Tuesday, March 27, 2012

သူရဲကောင်း ကိုရင်ငယ်

အိန္ဒိယနိုင်ငံမှ သီရီဓမ္မာသောကမင်းကြီးသာ စိတ်ထားမြင့်မြတ်သူမဟုတ်ပါ၊
ကျွန်ုပ်၏ ဘဝမှာလည်း မျက်ရည်ကျလုနီးနီး စိတ်ထားမြင့်မြတ်သူ ကိုရင်လေးတစ်ပါးကို တွေဘူးပါသည်။
စားရေးသူ ကိုရင်ဘဝက နေခဲ့သော ဆရာတော်၏ ကျောင်းသည် မြန်မာနိုင်ငံတွင် စည်းကမ်းအကြီးဆုံးကျောင်းတစ်ကျောင်း ဟု ဆိုနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် စာသင်းသာဘဝသည် စာသင်စာချ စာအံရသောကြောင့် ညနေဘက်တွင် ဆာလောင်မွတ်သိပ်ခြင်း ဒုက္ခကို တော်တော်ကြီးကို သည်းခံခဲ့ရပါသည်။ (သည်းမခံနိုဘဲ တစ်ခုခု ခိုးစားမိသော် ကျောင်းတိုက်မှ ချက်ချင်းထွာခွါရသည့် အပြစ်ဖြစ်ပါသည်။)
တစ်နေ့သောအခါဝယ် ကိုရင်ပေါက်စ (တစ်ပါးက ၁၂ နှစ်ခန့် နှင့် နောက်တစ်ပါးက ၁၃နှစ်) နှစ်ပါး စာအံကျောင်းပြီးချိန် (ည ၁၀ နာရီခွဲခန့်) မုန့်ခိုးစားနေကြပါသည်။ ထိုအဖြစ်အပျက်ကို စာချဘုန်းကြီးတစ်ပါးမြင်တွေ့သွားပါသည်။ တာဝန်ရှိသည်အားလျှော်စွာ ဆရာတော်အားလျှောက်ပါသည်၊
 နောက်တစ်နေ့နံနက်ဘုရားဝတ်တတ်ပြီးချိန်ဝယ် စည်းကမ်းရှိသည့်အားလျှော်စွာ ဆရာတော်မှ ၎င်းကိုရင်လေးနှစ်ပါးအား ကျောင်းတိုက်မှ ထွက်ခွါကြရန် မိန့်ကြားပါသည်။ အားလုံးစိတ်မကောင်းဖြစ်ကြရပါသည်။ (သူတစ်ပါးဒုက္ခရောက်သည်ရှိသော် သူတော်ကောင်းတို့၏ စိတ်နှလုံးသည် တုန်လုပ်မြဲဖြစ်လေသည်ဘဲလေ)  အဖြစ်အပျက်တို့သည် အလွန့်ကို လျင်မြန်လှပါသည်။ ညနေဘုရားဝတ်တတ်ချိန်တွင် ကိုရင်အငယ်လေးမှာ ကျောင်းတိုက်မှ ထွက်ခွါသွားရခြင်းမရှိပါ။ အများနည်းတူ ဘုရားဝတ်တတ်ပုံမှန်ပြုလုပ်နေသည်ကိုတွေရပါသည်။ ကိုရင်အကြီးတစ်ပါးသာလျှင် ကျောင်းတိုက်မှ ထွက်ခွါသွားပါသည်။ စုံးစမ်းသိရှိရသည်မှာ ၄င်းကိုရင်အကြီးတစ်ပါးသည် ကိုယ်တိုင်ကိုယ်ကြ ဆရာတော်ထံသွားကာ မုန့်ခိုးစားသည်မှာ တပည့်တော်တစ်ပါးသာဖြစ်ကြောင်း၊ မုန့်စားနေချိန်ဝယ် ကိုရင်လေးက အနားမှာရှိသောကြောင့် တာဝန်ကျ ဘုန်းတော်ကြီးမှ ကိုရင်ငယ်လေးပါ စားနေသည်ဟု မှားယွင်းစွာ တွေမြင်သွားကြောင်း၊ သို့ပါသောကြောင့် ဘုရားတပည်တော် တစ်ပါးသာလျှင် အပြစ်ရှိပါကြောင်း လျှောက်ထားခဲ့လေသတည်း။
စာသင်းသားဘဝက စာသင်တိုက်တစ်ခုသို့ဝင်ရောက်နေထိုင် ပညာသင်ကြားခွင့်ရရန်မှာ အလွန်ပင်ခဲရင်းလေသည်။ ၁၂ နှစ်အရွယ် ကိုရင်ပေါက်စ ကျောက်တိုက်မှ နှင်ထုပ်ခံရလျင် အဘယ်မျှ ဒုက္ခရောက်လိမ့်မည်နည်း။

စာဖတ်သူတို့ကိုယ်တိုင် ကိုရင်အကြီးနေရာက ဖြစ်ပါမူ မိမိအပြစ်ကို သူတစ်ပါးတို့အား မျှဝေပေးလေမည်လော။ ထိုကိုရင်အကြီးလေးကဲ့သို့
( ခြင်္သေ့လို့ ရဲရဲရင်ရင်၊ နွားလိုသည်းခံပြီးတော့၊ မြင်းတစ်ကောင်လို လျင်မြန်စွာ၊ ဆင်တစ်ကောင်လို အားနှင့်မာန်နှင့် ) မိမိတစ်ဦးတည်သော အပြစ်ကို ဝန်ခံရဲပါမည်လော။
ကျောင်းတိုက်မှ ထွက်ခွါသွားခဲ့ရသော ထိုကိုရင်ငယ်သည် စာရေးသူအတွက်တော့ သူရဲကောင်းတစ်ယောက်ဖြစ်ပါသည်။

မှတ်ချက် ။ စာရေးသူကိုတိုင် ၎င်းကျောင်းတိုက်မှ ဘောလုံးပွဲခိုးကြည့်မိသော အပြစ်ကြောင့် ထွက်ခွါခဲ့ရပါသည်။။
                                           မျှဝေခံစားနိုင်ကြပါစေ။
                                               ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment