Tuesday, March 27, 2012

သီရိဓမ္မာသောကမင်းကြီး၏ စိတ်ထား

သုတေသနပညာရှင်များသိရှိထားသည်အတိုင်း အသောကမင်းကြီး၏ မြင့်မြတ်သောစိတ်ထားကား အတုယူစရာကောင်းလှပေသည်။ သူ၏ အထိမ်းအမှတ်များဖြစ်သော (အမှတ်အသား) ကျောက်တိုင်ကြီးများထိပ်တွင် ဓမ္မစင်္ကြာပုံ (သိုမဟုတ် ၂၄ ပစ္စည်းပုံ) စက်ဝိုင်းအမှတ်အသား တို့ကိုတွေရှိနိုင်ပါသည်။ ၎င်း စက်ဝိုင်းပုံကို ခြင်္သေ့သုံးစီးက ထမ်းထားပါသည်။ ၎င်းခြင်္သေ့သုံးစီးအောက်တွင် ဆင်၊ မြင်း၊ နွား၊ ခြင်္သေ့ အရုပ်လေးခုရှိပါသည်။ ထိုအရုပ်လေးခုတို့သည် သိရီဓမ္မာသောက မင်းကြီး၏ စိတ်ထားကို ဖေါ်ပြနေလေသည်။
အဓိပ္ပါယ်မှာ သူတစ်ပါးတို့၏ကောင်ကျိုး (အများကောင်းကျိုး=လောကတ္ထစရိယ) သယ်ပိုးရာတွင်(ဆောင်ရွက်သည့်အခါ)
၁။ နွားကဲ့သို့ သည်းခံစိတ် (ခန္တီ)  ရှိရမည်၊ (စိတ်ရှည်ရမည်)
၂။ မြင်းကဲ့သို့ လျှင်မြန်ဖြတ်လတ်ပေါ့ပါး ရမည်၊ (စိတ်ပါလက်ပါလုပ်ရမည်)
၃။ ဆင်းကဲ့သို့ ခွန်းအားသန်မာရမည်၊ အင်းအားသုံးလုပ်ရမည်၊
၎။ ခြင်္သေ့ကဲ့သို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ရမည်၊ ဟူသတည်း။။။။
အလွန်ပင်မှတ်သားထိုက်ပါပေတော့သည်။

                            သီတဂူစမ်းလပမာချမ်းမြသာယာရှိကြပါစေ။
                                       ကိုရင်အာယု (မန်းသီတဂူ)

No comments:

Post a Comment