံးနှင့် တစ်ခါမှ မပြောဘူးပါဘူး။ အချို့သော ညီငယ်
ညီမငယ်တွေက ဒါကိုဘဲကြောက်သလို့လို့ ရှက်သလိုလိုလုပ်နေကြပါတယ်။ အခွင့်အရေးဆိုတာ အခွင့်
နှင့် အရေးဆိုပြီး နှစ်ခုရှိပါတယ်။ ဒီလိုအခွင့်ကို ရဖို့ဆိုတာ တခြားနေရာမှာ မဖြစ်နိုင်ပါဘူး
ဒီကလပ်ကို တတ်နေလိုရချင်းဖြစ်ပါတယ်။ ဒီအခွင့်ကို ဆရာက ယခု ဆယ်မီးနစ်စိပေးပါပြီး၊ အခွင့်ရှိတုန်း
ညီအစ်ကို မောင်နှမတွေ အရေးပါအောင်မလုပ်ရင် ဘယ်တော့မှ တပည့်တော်တို့ အရေးပါတဲ့သူဖြစ်လာမာမဟုတ်ဘူး။
အရေးပါတဲ့သူဖြစ်ဖို့ အခွင့်ရတုန်းတပည့်တော်များ ကြိုးစားရမာဖြစ်ပါတယ်။ အခွင့်ရတဲ့အခါမှာ
အရေးပါအောင်လုပ်ကြဖို့ ကျောင်းသားတွေကို တပည့်တော်အနေနှင့် တိုက်တွန်းပြောကြားလိုပါတယ်။
အရှင်ဣန္ဒာစရိယ Elementary
(စာရေးသူတို့ကျောင်းမှာ
တစ်ပါတ်တစ်ခါ နှစ်ပါတ်တစ်ခါ မိမိတို့ခံစားနားလည်းထားသမျှကို ဖွင့်ချဘို့ရန်
(Presentation) သဘောအနေနှင့် စကားပြောပွဲလေးများကို အခါအားလျော်စွာလုပ်ပါတယ်။ တစ်ချို့သော
ကျောင်းသား ကျောင်သူတွေက ရှက်သလိုလို ကြောက်သလိုလိုနှင့် မပြောကြပါဘူး။ ဒီအခြေအနေကို
အားမလို အားမရဖြစ်နေတဲ့ ကျောင်းသားက သူသိထားသမျှကို ကျောင်းသားသူငယ်ချင်းတွေဆီဝေငှလိုက်တဲ့
စကားလုံးလေးတွေပါ။) (တကယ်တမ်းတော့ ဆယ်မီးနစ်စာ ပြောသွားသည့်စကားတွေထဲမှ မှတ်မိသလောက်သာ
မှတ်တမ်းပြန်ရေးမိတာပါ။ ကျောင်းသားအယောက်လေးဆယ်ကျော်ရဲ. စကားလုံးတွေကို စားရေးသူ မမှတ်နိုင်ပါဘူး)
အရှင်ဣန္ဒာစရိယ ကတော့ ကျောင်းသားပရိတ်သတ်တွေ ငြိမ်ကြသွားလောက်အောင် ပြောပြနိုင်ခဲ့ပါတယ်။
စာရေးသူကို နားရင်အုပ်ပြီး ဆုံးမနေသည်အလား ခံစားမိပါတယ်။
တစ်ခါတစ်ခါမှာ ကျောင်းသားတွေဆီက ရလိုက်တဲ့ပညာတွေဟာ ဘာနှင့်မျှ လည်းမရနိုင်အောင်ပါဘဲ။
စားရေးသူ ဦးနှောက်ကို ခြောက်ခြားစေခဲ့သည်။ အလုပ်ရုပ်စေခဲ့သည်။ အခွင့်ရတုံ အရေးပါအောင်လုပ်ပါတဲ့
စားရေးသူတို့သည် လူသားများဖြစ်ကြလေသည်။ လူ့ဘဝဟူသော အခွင့်ထူးကြီးကို ရနေကြပြီး၊ သို့သော်
အရေးပါအောင်ဘယ်လောက်များလုပ်ပြီးကြပြီးလည်း။ ကောင်းမူကုသိုလ် ကိုယ်ပိုင်းတရားတွေ စုနေမိသလား၊
ရန်သူဝိုင်းနေတဲ့ ဘုံဆိုင်ပစ္စည်တွေစုမိနေသလား။ တကယ်တမ်းတော့ စားခြင်း အိပ်မှု ပစ္စည်းစု၍
ဗဟုကာမ မောဃဝါစာ ဗာဟိရ အလေ့အကျင့်တွေများနေခဲ့သည်။ ဒီလိုချည်းသာ နိစ္စဒူဝ ဖြစ်နေက တရားလွတ်ကင်း
လွန်းညံဖျင်းသည့် လူပျင် လူယုတ် ရဟန်းပျင်း ရဟန်းယုတ် လူစုတ် လူနူ ရဟန်းစုတ် ရဟန်းနူ
လူတု လူယောင် ရဟန်းတူ ရဟန်းယောင် လူကြောင် ရဟန်းကြောင် ဟူ၍ ပညာရှိသူတော်ကောင်းတွေကဲ့ရဲကြတော့မည်။
လူ့ဘဝဟူသည်မှာ အလွန်ရခဲ့လှသော အခွင့်ထူးကြီးဟူ၍ မြတ်စွာဘုရား ဟောကြားခဲ့ပါသည်။ မနုဿတ္တဘာဝေါ
ဒုလ္လဘော တဲ့။ ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကလည်းပြောဘူးသည်
ရခဲလှတဲ့ လူ့ဘဝကြီးကို အရတော်စွာနှင့် မောင်ရင်တို့ ရခဲ့ကြပြီ၊ ကောင်းမူကိုသိုလ်
တစ်ခုခု မလုပ်လိုက်ရဘူးဆိုရင် အမတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ရခဲ့လှတဲ့ ခန္ဓာကိုယ်ကြီးကို
ညှာမနေပါနှင့် ခန္ဓကိုယ်ထဲမှာရှိတဲ့ အနှစ်တွေကို ညဏ် သတိ ဖြင့်ဆင်ခြင်ပြီး လုံးလကြီးစွာသော
ဝီရိယဖြင့် ဆွဲထုပ်ကြပါ။ အဲဒါမှ အနှစ်ထုပ်ယူ စွမ်းတဲ့လူဖြစ်လာမှာပါ။ ရခဲ့လှတဲ့ လူဘဝမှာ
နာမည်တစ်လုံးကျန်အောင် လုပ်နိုင်မှ တော်ရာကြမယ်။ ကံညာဏ် ဝီရိယ မလျော့ပါစေနဲ့။ ပြီးတော့
နောက်တစ်ခုလည်းရှိသေးသည်၊ ကုသိုလ်ကြောင့်လူဖြစ်လာရသည်ဖြစ်၍ ကုသိုလ်နှင့်လူ၊ လူနှင့်ကုသိုလ်
ခွဲခြားလို့မရဘူး၊ ကုသိုလ်လမ်းကြောင်းပျောက်သွားသည့်နှင့် လူသည်လည်း လူ့လမ်းကြောင်းပေါ်မှ
ဖယ်ခွါသွားရမည်ဖြစ်သည်။
ဆက်လက်ရေးသာပါမည်။ ကိုရင်အာယု
No comments:
Post a Comment